Saturday 22 March 2014

မလေးရှားလေယာဉ်ကိုရှာရင်း အိန္ဒိယ သမုဒ္ဒရာထဲ၌ အမျိုးအမည်မဖော်နိုင်သေးသော အရာဝတ္ထုကြီး တစ်ခု မျောနေသည်ကို တရုတ်ဂြိုဟ်တုတွေ့

ပျောက်ဆုံးလျက်ရှိနေသော MH370 လေယာဉ်ကို ရှာဖွေမှုများ ပြုလုပ်နေစဉ် တရုတ်ဆက် သွယ်ရေး ဂြိုဟ်တုများက တစ်စုံတစ်ခု၏ ကြီးမားသော အကျိုးအပဲ့ အပျက်အစီး တစ်ခု အိန္ဒိယသမုဒ္ဒရာထဲတွင် မျောနေခဲ့သည်ကို တွေ့ရှိထားကြောင်း တရုတ် အာဏာပိုင်များက ဆိုခဲ့ သည်ဟု မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီးက စနေနေ့တွင် ပြောကြားခဲ့သည်။

ကချင်ပြည်နယ် NDF ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာ ကြားဖြတ်ရွေးကောက်ပွဲဝင်မည်

Photo: ကချင်ပြည်နယ် NDF ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာ ကြားဖြတ်ရွေးကောက်ပွဲဝင်မည်
Saturday, March 22, 2014

လစ်လပ်မဲဆန္ဒနယ် ၃၁ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာ အမျိုးသားဒီမို ကရေစီအင်အားစု NDF ပါတီရဲ့ ကချင်ပြည်နယ် ဥက္ကဌ ဒေါ်ဘောက်ဂျာဟာ ဖားကန့် မြို့နယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

ပြည်သူတွေကြားမှာ နေသူတစ်ဦးဖြစ်တဲ့အတွက် မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိတယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

" ကျွန်မကို ကျွန်မတော့ ယုံကြည်မှုတော့ အပြည့်ရှိပါတယ်၊ ဘာဖြစ်လို့လည်းဆိုရင် ကျွန်မက ပြည်သူတွေကြားထဲမှာ အမြဲတမ်းနေနေရတဲ့ အခါကျတော့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တက်နိုင်သလောက် အမြဲတမ်းကူညီဆောင်ရွက်ပေးနေတဲ့ အပေါ်မှာ ပြည်သူတွေရဲ့ အားကိုးမှုတွေကို ခံစားနေရတဲ့ အတွက် ဘယ်အချိန်ပဲ ဝင်ပြိုင်၊ ဝင်ပြိုင် အဆင်သင့်ပါပဲလို့"

လစ်လပ်မဲဆန္ဒနယ် ၃၁ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ဒီနှစ် နှစ်ကုန်ပိုင်းလောက်မှာ ကျင်းပသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း နေရာအားလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတုန်းက နယ်မြေမတည်ငြိမ်မှု မရှိဘူးဆိုတဲ့ အချက်နဲ့ ကချင်ပြည်နယ်မှာ ကျင်းပနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

RFA Burmese
လစ်လပ်မဲဆန္ဒနယ် ၃၁ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာ အမျိုးသား ဒီမို ကရေစီအင်အားစု NDF ပါတီရဲ့ ကချင်ပြည်နယ် ဥက္ကဌ ဒေါ်ဘောက်ဂျာဟာ ဖားကန့် မြို့နယ်ကနေ ၀င်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေး မိုးကုတ်မြို့မှာ ဒေါ်အောင်ဆန်းစုကြည် ဟောပြော

Photo: အခြေခံဥပဒေ ပြင်ဆင်ရေး မိုးကုတ်မြို့မှာ ဒေါ်အောင်ဆန်းစုကြည် ဟောပြော
Saturday, March 22, 2014

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာ နိုင်ငံနဲ့ပြည်သူကို အကျိုးပြုတဲ့ အပိုင်းတွေ ပါသလို အကျိုးမပြုတဲ့ အပိုင်း တွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့မိုးကုတ်မြို့လူထုနဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။

မိုးကုတ်မြို့ မြို့နယ်အားကစားဘောလုံးကွင်းမှာ ပရိတ်သတ် ၄ သောင်းနီးပါး တက်ရောက်တဲ့ လူထု ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုရာမှာ တိုင်းပြည်နဲ့ ပြည်သူအတွက် အကျိုးမပြုတဲ့ အပိုင်းတွေကို ပြင်ဆင်ရမှာ ဖြစ်တဲ့အကြောင်း အခုလို ထည့်သွင်းပြောခဲ့တာပါ။

" ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ဘယ်လိုပုံစံနဲ့ ပြည်သူလူထုကို အကျိုးပြုပါသလဲဆိုတဲ့ မေးခွန်းကို ဖြေနိုင်ရမယ်၊ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြည်သူကို အကျိုးပြုတဲ့ အပိုင်းတွေ ပါပါတယ်၊ ဒါတွေကို ကျွန်မတို့ ဘာမှမပြောလိုပါဘူး၊ ဒါကြောင့်မို့ ပြုပြင်ပြောင်းလဲတဲ့နေရာမှာ ပြည်သူတွေကို အကျိုးမပြုတဲ့ အပိုင်းတွေကို နိုင်ငံကို အကျိုးမပြုတဲ့ အပိုင်းတွေကို ပြုပြင်ပြောင်းလဲရမယ်"

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးမှုရှိရေးဟာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် အရေးကြီးကြောင်းလည်း အခုလို ထည့်သွင်းပြောခဲ့ပါတယ်။

" တရားဥပဒေ စိုးမိုးရေးဆိုတာဘာလည်း နားလည်ကြပါ၊ တရားဥပဒေစိုးမိုးရေးဆိုတာဟာ ပြည်သူလူထု အားလုံးအတွက် ကျွန်မတို့ရဲ့ လူ့အသိုင်းအဝိုင်း တည်ငြိမ်ဖို့အတွက် ဖြစ်ပါတယ်၊ ကျွန်မတို့နိုင်ငံမှာဆိုရင် ပြည်သူ၊ ပြည်သားများဟာ ဆယ်စုနှစ်တွေနဲ့ ချီပြီးတော့၊ တကယ်ပြောရမယ်ဆိုရင် ကျွန်မတို့ နိုင်ငံ စစ်အာဏာရှင်စနစ်အောက်မှာ နေခဲ့ရတာ နှစ်ငါးဆယ် နီးပါးပဲ"

ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တစ်ဦးချင်းက တတ်နိုင်တဲ့ဖက်က ၀ိုင်းဝန်းကူညီကြဖို့ တာဝန်ရှိကြောင်း၊ ဘယ်လိုအချက်တွေကို ပြင်ဆင်သင့်သလဲဆိုတာ အားလုံးကလေ့လာဖို့ တာဝန်ရှိကြောင်းနဲ့မိမိတို့ ပြောသမျှတွေကို မျက်စိစုံမိတ်ပြီး သဘောတူပါလို့လည်း မတောင်းဆိုကြောင်းလည်း ပြောခဲ့ပါတယ်။

RFA Burmese
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံနဲ့ပြည်သူကို အကျိုးပြုတဲ့ အပိုင်းတွေ ပါသလို အကျိုး မပြုတဲ့ အပိုင်း တွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့မိုးကုတ်မြို့လူထုနဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဗုံး ၄ လုံး ပေါက်ကွဲ

Photo: ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဗုံး ၄ လုံး ပေါက်ကွဲ
Saturday, March 22, 2014

ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော် ချင်းမိုင်မြို့မှာ မတ်လ ၂၁ ရက်နေ့ ညက နေရာ ၃ နေရာမှာ ဗုံး ၄ လုံး ပေါက်ကွဲခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေ က ပြောပါတယ်။

ဗုံးပေါက်ကွဲမှုဟာ ဘယ်သူ့လက်ချက်ဖြစ်တယ်ဆိုတာ အခုချိန်ထိ ထုတ်ဖော်ပြောဆိုတာ မရှိသေးပေမယ့် ဗုံးပေါက်ကွဲမှုတွေဟာ လူထုအလန့်တကြားဖြစ်အောင် တမင်ရည်ရွယ်ပြီး လုပ်တာ ထင်ရှားတယ်လို့ ဆိုပါတယ်။

ပထမဗုံးပေါက်ကွဲမှုကတော့ ပီတီတီ ဓါတ်ဆီဆိုင်တဆိုင်မှာ ည ၈ နာရီခွဲက ပေါက်ကွဲခဲ့တာဖြစ်ပြီး လူ ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

၃ ဦးမှာ ဓါတ်ဆီဆိုင်ဝန်ထမ်းတွေဖြစ်ပြီး ၁ ဦးကတော့ ကားဆီလာဖြည့်တဲ့ အမျိုးသမီးတဦး ဖြစ်ပါတယ်။ ဒဏ်ရာရသူအားလုံးကို နီးစပ်ရာဆေးရုံကို ပို့ဆောင်ကုသထားပါတယ်။

ပထမပေါက်ကွဲမှုဖြစ်ပြီး ၁ နာရီအကြာမှာ ဘွန်းရော့ အရက် ကုမ္ပဏီရုံးခန်းထဲကို ဗုံးနှစ်လုံး ပစ်သွင်းခဲ့ပြီး ဗုံး ၁ လုံးကတော့ ပေါက်ကွဲ ခဲ့ပါတယ်။ အဲ့ဒီပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရမှု မရှိပါဘူး။

ည ၁၀ နာရီ ၁၅ မှာ အက်ဒမန်ပင်လယ်စာ စားသောက်ဆိုင် မှာ နောက်ဆုံးဗုံး ပေါက်ကွဲခဲ့ပြီး ကား ၂ စီး ပျက်စီးခဲ့ပါတယ်။ အဲ့ဒီပေါက်ကွဲမှုမှာလည်း ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါဘူး။ အဆိုပါဗုံး ၃ လုံးပေါက်ကွဲခဲ့မှုကို ချင်းမိုင်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။

ဒီဗွီဘီ
ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော် ချင်းမိုင်မြို့မှာ မတ်လ ၂၁ ရက်နေ့ ညက နေရာ ၃ နေရာမှာ ဗုံး ၄ လုံး ပေါက်ကွဲခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေ က ပြောပါတယ်။

လိင်အပျော် ခရီးသွားလုပ်ငန်းကျိန်စာ

Photo: လိင်အပျော် ခရီးသွားလုပ်ငန်းကျိန်စာ
Saturday, March 22, 2014

မြန်မာပြည်မှာ ပြည့်တန်ဆာလုပ်ငန်းဟာ တရားမ၀င်ပါဘူး။ ပြည့်တန်ဆာ အိမ်တစ်အိမ်ကို ၀င်ဖမ်းတဲ့ အခါ ပြည့်တန်ဆာ တွေသာ အဖမ်းခံရပြီး လိင်ဆက်ဆံသူကတော့ အဖမ်းမခံရပါဘူး။ ရံဖန်ရံခါ အိမ်ပိုင်ရှင်တောင် အဖမ်းမခံရတဲ့ ဖြစ်ရပ်မျိုးတွေလည်း ရှိပါတယ်။ လိင်အလုပ်သမတွေဟာ ရဲတွေရဲ့လက်မှာ မတရားပြုမှုတွေကို ခံရလေ့ ရှိတတ်ပါတယ် . . .

 ရန်ကုန်မြို့ရဲ့ အထင်ကရ ဘီယာဆိုင်ကြီး တစ်ဆိုင်ဟာ ညနေခင်းတစ်ခုမှာ အသက်ဝင် လှုပ်ရှားနေတယ်။ မလုံ့ တလုံ အ၀တ်အစားတွေ ၀တ်လာတဲ့ မိန်းမပျို နှစ်ဒါဇင်လောက်ဟာ စင်ပေါ်မှာ စီတန်းပြီး ဆံပင်တွေ ဝှေ့ယမ်း လို့ ပြင်းပြင်းရှရှ ပေါ့ပ်သီချင်း တစ်ပုဒ်ရဲ့ တေးသွားနဲ့ အတူ စည်းချက်ညီ ကနေကြတယ်။ နိုင်ငံခြားသား အနည်း ငယ်နဲ့ မြန်မာအမျိုးသား အများစုကတော့ စင်အောက်က ၀ိုင်းတွေမှာ Tiger ဘီယာကို မြုံ့ရင်း စင်ပေါ်က မြင်ကွင်းကို အမြည်းလုပ်နေ ကြတယ်။ တချို့က လက်ကိုင်ဖုန်းတွေနဲ့ စင်ပေါ်ကို ဗီဒီယိုလှမ်းရိုက်လို့။

ကြည့်နေရင်းမှာပဲ ပရိသတ်ထဲက ယောက်ျားတစ်ယောက်က သူနှစ်သက်တဲ့ မိန်းကလေးတစ်ယောက်ကို ၁၂ ဒေါ်လာတန်တဲ့ ပန်းကုံးတစ်ကုံးကို စားပွဲထိုးက တစ်ဆင့် စွပ်ခိုင်းလိုက်တယ်။…

ကမ္ဘာ့လိင်အပျော် ခရီးသွားမြို့တွေထဲက တစ်မြို့ဖြစ်တဲ့ ဗန်ကောက်က လိင်အသားပေးဆန်တဲ့ ဖော်ချွတ်ရှိုး ပွဲတွေနဲ့ ယှဉ်ရင်တော့ မော်ဒယ်လ် ရှိုးလို့ခေါ်တဲ့ ရန်ကုန်က ရှိုးပွဲတွေဟာ ဘာမှမပြောပလောက်ပါဘူး။ ဆယ်စုနှစ် တွေများစွာ အထီးကျန်ဆန် စွာ နေခဲ့ရပေမယ့် နောင်လာ မယ့်နှစ်တွေမှာ နိုင်ငံတကာအသိုင်း အ၀ိုင်းထဲကို ၀င်ဆံ့ ဖို့ ခြေလှမ်းပြင်နေတဲ့ မြန်မာပြည်အတွက် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းဟာ မျှော်လင့်ချက်တွေ တစ်ပုံ တစ်ပင် နဲ့ပါ။ အဲဒီကာလတွေမှာ တဖွဲဖွဲ ရောက်ရှိလာမယ့် ကမ္ဘာလှည့်ခရီးသည်တွေနဲ့ ရန်ကုန်မော်ဒယ်လ်ရှိုးပွဲတွေရဲ့ အ နာဂတ်ဟာ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကို မြန်မာအရာရှိတွေနဲ့ လူ့အခွင့် အရေးအဖွဲ့တွေက ကြိုတင်စိုး ရိမ် ပူပန်နေ ကြပါတယ်။

၂၀၁၁ မှာ ကမ်္ဘာလှည့်ခရီးသည် ရှစ်သိန်းကျော်(၈၁၆၀၀၀) လာရောက်ရာ ကနေ ၂၀၁၂ မှာ ခရီးသည် ဆယ်သိန်း ကျော် ၀င်ရောက်ခဲ့ပြီး ၂၀၁၃ မှာတော့ ကမ်္ဘာလှည့်ခရီးသည် ဆယ့်ငါးသိန်းကျော် ၀င်ရောက်နိုင် တယ်လို့ ခန့်မှန်းထားပါ တယ်။ ခရီးသွားလုပ်ငန်းဟာ အရင်နှစ် တွေထက် ၀င်ငွေပိုမိုတိုးလာပေမယ့် သက် ဆိုင်ရာဟာ ခရီးသွားတွေကို ဆွဲဆောင်တဲ့ အစီအစဉ်ထဲမှာ လိင်လုပ်ငန်းကို ပါစေချင် ပုံမရပါဘူး။ ဘာလို့လဲ ဆိုတော့ အိမ်နီးချင်း နိုင်ငံတွေထဲက ထိုင်းနိုင်ငံဟာ အာဆီယံမှာ  HIV ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်နေ ပြီး ကမ္ဘောဒီးယား ဆိုရင်လည်း အရွယ်မရောက်သေးသူတွေကို အသုံးပြုပြီး လိင်လုပ်ငန်းနဲ့ စီးပွားရှာရာမှာ နာမည် အလွန် ကြီးနေလို့ပါပဲ။

မြန်မာပြည်တွင်း ပြန်ကြည့်မယ်ဆိုရင်လည်း နှစ်ပေါင်းတာရှည် အမြစ်တွယ်နေခဲ့တဲ့ လူကုန်ကူးမှု လုပ်ငန်းကြီး ဟာ စိုးရိမ်ရေမှတ်ကို ရောက်နေ ပါတယ်။ မြန်မာအမျိုးသမီး ထောင်ပေါင်းများစွာဟာ ထိုင်းနိုင်ငံထဲက လိင်ဝန် ဆောင်မှု လုပ်ငန်းတွေဆီ ချောင်းပေါက် သလို ရောက်နေခဲ့တယ်။ အများစုကတော့ ကိုယ့်အလိုဆန္ဒနဲ့သွား ရောက်ခဲ့ကြတာ ဖြစ်တယ် လို့ စောင့်ကြည့် ရေးအဖွဲ့တွေက ဆိုကြတယ်။

““မိန်းကလေးငယ်တွေဟာ အသက် မပြည့်၊ ငယ်ရွယ်သူတွေ များတယ်။ သူတို့ ရဲ့အပျိုစင်ဘ၀ကို ဈေးကောင်း ကောင်းရရင် ရောင်းချလိုက်ဖို့ သူတို့ ၀န်မလေးဘူး။ မိဘတွေ ကိုယ်တိုင်က အသိပညာနည်း ပါးတော့ ဘာဖြစ် မယ်မှန်း သိသိကြီးနဲ့ဒါကို လက်ခံနေကြတယ်။ လက်မခံရင်လည်း အဲဒီမိဘတွေကို ဘယ်သူတွေက ရှာကျွေး ပြီး အထောက်အပံ့ပေးမှာလဲ ဆိုတာမေးစရာ ဖြစ်နေပြီ””လို့ ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေး အေဂျင်စီ (UNLAP) ရဲ့ မြန်မာဆိုင်ရာ ပရောဂျက်အရာရှိက ပြောပါတယ်။

၂၀၀၈ ခုနှစ်၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်မှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူ့အသက်ပေါင်း များစွာ ပျက်စီးခဲ့သလို ကျန်ရစ်သူ မိသားစုတွေထဲက အမျိုးသမီးငယ်လေးတွေလည်း ဘ၀ပျက်စီးကိန်း ဆိုက်ခဲ့ တယ်။ ၂၀၀၈ နာဂစ် အလွန်မှာ မြစ်ဝကျွန်းပေါ်က တက်လာ တဲ့ အမျိုးသမီးငယ် မြောက်မြားစွာကြောင့် ရန်ကုန် လို မြို့ကြီးတွေရဲ့ ကာရာအိုကေ၊ အနှိပ်ခန်းနဲ့ ပြည့်တန်ဆာ လုပ်ငန်းတွေမှာ လိင်အလုပ်သမဦးရေ သိသိ သာသာ တိုးပွားလာတယ်လို့ ပြည်တွင်းသတင်းမီဒီယာတွေရဲ့ သတင်းပေးပို့ချက်အရ သိရှိခဲ့ရတယ်။

မြန်မာပြည်မှာ နိုင်ငံခြားသား ခရီးသွားတွေကို လိင်ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေကိုတော့ ပေါ်ပေါ် တင်တင် များများ စားစား မတွေ့ရသေးပါဘူး။ ဒါကလည်း ၂၀၁၂ ခုနှစ် ထိုင်းနိုင်ငံမှာ နိုင်ငံခြားခရီး သွား ၂၂ သန်း လာရောက် လည်ပတ်တဲ့ အချိန်မှာ မြန်မာမှာတော့ နိုင်ငံခြားခရီး သည်ဟာ အရေအတွက်အားဖြင့် နည်းပါး နေသေးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အနာဂတ်မှာ မြန်မာ့ခရီးသွားလုပ်ငန်း တစ်ဟုန်ထိုး တိုးတက်လာရင် ဒါဟာပြဿနာတစ်ရပ် ဖြစ်လာမှာ ဧကန်ပါ။

““မကြာသေးခင်က ကျွန်မဂျပန်နိုင်ငံက လိင်အပျော်ခရီးသွားလုပ်ငန်းရဲ့ ကြော်ငြာဝက်ဘ်ဆိုက်တစ်ခုကို အမှတ်မထင် သွားတွေ့ခဲ့တယ်။ ဟိုတယ်စာရင်းနဲ့တကွ လိင်ကိစ္စနဲ့ ပတ်သက်ပြီး ဟိုတယ်တစ်ခုချင်း စီရဲ့ ၀န်ဆောင်မှု ပေးနိုင်တာကိုပါ ထည့်ပြီး ကြော်ငြာထားတယ်။ နိုင်ငံခြားသား ဧည့် သည်တွေက တောင်းဆိုရင် ဟိုတယ်ပိုင်ရှင်က ပြည့်တန်ဆာတွေရဲ့ ဖုန်းနံပါတ်ကို ပေးပြီး လိင်ကိစ္စကို ၀န်ဆောင်မှုပေးတယ်”” လို့ မြန်မာပြည်  Tourism Transparency တည်ထောင်သူ Andrea Valentinရဲ့ က ပြောပါတယ်။

““ပြဿနာတချို့ရှိပေမယ့် ဟိုတယ် ဆိုတာ ခရီးသွားတွေကို စိတ်ကျေနပ်မှု ပေးချင်တယ်။ ငါတို့ဘာ လုပ်ရမလဲ””လို့ ဟိုတယ်ပိုင်ရှင်တွေက ပြောပါသေးတယ်။

““မြန်မာနိုင်ငံမှာတော့ မော်ဒယ်လ်ရှိုးတွေ၊ ကာရာအိုကေနဲ့ အနှိပ်ခန်းတွေမှာ လိင်ကိစ္စကို ပေါ်ပေါ်ထင်ထင် သွားတောင်း ဆိုလို့မရဘူး။ ဒါပေမဲ့ သေချာတာကတော့ အဲဒီမှာရတယ်။ သိုသိုဝှက်ဝှက်ပေါ့””လို့ UNLAP ရဲ့ အရာရှိက ပြောပါတယ်။

““သက်သေအထောက်အထားနဲ့ ပြဖို့တော့ တော်တော်ခက်ပါတယ်။ ဒါပေမဲ့ ယောက်ျားတွေဟာ ဘယ် ကာရာအိုကေ ကရတယ်။ ဘယ်ကာရာအိုကေက မရဘူးဆိုတာကို သိနေကြတယ်။ တချို့ တက္ကစီကား မောင်းတဲ့ သူတွေပါ ဒါကိုသိ ကြတယ်””လို့ သူမက ဆက်လက်ပြောဆို ပါတယ်။

မကြာသေးခင်နှစ်ကလည်း ကမ္ဘာလှည့်နိုင်ငံခြားသား ၁၃ ယောက်ကို အရွယ် မရောက်သေးသူ လိင်ဆက်ဆံဖို့ ကြိုးစားမှု (Child Sex) နဲ့ မြန်မာပြည်ကနေနှင် ထုတ်ပြီး အမည်မည်းစာရင်း သွင်းလိုက်ရပါသေးတယ်။ ကမ္ဘော ဒီးယားမှာတော့ ဒီကိစ္စ (Child Sex) ကအဆိုးဆုံးပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာအစိုးရပိုင်းကတော့ အနာဂတ်ကို ကြိုတွေးပြီး စိုးရိမ်နေပုံရပါတယ်။

““အိမ်နီးချင်းနိုင်ငံတွေက သင်ခန်းစာကိုယူပြီး နောင်မှဆိုတာထက် အခုလက်ငင်း ချက်ချင်း ကျွန်တော်တို့ စတင်ကိုင်တွယ် ဖြေရှင်းရတော့မယ်””လို့ မြန်မာနိုင်ငံ အထူးရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်မှူးတစ် ယောက်က ပြောဆိုပါတယ်။

အာဏာပိုင်တွေဘက်က လုပ်ဆောင် မှုတစ်ခုကတော့ ဟိုတယ်၊ ခရီးဝန်ကြီးဌာနနဲ့ ဂျာမန် NGO တစ်ခုဖြစ်တဲ့  Hanns Seida ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ခရီးသွားလုပ်ငန်း ပေါ်လစီတစ်ခုကို စတင် ရေးဆွဲခဲ့တာပါပဲ။ နိုင်ငံ ခြားသား ခရီးသည် တွေကို ရည်ရွယ်ပြီး လိုက်နာရမယ့် စည်း မျဉ်းတချို့ကိုဟိုတယ်နဲ့ အေဂျင်စီတွေကို လိုက် လံဖြန့်ဝေခဲ့တာပါ။

နော်ဝေနိုင်ငံရဲ့ အထောက်အပံ့နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ဆိုရင်လည်း အစိုးရ တွေအတွက် ခရီးသွားလုပ်ငန်း အထူးအစီ အမံရေးဆွဲပြီး (Sex Tourism) နဲ့ ပတ်သက် လို့ လူထုကို ပညာပေးမယ့် အစီအစဉ်တွေ ကို ပြုလုပ် နေပါတယ်။ UNLAP အနေနဲ့ ကတော့ ဟိုတယ်ဝန်ထမ်းတွေ၊ ခရီးသွား အေးဂျင့်တွေကို Sex Tourism နဲ့ပတ် သက်လို့ ဘယ်လိုသတိထား ဂရုပြုလေ့လာရ မယ်ဆိုတာမျိုးတွေကို လေ့ကျင့်ပေးဖို့ အလုပ်ရုံဆွေးနွေးပွဲတွေကို ကျင်းပပေးနေပါတယ်။ လူကုန်ကူးမှု ဆန့်ကျင်ရေးနဲ့ အရွယ်မရောက်သူ လိင်ဆက်ဆံမှု ကာကွယ်ရေး အဖွဲ့ တွေရဲ့ အရေးပေါ်ဖုန်းနံပါတ်တွေကို နိုင်ငံခြားခရီးသွား အများစုရှိရာ နေရာတွေမှာ အလွယ်တကူထားရှိပေးပါ တယ်။

““ဥပဒေတွေ၊ ခရီးသွားအစီအမံတွေ ဘယ်လိုပဲရှိနေနေ ကိုင်တွယ်စီမံမှုအပိုင်းမှာ လျော့ရဲနေရင်တော့ ဘာမှ ထူးလာမှာ မဟုတ်ပါဘူး။ မြန်မာပြည်မှာ ပြည့်တန်ဆာ လုပ်ငန်းဟာ တရားမ၀င်ပါဘူး။ ပြည့်တန် ဆာ အိမ်တစ် အိမ်ကို ၀င်ဖမ်းတဲ့အခါ ပြည့်တန်ဆာတွေသာ အဖမ်းခံရပြီး လိင်ဆက်ဆံသူကတော့ အဖမ်းမခံရပါဘူး။ (အကြောင်း ကြောင်းကြောင့်) ရံဖန်ရံခါ အိမ်ပိုင်ရှင်တောင် အဖမ်းမခံရတဲ့ ဖြစ်ရပ် မျိုးတွေလည်း ရှိပါတယ်။ လိင်အလုပ်သမ တွေဟာ ရဲတွေရဲ့လက်မှာ မတရားပြုမှု တွေကို ခံရလေ့ရှိတတ်ပါတယ်””လို့ UNLAP အရာ ရှိက ပြောပါတယ်”” ယူနီ ဆက်နဲ့ NGO တွေက ဒီကိစ်္စမျိုးတွေမှာ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို ရဲအရာ ရှိတွေကို သင်တန်းပေးဖို့ စီစဉ်နေပါပြီ”” လို့ သူမက ထပ်လောင်းပြောဆိုပါတယ်။

““စိန်ခေါ်မှုတွေ ဘယ်လိုရှိနေပေမယ့် လည်း မြန်မာအနေနဲ့ကတော့ ထိုင်းတို့၊ ကမ္ဘောဒီးယားတို့မှာ ပြဿနာ ဖြစ်နေတဲ့ လိင်အပျော်ခရီးသွားလုပ်ငန်း ကျိန်စာက လွတ်မြောက်နိုင်ပါလိမ့်မယ်””လို့   Tourism Transparency အကြီးအကဲ Valentin က အကောင်းမြင်စိတ်နဲ့ ဆိုပါတယ်။

““နှစ်ခြောက်ဆယ်လောက်တံခါးပိတ် ထားတဲ့နိုင်ငံဟာ အခုဆိုပွင့်လင်းလာပြီဖြစ် တဲ့အတွက် ဒီအရာတွေကို လွန်မြောက်ဖို့ သင်ယူနေပါပြီ။ ရဲရဲရင့်ရင့်နဲ့ ဒီပြဿနာမျိုး ကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ကျွန်မတို့အနေနဲ့ အထောက် အပံ့တွေပေးဖို့ လိုအပ်ပါတယ်””

Ref: Can Burma Avoid the curse of sex tourism? By Justin Bergman

လင်းထိုက်(Y.I.T)

Myanmartandawsint Newspaper
မြန်မာပြည်မှာ ပြည့်တန်ဆာလုပ်ငန်းဟာ တရားမ၀င်ပါဘူး။ ပြည့်တန်ဆာ အိမ်တစ်အိမ်ကို ၀င်ဖမ်းတဲ့ အခါ ပြည့်တန်ဆာ တွေသာ အဖမ်းခံရပြီး လိင်ဆက်ဆံသူကတော့ အဖမ်းမခံရ ပါဘူး။ ရံဖန်ရံခါ အိမ်ပိုင်ရှင်တောင် အဖမ်းမခံရတဲ့ ဖြစ်ရပ်မျိုးတွေလည်း ရှိပါတယ်။ လိင်အလုပ် သမတွေ ဟာ ရဲတွေရဲ့လက်မှာ မတရားပြုမှုတွေကို ခံရလေ့ ရှိတတ်ပါတယ် . . .

မွေးကင်းစကလေးတိုင်း အသည်းရောင် အသားဝါဘီပိုး ကာကွယ်ဆေးထိုးမည်

မြန်မာနိုင်ငံတစ်ဝန်း မွေးကင်းစ ကလေးတိုင်းကို စက်မှုဝန်ကြီးဌာနက ထုတ်လုပ်သော အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေးထိုးရန် စီစဉ်နေကြောင်း အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ရေးစက်ရုံ၏ စက်ရုံမှူး ဒေါက်တာခင်ခင်ထွေးက ပြောကြားသည်။

မလေးရှားလေယာဉ် အစိတ်အပိုင်းဟု ယူဆရသောပစ္စည်းများ ရေမြှုပ်ဟု သြစတြေးလျပြော

Photo: မလေးရှားလေယာဉ် အစိတ်အပိုင်းဟု ယူဆရသောပစ္စည်းများ ရေမြှုပ်ဟု သြစတြေးလျပြော
Saturday, March 22, 2014

မလေးရှားလေယာဉ် အစိတ်အပိုင်းဟု ယူဆရသော ပစ္စည်းများ ရေနစ်မြုပ် သွားပြီးလောက်ပြီဟု သြစတြေးလျ ဒုတိယဝန်ကြီး ဝါရန်ထရတ်က ပြောကြားလိုက်ပြီး လေယာဉ်အမှတ် MH-370 ကို ရှာဖွေနေသည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့မှာ မည်သည့်အရာမျှ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အိန္ဒိယနှင့် ထိုင်းနိုင်ငံကြားတွင် တည်ရှိသည့် ကပ္ပလီပင်လယ်ပြင် အတွင်း၌လည်း မလေးရှားလေယာဉ် ရှာဖွေမှုကို ထပ်မံပြုလုပ်လျက်ရှိပြီး ခေတ်သစ်လေကြောင်း လောကသမိုင်းတွင် ဖြစ်ပွားနေသည့် အထူးဆန်းဆုံး လေယာဉ် ပျောက်ဆုံးမှုကို အဖြေထုတ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

အဆိုပါ လေယာဉ်မှ အစိတ်အပိုင်းများဟု အတည်မပြုနိုင်သော်လည်း အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် တွေ့ရှိခဲ့သည့် ပေါလော မျောပါနေသည့် ပစ္စည်းနှစ်ခုမှာ လေယာဉ်မှ ဖြစ်နိုင်သည်ဟု ယူဆခဲ့ကြပြီး ပြီးခဲ့သည့် ကြာသပတေးနေ့အတွင်း အကြီးအကျယ် လိုက်လံရှာဖွေခဲ့သည်။

သို့သော်လည်း ပါ့သ်မြို့မှ ကီလိုမီတာ ၂၅၀၀ အကွာနေရာသို့ သွားရောက်ပြီး သံသယရှိသည့် အစိတ်အပိုင်းများကို သွားရောက် ရှာဖွေသည့် ပထမဆုံးသော သြစတြေးလျ လေယာဉ်မှာ မည်သည့် အရာဝတ္ထုမျှ မတွေ့ရှိဘဲ ပြန်လှည့်လာရကြောင်း သြစတြေးလျ အာဏာပိုင်များက ပြောကြားသည်။
“ပင်လယ်ထဲမှာ ပေါလောမျောနေတဲ့အရာက ရေပေါ်ဆက်ပေါ် မနေနိုင်လောက်တော့ပါဘူး” ဟု သြစတြေးလျ ဒုတိယဝန်ကြီးချုပ် ဝါရန်ထရတ်က သတင်းထောက်များကို ပြောကြားသည်။

သို့သော်လည်း ပျောက်ဆုံး လေယာဉ် ရှာဖွေမှုကို ဆက်လက် လုပ်ဆောင်နေပြီး သြစတြေးလျ၊ နယူးဇီလန်၊ အမေရိကန်၊ တရုတ်နှင့် ဂျပန်လေယာဉ်များ ပူးပေါင်းရှာဖွေနေသည်။
“သင်္ဘောပေါ်ကနေ လိမ့်ကျခဲ့တဲ့ ကုန်သတ္တာ တစ်လုံးလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့လည်း သေချာမသိပါဘူး” ဟု သြစတြေးလျ ဝန်ကြီးချုပ် တိုနီအဘော့က ပြောကြားသည်။

ယင်းကဲ့သို့ ထူးဆန်းစွာ ပျောက်ဆုံးနေသော လေယာဉ် ပြန်လည်ရှာဖွေရေး အားဖြည့်နိုင်ရန် အိန္ဒိယနိုင်ငံက P-8I ပိုဆီဒန် ရေကြောင်း ထောက်လှမ်းရေး လေယာဉ်တစ်စင်းနှင့် C_130 သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းတို့ကို ပေးပို့ပေးမည် ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် အခြားနိုင်ငံများနှင့် ပူးပေါင်း ရှာဖွေသွားမည် ဖြစ်သည်။

ကွာလာလမ်ပူမှ ဘေဂျင်းသို့ ဦးတည် ပျံသန်းခဲ့သော မလေးရှား လေယာဉ် MH 370 မှာ မတ်လ ၈ ရက်နေ့တွင် စတင်ပျောက်ဆုံးသွားခဲ့ပြီး သတ်မှတ်ထားသော လမ်းကြောင်းမှ မိုင်ထောင်ပေါင်းများစွာ လမ်းလွဲ ပျံသန်းခဲ့ကြောင်း တွေ့ရှိထားပြီး ပြန်ပေးဆွဲမှု၊ အဖျက်လုပ်ငန်း လုပ်ဆောင်မှု ဟုတ် မဟုတ်ကို အဓိက အာရုံစိုက် စုံစမ်းလျက် ရှိသည်။

အဆိုပါ လေယာဉ်ကို အိန္ဒိယသမုဒ္ဒရာ အတွင်း၌သာမက လာအိုနိုင်ငံ မြောက်ပိုင်းမှ ကာဇတ်စတန်နိုင်ငံအထိ ဒေသတွင်း၌လည်း စုံစမ်းရှာဖွေလျက်ရှိပြီး မလေးရှားလေယာဉ် ပျောက်ဆုံး ပြီးနောက် အတည်မပြုနိုင်သော အပျက်အစီး အမျိုးမျိုးကို ရှာဖွေတွေ့ရှိခဲ့သည်။

လေယာဉ်ပေါ်တွင် ပါသွားသည့် ဆက်သွယ်ရေး စက်များကို ပိတ်လိုက်ပြီးနောက် ထိုင်းပင်လယ်ကွေ့ကို ဖြတ်သန်း ပျံသန်းခဲ့ကာ အနောက်ဘက်သို့ သိသိသာသာ လမ်းကြောင်းပြောင်းပြီး မလေးရှား ကျွန်းဆွယ်ကို ထပ်မံဖြတ်သန်းကာ အိန္ဒိယနိုင်ငံဘက်သို့ ဦးတည် ပျံသန်းခဲ့ကြောင်း စစ်ဘက်ရေဒါများနှင့် ဂြိုဟ်တု ဆက်သွယ်မှုများအရ စုံစမ်းစစ်ဆေးရေးမှူးများက သိရှိထားသည်။

ထို့နောက် မည်ကဲ့သို့ ဖြစ်ပျက်သွားသည်ကို ရှင်းလင်းစွာ မသိရှိရသေးဘဲ ခပ်မှိန်မှိန် အီလက်ထရွန်နစ် အချက်ပြမှု တစ်ရပ်ကို စီးပွားရေး လုပ်ငန်းသုံး ဂြိုဟ်တုတစ်လုံးက ဖမ်းယူရရှိခဲ့ပြီး မလေးရှား လေယာဉ်မှာ အနည်းဆုံး ခြောက်နာရီ ကြာသည်အထိ ဆက်လက် ပျံသန်းခဲ့ကြောင်း ခန့်မှန်းထားကြသည်။

အဆိုပါ အချက်ပြမှုမှ ရရှိသော အချက်အလက်များကို မလေးရှား အာဏာပိုင်များသို့ ပြီးခဲ့သည့် ရက်များအတွင်း လွှဲပြောင်း ပေးအပ်ခဲ့သော်လည်း ရှာဖွေရေးဧရိယာ လျှော့ချရေးအတွက် ရက်သတ္တတစ်ပတ်ကျော် အချိန်ယူခဲ့ရပြီး တောင်ဘက်ဧရိယာတွင် သံသယ ရှိဖွယ် အပျက်အစီးများ တွေ့ရှိခဲ့ရပြီး တရုတ်မှ ဗဟိုအာရှထိ ကျယ်ဝန်းသော မြောက်ဘက် ဧရိယာတွင် မည်သည့်အရာမျှ တွေ့ရှိရခြင်း မရှိသေးပေ။

လက်ရှိ ပျောက်ဆုံးနေသော မလေးရှားလေယာဉ် MH 370 ပေါ်တွင် လူပေါင်း ၂၃၉ ဦး လိုက်ပါသွားပြီး ခရီးသည် အများစုမှာ တရုတ်နိုင်ငံသားများဖြစ်ကာ ထူးဆန်းသည့် လေယာဉ် ပျောက်ဆုံးမှုကြောင့် လွန်စွာဝမ်းနည်းရကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ထုတ်ဖော် ပြောကြားထားသည်။

The Voice Weekly
မလေးရှားလေယာဉ် အစိတ်အပိုင်းဟု ယူဆရသော ပစ္စည်းများ ရေနစ်မြုပ် သွားပြီးလောက်ပြီ ဟု သြစတြေးလျ ဒုတိယဝန်ကြီး ဝါရန်ထရတ်က ပြောကြားလိုက်ပြီး လေယာဉ်အမှတ် MH-370 ကို ရှာဖွေနေသည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့မှာ မည်သည့်အရာမျှ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ဘုရားဖူး မလိုက်ရ၍ ကိုးတန်းကျောင်းသူ ပိုးသတ်ဆေးသောက် သေဆုံး

ကျောင်းနေဖက် သူငယ်ချင်းများနှင့်အတူ ကျိုက်ထီးရိုးဘုရားဖူး မလိုက်ရသဖြင့် အသက် ၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသူ တစ်ဦး ပိုးသတ်ဆေးသောက် သေဆုံးခဲ့မှု မှော်ဘီမြို့နယ်၊ မြောင်းတကာ ကျေးရွာတွင် မတ်လ ၂၀ ရက် ည ၉ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

နိုင်ငံခြားကြွေးကျန် ဒေါ်လာသန်း ၉၅၀၀ အပြင် ကျပ်ဘီလျံ ၁၀၀၀၀ ကျော် ပြည်တွင်းကြွေးကျန်ရှိ

နိုင်ငံ၏ လိုငွေဖြည့်ဆည်းရန်အတွက် အစိုးရငွေတိုက် စာချုပ်နှင့် အစိုးရငွေတိုက် လက်မှတ်များ ထုတ်ရောင်းချထားမှုမှ ပြည်တွင်းကြွေးမြီ ၂၀၁၃ ခုနှစ် မတ် ၃၁ ရက်ထိ ကျပ်ဘီလျံ ၁၀၈၂၄ ရှိကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မတ် ၂၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည်။

နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများအနက် အမြတ်၊ အရှုံးဖြစ်နေသည့်အတွက် အမြတ်ရရှိသည့် စီးပွားရေး အဖွဲ့အစည်းများ အမှန်တကယ် အမြတ်ရရှိခြင်း ဟုတ်၊ မဟုတ် စိစစ်ရန်လိုကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီ အကြံပြု

Photo: နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများအနက် အမြတ်၊ အရှုံးဖြစ်နေသည့် အတွက် အမြတ်ရရှိသည့် စီးပွားရေး အဖွဲ့အစည်းများ အမှန်တကယ် အမြတ်ရရှိခြင်း ဟုတ်၊ မဟုတ် စိစစ်ရန်လိုကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီ အကြံပြု
Saturday, March 22, 2014

နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများအနက် အမြတ်ရရှိသည့် အဖွဲ့အစည်း၊ အရှုံး ပေါ်နေသည့် အဖွဲ့အစည်းဟူ၍ ဖြစ်ပေါ်နေသည့်အတွက် အမြတ်ရရှိသည့် စီးပွားရေး အဖွဲ့အစည်းများ အမှန်တကယ် အမြတ်ရရှိ ခြင်း ဟုတ်မဟုတ် ပြန်လည်စိစစ်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက မတ် ၂၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားသည်။

ဥပဒေကြမ်း ပူးပေါင်းကော်မတီက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အရအသုံး ခန့်မှန်းခြေ ငွေစာရင်းနှင့်၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းအား စိစစ်ရာတွင် တွေ့ရှိချက်များကို အစီရင်ခံ တင်ပြခဲ့ခြင်းဖြစ်သည်။

ကော်မတီက စီးပွားရေး အဖွဲ့အစည်းများကို လုပ်ငန်းလုပ်ပိုင်ခွင့်အရဖြစ်စေ၊ ဖွဲ့စည်းမှုပုံစံအရဖြစ်စေ၊ ဘဏ္ဍာငွေကြေးအရဖြစ်စေ၊ လွတ်လပ်ခွင့်ပေး၍ လက်တွေ့ကျကျ စီးပွားရေးဆန်ဆန် လုပ်ကိုင်စေရန် အလေးပေး ဆောင်ရွက်သင့်ကြောင်း၊ ဘတ်ဂျက်စီမံခန့်ခွဲမှု နည်းလမ်းတစ်ခုတည်းဖြင့် ဘဏ်ချေးငွေများပေး၍ ဆောင်ရွက်စေခြင်းသည် စာရင်းဇယားပြရာတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်နိုင်ကြောင်း၊ ထို့အတွက် အကျိုးအမြတ် ရှိနိုင် မရှိနိုင် လက်တွေ့ကျကျ သုံးသပ်ဆောင်ရွက်သင့်ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းတွင် ပြည်ထောင်စုအဆင့်၌ ပိုငွေလိုငွေ အခြေအနေကို အသေးစိတ်လေ့လာ စိစစ်နိုင်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အရအသုံးကို ယခင်နှစ်များကဲ့သို့ တင်ပြခြင်းမပြုထားဘဲ ဘဏ္ဍာရေးကော်မရှင်၏ ထောက်ခံချက်တွင်သာ ရှင်းလင်းထားမှုအရ သိရကြောင်း ဥပဒေကြမ်းကော်မတီ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဘဏ္ဍာရေးကော်မရှင်၏ ထောက်ခံချက်တွင် ပါဝင်သော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏လိုငွေမှာ ကျပ်သန်း ၁၄၄၇၂၅၄ ဖြစ်ပြီး ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ ထောက်ပံ့ငွေအဖြစ် ကျပ် ၁၄၂၁၇၃၇ သန်း၊ ချေးငွေအဖြစ် ကျပ် ၂၅၅၁၇ သန်း ခွင့်ပြုရန် လျာထားကြောင်း သိရသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု အဆင့်များ၏ ပိုငွေလိုငွေခန့်မှန်းခြေတွင် စုစုပေါင်းလိုငွေ ကျပ် ၂၇၅၃ ဒသမ ၀၀၉ ဘီလျံ ဖြစ်ပေါ်ခဲ့ကြောင်း၊ လူမှုဖူလုံရေး အဖွဲ့ပိုငွေကျပ် ၉ ဒသမ ၇၅၅ ဘီလျံ၊ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများက ပိုငွေကျပ် ၆၉၃ ဒသမ ၅၉၂ ဘီလျံ ပိုငွေပြလျက်ရှိကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီက ပြောကြားသည်။

လူမှုဖူလုံရေးအဖွဲ့သည် သက်ဆိုင်ရာ အလုပ်သမားနှင့် အလုပ်ရှင်များ၏ အချိုးကျ ထည့်ဝင်ငွေများ ပါဝင်သည့် သီးခြားရန်ပုံငွေဖြင့် ရပ်တည်လျက်ရှိကြောင်း၊ လွတ်လပ်မှုရှိသည့် အဖွဲ့အစည်း တစ်ခုအဖြစ် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေအသစ်အရ ပုံဖော်ပြီးဖြစ်ကြောင်း၊ ထို့အတွက် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေစာရင်းတွင် လူမှုဖူလုံရေး ရန်ပုံငွေကို ရောထွေးပြရန် သင့်မသင့် စိစစ်သင့်ကြောင်း ကော်မတီက အကြံပြုထားသည်။

အလားတူ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့်၂၀၁၄ ခု နှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ပညာရေးနှင့် ကျန်းမာရေးများတွင် အသုံးစရိတ် တိုးလာသည်ကို တွေ့ရကြောင်း၊ ပညာရေး အသုံးစရိတ်သည် ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၉၀၈ ဘီလျံသာ ရှိခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင်မူ ကျပ် ၁၁၄၂ ဘီလျံကျော် ရှိလာကြောင်း၊ ကျန်းမာရေးအတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ် ၆၅၂ ဘီလျံကျော်အထိ တိုးတက်လျာထား လာသည်ကို တွေ့ရကြောင်း၊ ထို့အပြင် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်အရ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ယခုဘဏ္ဍာရေးတွင် ၄၄၃ ဘီလျံကျော် လျာထားသဖြင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ထက် လေးဆခန့်ပိုမို လျာထားသည်ကို တွေ့ရကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းအပြင် ၂၀၁၄ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေစာရင်းသည် ပြည်ထောင်စု၏ ထောက်ပံ့ငွေ ၁၇၁၅၄၃၀ ဒသမ ၂၈၂ ကျပ်သန်း၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ထောက်ပံ့ငွေများနှင့် ရောထွေးဖော်ပြထားကြောင်း၊ ထို့သို့ရောထွေး ထားခြင်းကြောင့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ဥပဒေကို အကောင်အထည်ဖော်ရာတွင် အခက်အခဲများ ဖြစ်ပေါ်နိုင်ကြောင်း၊ ထို့အတွက် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေအား သီးခြားခေါင်းစဉ် တစ်ရပ်ဖြင့် ဖော်ပြသင့်ကြောင်း ကော်မတီက အကြံပြုထားသည်။

Eleven Media Group

ဥပဒေကြမ်းပူးပေါင်း ကော်မတီဝင် ဦးစိုးမြင့်က အစီရင်ခံစာကို လွှတ်တော်၌ ဖတ်ကြားစဉ်
ဥပဒေကြမ်းပူးပေါင်း ကော်မတီဝင် ဦးစိုးမြင့်က အစီရင်ခံစာကို လွှတ်တော်၌ ဖတ်ကြားစဉ်
နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများအနက် အမြတ်ရရှိသည့် အဖွဲ့အစည်း၊ အရှုံး ပေါ်နေ သည့် အဖွဲ့အစည်းဟူ၍ ဖြစ်ပေါ်နေသည့်အတွက် အမြတ်ရရှိသည့် စီးပွားရေး အဖွဲ့အစည်းများ အမှန် တကယ် အမြတ်ရရှိ ခြင်း ဟုတ်မဟုတ် ပြန်လည်စိစစ်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက မတ် ၂၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားသည်။

သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီးရှိ လမ်းမကြီးသုံးလမ်းကို တစ်လမ်းမောင်းစနစ် ကျင့်သုံးမည်

Photo: သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီးရှိ လမ်းမကြီးသုံးလမ်းကို တစ်လမ်းမောင်းစနစ် ကျင့်သုံးမည်
Saturday, March 22, 2014

ဧပြီ သင်္ကြန်ကာလ လေးရက်အတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ လမ်းမကြီးသုံးလမ်းကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ တစ်လမ်းမောင်းစနစ် ကျင့်သုံးမည်ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်ထံမှ သိရသည်။

ယင်းသို့ သင်္ကြန်ကာလအတွင်း တစ်လမ်းမောင်းစနစ် ကျင့်သုံးမည့် လမ်းမကြီး သုံးလမ်းမှာ ဆရာစံလမ်း (ကမ္ဘာအေးစေတီလမ်းဆုံ (ဟာမစ်တစ်) မှ စက်မှု(၁) လမ်းဆုံအထိ အနောက်မှအရှေ့သို့ တစ်လမ်းသတ်မှတ်သည်)၊ မဟာဗန္ဓုလလမ်း (ပန်းဆိုးတန်းလမ်းမှ ဆူးလေဘုရားလမ်းထိ အရှေ့မှ အနောက်သို့ တစ်လမ်းမောင်း သတ်မှတ်သည်)၊ ကန်တော်ကြီးပတ်လမ်း (ဦးထောင်ဘိုအ၀ိုင်း တိရစ္ဆာန်ဥယျာဉ်ဘက်မှ ကန်ရိပ်သာလမ်းသို့ အ၀င်လမ်းသတ်မှတ်ပြီး ကန်ရိပ်သာ လမ်းအတိုင်း လက်ဝဲရစ်မောင်းနှင်၍ ၎င်းမှ နတ်မောက်လမ်းအတိုင်း ကမ္ဘာအေးစေတီ လမ်းဆုံသို့ အထွက်သတ်မှတ် ထားရှိသည်။ ကန်တော်ကြီး ပတ်လမ်းသို့ ချဉ်းကပ်လမ်းများအားလုံး ညာကွေ့ပြီး လက်ဝဲရစ်သွား ရမည်ဖြစ်သည်။ ကန်တော်ကြီးပတ်လမ်းသို့ ၀င်ရောက်မည့် အထက်ပန်းဆိုးတန်းလမ်းမှ ယာဉ်များသည် ဒေါ်သိန်းတင်မီးပွိုင့်မှ လည်းကောင်း၊ သိမ်ဖြူလမ်းမှယာဉ်များသည် သိမ်ဖြူငါးခွဆုံမှ လည်းကောင်း လမ်းလွှဲအတိုင်း မောင်းနှင်ရမည်ဟု သတ်မှတ်ထားသည်)။

ထို့ကြောင့် ကန်တော်ကြီးပတ်လမ်း တစ်လျှောက်တွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ မော်တော်ယာဉ်များ ရပ်နားခြင်း မပြုရန်နှင့် ယင်းသို့တားမြစ်ထားသော လမ်းများတွင် ရပ်နားထားသော ယာဉ်များကို ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီမှ ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေး အထူးအဖွဲ့ လေးဖွဲ့မှ နေ့စဉ်စစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

"သင်္ကြန်ကာလအတွင်း မူးယစ်သောက်စား ရမ်းကားပြီးမောင်းတဲ့ ယာဉ်မောင်းတွေကို အရက်မူးတိုင်းကိရိယာနဲ့ စစ်ဆေးပြီး အရေးယူသွားမယ်။ ပြီးတော့ မီးပွိုင့်တွေ၊ လမ်းမကြီးတွေမှာ ခေတ်မီ CCTV ကင်မရာတွေ တပ်ဆင်ထားတဲ့အတွက် အဲဒီကနေ မှတ်သားဖမ်းဆီးပြီး မည်သူ့ကိုမဆို ထိထိရောက်ရောက် အရေးယူသွားမှာပါ" ဟု  ဒုတိယရဲမှူးကြီး လင်းထွဋ်က မတ် ၂၁ ရက် ညနေပိုင်းက မီဒီယာများသို့ ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၌ မဟာသင်္ကြန် ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ ရှင်းလင်းရန်နှင့် စည်းကမ်းပျက် မောင်းနှင်သည့် မော်တော်ယာဉ်များကို ဖမ်းဆီးအရေးယူရန် ယာဉ်ထိန်းတပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော် အသုံးပြုမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။ ထို့အပြင် ယာဉ်ကြောပိတ်ဆို့မှုကို အမြန်ဆုံး ဖြေရှင်းနိုင်ရန် ရန်ကုန်မြို့အတွင်းရှိ DownTown မြို့နယ်ခြောက်မြို့တွင် ကားဆွဲကရိန်းယာဉ်များ ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မဟာသင်္ကြန်တွင် ယာဉ်အမှု ဖြစ်စဉ်ပေါင်း ၄၆ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ လေးဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၉၂ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

Eleven Media Group

ယမန်နှစ်က ဆင်နွှဲခဲ့သော သင်္ကြန်မြင်ကွင်း တစ်ခုကို တွေ့ရစဉ်
ယမန်နှစ်က ဆင်နွှဲခဲ့သော သင်္ကြန်မြင်ကွင်း တစ်ခုကို တွေ့ရစဉ်
ဧပြီ သင်္ကြန်ကာလ လေးရက်အတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ လမ်းမကြီးသုံးလမ်းကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ တစ်လမ်းမောင်းစနစ် ကျင့်သုံးမည်ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်ထံမှ သိရသည်။

အဓိကရုဏ်း နှိမ်နင်းရေးယာဉ်များ ၀ယ်ယူရန် အပါအ၀င် စီမံကိန်း လုပ်ငန်းများအတွက် ပြည်ပမှ ချေးငွေ၊ ထောက်ပံ့ငွေ ဒေါ်လာ သန်း ၁၇၀၀ ကျော် ရယူသုံးစွဲနေ

Photo: အဓိကရုဏ်း နှိမ်နင်းရေးယာဉ်များ ၀ယ်ယူရန် အပါအ၀င် စီမံကိန်း လုပ်ငန်းများအတွက် ပြည်ပမှ ချေးငွေ၊ ထောက်ပံ့ငွေ ဒေါ်လာ သန်း ၁၇၀၀ ကျော် ရယူသုံးစွဲနေ
Saturday, March 22, 2014

လာမည့်ဘဏ္ဍာနှစ်တွင် စီမံကိန်းလုပ်ငန်းများအတွက် ပြည်ပမှချေးငွေ အမေရိကန်ဒေါ်လာ ၁၅၃၃ ဒသမ ၆၉၂ သန်းနှင့် ပြည်ပမှ အကူအညီရငွေ အမေရိကန်ဒေါ်လာ ၂၁၈ ဒသမ ၉၈၇ သန်း ရယူသုံးစွဲမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ချေးငွေ၊ အကူအညီငွေ ရယူသုံးစွဲမှု ကိစ္စရပ်များ ပါဝင်သော ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ အရအသုံးဆိုင် ရာဥပဒေကြမ်းအား မတ် ၂၁ ရက်က ပြုလုပ် သော ပြည်ထောင်စုလွှတ်တော် အစည်း အဝေးတွင် ပြည်ထောင်အစိုးရအဖွဲ့ ကိုယ်စား ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က လာရောက်တင်သွင်းခဲ့သည်။                                                                                                                          ထိုကဲ့သို့ ပြည်ပချေးငွေ၊ အကူအညီ ငွေများဖြင့် ဆောက်ရွက်မည့် စီမံကိန်းလုပ်ငန်းများမှာ အဓိကရုဏ်း နှိမ်နှင်းရေးယာဉ်များ ၀ယ်ယူခြင်း၊ ကွန်ပျူတာနည်းပညာ တိုးတက်ရေးစီမံကိန်း၊ ဖိုင်ဘာဆက်ကြောင်းနှင့် မိုက္ကရိုဝေ့ ဆက်ကြောင်းများ တိုးချဲ့တပ်ဆင်ခြင်း စီမံကိန်း၊ ရန်ကုန်ဆိပ်ကမ်းနယ်မြေ အတွင်း (VTMS) Station   များတည်ဆောက်ရေး စီမံကိန်း၊ မန္တလေး ခေတ်မီဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်း၊ ရေနံဓာတုဗေဒ စက်ရုံစု (မန်း)၌ အဆင့်မြင့်လုပ်ငန်း လုပ်ဆောင်ရန်အတွက် စက်ပစ္စည်းများ ၀ယ်ယူခြင်း စသည်တို့တွင် အသုံးပြုရန် လျာထားကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအတွက် Ferry Boat သုံးစီးဝယ်ယူခြင်း၊ ဒလသင်္ဘောကျင်း အဆင့်မြှင့်တင်ခြင်း၊ ရေယာဉ်သစ်များ ၀ယ်ယူခြင်းနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဆောင်ရွက်မည့် သီလ၀ါဆိပ်ကမ်း ထွက်ကုန်သေတ္တာ၊ အထွေထွေ ကုန်စည်ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းနှင့် မြန်မာ့လေကြောင်းမှ သယ်ယူပို့ဆောင်ရေးယာဉ် (ATR 72(600)၊ Cessna 208 B၊ Air Bus A32O) တို့ ၀ယ်ယူရေးအတွက်လည်း ယင်းချေးငွေ၊ အကူအညီရ ငွေများဖြင့် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။

ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော ချင်းဒေသ၊ နာဂဒေသ၊ ရခိုင်ဒေသများတွင် ပညာရေး ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ ဆောက်လုပ်ရေး စီမံကိန်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် လမ်းတံတားများ တည်ဆောက်ခြင်းကိုလည်း ပြည်ပအကူအညီငွေဖြင့် ဆောက်ရွက်ရန် လျာထားကြောင်း သိရသည်။

အလားတူ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၏ ရေအားလျှပ်စစ် စီမံကိန်းများအတွက် ပစ္စည်းများဝယ်ယူခြင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် မှတ်ပုံတင်ရေး ဦးစီးဌာန၏ နယ်စပ်ဝင်ပေါက်များ၊ တိုင်းဒေသကြီး ပြည်နယ်ရုံးများ၊ ခရိုင်ရုံးများတွင် ခေတ်မီကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ နည်းပညာများ တပ်ဆင်ရေး လုပ်ငန်းများအား ဆောက်ရွက်ရေးတို့လည်း အဆိုပါချေးငွေ၊ အကူအညီငွေဖြင့် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။ 

ယင်းကဲ့သို့ ပြည်ပအကူအညီ ရငွေများဖြင့် ဆောင်းဒါးရက်ကန်းကျောင်းနှင့် သက်မွေးသိပ္ပံ အဆင့်မြှင့်တင်ခြင်း၊ Vocational Centre များတည်ထောင်ခြင်းနှင့် နည်းပညာ သင်တန်းများပို့ချခြင်း၊ ယွန်းပညာကောလိပ် အဆင့်မြှင့်တင်ခြင်း၊ One Village One Product သင်တန်းများ ဖွင့်လှစ်ခြင်းတို့အတွက် အထောက်အကူပေးခြင်း လုပ်ငန်းများ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့နည်းစေ၍ သီးနှံအထွက်နှုန်း မြင့်မားစေနိုင်သည့် စိုက်စနစ်များ ဖော်ထုတ်ခြင်း လုပ်ငန်းများ၊ စပါးစိုက် တောင်သူများတွင် မြေဆီလွှာ အာဟာရဓာတ် ထည့်သွင်းခြင်းတွင် Nutrient Manager for Rice ကိုအသုံးပြုသည့်စနစ်ဖြင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများအတွက် ဆောင်ရွက်ရန် လာမည့်ဘဏ္ဍာနှစ် ဘတ်ဂျက်တွင် ထည့်သွင်းရေးဆွဲ လျာထားကြောင်း သိရသည်။

Eleven Media Group

၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက အမှတ် (၈) ရဲတပ်ရင်းအတွင်း EU က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို လေ့ကျင့်သင်ကြားပေးနေစဉ် (ဓာတ်ပုံ- ၀င်းမြင့်ကျော်)
၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက အမှတ် (၈) ရဲတပ်ရင်းအတွင်း EU က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို လေ့ကျင့်သင်ကြားပေးနေစဉ်

လာမည့်ဘဏ္ဍာနှစ်တွင် စီမံကိန်းလုပ်ငန်းများအတွက် ပြည်ပမှချေးငွေ အမေရိကန်ဒေါ်လာ ၁၅၃၃ ဒသမ ၆၉၂ သန်းနှင့် ပြည်ပမှ အကူအညီရငွေ အမေရိကန်ဒေါ်လာ ၂၁၈ ဒသမ ၉၈၇ သန်း ရယူသုံးစွဲမည်ဖြစ်ကြောင်း သိရသည်။

Air Bagan လေယာဉ် မတော်တဆမှုတွင် ပါဝင်သည့် အမေရိကန်နိုင်ငံသား နှစ်ဦးက ဦးတေဇနှင့် ကုမ္ပဏီ ငါးခုအား ရန်ကုန်မြို့ ၌ တရားစွဲကာ ကျပ်သိန်းပေါင်း တစ်သိန်း နစ်နာကြေးတောင်းသည့်အမှု စတင်စစ်ဆေး

Photo: Air Bagan လေယာဉ် မတော်တဆမှုတွင် ပါဝင်သည့် အမေရိကန်နိုင်ငံသား နှစ်ဦးက ဦးတေဇနှင့် ကုမ္ပဏီ ငါးခုအား ရန်ကုန်မြို့ ၌ တရားစွဲကာ ကျပ်သိန်းပေါင်း တစ်သိန်း နစ်နာကြေးတောင်းသည့်အမှု စတင်စစ်ဆေး
Saturday, March 22, 2014

၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က ရှမ်းပြည်နယ်၊ ဟဲဟိုး လေဆိပ်အနီး Air Bagan လေကြောင်းလိုင်းမှ XY-AGC လေယာဉ် မတော်တဆမှု ဖြစ်ပွားရာတွင် ပါဝင်ခဲ့သည့် အမေရိကန်နိုင်ငံသားနှ စ်ဦးက ဦးတေဇနှင့် ကုမ္ပဏီငါးခုအား ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားစွဲဆိုခဲ့ရာ မတ် ၂၁ ရက်က စတင်စစ်ဆေးခဲ့ကြောင်း ထူးကုမ္ပဏီ တာဝန်ရှိသူများထံမှ သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၊ ရုံးအမှတ် ၇ တွင် အမှုကို စစ်ဆေးခြင်း ဖြစ်ပြီး စတင်ရုံးချိန်းသည့် မတ် ၂၁ ရက်တွင် ဦးတေဇမှ တရားရုံးသို့ လာရောက်ခဲ့ကြောင်း၊ သို့သော် တရားသူကြီး မအားလပ်၍  စစ်ဆေးကြားနာခြင်း မပြုခဲ့ရဘဲ ထပ်မံ ရုံးချိန်းခဲ့ကြောင်း သိရသည်။

Air Bagan လေကြောင်းလိုင်းမှ XY-AGC လေယာဉ် မတော်တဆမှု ဖြစ်ပွားရာတွင် ပါဝင်သည့် အမေရိကန်နိုင်ငံသား နှစ်ဦးဖြစ်သူ Mr.Allan Lokos နှင့် Mrs. Susanna Weiss တို့သည် မီးလောင်နေသော လေယာဉ်အတွင်း ပိတ်မိကာ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သည့်အတွက် နစ်နာကြေးအနေဖြင့် ကျပ်သိန်းပေါင်း တစ်သိန်း နစ်နာကြေးရလိုကြောင်း တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

တရားစွဲဆိုရာတွင် Air Bagan Limited, Air Bagan Holding Pte.Ltd, Htoo Group of Companies, Htoo Trading Company Limited နှင့် Htoo Trading Group of Companies တို့ကို တရားစွဲဆိုထားခြင်းဖြစ်သည်။

ဦးတေဇ၏ Facebook စာမျက်နှာတွင် "မိမိနှင့် မိမိတည်ထောင်ပေးထားခဲ့သော Air Bagan ကုမ္ပဏီလီမိတက် အပါအ၀င် အခြားသက်ဆိုင်ခြင်း မရှိသော ကုမ္ပဏီများကိုပါ အမေရိကန်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် မမှန်ကန်သော စွပ်စွဲချက်များဖြင့် တရားစွဲဆိုခဲ့ပါတယ်" ဟု ရေးသားထားခဲ့သည်။

အမေရိကန်နိုင်ငံသားနှစ်ဦး ဖြစ်သူ Mr.Allan Lokos နှင့် Mrs. Susanna Weiss တို့သည် မြန်မာနိုင်ငံတွင် ကျပ်သိန်းပေါင်း တစ်သိန်း နစ်နာကြေးရလိုမှု အတွက်လည်းကောင်း၊ ထိုင်းနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၀ သန်း နစ်နာကြေးရလိုမှုဖြင့် လည်းကောင်း တရားစွဲဆိုထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ခရီးသည်အဖြစ် လိုက်ပါရင်း သေဆုံးခဲ့ရသူ မနွယ်လင်းရှိန်၊ ဆိုင်ကယ်စီးရင်း သေဆုံးခဲ့ရသူ ဦးပြားတို့အတွက်လည်း အာမခံကြေးရရှိရန် ဆောင်ရွက်ဆဲ ဖြစ်ကြောင်းကိုလည်း ထူးကုမ္ပဏီ တာဝန်ရှိသူများက ပြောကြားသည်။

သို့သော် ထူးကုမ္ပဏီထံမှ စုံစမ်းသိရှိချက်အရ အာမခံကုမ္ပဏီဘက်က မြန်မာနိုင်ငံမှ အသက်သေဆုံးသည်အထိ နစ်နာခဲ့ရသူများအပေါ် ပေးလျော်လိုသည့် ငွေပမာဏမှာမူ အများဆုံးအဖြစ် အမေရိကန်ဒေါ်လာ ၂၅၀၀၀ ကျော်သာ ပေးလျော်လိုကြောင်း၊ နည်းပါးလွန်းသည့်အတွက် Air Bagan တာဝန်ရှိသူများက ထပ်မံတောင်းဆို ညှိနှိုင်းပေးလျက် ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံဘက်မှ အသက်သေဆုံးသည်အထိ နစ်နာခဲ့ရသူများမှာမူ အာမခံလျော်ကြေးငွေအဖြစ် အနည်းဆုံး ဒေါ်လာ ငါးသိန်းမှ အများဆုံး ဒေါ်လာတစ်သန်းခွဲ အထိသာ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။

ထူးကုမ္ပဏီ တာဝန်ရှိသူများ၏ ပြောကြားချက်အရ အဆိုပါအမေရိကန်နိုင်ငံသား နှစ်ဦးအတွက် မတော်တဆမှု စတင်ဖြစ်ပွားစဉ်ကစ၍ ဆေးကုသစရိတ် အပါအ၀င် အမေရိကန်နိုင်ငံသို့ ပြန်လည်ရောက်ရှိသည်အထိ အမေရိကန်ဒေါ်လာ သန်းချီ အကုန်ကျခံ စိုက်ထုတ်ခဲ့ရကြောင်း၊ အမေရိကန်နိုင်ငံသို့ ပြန်လည် ရောက်ရှိပြီးနောက်ပိုင်း ယခုလို တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရသည်။

Eleven Media Group

တရားစွဲဆိုခံရခြင်းနှင့် ပတ်သက်၍ ဦးတေဇ၏ facebook တွင် ဖော်ပြထား သည်ကို တွေ့ရစဉ်
တရားစွဲဆိုခံရခြင်းနှင့် ပတ်သက်၍ ဦးတေဇ၏ facebook တွင် ဖော်ပြထား သည်ကို တွေ့ရစဉ်
၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က ရှမ်းပြည်နယ်၊ ဟဲဟိုး လေဆိပ်အနီး Air Bagan လေကြောင်းလိုင်းမှ XY-AGC လေယာဉ် မတော်တဆမှု ဖြစ်ပွားရာတွင် ပါဝင်ခဲ့သည့် အမေရိကန်နိုင်ငံသားနှစ်ဦးက ဦးတေဇနှင့် ကုမ္ပဏီငါးခုအား ရန်ကုန်တိုင်းဒေသကြီး တရား လွှတ်တော်တွင် တရားစွဲဆိုခဲ့ရာ မတ် ၂၁ ရက်က စတင်စစ်ဆေးခဲ့ကြောင်း ထူးကုမ္ပဏီ တာဝန် ရှိသူ များထံမှ သတင်းရရှိသည်။

မန္တလေးမြို့ လမ်း ၆၀ရှိ X Café ဆိုင်ရှေ့ တွင် အုပ်စု ဖွဲ့ ရိုက်နှက် မှုဖြစ်ပွား

မန္တလေးမြို့၊ ချမ်းအေး သာစံ မြို့နယ်၊ လမ်း (၆၀)၊ (၂၉) လမ်း နှင့် လမ်း (၃၀) ကြား ရှိ X Café ဆိုင် ရှေ့ တွင် မတ်လ (၁၉) ရက် နေ့၊ ည ၈ နာရီ အချိန် က မွေးနေ့ပွဲ ကျင်းပ နေသူ လူငယ် များကို အခြား လူငယ် များက အုပ်စု ဖွဲ့ကာ ရိုက်နှက်မှု ဖြစ်ပွား ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူး ရုံး မှ သတင်း ရရှိ သည်။

ဧပြီ ၁ ရက်ကစပြီး ၀န်ထမ်းလစာ ကျပ် ၂ သောင်း တပြေးညီတိုးမည်

လာမယ့် ဧပြီလ ၁ ရက်ကစပြီး အစိုးရ၀န်ထမ်းလစာတွေ ကျပ် ၂ သောင်းစီ တပြေးညီ တိုးပေး မယ်လို့ ဘဏ္ဍာအခွန်ဝန်ကြီးက ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားလိုက် ပါတယ်။

ထိုင်းရောက် မြန်မာအလုပ်သမားတွေအတွက် Passportနဲ့ VISA သက်တမ်း စတိုးပေးနေ

မကြာသေးခင်က ထိုင်းနိုင်ငံရေး တင်းမာမှုတွေကြောင့် ရပ်ဆိုင်းထားခဲ့ရတဲ့ ထိုင်းရောက် မြန်မာအလုပ်သမားတွေ ပတ်စ်ပို့ နဲ့ ဗီဇာ သက်တမ်းတိုးရေးကိစ္စကို အခု ပြန်လည် လုပ်ဆောင်ပေးနေပြီဖြစ်ပါတယ်။ ၄ နှစ်သက်တမ်း ကုန်ဆုံးသွားတဲ့ ယာယီနေထိုင်ခွင့် ပတ်စ်ပို့တွေကို အသစ် လုပ်ပေးနေတာဖြစ်တယ်လို့ ဘန်ကောက် မြန်မာသံရုံးက ပြောပါ တယ်။ ဒါပေမဲ့လည်း ပတ်စ်ပို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကြောင့် အလုပ် သမားတွေ ဒုက္ခရောက်နေကြရတယ်လို့ အလုပ်သမား အရေး ဆောင်ရွက်သူတွေက ပြောပါ တယ်။ အပြည့်အစုံကို မနန္ဒာချမ်းက ဆက်ပြောပြပေးပါ။

ကျောင်းသားသမဂ္ဂများ ထားရှိရေးအဆို လွှတ်တော်မှာ ရှုံးနိမ့်

Photo: ကျောင်းသားသမဂ္ဂများ ထားရှိရေးအဆို လွှတ်တော်မှာ ရှုံးနိမ့်
Saturday, March 22, 2014

အမျိုးသား ပညာရေး ဥပဒေကြမ်းထဲမှာ ကျောင်းသား သမဂ္ဂတွေ ပြန်လည်ထားရှိဖို့ အတွက် ထည့်သွင်း ရေးဆွဲပေးဖို့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ရာမှာ ရှုံးနိမ့် ခဲ့ပါတယ်။

ကျောင်းသား သမဂ္ဂနဲ့ ပတ်သက်ပြီး နေရာပေးရမယ့် အစား အထင်အမြင်မှားတွေ ရှိနေတယ်လို့ အဆိုတင်သွင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က အခုလို ပြောပါတယ်။

"ကျောင်းအုပ်ချုပ်ရေး အဖွဲ့တို့၊ ကျောင်းသား မိဘအသင်းအဖွဲ့တို့ တောင်ထည့်ပေးရင် ကျောင်းသားသမဂ္ဂကို ဘာလို့မထည့် ပေးရမှာလဲ၊ ကျောင်းသား သမဂ္ဂနဲ့ ပတ်သက်ပြီး စည်းမျဉ်းအရ နေရာပေးရမယ့် အစား အထင်အမြင်မှားတွေ ရှိတယ်"

မြန်မာနိုင်ငံ အမျိုးသား ပညာရေး ဥပဒေထဲမှာ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်တွေကို ထည့်သွင်းရေးဆွဲဖို့ မလိုဘဲ အဆင့်မြင့်ပညာရေး ဥပဒေရေးဆွဲမှသာ ထည့်သွင်းရမယ်လို့ ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာမြဦးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

"အမျိုးသားပညာရေးထဲမှာ ထည့်သွင်းစရာမလိုပါဘူး၊ အဲဒါတွေလုပ်နိုင်အောင် ဥပဒေထဲမှာ ဖွင့်ပေးနိုင်ပါတယ်၊ လက်ရှိအနေအထားနဲ့ မတူပဲနဲ့ တက္ကသိုလ်များဟာ ကိုယ်ပိုင်လွတ်လပ်စွာ စီမံခန့်ခွဲခွင့်ရှိတဲ့ တက္ကသိုလ်များဖြစ်လာမှာပဲ၊ ဖြစ်လာတဲ့အခါမှာ တက္ကသိုလ်အလိုက် ဥပဒေတွေပေါ်လာမယ်၊ အဆင့်မြင့်ပညာရေးဥပဒေ ဆိုတာပေါ်လာပြီ၊ အဲဒီအခါမှာကျတော့ အသေးစိတ်ပါလာပါမယ်"

ပြည်သူ့လွှတ်တော် ပညာရေးမြင့်တင်ရေးကော်မတီနဲ့ ပညာရေးဝန်ကြီးဋ္ဌာနတို့က ပေးပို့ထားတဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းနှစ်ခုကို ပူးပေါင်းရေးဆွဲထားတဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ဒီကနေ့ အတည်ပြုခဲ့ပါတယ်။

အဲဒီဥပဒေကြမ်းထဲမှာ နိုင်ငံသားတိုင်း ပညာသင်ကြားနိုင်ရေး၊ ခေတ်မီပညာရေးစနစ်ကို အကော်အထည်ဖော်ရေး စတဲ့အချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။

RFA Burmese
အမျိုးသား ပညာရေး ဥပဒေကြမ်းထဲမှာ ကျောင်းသား သမဂ္ဂတွေ ပြန်လည်ထားရှိဖို့ အတွက် ထည့်သွင်း ရေးဆွဲပေးဖို့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့ လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ရာမှာ ရှုံးနိမ့် ခဲ့ပါတယ်။

Fortune မဂ္ဂဇင်းရဲ့ ကမ္ဘာ့အကြီးမြတ်ဆုံးခေါင်းဆောင် ၅၀ စာရင်းထဲ ဒေါ်စုပါဝင်

Photo: Fortune မဂ္ဂဇင်းရဲ့ ကမ္ဘာ့အကြီးမြတ်ဆုံးခေါင်းဆောင် ၅၀ စာရင်းထဲ ဒေါ်စုပါဝင်
Saturday, March 22, 2014

အမေရိကန်က နံမည်ကျော် စီးပွားရေး မဂ္ဂဇင်း Fortune ရဲ့ ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့အကြီးမြတ်ဆုံးခေါင်းဆောင် အယောက် ၅၀ စာရင်းကို မနေ့ကထုတ်ပြန် ခဲ့တာမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ပါတယ်။ အများ အကျိုး ဆောင်ရွက်တဲ့နေရာမှာ ခိုင်မာတဲ့ ဦးဆောင်မှု ပေးနိုင်သူတွေ၊ မဟာဗျူဟာတွေကို မှန်မှန်ကန်ကန် ချမှတ် အကောင်အထည် ဖော်နိုင်သူတွေ၊ လိုရာပန်းတိုင်ရောက်တဲ့ အထိ အလျော့မပေး ဦးဆောင်မှုပေးတဲ့သူတွေ၊ ကြိုတင်မမြင်နိုင်တဲ့ ပြဿနာတွေ၊ ပဋိပက္ခတွေ ရင်ဆိုင်ရတဲ့အခါ မှန်မှန်ကန်ကန် တုံ့ပြန် ဆောင်ရွက်နိုင်သူတွေလို့ ယူဆရသူတွေကို ဒီစာရင်းထဲမှာ ထည့်သွင်းထားတာပါ။

အခုထုတ်ပြန်လိုက်တဲ့ အယောက် ၅၀ စာရင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အဆင့် ၆ နေရာမှာ ရှိနေတာပါ။ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့အကြီးမြတ်ဆုံး ခေါင်းဆောင်တွေထဲက တစ်ဦးအဖြစ် Fortune Magazine က ရွေးချယ်ခဲ့တာနဲ့ပတ်သက်ပြီး စာရေးဆရာ ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင် အယ်ဒီတာ ဦးဖေမြင့်ကတော့ မြန်မာနိုင်ငံအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးဆပ်
မှုတွေကြောင့် ဖြစ်တယ်လို့ အခုလို ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၈ခုနှစ်ကစပြီးတော့မှ မြန်မာပြည်မှာ ဒီမိုကရေစီရရှိရေး၊ မြန်မာလူမျိုးတွေ၊ မြန်မာနိုင်ငံသားတွေ၊ လွတ်လပ်တဲ့ဘဝကို ရရှိရေးအတွက်ကို သူအစဉ်တစိုက် ကြိုးစားအားထုတ်ခဲ့တယ်ဗျာ။ အဲ့တာ ကနေ့အထိလည်း သူဆက်လက်ဆောင်ရွက်နေတယ်။ အဲဒီ့အပေါ်မူတည်ပြီးတော့ သူ့ကို ရွေးချယ်တယ်လို့ပဲ အဲလိုပဲ ယူဆတယ်ခင်ဗျ။"

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဆုတွေအများကြီး ရခဲ့ဖူးတာကြောင့် ဒီဆုဟာ သူ့အတွက် အထူးအဆန်း မဟုတ်ပေမဲ့လည်း မြန်မာနိုင်ငံအတွက် သူ့ရဲ့ ဆက်လက် ကြိုးပမ်းမှုတွေမှာ အားအင်တခု ဖြစ်စေလိမ့်မယ်လို့လည်း ဆရာဦးဖေငြိမ်း က ပြောဆိုခဲ့ပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ စာရင်းထဲမှာ ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ဟောလိဝုဒ် အနုပညာရှင်တွေ၊ စီးပွားရေး ပညာရှင်တွေ၊ ပညာရေး ရှေ့ဆောင်လှုပ်ရှားသူတွေ ဒီစာရင်းမှာ ပါဝင်ပြီး၊ ထိပ်ဆုံး နံပါတ်တစ် နေရာမှာတော့ ပုပ်ရဟန်းမင်းကြီး Francis ကို ဖော်ပြထားပါတယ်။

ဂျာမနီ ၀န်ကြီးချုပ် အန်ဂလာမာခဲလ်က ဒုတိယနေရာမှာရှိပြီး အမေရိကန်သမ္မတဟောင်း ဘေကလင်တန်က နံပါတ် ၅၊ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားက နံပါတ် ၆ နေရာတွေမှာ ရှိနေတာဖြစ်ပါတယ်။ Fortune Magazine ရဲ့ ကမ္ဘာ့အကြီးမြတ်ဆုံး ခေါင်းဆောင် အယောက် ၅၀ စာရင်းထဲမှာ အမေရိကန်သမ္မတ ဘရက်အိုဘားမား မပါဝင်တဲ့အတွက်တော့ အတော်များများက အံ့အားသင့်နေကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

ကမ္ဘာ့ အကြီးမြတ်ဆုံး ခေါင်းဆောင်စာရင်း နံပတ်တစ် စာရင်းဝင် ပုပ်ရဟန်းမင်းကြီးနှင့် နံပတ်ခြောက် စာရင်းဝင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံကြစဉ်။
ကမ္ဘာ့ အကြီးမြတ်ဆုံး ခေါင်းဆောင်စာရင်း နံပတ်တစ် စာရင်းဝင် ပုပ်ရဟန်းမင်းကြီးနှင့် နံပတ်ခြောက် စာရင်းဝင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံကြစဉ်
အမေရိကန်က နံမည်ကျော် စီးပွားရေး မဂ္ဂဇင်း Fortune ရဲ့ ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့ အကြီးမြတ်ဆုံးခေါင်းဆောင် အယောက် ၅၀ စာရင်းကို မနေ့ကထုတ်ပြန် ခဲ့တာမှာ မြန်မာ့ ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ပါတယ်။ အများ အကျိုး ဆောင်ရွက် တဲ့နေရာမှာ ခိုင်မာတဲ့ ဦးဆောင်မှု ပေးနိုင်သူတွေ၊ မဟာဗျူဟာတွေကို မှန်မှန်ကန်ကန် ချမှတ် အကောင်အထည် ဖော်နိုင်သူတွေ၊ လိုရာပန်းတိုင်ရောက်တဲ့ အထိ အလျော့မပေး ဦးဆောင် မှုပေးတဲ့သူတွေ၊ ကြိုတင်မမြင်နိုင်တဲ့ ပြဿနာတွေ၊ ပဋိပက္ခတွေ ရင်ဆိုင်ရတဲ့အခါ မှန်မှန်ကန်ကန် တုံ့ပြန် ဆောင်ရွက်နိုင်သူတွေလို့ ယူဆရသူတွေကို ဒီစာရင်းထဲမှာ ထည့်သွင်းထားတာပါ။

မြန်မာ စပါးကြီး မြွတွေရဲ့ မှတ်ဉာဏ်

Photo: မြန်မာ စပါးကြီး မြွတွေရဲ့ မှတ်ဉာဏ်
Saturday, March 22, 2014

ဖလော်ရီဒါ ပြည်နယ်မှာ ရှင်သန် ပေါက်ဖွား နေတဲ့ မြန်မာ စပါးကြီး ခေါ် စပါးအုံး မြွကြေီး တွေဟာ မွေးရပ်ကို ခင်တွယ် တဲ့ စိတ်ရှိတယ်လို့ သုတေသီတွေက မကြာခင်က ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။

The Royal Society journal Biology Letters ပါ ဆောင်းပါး တပုဒ် အရ ပင်လယ် လိပ်ကြီးတွေနဲ့ အလားတူ မြန်မာ စပါးကြီး မြွကြေီးတွေဟာလည်း နေရပ်ရင်း ပြန်နိုင်တဲ့ မှတ်ဉာဏ် စွမ်းအား ရှိတယ်လို့ တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် တောင်စွန်းက ပူနွေးတဲ့ ဖလော်ရီဒါ ပြည်နယ်မှာ ပေါက်ပွား ပေါများ နေတဲ့ မြန်မာ မြွကြေီး တွေကို ဖမ်းမိလို့ တနေရာမှာ သွားလွှတ် ပေးလိုက်ရင်လည်း သူတို့မူလ လာတဲ့အရပ်ကို မိုင်အတော် ဝေးတဲ့ထိ ပြန်သွား နိုင်တယ်လို့ တွေ့ရှိ ခဲ့တာပါ။

ဘီဘီစီ(မြန်မာပိုင်း)
ဖလော်ရီဒါပြည်နယ်မှာ ရှင်သန်ပေါက်ဖွားနေတဲ့ မြန်မာစပါးကြီး ခေါ် စပါးအုံးမြွေကြီး တွေဟာ မွေးရပ်ကိုခင်တွယ်တဲ့စိတ်ရှိတယ်လို့ သုတေသီတွေကမကြာခင်က ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။

တနိုင်ငံလုံးအပစ်ရပ်ရေး စစ်တပ်ပါမှ ဖြစ်မည်ဟု တိုင်းရင်းသား ခေါင်းဆောင်တွေပြော

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုစည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေး အဖွဲ့ NCCT အဖွဲဝင်တွေ ဟာ တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းတစ်ခုတည်း (Single Text) ရရှိရေး အတွက် အချောသတ်မှတ်နိုင်ဖို့ ချင်းမိုင်မြို့မှာ ၂ရက်ကြာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲမှာ မူကြမ်းမှာအခန်း (၇) ခန်းမှာ ပါဝင်မယ့် အချက်အလက်တွေနဲ့ တပ်မတော်က တပြည်လုံး အတိုင်းအတာနဲ့ အပစ်ရပ်ရေး လက်မှတ်ရေးထိုးမူမှာ ပါဝင်မယ်ဆိုရင်တော့ တိုက်ပွဲတွေ ရပ်သွားနိုင်တယ်လို့ NCCT က သုံးသပ်ပြောဆိုပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက်  မအေးအေးမာက ပေးပို့ထားပါတယ်။