Wednesday 27 June 2012

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာနိုင်ငံအကျိုးကို ပိုမိုဆောင်ရွက်သင့်ကြောင်းနှင့် ဒီမိုကရေစီကူးပြောင်းရေးတွင် သတိထားရမည့် အချက်များ

အော်စလိုမြို့တွင် သူ၏ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို နောက်ကျလက်ခံမိန့်ခွန်းပြောကြားမှုတွင် ဒေါ်အောင်ဆန်းစုကြည်သည် ယခုလအစောပိုင်းက သူပြောဆိုခဲ့သည့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် သတိထားလုပ်ဆောင်ရန် တိုက်တွန်းခဲ့မှုကို သွယ်ဝိုက်လှီးလွှဲပြောဆိုသွားခဲ့ပါတယ်။ “သတိပြု အကောင်းမြင်ကြရန် ကျွန်မပြောဆိုနေရခြင်းမှာ အနာဂတ်ကို ကျွန်မ မယုံကြည်လို့မဟုတ်ပါဘူး၊ မျက်ကန်း ယုံကြည်မှုမျိုးကို အားမပေးလိုသောကြောင့်” ဟု စနေနေ့တွင် သူကပြောကြားခဲ့ပါသည်။ ၄င်းသည် စိတ်ဝင် စားစရာ အခိုက်အတန့်ဖြစ်ခဲ့ပြီး ဒီမိုကရေးစီခေါင်းဆောင်တွင် မပြုသဘောဆောင်သည့် အတိုက်အခံခေါင်း ဆောင်ဖြစ်လာရန် ရှေ့တွင် ခက်ခဲသည့်လမ်းတစ်ခုရှိနေကြောင်း အရိပ်အမြွှတ်ပြဆိုနေပါသည်။