Monday 27 July 2015

၂၀၀၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သြစတြေးလျဒေါ်လာတန်ဘိုး စင်ကာပူဒေါ်လာ တန်ဘိုးအောက်လျော့ကျ


သြစတြေးလျဒေါ်လာ၏ တန်ဘိုးသည် ယခုနှစ် ဇူလိုင် ၂၇ ရက်နေ့ နံနက်က ၂၀၀၂ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် စင်ကာပူဒေါ်လာတန်ဘိုး ၏အောက်သို့ရောက်ရှိခဲ့ သည်။

ဇူလိုင် ၂၇ရက်နေ့ နံနက် ၁၁နာရီ ၂၀မိနစ်အချိန်က သြစတြေးလျ တစ်ဒေါ်လာသည် စင်ကာပူဒေါ်လာ ၀ဒသမ၉၉၈၁ သာဝယ်ယူနိုင်သည်။မကြာသေးမီလများအတွင်း သြစတြေးလျ၏ ကုန်စည်များအပေါ် ကမ္ဘာလုံးဆိုင်ရာဝယ်လိုအားလျော့ကျမှု၊ စိတ်ပျက်ဖွယ် စီးပွားရေးဆိုင်ရာအချက်အလက်များကြောင့် တစ်ချိန်က အားကောင်းခဲ့သော သြစတြေးလျဒေါ်လာမှာ အားပျော့သွားခဲ့ခြင်းဖြစ်သည်။

သံလွင်၊ စစ်တောင်းနှင့် ငဝန်မြစ်ရေ စိုးရိမ်ရေမှတ် ရောက်တော့မည်

သံလွင်၊ စစ်တောင်းနှင် ငဝန်မြစ်ရေသည် ၂၄နာရီမှ ၄၈နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်လာ နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မြစ်ရေကြီးခြင်း သတိပေးချက်အဖြစ် အသီးသီးထုတ်ပြန်ထားသည်။
စစ်တောင်းမြစ်ရေသည် ဇူလိုင် ၂၇ ရက် နံနက် ၉ နာရီ ခွဲတွင် တိုင်းတာချက်များအရ မဒေါက်မြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရန် ၆ လက်မခန့်သာ လိုတော့ပြီး သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်သို့ နှစ်ရက်အတွင်း ရောက်ရှိနိုင်သည်ဟု သတိပေးထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အိန္ဒိယ၌ စစ်လေယာဉ်များလေ့လာ

အိန္ဒိယနိုင်ငံသို့ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့သည် ဇူလိုင် ၂၆ ရက်တွင် အိန္ဒိယနိုင်ငံတောင်ပိုင်း Karnataka ပြည်နယ် မြို့တော် ဘန်ဂလိုမြို့ရှိ Hindustan Aeronautics Limited လေယာဉ် ကုမ္ပဏီဗဟိုရုံးသို့ သွားရောက်လေ့လာခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် လေယာဉ်ထုတ်လုပ်ရေးစက်ရုံများအတွင်း ကုမ္ပဏီဥက္ကဌနှင့် ညွှန်ကြားရေးမှူးချုပ် လည်းဖြစ်သူ Mr. T Subara Raju နှင့်အတူ လေယာဉ်များနှင့် စက်ပစ္စည်းများအား လေ့လာကြသည်။
ယင်းနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့အား Hindustan Aeronautics Limited ၊ Bharat Electronic Limited ၊ Bharat Earth Movers Limited ၊ Larsen and Toubro Heavy Engineering ၊ TATA Advanced Systems Limited နှင့် Mahindra Defence Land Systems တို့မှ တာဝန်ရှိသူများက ၄င်းတို့ကုမ္ပဏီထုတ် ပစ္စည်းများအကြောင်း ရှင်းလင်းတင်ပြသည်။

အပစ်ရပ်စာချုပ် အတွက် ဆွေးနွေးနေချိန် တပ်မတော်၏ ထိုးစစ်များသည် ယုံကြည်မှု ပျက်ပြားစေဟု UNFC ထုတ်ပြန်


အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား အပစ်ရပ်စာချုပ် အတွက် တွေ့ဆုံ ဆွေးနွေးနေချိန်တွင် အစိုးရတပ်မတော်ဘက်မှ ထိုးစစ်ဆင်ခြင်းသည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးရရှိရန်အတွက် ယုံကြည်မှု ပျက်ပြားစေသဖြင့် ထိုးစစ်ဆင်မှုများ ရပ်တန့်ရန် နှင့် နိုင်ငံတကာ အသိသက်သေများ ပါဝင်မှုကိုလည်း လက်တွေ့ဖော်ဆောင်ရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က တောင်းဆိုလိုက်သည်။

UNA နှင့် မိတ်ဖက် အဖွဲ့များ ညှိနှိုင်းဆွေးနွေးပွဲတွင် ရွေးကောက်ပွဲ၊ အပစ်ရပ်ရေးနှင့် အခြေခံ ဥပေဒပြင်ဆင်ရေးများ အဓိက ဆွေးနွေး

စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့်မိတ်ဖက် အဖွဲ့ အစည်းများ၏ တတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲ ပထမနေ့တွင် ရွေးကောက်ပွဲ၊ အပစ်အခတ်ရပ်စဲရေး၊ အခြေခံဥပေဒပြင်ဆင်ရေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို အဓိကဆွေးနွေးခဲ့ကြသည် ဟု UNA အဖွဲ့ဝင် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်က ဆွေးနွေးပွဲ အပြီးတွင် မဇ္ဈိမကို ပြောသည်။
အဆိုပါ ဆွေးနွေးပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ဇူလိုင် ၂၇ ရက်က စတင်ကျင်းပပြီး ၂၉ ရက်အထိ ကျင်းပမည် ဖြစ်သည်။

ရင်းနှီးမြုပ်နှံမှုများ ပိုမိုပြုလုပ်ရန် မျှော်မှန်းမှုနှင့်အတူ အောင်မြင်နေဟု FMI ထုတ်ပြန်

ကုမ္ပဏီအုပ်စုတစ်ခုအနေဖြင့် အစီရင်ခံမှုပြုလုပ်သော ပထမနှစ်တွင် First Myanmar Investment Co., Ltd (FMI) က စုစုပေါင်း အမြတ်ငွေ ကျပ် ၃၃ဒသမ၃ဘီလျံရရှိခဲ့ကြောင်း ကြေညာခဲ့ပြီး ယင်းပမာဏမှာ ယခင်တစ်နှစ်ကထက် ၁၉၉ ရာခိုင်နှုန်း တိုးမြင့်လာခြင်းဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။
FMI ၏ လက်ဖော်ကိုင်ဘက်များမှ ထည့်ဝင်မှုများ အပါအဝင် လုပ်ငန်းဆောင်ရွက်ချက်များမှ အမြတ်ငွေ ကျပ် ၁၃ ဒသမ ၇ဘီလျံမှာ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် အိမ်ခြံမြေလုပ်ငန်းကဏ္ဍများမှ ရလဒ်များကြောင့် ဖြစ်သည်ဟု ဆိုသည်။

“အမျိုးသမီးတွေကို အကြမ်းဖက်သူတွေက အမျိုးသားတွေချည်း မဟုတ် ’

နေ့စဉ်ထုတ် မြန်မာ့အလင်း သတင်းစာမှ သတင်းတစ်ပုဒ်ကို ဖတ်ရင် ကျွန်မအံ့သြသွားမိသည်။ “သမီးကို တရုတ်နိုင်ငံသားထံ ဇနီးမယားအဖြစ် ရောင်းစားမှု၊ တာဝန်သိပြည်သူတို့က ကြည့်မြင်တိုင် ရဲစခန်းသို့ တိုင်ကြား ခေါင်းစဉ်ကို ဖတ်လိုက်မိ၍ ဖြစ်သည်။ သမီးဖြစ်သူ လူကုန်ကူးခံရ၍ သက်ဆိုင်ရာ ရဲစခန်းသို့ တိုင်ကြားသည့် မိခင်မျိုးသာ ကြားဖူးခဲ့သည်။

ကျွန်တော်နဲ့ ဆိုးလ်မြို့


ကျွန်တော်ဟာ တစ်လောက တောင်ကိုးရီးယား နိုင်ငံဆိုးလ်မြို့ကို ရောက်ခဲ့ပါ တယ်။ နိုင်ငံတော်က စေလွှတ်တာမို့ ပထမအကြိမ် အစိမ်းရောင်နိုင်ငံကူး လက်မှတ်ကို ပြန်လည်ကိုင်ခွင့်ရခဲ့တယ်။ တစ်ချိန်က တော့ နိုင်ငံ့တာဝန် ယူနေတာမို့ ခရီးထွက်တဲ့အခါ အစိမ်းရောင် ကိုင်ခွင့်ရခဲ့ပါတယ်။ နောက်တော့ အနီ ရောင်ကိုပဲ ကိုင်ဆောင်ပြီးသွား ခဲ့ပါတယ်။