Sunday 31 March 2013

မြန်မာနှင့် ကမ္ဘာ့ပညာရှင်များရဲ့ အဆိုအမိန့်များ


Photo: မြန်မာနှင့် ကမ္ဘာ့ပညာရှင်များရဲ့ အဆိုအမိန့်များ

ကိုယ့်နိုင်ငံနဲ့ ကိုယ့်လူမျိုးအတွက် စွန့်လွတ်အနစ်နာခံတတ်ဖို့ လိုသလို ကိုယ်စာပေနဲ့ ကိုယ့်ယဉ်ကျေးမှုကိုလည်း မြတ်နိုး ထိန်းသိမ်း တတ်ဖို့ 
လိုတယ်။
(ဗိုလ်ချုပ် အောင်ဆန်း)

ကျောင်းဆရာတိုင်း၏ အကြီးဆုံးသော အရည်အချင်းသည် အကျင့် စာရိတ္တ ကောင်းမွန်ရေးဖြစ်၏။ သို့မှသာလျှင် ကျောင်းသူ ကျောင်းသား များသည် အကျင့်စာရိတ္တ ကောင်းနိုင်ပေမည်။ မည်သည့်အတန်းကို ပင် အောင်မြင်စေကာမူ၊ မည်ကဲ့သို့ပင် အသင်အပြကောင်းစေကာမူ၊ အကျင့်စာရိတ္တ မကောင်းသောသူသည် ဆရာအဖြစ်နှင့် မလျော်။ လွတ်လပ်သော မြန်မာပြည်အတွက် အကျင့်စာရိတ္တကောင်းသော 
ဆရာ ဆရာမများသည် ပဲ့ကိုင်များ ဖြစ်ကြရပေမည်။
(ဦးသန့် )

အပြုံးတစ်ပွင့်ရဲ့တန်ဖိုး
"သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ ပြုံးပြပါ။ သင့်ရဲ့ ဇနီး (သို့မဟုတ်)ခင်ပွန်း
ကို ပြုံးပြပါ။ သင့်ရဲ့ ကလေး ငယ်တွေကို ပြုံးပြပါ။ အချင်းချင်း ပြုံးပြပါ။ သူဘယ်သူ လည်းဆိုတာ အရေးမကြီးပါဘူး။ အဲဒီ အပြုံး တစ်ပွင့်ဟာ သင်တို့အချင်းချင်း ချစ်ခြင်းမေတ္တာတွေ ဆက်လက်ကြီး ထွားစေဖို့အ
တွက် အထောက်အကူပေးပါလိမ့်မယ် "
(Mother Teresa )

ကိုယ်တိုင်ရှာဖွေပါလေ။
အမှန်တရားတိုင်းမှာ ထောင့် ၄ ထောင့်ရှိပါတယ်။ ဆရာအနေနဲ့ ကျုပ်က ထောင့် တစ်ထောင့်ကို ပေးလိုက်ပါမယ်။ ကျန်တဲ့ ထောင့် ၃ ထောင့်ကို တပည့်ကိုယ်တိုင် ရှာဖွေပါလော့။
(ကွန်ဖြူးရှပ်)

အရှက်ခွဲခြင်းဖြင့် ဆုံးမခြင်း
မိဘများ နားမလည်ရှာသော အချက်မှာ သားသမီးကို အရှက်ခွဲသော နည်းဖြင့် ဆုံးမခြင်းသည် ကောင်းသည်၊ လိမ္မာစေသည်၊ နောင်ကြဉ်စေ သည်ဟု ထင်မှတ်ရှာ ကြခြင်းပင်ဖြစ်သည်။ “နောင်ကြဉ်သည်” ဆိုခြင်း
ကား ဟုတ်လေမည်လား မဆိုနိုင်။ ခံရသော သားသမီး၏စိတ်ကို နုံချာ သွားစေခြင်းကိုကား ခံရဖူးသောကျွန်ုပ်သိပါသည်။
ရွှေဥဒေါင်း(တစ်သက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များမှ)

လက်ဆောင်မွန်
ပညာသင်ယူခြင်းကို ခက်ခဲသော တာဝန်တစ်ခုအနေနှင့် မခံယူဘဲ
အဖိုးတန် လက်ဆောင်မွန် တစ်ခု ရရှိခြင်းဟု ထင်မြင်လာအောင် စွမ်းဆောင်နိုင်မှ သာလျှင် သင်ကြားခြင်း မည်ပေသည်။
(အဲလ်ဘတ် အိန်းစတိန်း )

စာရိတ္တဖွံ့ဖြိုးတိုးတက်ရေး
ပညာရေး အကြောင်းပြောရင် စိတ်နဲ့ စာရိတ္တ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးရမယ် ဆိုတာ ပါတယ်။ ပညာရေးဟေ့ဆိုရင် ကျန်တာတွေ ဘယ်လောက် တတ်တတ် စိတ်နဲ့ စာရိတ္တကိုသွာမေ့ထားလို့ မရဘူး။
ကောင်းမြတ်တဲ့ စိတ်ထား သဘောထားတွေ၊ ကောင်းမြတ်တဲ့ စာရိတ္တတွေ ပေါ်အောင်လည်း ပညာရေးကလုပ်ပေးနိုင်တယ်။
(တက္ကသိုလ် ဘုန်းနိုင် )

လမ်းကြောင်းသစ်
လမ်းကြောင်းတစ်ကြောင်းကို ရှာလို့တွေ့ရင်တွေ့၊ မတွေ့ရင်တော့ ကိုယ်တိုင်လမ်းသစ်တစ်ကြောင်း ဖောက်ရလိမ့်မယ်။
(Sir P. Sidney, 1554-1586 )

လူမှာအရေးအကြီးဆုံး နှစ်ခုဘဲရှိတယ် အဲဒါကတော့ ကိုယ်ကျင့်တရားရယ်၊ အမှန်တရားကို မြတ်နိုးမှုရယ်၊ ဒါဘဲဖြစ်တယ် ဘယ်နေရာမဆို အမှန်ကို အ
မှန်အတိုင်း ပြောရဲရမယ်၊ ပြောရဲတဲ့ သတ္တိလည်းရှိရမယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

ပညာရေး ရည်ရွယ်ချက်
ပညာရေးရဲ့ရည်ရွယ်ချက်ကရာထူး ဂုဏ်ထူးတွေရအောင်လုပ်ဖို့၊လူ့ဘ၀ မှာတိုးတက်ကြီးပွားဖို့၊အထက် တန်းကျကျဝတ်နိုင်စားနိုင်ဖို့မျှ သာမဟုတ်
ဘူး။ ပညာရေးဆိုတာတိုးတက် ကြီးပွားအောင် လုပ်ဖို့ မျှသာ မဟုတ်ဘူး။
တကယ်က.. ပညာသင်ကြားခြင်းဟာ အမှား အမှန် ဆုံးဖြတ်နိုင်ဖို့၊ တရား
မှု မတရားမှု ခွဲခြားနိုင်ဖို့ ဖြစ်တယ်။ မိမိကိုယ်တိုင် မှန်ကန်တဲ့ လမ်းကြောင်း
မျိုး ရွေးမိပြီဆိုရင် ဘ၀မှာ တိုးတက် ကြီးပွားကြောင်း ဖြစ်စေမယ့် ပညာရေး
မျိုးဟာ ယူရတာ လွယ်ပါတယ်။
ဂျွန် ရပ်စကင်း (၁၈၁၉-၁၉၀၀)

လူတွေရဲ့ အမှား
လူတို့သည် သူတပါး အမှားမှ သင်ခန်းစာမယူဘဲ၊ မိမိကိုယ်တိုင်မှားမှသာ သင်ခန်းစာ ယူတတ်လေ့ရှိသည်။ ထို့ကြောင့်ပင် သမိုင်းတွင် အကြိမ်ကြိမ် အမှားကျုးလွန် နေကြခြင်းဖြစ်သည်။
အီလျာ အာရင်ဘခ် (ရုရှားစာရေးဆရာ)

( မြေလတ်သား )
Myawady News
ကိုယ့်နိုင်ငံနဲ့ ကိုယ့်လူမျိုးအတွက် စွန့်လွတ်အနစ်နာခံတတ်ဖို့လိုသလို ကိုယ်စာပေနဲ့ ကိုယ့်ယဉ်ကျေးမှုကို လည်း မြတ်နိုးထိန်းသိမ်းတတ်ဖို့လိုတယ်။ (ဗိုလ်ချုပ် အောင်ဆန်း)ကျောင်းဆရာတိုင်း၏ အကြီးဆုံးသော အရည်အချင်းသည် အကျင့်စာရိတ္တ ကောင်းမွန်ရေးဖြစ်၏။ သို့မှသာလျှင် ကျောင်းသူ/ကျောင်းသား များသည် အကျင့်စာရိတ္တကောင်းနိုင်ပေမည်။ မည်သည့်အတန်းကိုပင် အောင်မြင်စေကာမူ၊ မည်ကဲ့သို့ပင် အသင်အပြကောင်းစေကာမူ၊ အကျင့်စာရိတ္တ မကောင်းသောသူသည် ဆရာအဖြစ်နှင့် မလျော်။ လွတ်လပ်သော မြန်မာပြည်အတွက် အကျင့်စာရိတ္တကောင်းသော ဆရာ/ဆရာမများ သည် ပဲ့ကိုင်များ ဖြစ်ကြရပေမည်။(ဦးသန့် )

ကင်ညက်တာ ကင်ညာရွေးကောက်ပွဲတွင်အနိုင်ရ


Photo: ကင်ညက်တာ ကင်ညာရွေးကောက်ပွဲတွင်အနိုင်ရ
Sunday, March 31, 2013

ကင်ညာရွေးကောက်ပွဲတွင် မစ္စတာကင်ညက်တာသည် ၎င်း၏ပြိုင်ဘက်ကို အနိုင်ရကာ ကင်ညာသမ္မတအဖြစ် ရွေးချယ်ခံရကြောင်း ကင်ညာအထက် တရားရုံး လွှတ်တော်က စနေနေ့တွင် ထုတ်ပြန်လိုက်သည်။

အသက်၅၁နှစ် ရှိပြီဖြစ်သည့် မစ္စတာကင်ညက်တာသည် ကင်ညာနိုင်ငံ တည်ထောင်ရေးတွင် ဦးဆောင်ဦးရွက်ပြုသည့် ခေါင်းဆောင်၏ သားဖြစ်ပြီး မဲအရေအတွက်၅၀.၀၇ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။

အထက်လွှတ်တော်၏ ဆုံးဖြတ်ချက်ကြောင့် မစ္စတာကင်ညက်တာသည်
နိုင်ငံ၏လေးဦးမြောက်သမ္မတ ဖြစ်လာမည်ဖြစ်ပြီး အသက်အငယ်ဆုံး သမ္မတလည်းဖြစ်လာမည်ဖြစ်သည်။

ဝန်ကြီးချုပ် ရိုင်လာ အိုဒင်ဂါသည် မဲအရေအတွက်၄၃.၃၁ရာခိုင်နှုန်း ရရှိခဲ့ပြီး တရားရုံးလွှတ်တော်တွင် ရွေးကောက်ပွဲရလာဒ်ကို နည်းပညာ ပိုင်းသုံးပြီး မှားယွင်းမှုများနှင့်ပြုလုပ်ခဲ့ကြောင်း အရေးဆိုထားသည်။

၎င်းသည် အထက်လွှတ်တော်၏ဆုံးဖြတ်ချက်ကို နာခံလိုက်နာမည်ဟု
ဆိုကြောင်း သိရသည်။

အိုဒင်ဂါက “ကင်ညာတွင် ဒီမိုကရေစီသည် စမ်းသပ်မှုအဆင့်သာရှိနေသေး
သည်”ဟု ဆိုကြောင်း သိရသည်။

“ကျွန်တော် အထက်လွှတ်တော်ကိုဒီရွေးကောက်ပွဲတရားဝင်ဖြစ်တယ်ဆို
တာ သေချာစေဖို့အတွက် တောင်းခံတဲ့ တောင်းခံလွှာတစ်ခုကို တင်တာပါ။ အဲဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေး လွတ်လပ်ခွင့်ကို ယုံကြည်ဖို့အတွက် စမ်းသပ်မှုပါပဲ။ ဒီမိုကရေစီအရေး အတွက် လုပ်မှာပါ။ ကင်ညာနိုင်ငံသားတွေအားလုံးအတွက်ပါ”ဟု ၎င်းကဆက်လက်ပြော
ကြားသည်။

ပြည်သူများ တရားရုံးလွှတ်တော်မှ ၎င်းအရေးဆိုမှုအပေါ် အမိန့်ထုတ်ပြန်
မည့်အချိန်ကို စောင့်နေချိန်တွင် မြို့တော်နိုင်ရိုဘီ လွှတ်တော် ပတ် ဝန်း
ကျင်တွင် လူစုလူဝေးများရှိနေသောကြောင့် ပဋိပက္ခတားဆီးရေးရဲ
များစောင့်ကြပ်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတစ်ဝှမ်းတွင်လည်း လုံခြုံရေးများ တိုးမြှင့်ချထားပြီး လူစုလူဝေးများပြု
လုပ်ခြင်းကို တားမြစ်ထားသည် ဟုသတိပေးချက် ထုတ်ပြန်ထား ကြောင်း သိရသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးဘန်ကီမွန်းသည် ကင်ညက်တာ၊အို
ဒင်ဂါတို့ကို ကုလသမဂ္ဂသည် ကင်ညာအစိုးရနှင့် ပြည်သူများ ကို ထောက်
ခံကြောင်း ပြော ကြားခဲ့ကြောင်း သိရသည်။

“ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးသည် ကင်ညာနိုင်ငံအနေနှင့် နိုင်
ငံ၏ ဒီမိုကရေစီအရေးနှင့် ငြိမ်းချမ်းရေးကို ပိုမိုခိုင်မြဲစေမည့် ငြိမ်းချမ်း ပြီး ယုံကြည်လောက်သည့် ရွေးကောက်ပွဲကိုကျင်းပခဲ့ခြင်းအပေါ် ဂုဏ်ယူကြောင်း
ထပ်လောင်းပြောကြားကြောင်း၊ ၎င်းတည်ငြိမ်မှုနှင့် ငြိမ်းချမ်း သည့်အခြေအနေ
ကို ထိန်းထားရန်တိုက်တွန်းသည်”ဟု တိုက်တွန်းပြောကြားကြောင်း မစ္စတာ
ဘန်ကီမွန်းရုံးမှ ထုတ်ပြန်သည့် ထုတ်ပြန်ချက် တစ်ခုတွင် ပါရှိကြောင်း သိရ
သည်။

အိမ်ဖြူတော် ပြန်ကြားရေးဝန်ကြီး ဂျေးကာနေးက ကင်ညာတွင် ငြိမ်းချမ်း
သည့်ရွေးကောက်ပွဲဖြစ်ခဲ့၍ ဂုဏ်ပြုကြောင်းဆိုခဲ့သည်။

လွန်ခဲ့သည့် ရက်သတ္တပတ်က နိုင်ငံ၏တရားစီရင်ရေးလွှတ်တော်ချုပ်က မဲရုံ၃၃၀၀၀ကျော်မှ မဲရုံ ၂၂ ရုံ၏ ရလာဒ်ကို ထုတ်ပြန်ခဲ့သော်လည်း မစ္စတာအိုဒင်ဂါ၏ရှေ့နေများက ကွာခြားချက်များရှိသည်ဟုဆိုကြောင်း သိရသည်။

မစ္စတာကင်ညက်တာနှင့် မစ္စတာအိုဒင်ဂါတို့သည် ကင်ညာနိုင်ငံ ပထမဆုံးသမ္မတ၏ သားနှင့် ဒုသမ္မတ၏သားများ ဖြစ်ကြသောကြောင့် ၁၉၆၀ ပြည့်နှစ်များမှ နိုင်ငံရေးပုံရိပ်များကို ထင်ဟပ်လာနေစေကြောင်း သိရသည်။

Ref:CNN
The Myanma Age

 ကင်ညာရွေးကောက်ပွဲတွင် မစ္စတာကင်ညက်တာသည် ၎င်း၏ပြိုင်ဘက်ကို အနိုင်ရကာ ကင်ညာသမ္မတ အဖြစ် ရွေးချယ်ခံရကြောင်း ကင်ညာအထက် တရားရုံးလွှတ်တော်က စနေနေ့တွင် ထုတ်ပြန်လိုက်သည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ဘင်္ဂါလီလူမျိုးအားကာကွယ်သည်ဟုယူဆကာ သံတွဲ၌ ဆန္ဒပြမှုဖြစ်ပွား


မတ်လ ၃၁ရက်နေ့ မနက် ၈နာရီမှစတင်ကာ ၂နာရီနီးပါးခန့်ကြာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ နျိတ္တ တာက်ရွာ အုပ်ချုပ်ရေးမှူးမှ ရွာခံ လူတချို့အား အခင်းဖြစ်ပွားရန် လှုံ့ဆော်သည်ဟုဆိုကာ ဖမ်းဆီးပြီး  ခိုးဝင်လာသည့် ဘင်္ဂါလီလူမျိုးများဘက်မှ ကာကွယ်ပေးသည့်အတွက် ရွာခံလူထုက ဆန္ဒပြမှုတစ် ပြုလုပ်ခဲ့ကြောင်း သံတွဲမြို့ဒေသခံတစ်ဦးဖြစ်သူ ဦးစိန်ချစ်၏ ပြောကြားချက်အရ သိရသည်။

ကမ္ဘာ့အသေးဆုံး စမတ်ဖုန်း အားသွင်းစက်


Photo: ကမ္ဘာ့အသေးဆုံး စမတ်ဖုန်း အားသွင်းစက်
========================

iPhone နားကြပ်နဲ့ နှိုင်းယှဉ်ပြသထားတဲ့ ပစ္စည်းလေးက ကမ္ဘာ့အသေးဆုံး စမတ်ဖုန်း အားသွင်း ဘက်ထရီတုံး ဖြစ်ပါတယ်။

Fuel Micro Charger လို့လည်း အမည်ရပါတယ်။ အရွယ်အစား အားဖြင့် ၁.၃ လက်မ နဲ့ ၀.၉ လက်မ ပတ်လည်ပဲ ရှိပါတယ်။ microUSB ပေါက်ကနေ ဆက်ပြီးတော့ ဘယ်စမတ်ဖုန်းကိုမဆို အားသွင်းနိုင်တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် iPhone အတွက်မရပါဘူး။ iPhone အတွက် သီးသန့် ဗားရှင်း ထွက်မယ်လို့လည်း ဆိုပါတယ်။

၂၂၀ မီလီအမ်ပီယာ အားရှိပြီး စကားပြောဖို့အတွက် မိနစ် ၂၀ မှ ၃၀ ကြားလောက်ထိ Talk time ထောက်ပံ့ ပေးနိုင်ပါတယ်။ သယ်သွားရလည်း လွယ်ကူအောင် တကယ် သေးသေးလေးပါပဲ။ အလေးချိန်လည်း နည်း ပါတယ်။ အသုံးပြုရလည်း လွယ်ကူပါတယ်။

ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၀ ဝန်းကျင်နဲ့ပဲ Fuel Micro Charger ကို ကမ္ဘာ့အနှံ့ ဖြန့်ချိရောင်းချသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: kickstar
TechSpace Journal
iPhone နားကြပ်နဲ့ နှိုင်းယှဉ်ပြသထားတဲ့ ပစ္စည်းလေးက ကမ္ဘာ့အသေးဆုံး စမတ်ဖုန်း အားသွင်း ဘက်ထရီတုံး ဖြစ်ပါတယ်။

တစ်နှစ်အတွင်း တရားမဝင်သစ်ခိုးထုတ်မှု တန် ၅၀၀ ကျော် ဖမ်းမိ


Photo: တစ်နှစ်အတွင်း တရားမဝင်သစ်ခိုးထုတ်မှု တန် ၅၀၀ ကျော် ဖမ်းမိ
Sunday, March 31, 2013

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၁၂ ခုနှစ်အတွင်း တရား
မဝင် သစ်ခိုးထုတ်မှု တန်ချိန် ၅၀၀ ကျော်ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်တံခါး
မြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။

“သဘာဝပတ်ဝန်းကျင်ကို အများကြီး ထိခိုက်နိုင်တယ်။ သစ်တောဆုံးရှုံး
မှုလည်း များတယ်။ နိုင်ငံအတွက်လည်း အများကြီး ဆုံးရှုံးတာပေါ့” ဟု သစ်တောဦးစီးဌာနတွင် လုပ်သက် ၃၈ နှစ်ကြာ တောအုပ် ဦးသိန်းလွင်
က ပြောကြားသည်။

အလုံးသစ်များကို ခွဲသားအဖြစ် ပြုလုပ်မည်ဆိုပါက တန် တစ်ရာ ခွဲစိတ်လျှင် တန် ငါးဆယ်ခန့်သာ အချော ထွက်ရှိကြောင်း ၎င်းက ရှင်းပြသည်။

ယင်းဒေသတစ်ဝိုက်ရှိ တောသူတောင်သားများမှာ သစ်တောကို အမှီပြုကာ ထင်းခုတ်၊ မီးသွေးဖုတ် စသည်ဖြင့် လုပ်ကိုင်စားသောက်ကြပြီး ယခုကဲ့သို့ သစ်ခိုးထုတ်မှုများကို ဖမ်းဆီးသည့်အတွက် သစ်တောဝန်ထမ်းများကို ပြန်
လည် ရန်မူခြင်းများရှိကြောင်း သိရသည်။

“မြို့ချောင်းမှာ တာဝန်ကျတုန်းကဆို ရုံးပေါ်တက်ပြီး ဓါးနဲ့ တက်ခုတ်တာ။ ကံကောင်းလို့ မသေတာ။ ဆိုင်ကယ်လိုက်ဖမ်းရင်းနဲ့ တစ်ခါ အခုတ်ခံရတယ်။ ခဏခဏ ဒီလိုတွေဖြစ်နေတာ။ ဒီနေရာက မြန်မာပြည်မှာ အကြမ်းတမ်းဆုံး
နေရာတစ်ခုလိုတောင် ဖြစ်နေပြီ” ဟု ဦးသိန်းလွင်က ပြောကြားသည်။

၂၀၁၂ ခုနှစ်အတွင်း တရားမဝင် သစ်ခိုးထုတ်မှုတွင် ကား ၆ စီး၊ ဆိုင်ကယ် ၁၁ စီးနှင့် ပိုင်ရှင်ရှိ ကားနှစ်စီး ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် သစ်ခိုးထုတ်
မှုမှာ လွန်စွာ နည်းပါးသွားကြောင်း ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာ
နမှ သိရသည်။

ရည်မွန်
The Myanma Age
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၁၂ ခုနှစ်အတွင်း တရား မဝင် သစ်ခိုးထုတ်မှု တန်ချိန် ၅၀၀ ကျော်ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်တံခါး မြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။ “သဘာဝပတ်ဝန်းကျင်ကို အများကြီး ထိခိုက်နိုင်တယ်။ သစ်တောဆုံးရှုံးမှုလည်း များတယ်။ နိုင်ငံ အတွက်လည်း အများကြီး ဆုံးရှုံးတာပေါ့” ဟု သစ်တောဦးစီးဌာနတွင် လုပ်သက် ၃၈ နှစ်ကြာ တောအုပ် ဦးသိန်းလွင် က ပြောကြားသည်။

ကြက်ဟင်းခါးသီးအရည်က ပန်ကရိယကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်


Photo: ကြက်ဟင်းခါးသီးအရည်က ပန်ကရိယကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်
Sunday, March 31, 2013

ကော်လိုရာဒိုကင်ဆာလေ့လာရေးတက္ကသိုလ်မှ လေ့လာမှုတစ်ခုအရ ကြက်ဟင်းခါးသီးအရည်က ပန်ကရိယင်ဆာဆဲလ်များအား သေဆုံး သွားစေနိုင်ကြောင်း သိရသည်။ 

လွန်ခဲ့သော သုံးနှစ်ခန့် ကလည်း လေ့လာသူများက ကြက်ဟင်းခါးသီးထွက်
ကုန်များကရင်သားကင်ဆာအပေါ် ကောင်းကျိုးသက်ရောက်ပုံများအား ပြသခဲ့သည်။ ယခုလေ့လာမှုအား ကော်လိုရာဒို တက္ကသိုလ်မှကင်ဆာကာကွယ်ရေး
နှင့် ထိန်းချုပ်ရေးဌာန နှင့် Skaggs ဆေးဝါးကျွမ်းကျင်မှု သိပ္ပံမှ ပါမောက္ခ Rajesh Agerwal က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် ကြက်ဟင်းခါးသီးအား အိန္ဒိယနှင့် တရုတ် ရိုးရာ ဆေးကျမ်းများ၌ အမျိုးအစား (၂) ဆီးချိုကုသရာ၌ အသုံးပြုခဲ့သည်မှာ ရာစုနှစ်ပေါင်း များစွာ ကြာပြီဖြစ်သည်။ 

Agarwal က ကြက်ဟင်းခါးသီးက ပန်ကရိယ ကင်ဆာဆဲလ်များ၏ လုပ်ငန်းဆောင်တာကို ပြောင်းလဲသွားစေရုံသာမက ကင်ဆာဆဲလ်များ စွမ်းအင်ရရှိမှု နည်းစေသော အင်ဇိုင်းတစ်မျိုးကို လှုံ့ဆော်ပေးသည့်အပြင် ပန်ကရိယဆဲလ်များမှ အင်ဆူလင်ထုတ်မှုအား လည်း မှန်ကန်စေသည်။

ကြွက်များတွင် စမ်းသပ်ခဲ့ရာ ကြက်ဟင်းခါးသီး အရည်တိုက်ကျွေးထားသော ကြွက်များတွင် ပန်ကရိယကင်ဆာဖြစ်ပွား နိုင်ချေ ၆၀%ခန့် ပိုနည်းကြောင်း သိရသည်။

အပိန်လေး
ref: MNT
Health Updates Journal

ကော်လိုရာဒိုကင်ဆာလေ့လာရေးတက္ကသိုလ်မှ လေ့လာမှုတစ်ခုအရ ကြက်ဟင်းခါးသီးအရည်က ပန်ကရိယင်ဆာဆဲလ်များအား သေဆုံး သွားစေနိုင်ကြောင်း သိရသည်။ လွန်ခဲ့သော သုံးနှစ်ခန့် ကလည်း လေ့လာသူများက ကြက်ဟင်းခါးသီးထွက် ကုန်များ ကရင်သားကင်ဆာ အပေါ် ကောင်းကျိုးသက်ရောက်ပုံများအား ပြသခဲ့သည်။ ယခုလေ့လာမှုအား ကော်လိုရာဒို တက္ကသိုလ်မှ ကင်ဆာကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာန နှင့် Skaggs ဆေးဝါးကျွမ်းကျင်မှု သိပ္ပံမှ ပါမောက္ခ Rajesh Agerwal က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

တစ်ကိုယ်တော် ရှိုးပွဲဆိုနေတဲ့အချိန် Zone B က ပရိတ်သတ်ကြီးထဲကို သွားပြီး ဖျော်ဖြေပေးချင်တယ်လို့ပြောတဲ့ စွယ်စုံအနုပညာရှင် ကိုစိုးသူနှင့် အင်တာဗျူး

Photo: တစ်ကိုယ်တော် ရှိုးပွဲဆိုနေတဲ့အချိန် Zone B က ပရိတ်သတ်ကြီးထဲကို
သွားပြီး ဖျော်ဖြေပေးချင်တယ်လို့ပြောတဲ့ စွယ်စုံအနုပညာရှင် ကိုစိုးသူနှင့် အင်တာဗျူး
Sunday, March 31, 2013

အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့  ပြန်လည်ရောက်ရှိခိုက် Soe Thu Past & Present Free Show ပြုလုပ်၍ ပရိတ်သတ်ကို တေးသီချင်းများနှင့်ဖျော်ဖြေခဲ့
သည့် စွယ်စုံအနုပညာရှင် ကိုစိုးသူနှင့် ရှိုးပွဲပြီးပြီးချင်း သူ၏နေအိမ်၌သွား
ရောက် အင်တာဗျူးခွင့် ရခဲ့သည်များကို စိုးသူကိုချစ်သော ပရိတ်သတ်များ
အတွက် တင်ဆက်ပေးလိုက်ပါသည်။

MMA ။              ။ မြန်မာနိုင်ငံကို အမေရိကားကနေ ပြန်လာတဲ့ တခြား အနုပညာရှင်တွေက အခကြေးငွေနဲ့    ရှိုးပွဲလုပ်ပေမယ့် ကိုစိုးသူက Free Show လုပ်ပြီး ဖျော်ဖြေပေးရတဲ့ ရည်ရွယ်ချက်လေး ပြောပြပေးပါလား။

Soe Thu ။          ။ ပြောရမယ်ဆိုရင်တော့ တစ် စေတနာ နှစ် စေတနာ သုံး စေတနာ ဒါပါပဲ။

MMA ။              ။ ကိုစိုးသူပွဲမှာ တခြားအနုပညာရှင်ညီအစ်ကို မောင်နှမတွေ
ကလည်း ချစ်ချစ်ခင်ခင် တက်တက်ကြွကြွနဲ့ စုံစုံလင်လင်လာကြတဲ့ အပေါ်  အကို့ခံစားချက်လေးကို ပြောပေးပါလား။

Soe Thu။         ။ အားလုံးရဲ့ မေတ္တာစေတနာကြောင့်ပါ ။ ကျွန်တော်က အားလုံးကိုချစ်တယ်။ အနုပညာရှင် ညီအစ်ကို မောင်နှမတွေ အားလုံး
ကိုလည်း ချစ်တယ်။ ပရိတ်သတ်ကြီးကိုလည်း ချစ်တယ်။ အဲ့တော့ ဒီပွဲမှာ အနုပညာရှင် ညီအစ်ကို မောင်နှမတွေကို အမှတ်တရ စကားလေးတွေ လာပြီး ပြောပြပေးရင် ကြည့်ရတဲ့ ပရိတ်သတ်လည်း ကြည့်ရတာ အမြင်
တစ်မျိုးလေးဖြစ်ပြီး ပျော်စရာလေး ဖြစ်မယ်လို့ စိတ်ကူးမိတယ်လေ။

ဒါကြောင့် အဲ့ဒီစိတ်ကူးလေးနဲ့ အားလုံးကိုလိုက်ပြီး request လုပ်ရတယ်။ အားလုံးကလည်း အရမ်းကို လှိုက်လှိုက်လှဲလှဲ ကိုကူညီကြတယ်။ ဒါကြောင့်
အားလုံး သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင် အဆင်ပြေပြေလေး ပြီးဆုံး
သွားတယ်ပေါ့။

MMA ။             ။ ကိုစိုးသူ ဖျော်ဖြေတဲ့ ပွဲလေးမှာအနုပညာရှင် မောင်နှမတွေ
နဲ့ တွဲပြီးမဆိုဘဲ တစ်ကိုယ်တော်ရှိုးပဲ လုပ်လိုက် ရတဲ့ အကြောင်းလေး
ပြောပေးပါလား။

Soe Thu ။         ။ ပွဲကိုက စိုးသူတစ်ကိုယ်တော် ရှိုးလေ။ မမြင်ရတာလည်း ကြာပြီဆိုတော့ အားပါးတရ ဖျော်ဖြေချင်တာ။ နောက်တစ်ခုရှိတာက ဒီလို အမှန်အတိုင်း ပြောရရင် စိတ်ထဲကနေ ဧည့်သည်အနေနဲ့ တွဲပြီးဆိုစေချင်တဲ့ အနုပညာရှင်တွေ အများကြီးရှိတယ်။ ဒါပေမယ့် အဲ့ဒီလူတွေ အများကြီးကို
ခေါ်မယ်ဆိုရင်လည်း အားလုံးကို ထည့်ဆိုရမယ်လေ။ ဒါကြောင့်ပါ။

MMA ။              ။ အစ်ကို သီချင်းတွေ အများကြီးကို ဆိုနိုင်တယ်နော်။ အသံလည်း လုံးဝကျမသွားဘူး။

Soe Thu။          ။ ဒီထက်ကို အများကြီး ဆိုချင်သေးတာ ရီဟာဆယ်တွေ အများကြီးလုပ်လို့ အိပ်ရေးတွေ အများကြီး ပျက်ထားပြီး အရမ်းကို ပင်ပန်း
ထားလို့ ဒီထက်ကို အားပါးတရကြီးကို ဖျော်ဖြေချင်သေးတာ။ ဒါပေမယ့် အဆင်ပြေပါတယ်။

MMA ။             ။ ဒီနေ့ အစ်ကို့ တစ်ကိုယ်တော်ဖျော်ဖြေပွဲလေးမှာ လာကြည့်
တဲ့ ပရိတ်သတ်နဲ့   မြန်မာတစ်နိုင်ငံလုံးကနေ အစ်ကို့ တစ်ကိုယ်တော် ပွဲလေး
ကို ကြည့်နေတဲ့ ပရိတ်သတ်တွေကို ညီမတို့ကနေတဆင့်စကားလက်ဆောင်
လေး ပြောပေးပါ။

Soe Thu ။        ။ အဲ့ဒါကို ပြောချင်နေတာ။ စင်ပေါ်မှာလဲ ပြောပါတယ်။ အား
လုံးကို အဆင်ပြေပြေ ပျော်ရွှင်စွာနဲ့ ကည်ကြည်နူးနူးလေး ဖြတ်သန်းစေချင်
တယ် အားလုံးပျော်ရွှင်ကြမယ်လို့ယုံကြည်တယ်။ ကျွန်တော်ရှိုးပွဲကို လာပြီး
တော့ အချိန်ပေးပြီးတော့ အပင်ပန်းခံပြီးတော့ အားပါးတရ အားပေးတဲ့ အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်။

စိတ်ထဲမှာလေ တစ်ယောက်ချင်းစီကို လိုက်ပြီးနှုတ်ဆက်ချင်တယ်။ ဟိုးအနောက်ထဲအထိ သွားချင်တယ်။ အခြေအနေက မပေးဘူး။ အထူးသဖြင့် မိုက်ကရိုဖုန်းတွေက အဝေးကြီးကိုရောက်တဲ့ အခါမှာ Delay ဖြစ်တယ်။ Delay ဖြစ်တဲ့အခါ တီးဝိုင်းနဲ့ သီချင်းဆိုတဲ့ အခါ 
Beat တွေ လွတ်သွားမှာ စိုးရတယ်။ သိပ်အဝေးကြီး သွားလို့မရဘူး။ 

သူ့ rate တွေရှိတယ်။ ပွဲထဲမှာ သွားတဲ့နေရာလောက်မှာတောင် Dealy ကဖြစ်နေတယ်။ အဲ့ဒီထက် အဝေးကြီး သွားချင်ပေမယ့် သွားလို့မရဘူး။
ဖြစ်နိုင်မယ်ဆိုရင် ဟိုးအနောက်ဘက်က မမြင်ရတဲ့ Zone B က ပရိတ်
သတ်တွေ အတွက် သူတို့အနားသွားပြီး သတ်သတ်ကို သီချင်း လေး ငါး ပုဒ်လောက် ဆိုပြပေးချင်တာ။

MMA ။       ။ အခုလိုအချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူး
တင်ပါတယ်။

ဆုဝေ
The Myanma Age

 အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခိုက် Soe Thu Past & Present Free Show ပြုလုပ်၍ ပရိတ်သတ်ကို တေးသီချင်း များနှင့်ဖျော်ဖြေခဲ့သည့် စွယ်စုံအနုပညာရှင် ကိုစိုးသူနှင့် ရှိုးပွဲပြီးပြီး ချင်း သူ၏နေအိမ်၌သွားရောက် အင်တာဗျူးခွင့် ရခဲ့သည်များကို စိုးသူကိုချစ်သော ပရိတ်သတ်များအတွက် တင်ဆက်ပေးလိုက် ပါသည်။

ကားမောင်းစဉ် ဖုန်းမက်ဆေ့ပို့ခြင်းက မူး၍မောင်းသည်ထက် အန္တရာယ်ရှိ


ကားမောင်းစဉ်ဖုန်းပြောခြင်း၊ မက်ဆေ့ပို့ခြင်းနှင့် အရက်သောက်ပြီး ကားမောင်းခြင်းတို့၏ သက်ရောက်မှုများကို သြစတြေးလျနှင့် စပိန်တက္ကသိုလ်များ ပူးပေါင်း၍ နှိုင်းယှုဉ်လေ့လာခဲ့ရာ ကားမောင်းစဉ် မက်ဆေ့ပို့ခြင်းက ဖုန်းပြောခြင်းနှင့် အရက်မူးခြင်းတို့ထက် အန္တရာယ်ပိုကြောင်း သိရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဧပြီ ၁ ရက် ၂ရက်နှင့် ၃ရက်နေ့တို့တွင် ရေဒီယို မိန့်ခွန်း ပြောကြားမည်


နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဧပြီ ၁ ရက် ၂ရက်နှင့် ၃ရက်နေ့တို့တွင် ရေဒီယို မိန့်ခွန်း တစ်ရပ် ပြောကြားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ဖေ့စ်ဘွတ် စာမျက်နှာ ဖော်ပြထားသည်။

ကိုကာကိုလာသည် အိမ်သာကြွေခွက်ကိုပြောင်လက်စေ


Photo: ကိုကာကိုလာသည် အိမ်သာကြွေခွက်ကိုပြောင်လက်စေ
Sunday, March 31, 2013

အိမ်တစ်အိမ်ကိုပြောင်းလိုက်ပြီး ညစ်ပတ်နေတဲ့ အိမ်သာကြွေခွက်မြင်
ရရင် သို့မဟုတ် မိမိအိမ်မှာပဲ ရှိနေတဲ့ အိမ်သာကြွေခွက်က ညစ်ပတ်
နေ ရင် တော်တော် စိတ်ပျက်ဖို့ ကောင်းပါတယ်။

ဒါကိုဆေးကြောဖို့အတွက် အက်ဆစ်ရေတွေ၊ ထုံးရေတွေ ရှာဝယ်ပြီး ဆေးနေ ရတာကလဲ အလုပ်ရှုပ်တယ်ဆိုတဲ့သူများအတွက် ဖြစ်ပါ တယ်။ ဒီနည်း လမ်း
ကို ဖွံ့ဖြိုးပြီး နိုင်ငံများမှာ အသုံးများပါတယ်။ အက်ဆစ်ရည်ထက်ကိုကာကိုလာ
အချိုရည်က ဈေးသက်သာနေကြလို့လည်း ဖြစ်ပါ တယ်။ နေရာတိုင်းမှာလည်း
အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့အတွက် ဖြစ် ပါတယ်။

အန္တရာယ်ရှိတဲ့ ထုံးရည်၊ အက်ဆစ်ရည် မသုံးပဲ ကိုကာကိုလာအချိုရည် ကို
ကြေခွက်ထဲ ထည့်ပြီး အနည်းငယ် ပွတ်တိုက် လိုက်ရုံနဲ့ ကြွေများ ပြောင် လက်သွားတယ်လို့ ဆိုပါတယ်။ ကြွေနဲ့ လုပ်ထားတဲ့ အင်္ဂဒေ၊ ကြွေပြား၊ အိမ်သာများကို ကိုကာကိုလာ အချိုရည်နဲ့အလွယ်တကူ ဆေးကြောနိုင် တာကို လေ့လာတွေ့ရှိထားကြပါတယ်။

Myawady News 

 အိမ်တစ်အိမ်ကိုပြောင်းလိုက်ပြီး ညစ်ပတ်နေတဲ့ အိမ်သာကြွေခွက်မြင်
ရရင် သို့မဟုတ် မိမိအိမ်မှာပဲ ရှိနေတဲ့ အိမ်သာကြွေခွက်က ညစ်ပတ်
နေ ရင် တော်တော် စိတ်ပျက်ဖို့ ကောင်းပါတယ်။

ဂျော်ဒန်နိုင်ငံ အထည်ချုပ်စက်ရုံမှ ဆန္ဒပြ မြန်မာအလုပ်သမား ၉၁ ဦး အလုပ်ရှင်ကို လျော်ကြေးပေး၍ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

Photo: ဂျော်ဒန်နိုင်ငံ အထည်ချုပ်စက်ရုံမှ ဆန္ဒပြ မြန်မာအလုပ်သမား ၉၁ ဦး အလုပ်ရှင်ကို လျော်ကြေးပေး၍ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ
Sunday, March 31, 2013

ဆန္ဒပြမှု ဖြစ်ပွားခဲ့သည့် ဂျော်ဒန်နိုင်ငံ အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သ
မား ၉၁ ဦး မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရန် အလုပ်ရှင်အား လျော်ကြေး ပေးခဲ့
ရကြောင်း အဆိုပါ အလုပ်သမားများထံမှ သိရသည်။

အဆိုပါ အလုပ်သမား ၉၁ ဦးသည် အလုပ်ရှင်အား တစ်ဦးလျှင် ဒေါ်လာ ၃၀၀ လျော်ကြေးငွေပေးကာ မတ်လ ၂၉ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်
လည်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

“အလုပ်ရှင်ကအလုပ်သမားတစ်ဦးကို လျော်ကြေးငွေ ဒေါ်လာလေးရာ တောင်းပါတယ်။ ကျွန်မတို့ရဲ့ ဖူလုံကြေး၊ လုပ်သက်စုကြေး အတွက် စုစုပေါင်းဒေါ်
လာ ၄၀၀ ပေးတယ်၊၊

အဲဒီထဲကသူတို့ကို လျော်ကြေးငွေအဖြစ် ဒေါ်လာသုံးရာ ပေးခဲ့ရတယ်။ ကျွန်မတို့လက်ထဲမှာရှိတဲ့ ဒေါ်လာတစ်ရာ တည်းနဲ့ပဲ ပြန်လာခဲ့ရတာပါ။ တချို့ကလည်း အိမ်ပြန်ဖို့ လုံးဝအဆင်မပြေတဲ့အတွက် နေခဲ့ရတယ်။ 

တချို့ကတော့ လုပ်သက်ပြည့်တော့မှာ ဖြစ်တဲ့အတွက် ကြိတ်မှိတ်ပြီး လုပ်နေကြရတာရှိတယ်။ အားလုံးကတော့ ပြန်လာချင်ပြီ” ဟု အလုပ်
သမား တစ်ဦးဖြစ်သူ မသက်နွယ်စိုးကျော်က ပြောပါသည်။

မြန်မာအလုပ်သမား ၁၃၀၀ ကျော်နီးပါး အလုပ်လုပ်ကိုင်နေသည့်
ဂျော်ဒန်နိုင်ငံရှိ စီအမ်ဂျေ အထည်ချုပ် စက်ရုံတွင် အေဂျင်စီမှပြော
သော လစာငွေနှင့် မကိုက်ညီမှု၊ အစားအသောက် ဖိနှိပ်မှု၊ လူမျိုးရေး ဖိနှိပ်ခံရမှုတို့နှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ စတင်ကာ 
မတ်လ ၂၅ ရက်နေ့အထိ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

ထို့ပြင် ဂျော်ဒန်အထည်ချုပ်စက်ရုံ အလုပ်ရှင်မှာ တရုတ်လူမျိုးဖြစ်ပြီး 
မတ်လ ၂ ရက်နေ့တွင် အလုပ်ရှင်၏ လူယုံများဖြစ်သော ဂျော်ဒန်လူမျိုး အလုပ်သမားများကို ငွေပေးကာ မြန်မာအလုပ်သမားများအား ဆွဲလား
ရမ်းလား လုပ်မှုကြောင့် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး မြန်မာအမျိုးသမီးလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အဲဒီမှာ အေဂျင်စီက ကျွန်မတို့ကိုလွှတ်တော့ တစ်လကို လစာ ဒေါ်လာ
၅၀၀ ရမယ်လို့ ပြောတယ်။ တကယ်တမ်း ငွေရှင်းတော့ တစ်လကို ၁၅၈
ဒေါ်လာပဲရတယ်။ မြန်မာငွေနဲ့တွက်ရင် တစ်လကို တစ်သိန်းနှစ်သောင်းပဲ ရတယ်။ ခြောက်လအထိ လစာတိုးပေးမလားဆိုပြီး စောင့်ပါသေးတယ်။ ဒါပေမဲ့ သူတို့က လုံးဝ မတိုးပေးဘူး၊၊ 

လစာမကောင်းလို့ အစားအသောက်များ ကောင်းမလားဆိုတော့ အစားအသောက်လည်း မကောင်းဘူး။ အဲဒီအတွက် အလုပ်သမားတွေက ကိုယ့်ရဲ့ လစာကြေးထဲကနေပဲ ချက်ပြုတ်ပြီး စားခဲ့ရတယ်။ အလုပ်သမား ၀န်ကြီးဌာနအနေနဲ့ အလုပ်သမား အရာရှိနှစ်ဦး စေလွှတ်မယ်လို့ ပြောပေ
မယ့် လက်တွေ့မှာ ရောက်မလာခဲ့ပါဘူး” ဟု ၎င်းက ပြောပြခဲ့သည်။

မြန်မာအလုပ်သမားများ အနေဖြင့် လုပ်ခလစာ တိုးပေးရေး အပါအ
ဝင် လူမျိုးဖိနှိပ်မှု မရှိရေး၊ အစားအသောက် အဆင်ပြေအောင်ကျွေး
ရေး စသည့်အချက်သုံးချက်အား ဆန္ဒပြတောင်းဆို ခဲ့သော်လည်း အလုပ်ရှင်အနေဖြင့် လိုက်လျောခြင်း မရှိခဲ့ကြောင်း သိရသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန အနေဖြင့် သံရုံးဖွင့်လှစ်ထားခြင်းမရှိသည့် ဂျော်ဒန်နိုင်ငံတွင် ပြဿနာဖြစ်ပွားခဲ့မှု
ကို ဂျော်ဒန်နိုင်ငံနှင့် အနီးစပ်ဆုံး အစ္စရေးသံရုံးမှတစ်ဆင့် ဖြေရှင်းလျက်
ရှိပြီး ယင်းနေရာသို့ အတွေ့အကြုံရှိသည့် မြန်မာအလုပ်သမား အရာ
ရှိနှစ်ဦးကို စေလွှတ်မည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ထားသည်။

ဂျော်ဒန်မှ ပြန်ရောက်လာသည့် မြန်မာအလုပ်သမားများကို မတ်လ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်
http://www.first-11.com/local/18796
Eleven Media Group
ဆန္ဒပြမှုဖြစ်ပွားခဲ့သည့် ဂျော်ဒန်နိုင်ငံ အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမား ၉၁ ဦး မြန်မာနိုင်ငံ သို့ ပြန်လာနိုင်ရန် အလုပ်ရှင် အား လျော်ကြေး ပေးခဲ့ရကြောင်း အဆိုပါအလုပ်သမားများထံမှ သိရ သည်။

သင်္ကြန်လည်ရတာကို မနှစ်သက်တဲ့ ချစ်သုဝေ


Photo: သင်္ကြန်လည်ရတာကို မနှစ်သက်တဲ့ ချစ်သုဝေ
Sunday, March 31, 2013

ထရီဇာ ဇာတ်ကားတွေ လက်ခံ ရိုက်ကူးတဲ့ အခါမှာ ဖက်ရှင်နဲ့ ပတ် သက်ပြီး ဘယ်လိုပုံစံ မျိုးတွေ လုပ်ဖြစ် လဲဆိုတော့ ဇာတ်ကားရဲ့ သဘာဝ၊ ကိုယ်လုပ် ရမယ့် ကာ ရိုက်တာ လေးရယ်၊ ပရိသတ် အာရုံ စူးစိုက်မှု ဘယ်လို မျိုးလေး ရှိသွားမ လဲဆိုတဲ့ အပေါ်မှာ မူတည် ပြီးတော့ တစ်ကားနဲ့ တစ်ကား ဖက်ရှင် မထပ် အောင် ကြိုးစားတယ်။ 

သင်္ကြန်နဲ့ ပတ်သက်ပြီး ခံစားချက်ကို ပြောရမယ် ဆိုရင် အစ်မ သင်္ကြန်ကို သိပ်ပြီး မပျော် တတ်ဘူး။ အဲဒါကတော့ နည်းနည်း ထူးခြားမယ် ထင်တယ်။ ပိုက်ကြီး ကိုင်ပြီး ရေပက် နေရတာကို မနှစ်သက် သလို ရေပက်ခံ ထွက်ရ တာကိုလည်း မကြိုက်ဘူး။ 

စိုလိုက် ခြောက်လိုက်ကို မကြိုက်တာ။ တောက်လျှောက် စိုနေရင်တော့ ကြိုက်ပါတယ်။ ပတ်ဝန်းကျင် ကြီးက Safe မဖြစ်သလို ခံစားရတဲ့ အတွက် သင်္ကြန် လည်တာကို မကြိုက်ဘူး။ အစ်မ ငယ်ငယ်တုန်းက နှစ်နှစ်လုံး သင်္ကြန် လည်တာ ကားက လမ်းမ ကြီးမှာ ပျက်သွားတယ်။ သင်္ကြန် အ မှတ်တရ ဆိုရင် အဲဒါလည်း ပါတာ ပေါ့။ 

မိသားစုနဲ့ နှစ်နှစ် လည်ဖို့ ကြိုး စားတာ နှစ်နှစ်စလုံး ကားပျက်ပြီး စိတ်ညစ် ခဲ့ရတော့ အဲဒီလိုမျိုး လည် တာကို မပျော် မိတော့ဘူး။ မကြိုက် တော့ဘူး။ ဘယ်တော့မှလည်း နောက်နှစ်တွေ ထပ်ပြီးတော့ လည်ဖို့ မကြိုးစား မိတော့ဘူး။ ဒါပေမဲ့ အစ် မ မုန့်လုံး ရေပေါ် ကြိုက်တယ်။

ပိ တောက်ပန်းလည်း ကြိုက်တယ်။ ပြီးတော့ မြေကြီးထဲက ထွက်လာ တဲ့ မြေသင်းနံ့ လေးလည်း ကြိုက်ပါ တယ်။ ပရိသတ်ကြီး သင်္ကြန်လည်
ရင် ကားလည်း မပျက်ဘဲနဲ့ အန္တရာယ် ကင်းစွာ အပျော်ကြီး ပျော်နိုင်ပါ
စေ။

8DAYS

ထရီဇာ ဇာတ်ကားတွေ လက်ခံ ရိုက်ကူးတဲ့ အခါမှာ ဖက်ရှင်နဲ့ ပတ် သက်ပြီး ဘယ်လိုပုံစံ မျိုးတွေ လုပ်ဖြစ် လဲဆိုတော့ ဇာတ်ကားရဲ့ သဘာဝ၊ ကိုယ်လုပ် ရမယ့် ကာ ရိုက်တာ လေးရယ်၊ ပရိသတ် အာရုံ စူးစိုက်မှု ဘယ်လို မျိုးလေး ရှိသွားမ လဲဆိုတဲ့ အပေါ်မှာ မူတည် ပြီးတော့ တစ်ကားနဲ့ တစ်ကား ဖက်ရှင် မထပ် အောင် ကြိုးစားတယ်။ 

နေ့အပူချိန် မြင့်တက်လာခြင်းကြောင့် မတ်လတတိယပတ်မှ စတင်၍ အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက် ထုတ်ပြန်

Photo: နေ့အပူချိန် မြင့်တက်လာခြင်းကြောင့် မတ်လတတိယပတ်မှ စတင်၍ အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက် ထုတ်ပြန်
Sunday, March 31, 2013

နေ့အပူချိန် မြင့်တက်လာခြင်းကြောင့် မတ်လတတိယပတ်မှ စတင်ကာ အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက်များကို ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် ဧပြီလသည် အပူဆုံးကာလဖြစ်ပြီး မေလ၀န်းကျင်အ
ထိ အပူချိန်မြင့်မားမှုကို ခံစားရကာ အပူဒဏ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရန် ထုတ်ပြန်ခြင်း ဖြစ်ကြောင်းလည်း သိရ
သည်။

ပူပြင်းသည့်အချိန်၌ အရွယ်မရွေး အပူရှပ်ခြင်းကို အနည်းနှင့် အများ ခံစားကြရမည်ဖြစ်ကာ အထူးသဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်
အိုများတွင် ရောဂါခံစားရမှု ပိုမိုတတ်ကြောင်း သိရသည်။

အပူချိန် မြင့်မားမှုကြောင့် ခန္ဓာကိုယ်တွင်းရှိချွေးများ ပြင်ပသို့ မထွက်ရှိဘဲ ခန္ဓာကိုယ်အပူချိန်များ မြင့်မားလာကာ အဖျားကြီးခြင်း၊ ချွေးထွက်လွန်ပြီး ခန္ဓာကိုယ်တွင်းရှိ ရေနှင့်ဓာတ်ဆား ဆုံးရှုံးမှုကြောင့် မိတ်နှင့်ယားဖုများ ထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးမော်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်
ပြီး ကိုယ်အပူချိန်တက်ခြင်း၊ သတိလစ်ခြင်းတို့ အပြင် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေထိ ဖြစ်တတ်ကြောင်း သိရသည်။

နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်းလွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊
ရေဆိပ် စသည်တို့တွင် ရေချိုးခြင်းမှ ရှောင်ကြဉ်၍ အရိပ်ရ၍ အေးမြသော
နေရာတွင် နေထိုင်ခြင်း၊ နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်း မှ
ရှောင်ကြဉ်ရန်၊ နေပူထဲတွင် ပြင်းထန်သည့် ကိုယ်လက်လှုပ်ရှားမှုများ မပြုလုပ်ရန်၊ အရက်သောက်ခြင်းသည် အပူဒဏ်အန္တရာယ်ကို ဖြစ်ပေါ်
လွယ်စေခြင်းနှင့် ဖြစ်ပွားပါက ပြင်းထန်စွာ ခံစားရခြင်းကြောင့် ရှောင်ကြဉ်
ရန်၊ နေ့ခင်းဘက် အပြင်ထွက်သည့်အခါ အရိပ်လုံလောက်စွာ ရရှိနိုင်သည့်
ထီး၊ ဦးထုပ်များဆောင်းရန်၊ အလင်းရောင် ပြန်သော အဖြူရောင် (သို့မဟုတ်) အရောင်ဖျော့ဖျော့ အ၀တ်အထည်များကို ၀တ်ဆင်ခြင်း၊ ပွပွချောင်ချောင် ချည်ထည်များကို ၀တ်ဆင်ရန် လိုအပ်ကြောင်း သိရသည်။

နေ့အပူချိန် ၃၇ ဒီဂရီ စင်တီဂရိတ်သည် ပုံမှန်ကိုယ်တွင်း အပူချိန်ဖြစ်ပြီး ၃၈ ဒီဂရီစင်တီဂရိတ်တွင် ချွေးထွက်ခြင်း၊ စိတ်မသက်မသာဖြစ်ခြင်း၊ အနည်းငယ် ဆာလောင်ခြင်း၊ ၃၉ ဒီဂရီ စင်တီဂရိတ် ဖြစ်ပါက ချွေးအလွန်အမင်း ထွက်ခြင်း၊
အရေပြား နီရဲခြင်း၊ နှလုံးခုန်နှုန်းနှင့် အသက်ရှုနှုန်းများ မြန်လာခြင်း၊ပင်ပန်းနွမ်း
နယ်ခြင်း၊ မောပန်းခြင်း၊ အတက်ရောဂါ ရှိသူများတွင် အတက်ရောဂါထခြင်း၊ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် ဖြစ်ပါက အသက်အန္တရာယ် စိုးရိမ်ရသောအ
ဆင့်သို့စတင်ရောက်ရှိနေပြီး မောပန်းနွမ်းနယ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊
အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ချွေးအလွန်အမင်းထွက်ခြင်း စသည့်လက္ခဏာများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

ပို့ဆောင်ရေးဝန်ကြီးဌာန ၊ မိုး လေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနထုတ်ပြန်ချက်အရ မတ်လ ၂၆ ရက်နေ့တွင်ရန်ကုန်မြို့၌
အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် ရှိပြီး မန္တလေး မြို့တွင် အပူချိန် ၃၉ 
ဒီဂရီစင်တီ ဂရိတ်ရှိသည်ဟု သိရသည်။

နေ့အပူချိန်မြင့်သည့်ကာလတွင် သွားလာနေသူများအား ရန်ကုန်မြိုအ
တွင်း တွေ့ရစဉ်
Eleven Media Group
နေ့အပူချိန် မြင့်တက်လာခြင်းကြောင့် မတ်လတတိယပတ်မှ စတင်ကာအပူဒဏ် ကာကွယ်ရေး နှိုးဆော် ချက်များကို ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

အင်အားကြီး နိုင်ငံ များက မျက်ခြည် မပြတ်စောင့်ကြည့် နေသည့် ကိုရီးယား ကျွန်းဆွယ် ပေါ်မှ တင်းမာ မှုများ


Photo: အင်အားကြီး နိုင်ငံ များက မျက်ခြည် မပြတ်စောင့်ကြည့် နေသည့် ကိုရီးယား ကျွန်းဆွယ် ပေါ်မှ တင်းမာ မှုများ
Sunday, March 31, 2013

မြောက် ကိုရီးယား နိုင်ငံသည် ယခုအခါ တောင် ကိုရီးယား နိုင်ငံနှင့် စစ်ပွဲဆင်နွှဲရန် အခြေ အနေ တစ်ရပ် အတွင်းသို့ ဝင်ရောက် လာပြီ
ဖြစ်ကြောင်း မြောက် ကိုရီး

ယား အာဏာပိုင် များက ပြောကြား လိုက်ပြီး အမေရိကန် ပြည်ထောင်စု၏ အဓိက ပြည်မကြီး ကိုလည်း တိုက်ခိုက် ဖျက်ဆီး ပစ်မည်ဟု ခြိမ်းခြောက် ခဲ့မှုကြောင့် တဖြည်းဖြည်း မြင့်တက် လာသည့် ကိုရီးယား ကျွန်းဆွယ်ပေါ်
မှ တင်းမာ မှုများနှင့် စပ်လျဉ်း၍ အင်အားကြီး နိုင်ငံများက မျက်ခြည် မပြတ်
စောင့်ကြည့်လျက် ရှိသည်ကို တွေ့ရသည်။

တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံက ၁၉၅ဝ- ၁၉၅၃ ခုနှစ် စစ်ပွဲ အပြီးတွင် ချုပ်ဆို ခဲ့သည့် သဘောတူ စာချုပ်မှာ အပစ် အခတ် ရပ်စဲ
ရေး အတွက်သာ ဖြစ်ပြီး ငြိမ်းချမ်းရေး စာချုပ် မဟုတ်သောကြောင့် 
ယင်းနှစ်နိုင်ငံသည် ဥပဒေ သတ်မှတ်ချက် အရ ဆိုရ ပါမူ စစ်ဖြစ်နေဆဲ 
အခြေ အနေတွင် ရှိနေသည်ဟု ဆိုနိုင် ပါသည်။ ယင်းအပစ် အခတ် ရပ်
စဲရေး သဘောတူ စာချုပ် ကိုလည်း မြောက်ကိုရီးယား အစိုးရက ဖျက်
သိမ်းကြောင်း မတ် ၁၁ ရက်က ကြေညာ ခဲ့သည်။

မြောက် ကိုရီးယား အစိုးရ အနေဖြင့် ဟာဝိုင်အီ၊ ဂူဟမ်ကျွန်း၊ တောင် ကိုရီးယား နိုင်ငံ အတွင်းရှိ အမေရိကန် စစ်စခန်း များနှင့် အမေရိကန်
ပြည်ထောင်စု အတွင်း ရှိ ပစ်မှတ် များကို ဦးစွာ တိုက်ခိုက် သွားမည်ဟု
ကြေညာထားပြီး မြောက် ကိုရီးယား စစ်တပ်၏ မဟာဗျူဟာ ဒုံးကျည် တပ်ဖွဲ့ကို လက်ရှိ အချိန်တွင် အသင့် အနေ အထား ပြင်ဆင်ထားရန် ကင်ဂျုံအွန်က အမိန့်ပေး ထားပြီး ဖြစ်သည်။

မြောက် ကိုရီးယား၏ ခြိမ်းခြောက်မှု များသည် တောင်ကိုရီးယားနှင့် အမေရိကန်တို့ နှစ်နိုင်ငံ အကြား ပူးတွဲစစ်ရေး လေ့ကျင့်မှု ပြုလုပ်စဉ် 
အတွင်း အမေရိကန် အစိုးရ က နျူကလီးယားဗုံး သယ် ဆောင်နိုင်သော
B-2 ကိုယ်ပျောက် ဗုံးကြဲ လေယာဉ်ကို အသုံးပြု လေ့ကျင့်ပြီး နောက်ပိုင်း 
တွင် ထွက်ပေါ် လာခြင်း ဖြစ်သည်။

ယင်းသို့ ခြိမ်းခြောက် မှုများနှင့် စပ်လျဉ်း၍ အမေရိကန် အစိုးရက
ပြစ်တင် ဝေဖန်ထားပြီး အမေရိကန် ပြည်ထောင်စုသည် မိမိကိုယ်
ကို သာမက မဟာမိတ် နိုင်ငံများ ကိုလည်း တိုက်ခိုက် ခံရခြင်း အန္တ
ရာယ်မှ ကာကွယ် နိုင်စွမ်း ရှိသည်ဟု  တုံ့ပြန် ပြောကြား ထားသည်။

မြင့်တက် လာသည့် တင်းမာမှုများ အပေါ် တရုတ်နှင့် ရုရှား အစိုးရ အဖွဲ့ များက စိုးရိမ် မကင်း ဖြစ်လျက် ရှိပြီး လက်ရှိ အနေ အထားသည် ''ထိန်း
မနိုင် သိမ်းမရ အခြေ အနေ'' သို့ ပြောင်းလဲ သွားနိုင် သောကြောင့် အထူး
ပင် စိုးရိမ်ဖွယ် ကောင်းသည်ဟု ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလက်
ရော့ဗ်က ပြောကြား ထားသည် ကို တွေ့ရသည်။

မြောက် ကိုရီးယား အစိုးရသည် တောင်ကိုရီးယားနှင့် အမေရိကန် ပူးတွဲ စစ်ရေး လေ့ကျင့်မှု ပြုလုပ်စဉ် အတော အတွင်း မဟာဗျူဟာ ဒုံးကျည် တပ်ဖွဲ့သို့ စစ် သည်နှင့် စစ်ဘက်သုံး ယာဉ်များ တိုးမြှင့် ချထား ခဲ့ကြောင်း
တောင်ကိုရီးယား မီဒီယာ များက ဖော်ပြ ခဲ့သည်။

စကတ် ဒုံးကျည်နှင့် ရိုဒိုဒုံးကျည် တို့သည် မြောက် ကိုရီးယား၏ အဓိက တာ တိုပစ်နှင့် တာလတ်ပစ် ဒုံးကျည်များ ဖြစ်ပြီး ယင်း ဒုံးကျည်များ ဖြန့်ချမှု အခြေ အနေ များကို ယခုအခါ တောင်ကိုရီး ယားနှင့် အမေရိကန် အစိုးရကအနီးကပ်
စောင့်ကြည့်လျက် ရှိသည်။

မြောက် ကိုရီးယား နိုင်ငံသည် နျူကလီးယား ထိပ်ဖူးအား ဒုံးကျည်တွင် တပ်ဆင် ပစ်ခတ် နိုင်ရန် နှစ်ပေါင်း များစွာ လိုအပ် နေသေးသည်ဟု
လေ့လာသူ အများ စုက ပြောကြား ထားသော်လည်း သမားရိုးကျ လက်
နက် များနှင့် ဒုံးကျည် အများ အပြားကို ပိုင်ဆိုင်ထား သည် ဟူသော အချက်မှာ ငြင်းမရ သောကြောင့် ကိုရီးယား ကျွန်းဆွယ် ပေါ်မှ တင်းမာ မှုများနှင့် စပ်လျဉ်း၍ ခေါင်း အေးအေးထား ဖြေရှင်းရန် လိုအပ်သည်ဟု ပင်တဂွန်မှ ပြောရေး ဆိုခွင့်ရှိ သူ ဂျော့လစ်တဲလ် က ပြောကြား ထား
ကြောင်း တွေ့ရ ပါသည်။ ။

နိုင်အောင်
မြ၀တီ

မြောက် ကိုရီးယားနိုင်ငံသည် ယခုအခါ တောင်ကိုရီးယား နိုင်ငံနှင့် စစ်ပွဲဆင်နွှဲရန် အခြေအနေတစ်ရပ်အတွင်းသို့ ဝင်ရောက် လာ ပြီဖြစ်ကြောင်း မြောက်ကိုရီးယားအာဏာပိုင်များက ပြောကြားလိုက်ပြီး အမေရိကန်ပြည်ထောင်စု၏ အဓိကပြည်မကြီးကိုလည်း တိုက်ခိုက် ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်ခဲ့မှုကြောင့် တဖြည်းဖြည်း မြင့်တက် လာသည့် ကိုရီးယား ကျွန်းဆွယ်ပေါ်မှ တင်းမာမှုများနှင့် စပ်လျဉ်း၍ အင်အားကြီး နိုင်ငံများက မျက်ခြည် မပြတ်စောင့်ကြည့်လျက် ရှိသည်ကို တွေ့ရသည်။ 

ဝက်ခြံ ထွက်ခြင်းကို ကာကွယ်နည်း


Photo: ဝက်ခြံ ထွက်ခြင်းကို ကာကွယ်နည်း
Sunday, March 31, 2013

လူငယ်တွေ အတွက် မရိုးနိုင်တဲ့ ပြဿနာ ကတော့ ဝက်ခြံပါပဲ။ အထူး သဖြင့် အမျိုးသမီး တွေမှာ သွေးမဆုံး ခင်အထိ ဝက်ခြံက ဒုက္ခပေး ပါတယ်။

 အမျိုးသားတွေ အသက် ၄၀ ကျော် ရင် ၁ ရာခိုင်နှုန်းသာ ဝက်ခြံထွက် ပေမယ့် အမျိုးသမီး တွေမှာတော့ ၅ ရာခိုင်နှုန်းထိ ဝက်ခြံပြဿနာ ရှိမြဲပါ။

ဝက်ခြံဟာ မျက်နှာပြင်ပေါ် အဆီပြန် တဲ့အခါ မွေးညင်း ပေါက်တွေမှာ ဖုန် အညစ်အကြေးတွေ ပိတ်ဆို့နေလို့ ထွက် ရတယ်လို့ အတိအကျ မပြောနိုင်ပါ။

အလွန် အမင်း ဆေးကြော သန့်စင်၊ အကြိမ်ကြိမ် ရေဆေး သန့်ရှင်းကြ လို့ပါပဲ။ ဒီလို လုပ်ခြင်းဖြင့် ဝက်ခြံတွေ ပိုဆိုး သွားစေ ပါတယ်။ ရေနဲ့ ခဏ ခဏ ဆေးတော့ အရေပြား အစိုဓာတ် ခန်းပြီး ဝက်ခြံတွေ ပိုထွက် စေပြန် တယ်။ ဒါကြောင့် တစ်နေ့ ၂ ကြိမ် လောက်ပဲ ဆပ်ပြာ အပျော့စားနဲ့ ဆေးပါ။

credit to Myanmar News Update

လူငယ်တွေ အတွက် မရိုးနိုင်တဲ့ ပြဿနာကတော့ ဝက်ခြံပါပဲ။ အထူးသဖြင့် အမျိုးသမီး တွေမှာ သွေးမဆုံး ခင်အထိ ဝက်ခြံက ဒုက္ခပေး ပါတယ်။

Saturday 30 March 2013

ဆူပူမှုနောက်ကွယ်၌ တပ်မတော်မရှိဟု တုံ့ပြန်ပြောကြား



ဆူပူမှုနောက်ကွယ်၌ တပ်မတော်မရှိဟု တုံ့ပြန်ပြောကြား
===============================
Saturday, March 30, 2013 

ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေလက်ထက်က လမ်းပြမြေပုံ(၇)ရပ်ကို ချမှတ်
ခဲ့ခြင်းမှာဒီမိုကရေစီလမ်းကြောင်းသို့ ကူးပြောင်းစေလိုခြင်းကြောင့်ဖြစ်သည် ဟုပြည်ခိုင်ဖြိုးပါတီမှ တောင်ဥက္ကလာမြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်ဦးအောင်သိန်းလင်းက ဆိုသည်။ 

“စစ်သားတွေက ရိုးရိုးသာမာန်အရပ်သားထက် ငြိမ်းချမ်းရေးကို ပိုလိုလား
ပါတယ်။ကျွန်တော်တို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်ကတည်းက Road Map (၇)ချက်အတိုင်း လုပ်ဆောင်ခဲ့လို့ အခုလို ဒီမိုကရေစီအသွင် ကူးပြောင်းခဲ့တာပါ။အခုဆိုရင် ၂၀၁၀ ရွေးကောက်ပွဲလုပ်ပြီး ဒီမိုကရေစီ
စည်းဝိုင်းထဲ ရောက်နေပါပြီ။ အခုလည်း ဒီမိုကရေစီလမ်းဟောင်းကို ကျင့်သုံးတာ၂နှစ်ကျော်ပဲရှိသေးတယ်။ မရင့်ကျက်သေးတော့ နောက်ပြန်
လှည့် သွားနိုင်ပါတယ်”ဟု ဦးအောင်သိန်းလင်းက သုံးသပ်ပြောဆိုသည်။ 

ပြည်နယ်အချို့တွင် အကြမ်းဖတ်မှုနှင့် ပဋိပက္ခများ မကြာခဏဆိုသလို
ဖြစ်ပေါ်နေခြင်းမှာ တပ်မတော်မှ နောက်ကွယ်က ကြံစည်နေခြင်းဖြစ်သည်ဟု
အင်တာနက် လူမှုရေးဝက်ဆိုက်ဒ်အချို့၌ ပျံနှံ့ပြောဆိုနေမှုမှာ မှန်ကန်ခြင်း
မရှိဟု ၄င်းက ဆိုသည်။


“အစိုးရ အကူအညီတောင်းလို့သာ တပ်မတော်က ၀င်ပြီး ပုဒ်မ ၁၄၄ထုတ်ရ
တာပါ။တပ်မတော်က နောက်က ကြိုးကိုင်ပြီး လှုံ့ဆော်နေတယ်ဆိုတာ မဟုတ်ပါဘူုးဗျာ၊အပ်နဲ့ထွင်းရမယ့် ဟာကို ပုဆိန်နဲ့ ထွင်းရမှာစိုးလို့ တပ်မတော်က၀င်လုပ်ပေးနေတာပါ။ ဒီမိုကရေစီလမ်းကြောင်းကိုသွားနေ
တာ တပ်မတော်က ပျက်ဆီးရာ ပျက်ဆီးကြောင်း လုပ်ပါ့မလားဗျာ။ တပ်မတော်ကို အပုပ်ချချင်လို့အမြင်စောင်းနေသူတွေက အခုလို ပုံကြီးချဲ့ပြီး တပ်ကို မုန်းတီးလို့စွပ်စွဲပြောဆိုနေကြတာပါ” ဟုပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီမှ တောင်ဥက္ကလာပမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ပြောသည်။ 

မြန်မာနိုင်ငံတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသပိတ်စခန်းဖြိုခွင်း
ခြင်းကြာင့် ပြည်သူအများလမ်းပေါ်ထွက် ဆန္ဒပြမှုများအတော်အတန်ကြာ
ဖြစ်ပေါ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများဖြစ်ပွားခဲ့ရာမှ မိတ္တီလာမြို့၌ ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့ပြီးလက်ရှိအချိန်အထိ တည်ငြိမ်မှုရရန် ပုဒ်မများ ထုတ်ပြန်ကာထိန်းသိမ်းနေရဆဲဖြစ်သည်။


ပဋိပက္ခများဖြစ်စဉ်များနောက်၌ တပ်မတော်အပြင် ပြည်ပမှအဖွဲ့အစည်းများမှ
လှုံ့ဆော်နေခြင်း ကြောင့် ဖြစ်သည်ဟု လူမှုရေးစာမျက်နှာများ၌ဝေဖန်ပြောဆို
သံများ ထွက်ပေါ်နေခြင်းဖြစ်သည်။ 

အဆိုပါ အသံများနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီသစ်မှ
ဦးသိန်းညွှန့်က ယခုကဲ့သို့ သုံးသပ်ပြောဆိုသည်။ 

“ယူဆတာက စနစ်သစ်ကို ပြောင်းတဲ့အချိန်မှာ ခေတ်ဟောင်းက ဥစ္စာကြွယ်
ဝပြီးအနှစ်(၂၀)လုံးလုံး သပိတ်ဆိုရင် သူပုန်ထချင်သူတွေ နိုင်ငံတည်ဆောက်
တဲ့အခါမှာ နှေးကွေးအောင် လုပ်နေသူတွေ လုပ်နေတာပါ။ စစ်တပ်က မဟုတ်ပါဘူး။နောက်တစ်ခု ကျွန်တော်ကြားမိတာက ပြည်ပအဖွဲ့အစည်းတွေ
ကနေပြည်တွင်းက အချို့အဖွဲ့တွေကို ငွေကြေးထောက်ပံ့ပေးပြီး ပဋိပက္ခဖြစ်အောင်လုပ်နေတယ်ဆိုတာတွေ ဒီလိုပဋိပက္ခဖြစ်အောင် လုပ်တဲ့အထဲ မှာနိုင်ငံရေးပါတီအချို့လည်း ပါနေတယ်ဆိုတာတွေပေါ့” ဟုအမျိုးသားဒီမိုကရေစီအင်အားစုပါတီသစ်မှ ဦးသိန်းညွှန့်က ပြောသည်။ 

ဆူပူမှု၏ နောက်ကွယ်တွင် စစ်တပ်နှင့်အစိုးရအပေါ် စွပ်စွဲပြောဆိုချက်များက
အခြေအမြစ် မရှိကြောင်း ၊ ပဋိပက္ခများ ဖြစ်ပေါ်အောင် ပြုလုပ်နေခြင်းကြောင့်
ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အဟန့် အတားဖြစ်စေကြောင်း
နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဖေ့ဘုတ်လူမှုရေး
ကွန်ယက်၌ဆိုသည်။ 

“အစိုးရနဲ့ တပ်မတော်က ဒီအခြေအနေတွေမှာ အစိုးရိမ်ဆုံး အဖွဲ့အစည်း
ပါ။ဒါတွေက နိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေး ၊စီးပွားရေးပြုပြင်
ပြောင်းလဲမှုစတဲ့ လုပ်ငန်းအားလုံးကို ထိခိုက်စေရုံ သာမကနိုင်ငံတကာမှာ
မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ကိုပါ ထိခိုက်စေတဲ့ကိစ္စဖြစ်ပါတယ်၊ ကျွန်တော်တို့အားလုံးက ဒါတွေကို ထိန်းဖို့ကြိုးစားနေတာဖြစ်ပါတယ် “ ဟု ဦးရဲထွဋ်က ဖေ့ဘုတ်စာမျက်နှာတွင်ပြောကြားထားခြင်းဖြစ်သည်။ 

အဆိုပါပဋိပက္ခအရေးများကိုဖြေရှင်းရာ၌ နိုင်ငံတော်သမ္မတအနေဖြင့် ပွင့်လင်းမြင်သာစွာဖြေရှင်းသင့်ကြောင်း ၊ လူထုကလည်း ပူးပေါင်းပါဝင်
တားဆီးသင့်သည်ဟု ဦးသိန်းညွှန့်ကအကြံပြုပြောဆိုသည်။

Myit Makha Mediagroup

ZinYawNews
ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေလက်ထက်က လမ်းပြမြေပုံ(၇)ရပ်ကို ချမှတ်ခဲ့ခြင်းမှာ ဒီမိုကရေစီလမ်းကြောင်းသို့ ကူးပြောင်းစေ လိုခြင်းကြောင့်ဖြစ်သည် ဟုပြည်ခိုင်ဖြိုးပါတီမှ တောင်ဥက္ကလာမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ဆို သည်။

အဓိကရုဏ်းတွေမှာ အာဏာပိုင်တချို့ ပတ်သက်မှုရှိတယ်လို့ ကုလအထူးကိုယ်စားလှယ်ပြော


အဓိကရုဏ်းတွေမှာ အာဏာပိုင်တချို့ ပတ်သက်မှုရှိတယ်လို့ ကုလအထူးကိုယ်စားလှယ်ပြော
Saturday,March 30, 2013

လတ်တလောဖြစ်ပွားနေတဲ့ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား အကြမ်းဖက်တိုက်ခိုက်မှု တချို့မှာ အာဏာပိုင်တွေ ပါဝင်ပတ်သက်မှု တစ်စုံတစ်ရာရှိတယ်ဆိုတဲ့ သတင်းပေးပို့ချက်တွေ မိမိရရှိကြောင်း
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် 
Tomas Ojea Quintana က မနေ့က ပြောလိုက်ပါတယ်။

စနစ်တကျဖွဲ့စည်းထားတဲ့ လူအုပ်စုက အကြမ်းဖက်ဖျက်ဆီးနေတာကို ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ အရပ်ဖက်အုပ်ချုပ်ရေးဆိုင်ရာ အာဏာပိုင်တချို့က သူတို့မျက်စိရှေ့မှောက်မှာ ဖြစ်ပျက်နေတာကို ရပ်ကြည့်နေတယ်ဆိုတဲ့ သတင်းတွေရရှိကြောင်း မစ္စတာ Quintana က ပြောလိုက်ပါတယ်။

မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အရေးအခင်းအပါအဝင် လတ်တလော ပေါ်
ပေါက်နေတဲ့ကိစ္စတွေနဲ့ ဆက်စပ်ပြီး တာဝန်ရှိသူတွေက ရဲရဲဝံ့ဝံ့ကိုင်တွယ်
ဖို့ သမ္မတဦးသိန်းစိန်က မနေ့က အမိန့်ပေးညွှန်ကြားလိုက်ပြီးနောက်မှာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောလိုက်တာဖြစ်ပါတယ်။

လက်ရှိဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ တခြားနေရာတွေကို မပြန့်နှံ့သွားအောင် အစိုးရအနေနဲ့ အမြန်ဆုံးအရေးယူပေးဖို့နဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေမှာ လူ့အ
ခွင့်အရေး ချိုးဖေါက်မှုကျူးလွန်ခဲ့တဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အပြစ်ကျူးလွန်
သူတွေကို အရေးယူပေးဖို့ကိုလည်း မစ္စတာ ကင်တားနားက တောင်းဆိုထား
ပါတယ်။

မစ္စတာကင်တားနားရဲ့ ပြောဆိုချက်ဟာ မမှန်ကန်ကြောင်း အဲဒီလိုပြော
ဆိုချက်တွေကို လုံးဝငြင်းပယ်ကြောင်း သမ္မတဦးသိန်းစိန်ရဲ့ ပြောရေး
ဆိုခွင့်ရှိသူ ဒုတိယဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ
ဖေါ်ပြထားပါတယ်။

မစ္စတာကင်တားနားအနေနဲ့ မြေပြင်အခြေအနေတွေကို မှန်မှန်ကန်
ကန်လေ့လာမှုမရှိပဲ တဆင့်ကြားသတင်းများကိုသာ အခြေပြုပြော
ကြားနေခြင်းဟာ အခြေအနေကို ထိန်းသိမ်းနိုင်အောင် ဝိုင်းဝန်းကြိုး
ပမ်းဆာင်ရွက်နေတဲ့ အစိုးရ၊ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများ၊ သာ
သာရေးခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများရဲ့ လုပ်ဆောင်ချက်
များကို မျက်ကွယ်ပြုရာရောက်တဲ့အတွက် ဝမ်းနည်းစရာဖြစ်ကြောင်း ဦးရဲထွဋ်က ပြောထားပါတယ်။

RFA
စနစ်တကျဖွဲ့စည်းထားတဲ့ လူအုပ်စုက အကြမ်းဖက်ဖျက်ဆီးနေတာကို ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ အရပ်ဖက် အုပ်ချုပ်ရေးဆိုင်ရာ အာဏာပိုင်တချို့က သူတို့မျက်စိရှေ့မှောက်မှာ ဖြစ်ပျက်နေတာကို ရပ်ကြည့်နေ တယ်ဆိုတဲ့ သတင်းတွေရရှိကြောင်း မစ္စတာ Quintana က ပြောလိုက်ပါတယ်။
မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အရေးအခင်းအပါအဝင် လတ်တလော ပေါ်ပေါက်နေတဲ့ကိစ္စတွေနဲ့ ဆက် စပ်ပြီး တာဝန်ရှိသူတွေက ရဲရဲဝံ့ဝံ့ ကိုင်တွယ်ဖို့ သမ္မတဦးသိန်းစိန်က မနေ့ကအမိန့်ပေးညွှန်ကြားလိုက် ပြီးနောက်မှာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်က ပြောလိုက်တာဖြစ် ပါတယ်။

ဦးသိန်းစိန်နဲ့ ဒေါ်စု ပြည်ပခရီး ကိုယ်စီထွက်ကြမည်



ဦးသိန်းစိန်နဲ့ ဒေါ်စု ပြည်ပခရီး ကိုယ်စီထွက်ကြမည်
Saturday,March 30, 2013

လာမယ့် ဧပြီလထဲမှာ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကို သွား
ဖို့ရှိနေပြီး မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့
ဂျပန်နိုင်ငံကို ခရီးထွက်ဖို့ ရှိနေပါတယ်။ အခုလို မြန်မာနိုင်ငံ အတွင်းမှာ လူ
မျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့အချိန် နိုင်ငံ အတွက် အရေးပါဆုံး ပုဂ္ဂိုလ်နှစ် ဦးစလုံး ခရီးထွက်မှာကို ပြည်သူတွေကြား စိုးရိမ်မှု
တွေ ရှိပါတယ်။ 

အဲဒီလို စိုးရိမ်မှုတွေ ရှိနေသလို နိုင်ငံရဲ့ အခြေအနေတည်ငြိမ်အောင် ထိန်း
ထားနိုင်တယ်လို့ ယုံကြည်ပုံရတယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ ဒီအကြောင်းကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေမြန်မာပိုင်းသတင်းထောက်
ကိုအောင်ရဲမောင်မောင်က ပြောပြပေးမှာပါ။

သမ္မတဦးသိန်းစိန်ဟာ တရုတ်နိုင်ငံမှာ ဧပြီလ ၆ ရက် နေ့ကနေ ၈ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမဲ့ အာရှ နှစ်ပတ်လည်ညီလာခံကို တက်ရောက်ဖို့ ရှိနေတယ်လို့ နိုင်ငံတော်သမ္မတရုံးနဲ့နီးစပ်တဲ့ အသိုင်း
အ၀ိုင်းက ပြောဆိုလာတာပါ။

တစ်ချိန်တည်းမှာပဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု
ကြည်လည်း ဧပြီလ ၁၂ ရက်နေ့မှာ ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်
မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

အခုလို နိုင်ငံအတွက် အရေးပါတဲ့ ခေါင်းဆောင်နှစ်ဦးလုံးက တိုင်းပြည်
မှာ အကြမ်းဖက် လုပ်ရပ်တွေ ဖြစ်ပေါ်နေချိန် ပြည်တွင်းကနေ
ပြည်ပခရီးသွားရောက်ဖို့တွေ ရှိနေတဲ့အပေါ်မှာ စိုးရိမ်မှု တချို့ ရှိနေကြပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ဥက္ကဋ္ဌ ဖြစ်သူ ဦးသုဝေက အခုလိုအချိန်
မှာ နိုင်ငံရဲ့ အလေးထားရတဲ့ သူနှစ်ဦး ပြည်ပခရီးသွားမယ်ဆိုတာကို အနည်းငယ်စိုးရိမ်မိတယ်လို့ ပြောပါတယ်။

“ဖြစ်သင့်တာကတော့ တိုင်းပြည်မှာ အရေးကြီးတဲ့ခေါင်းဆောင်များ
ဟာ တိုင်းပြည်မှာ အခက်အခဲတွေ တွေ့နေတဲ့ ကာလမှာတော့ သူ
တို့က တိုင်းပြည်မှာပဲ ရှိသင့်တာပေါ့နော်။

ချိန်းပြီးသားတောင်မှပဲ အချိန်းအချက်တွေကို ဖျက်ပြီးတော့ သက်ဆိုင်ရာ အခြေအနေတွေ ကို ဖြေရှင်းဖို့က အရင်ဦးစားပေး တာပေါ့နော်။ တစ်ခုတော့ ရှိတာပေါ့။ ကျနော်တို့ အခု တိုင်းပြည်မှာ ညက ဆိုလို့ရှိရင် သမ္မတကြီးက တိုင်းပြည်အတွက်ကို ပြောကြားတဲ့ မိန့်ခွန်း ရှိတာပေါ့နော်။

သူပြောတာကတော့ ကျနော် အတော်ကြိုက်ပါတယ်။ ကောင်းပါတယ်။ အားလုံး အေးအေးဆေးဆေး ဖြစ်သွားအောင်ပေါ့နော်။ အကယ်၍များ အဲဒီဟာကြောင့်မို့လို့ လူတွေကလည်း လူတွေကလည်း အေးအေး
ချမ်းချမ်း ဖြစ်သွားမယ်၊ နောက်ပြီး အစိုးရ ကလည်း သေသေချာချာလေး ဂရုတစိုက်နဲ့ထားမယ်ဆိုရင်တော့ တိုင်းပြည်က ငြိမ်သွားမှာပေါ့နော်။ အဲ
လို ငြိမ်သွားလို့ သွားမယ်ဆိုရင်တော့လည်း ကောင်းပါတယ်။ တိုင်းပြည်
အတွက် သွားတာပဲ-ပေါ့နော်။”

နိုင်ငံတော်သမ္မတဟာ အခုတစ်ကြိမ်သွားရောက်မယ့် ခရီးစဉ်နဲ့ဆို
ရင် သူ့ရဲ့သမ္မတသက်တမ်းအတွင်း ၃ ကြိမ်မြောက် တရုတ်နိုင်ငံကို သွားရောက်မယ့်ခရီးစဉ်လည်း ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း
ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်ဟာ ဧပြီလ ၁၂ ရက်
မှာ စတင်မှာဖြစ်ပေမဲ့ ဘယ်လောက် ကြာမယ် ဆိုတာကိုတော့ မသိ
နိုင်ဘူးလို့ ဦးဉာဏ်ဝင်းက ပြောထားတာပါ။

ခေါင်းဆောင် (၂) ဦးဟာ အခုလို တိုင်းပြည်မှာ အနည်းငယ် မငြိမ်မ
သက်ဖြစ်နေပေမဲ့ ပြည်ပ နိုင်ငံတွေကို သွားဖို့ ဆုံးဖြတ်ကြတာဟာ သူ
တို့မှာ ယုံကြည်မှုတွေရှိလို့ သွားရဲတာဖြစ်နိုင်တယ်လို့ ရှမ်းတိုင်းရင်းသား
များ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောပါတယ်။

“ဒါကတော့ ဒီလိုပဲ ရှိမှာပဲလေ။ ဗမာရဲ့သမိုင်းကြောင်းက အဲလိုပဲလေ။ ရုတ်ရုတ်..ရုတ်ရုတ် ကတော့ ဖြစ်နေမှာပဲ။ သွားတာလည်း သူ့ဟာသူ သွားမှာပဲ။ ….တစ်ခုပဲ ရှိတယ်။ ပြောလို့မရတာကတော့ ရှမ်းပြည်ဘက်
လည်း ပြောလို့ မရဘူး။ ရှမ်းပြည်ဘက်ကလည်း နည်းနည်း (စစ်) ထိုးနေတယ်ဗျ။”

သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ခရီးသွားပေမဲ့လည်း ပြည်တွင်းမှာ
ရှိတဲ့ ပြည်သူလူထုအနေနဲ့ ကိုယ်လုံခြုံရေးအတွက်ကို အမြဲ သတိရှိရှိနဲ့
နေထိုင်နိုင်မယ်ဆိုရင် ပြဿနာတွေ ဖြစ်လာနိုင်ဖို့က နည်းတယ်လို့လည်း နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။

“နိုင်ငံကို အုပ်ချုပ်တဲ့ သမ္မတတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့- သူတို့အောက်
ကရှိတဲ့သူတွေ၊ သက်ဆိုင်ရာ လုံခြုံရေးတို့၊ တပ်မတော်ပိုင်းတို့၊ နောက် အုပ်
ချုပ်ပိုင်ခွင့်ရှိတဲ့ကဏ္ဍက ဝန်ကြီးတွေအပေါ် မူတည်ပါတယ်။ ဒေါ်အောင်ဆန်း
စုကြည်ပဲ သွားသွား၊ ဦးသိန်းစိန်ပဲ သွားသွား၊ အဆင့်ဆင့်အုပ်ချုပ်ရတဲ့ ဌာန
ဆိုင်ရာတွေမှာ မူတည်ပါတယ်။

အဓိက-ကတော့ ပြည်သူတွေရဲ့ နေရေးထိုင်ရေးမှာ ကိုယ့်စည်းကမ်းနဲ့ကိုယ်
နေဖို့ အရေးကြီးပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် ဟာ ဂျပန်နိုင်ငံကိုသွားရောက်မဲ့ ခရီးစဉ်မှာ
မြို့တော် တိုကျိုကို သွားရောက်မှာ ဖြစ်တဲ့အပြင် ၁၉၈၅ -၁၉၈၆ ကာလတွေအတွင်းသူမ ပညာသင်ခဲ့တဲ့ ကျိုတိုမြို့ကိုလည်း လည်
ပတ်မှာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်ရဲ့တရုတ်ပြည်ခရီးစဉ်ကတော့ တရုတ်နိုင်
ငံက ထိပ်ပိုင်းခေါင်းဆောင်တွေ အပြောင်းအလဲ ဖြစ်ပြီးချိန်မှာ ပထမဆုံး သွားရောက်လည်ပတ်တဲ့ ခရီးစဉ်တစ်ခုလည်း ဖြစ်လာမှာပါ။

သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သွားရောက်မဲ့ တရုတ်နဲ့ဂျ
ပန် နှစ်နိုင်ငံဟာ ဆိုရင် မြန်မာပြည်နဲ့ ထိတွေ့ ဆက်ဆံရေးတွေ အများကြီးရှိ
တဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံဟာ အရင်စစ်ခေါင်းဆောင်တွေလက်ထက်မှာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ကောင်းမွန် ခဲ့ပြီး ပြည်တွင်းမှာလည်း စစ်တပ်နဲ့အတူ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းတွေကိုလည်း အမြောက်အမြား ရင်နှီး လုပ်ကိုင်ခဲ့တာပါ။

ဂျပန်နိုင်ငံကတော့ မြန်မာနိုင်ငံရဲ့ အစိုးရသစ်လက်ထက်မှာ
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အစဉ်တစိုက် တွန်း
အားပေးဖို့ ကူညီ ဆောင်ရွက်နေတဲ့ နိုင်ငံတစ်ခုလည်းဖြစ်ပါ
တယ်။

မကြာသေးခင်တုန်းကဆိုရင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေ
မှာ ပိုပြီးတိုးတက်ဖို့ မြန်မာနိုင်ငံက တင်နေတဲ့ ကြွေးမြီကင်းအော် ကူညီဆပ်ပေးခဲ့တဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်ခင်ဗျာ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာသမ္မတဦးသိန်းစိန်တို့ကို ပြည်ထောင်စုနေ့အခမ်းအနားတွင် တွေ့ရစဉ်။ (ဖေဖော်ဝါရီ ၁၂၊ ၂၀၁၃)

အောင်ရဲ မောင်မောင် 
VOA

လာမယ့်ဧပြီလထဲမှာ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကိုသွားဖို့ရှိနေပြီး မြန်မာ့ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ဂျပန်နိုင်ငံကို ခရီးထွက်ဖို့ ရှိနေပါတယ်။ အခုလို မြန်မာနိုင်ငံအတွင်းမှာ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့အချိန် နိုင်ငံ အတွက် အရေးပါဆုံး ပုဂ္ဂိုလ်နှစ် ဦးစလုံး ခရီးထွက်မှာကို ပြည်သူတွေကြား စိုးရိမ်မှုတွေ ရှိပါတယ်။

ပဲခူးတိုင်းဒေသကြီးအတွင်း ပဋိပက္ခဖြစ်စဉ်များအား ဦးဆောင်ခဲ့သူ ၁၉ ဦးအား ဖမ်းဆီးခဲ့ပြီး နယ်မြေလုံခြုံရေးအရ ၅ ဦးကို အာမခံဖြင့် လွှတ်ပေးထား


မတ်လ ၂၃ရက်နေ့ ညပိုင်း မှစ၍ ပဲခူးတိုင်းဒေသကြီးအတွင်း ပဋိပက္ခဖြစ်စဉ်များအား ဦးဆောင်ခဲ့သူ ၁၉ ဦးအားဖမ်းဆီးခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး လှမြင့်က မတ်လ ၂၉ ရက် ညနေပိုင်းတွင် Eleven Media Group သို့ ပြောကြားခဲ့သည်။မင်းလှမြို့နယ်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သော ဦးဆောင်သူ ၅ ဦးကို နယ်မြေလုံခြုံရေးအရ အာမခံဖြင့် ပြန် လွှတ်ပေးထား ရကြောင်း ဒုတိယရဲမှူးကြီး လှမြင့်က အတည်ပြု ပြောကြားခဲ့သည်။

ဂျော်ဒန်မှာ အခွင့်အရေးတွေ ချိုးဖေါက်ခံရတဲ့ မြန်မာ အလုပ်သမားတွေ ပြန်လာ



Friday 29 March 2013

နိုင်ငံတော်သမ္မတကြီး တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တက်ရောက်


နိုင်ငံတော်သမ္မတကြီး တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ
ရောင်းချရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တက်ရောက်
==================================

''ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည့်အတွက် ဆက်သွယ်ရေး ကဏ္ဍသည် အရေးကြီးသည့် ကဏ္ဍဖြစ်ကြောင်း'' ဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယခုအစည်းအဝေးမှာ ပြည်သူလူထုအား ကြိုတင် အသိပေးထားသည့်အတိုင်း မိုဘိုင်းလ်ဖုန်း Sim Card များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးရန် ညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း၊ ဆက်သွယ်ရေး ကဏ္ဍသည် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် သာမက နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေး စသည်ဖြင့် ကဏ္ဍစုံကို အထောက်အကူပြုသည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ဆက်သွယ်ရေးကဏ္ဍသည် အလွန်အရေးကြီးသည့် ကဏ္ဍ ဖြစ်ပါကြောင်း၊ 

မြန်မာနိုင်ငံ၏ တယ်လီဖုန်း သိပ်သည်းဆမှာ (၇) ရာခိုင်နှုန်းခန့်သာ ရှိနေသေးကြောင်း၊ တယ်လီဖုန်းသုံးစွဲနိုင်မှု များပြားလာအောင် မိမိတို့အစိုးရအဖွဲ့ အနေဖြင့် စီမံချက်များ ရေးဆွဲပြီးစီမံဆောင်ရွက်လျက် ရှိကြောင်း၊ တယ်လီဖုန်းသုံးစွဲမှု တိုးတက်များပြားလာအောင် တိုးမြှင့်တပ်ဆင်ပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ရာတွင် ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် လိုင်း (၈)သန်း ၊ ၂ဝ၁၄-၂ဝ၁၅ တွင် လိုင်း (၁၈) သန်း စုစုပေါင်း (၂၆) သန်း တိုးချဲ့တပ်ဆင်ပေးသွားမည် ဖြစ်ပါကြောင်း၊ သိပ်သည်းဆအားဖြင့် ၂ဝ၁၂-၂ဝ၁၃ တွင် (၁ဝ) ရာခိုင်နှုန်း၊ ၂ဝ၁၃-၂ဝ၁၄ တွင် (၂၇) ရာခိုင်နှုန်းနှင့် ၂ဝ၁၄-၂ဝ၁၅ တွင် (၅ဝ) ရာခိုင်နှုန်း ဖြစ်လာအောင် လျာထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ 

ယင်းလျာထားချက်မှာ အနိမ့်ဆုံးရည်မှန်းချက်ဖြစ်ပြီး ယင်းရည်မှန်းချက် ဖြစ်မြောက်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်နိုင်သည်နှင့်အမျှ နိုင်ငံတော်၏ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ တယ်လီဖုန်းသည် လက်တွေ့ နယ်ပယ်အသီးသီးတွင် ထိရောက်စွာ အသုံးပြုနေသည့် ပစ္စည်းတစ်ခု ဖြစ်ပါကြောင်း၊ တယ်လီဖုန်း သုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍမှာ များပြားပါကြောင်း၊ အခြေခံ အဆောက်အအုံ တည်ဆောက်သည့် အပိုင်းနှင့် တယ်လီဖုန်းလိုင်းများ တည်ဆောက်သည့် အပိုင်းဟူ၍ ရှိပါကြောင်း၊ အခြေခံ အဆောက်အအုံနှင့် တယ်လီဖုန်းလိုင်းများ တိုးချဲ့တပ်ဆင်နိုင်ရေးအတွက် ပြည်တွင်း ကုမ္ပဏီများသာမက ပြည်ပကုမ္ပဏီများကိုပါ ဖိတ်ခေါ်ထားပါကြောင်း။

မိုဘိုင်းလ် တယ်လီဖုန်း Sim Card များကို ယခင်က ပြည်သူများ ဝယ်ယူသုံးစွဲရသည်မှာ ဈေးနှုန်း များပြားခဲ့ပါကြောင်း၊ ဈေးများရသည့် အကြောင်းမှာ ပြည်သူများထံမှ ရောင်းချရသည့် ငွေများဖြင့် အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်းနှင့် လိုင်းများ တပ်ဆင်ရခြင်းတို့ကြောင့် ဖြစ်ပါကြောင်း၊ ယခု အခြေအနေတွင် အခြေခံ အဆောက်အအုံနှင့် လိုင်းများမှာ တော်တော်များများ တပ်ဆင်ပြီးဖြစ်၍ လိုင်းများများ သုံးနိုင်ရန်အတွက်ဆိုလျှင် Sim Card များကိုလည်း ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်အောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ပြည်သူများအား Sim Card များ ရောင်းချပေးမည့် ရက်နှင့် ဈေးနှုန်းတို့ကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက အချိန်မီ သတင်း ထုတ်ပြန် ကြေညာပေးသွားမည် ဖြစ်ပါကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် ခွဲဝေရရှိလာသော Sim Card များကို တယ်လီဖုန်း မရရှိသေးသည့် ပြည်သူများ မျှမျှတတ ရရှိနိုင်အောင် စနစ်တကျ ဖြန့််ခွဲ ရောင်းချပေးသွားရန် ဖြစ်ပါကြောင်း၊ ပြင်ပတွင် ဈေးမကစားနိုင်ရေးအတွက် Sim Card များကို တူညီသည့်ဈေးနှုန်းဖြင့် လစဉ် ရောင်းချပေးသွားရန် စီစဉ်ထားပါကြောင်း၊ Sim Card များရောင်းချပေးသည့်နည်းတူ Hand Set များကိုလည်း ပုဂ္ဂလိကမှ ရောင်းချရာတွင် ဈေးမကစားနိုင်အောင် အခွန်လျော့ပေးသည့်နည်း၊ အပြိုင်အဆိုင် ရောင်းချပေးစေသည့် နည်းစသည့် နည်းလမ်းများအပါအဝင် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပြီး နည်းလမ်းရှာဖွေ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ အနေဖြင့် Sim Card များကို သတ်မှတ် ပေးထားသည့် ဈေးနှုန်းအတိုင်း ပြည်သူများထံ မှန်မှန်ကန်ကန်နှင့် မျှမျှတတ ဖြန့်ဝေပေးသွားရန် ဖြစ်ပါကြောင်း၊ Sim Card များကို လစဉ် ဈေးနှုန်းမပြောင်းလဲဘဲ ဖြန့်ဝေပေးမည် ဖြစ်သည့်အတွက် ယခုလမရရှိပါက နောက်လတွင် ရရှိမည် ဖြစ်ကြောင်းကိုလည်း ပြည်သူများအား အသိပေးတင်ပြထားရန် ဖြစ်ပါကြောင်း၊ Sim Card များ ရရှိပြီးနောက် ဖုန်းလိုင်းများ ကြပ်တည်းမှု မရှိစေရေးအတွက်လည်း ကြိုတင်စီမံဆောင်ရွက်သွားရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

Read More : http://www.president-office.gov.mm/zg/briefing-room/news/2013/03/29/id-3012
Credit: Hmuu Zaw

''ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုသည် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု သည့်အတွက် ဆက်သွယ်ရေ ကဏ္ဍသည် အရေးကြီးသည့် ကဏ္ဍဖြစ်ကြောင်း'' ဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေး တွင် ပြောကြား ခဲ့သည်။

ဆင်းကဒ်ဈေး ထောင်ဂဏန်းဖြင့် ချထားပေးပါက ဟန်းဆက်ဆိုင်များက အခမဲ့ပေးမည်


ဆင်းကဒ်ဈေး ထောင်ဂဏန်းဖြင့် ချထားပေးပါက ဟန်းဆက်ဆိုင်များက အခမဲ့ပေးမည်

နိုင်ငံတော်မှ တန်ဖိုးနည်း ဆင်းကဒ်များကို ကျပ်ထောင်ဂဏန်းမျှဖြင့် အမှန်တကယ် ဈေးလျှော့ချပေးမည်ဆိုပါက ဟန်းဆက် အရောင်းဆိုင်များက ဆင်းကဒ် အခမဲ့ပေးကာ ဟန်းဆက်များကိုသာ ဦးစားပေး ရောင်းချသွားရန် စီစဉ်နေကြကြောင်း စုံစမ်းသိရှိရသည်။ နောက်ဆုံးထွက်ပေါ်နေသော သတင်းများအရ GSM ဆင်းကဒ် တစ်ကဒ်လျှင် ကျပ်နှစ်ထောင်နှင့် WCDMA ကို ကျပ်ငါးထောင်နှုန်းဖြင့် ချထားမည်ဟု ထွက်ပေါ်နေပြီး ဧပြီလတွင် တန်ဖိုးနည်းဖုန်းများ ချထားပေးရန် စီစဉ်နေကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။ “တကယ်သာ ထောင်ဂဏန်းလောက်နဲ့ဆိုရင် ကျွန်တော်တို့လည်း ဟန်းဆက်ဝယ်တဲ့သူကို ဆင်းကဒ် အလကားပေးတဲ့ ဈေးကွက် ဖော်ဆောင်သွားဖို့ ရှိတယ်။ ဟန်းဆက်ဆိုင် တော်တော်များများကလည်း ဒီလိုဈေးကွက် Promotion လုပ်ကြမှာဆိုတော့ ကျွန်တော်တို့လည်း လုပ်ဖြစ်မှာပါ” ဟု ဗိုလ်အောင်ကျော်လမ်းရှိ Mobile Bank ဟန်းဆက်အရောင်းဆိုင်မှ တာဝန်ခံကိုသော်ဇင်က ဆိုသည်။ ရန်ကုန်မြို့တွင်းရှိ ဟန်းဆက် အရောင်းဆိုင် အများစုမှာလည်း ကနဦး သတင်း ထွက်ပေါ်နေသည့်အတိုင်း ဆင်းကဒ်ဈေး ထောင်ဂဏန်းမျှသာ ရှိမည်ဆိုပါက ထိုသို့ အခမဲ့ပေးသွားရန် စီစဉ်ကြသော်လည်း အချို့သော ဆိုင်များမှာမူ ဈေးနှုန်းအတည်အကျ ထွက်ပေါ်မှသာ ဈေးကွက် အနေအထားအရ လုပ်ဆောင်သွားရန် စောင့်ကြည့်နေဆဲဟု သိရသည်။ “အချို့ဆိုင်တွေကတော့ ဆင်းကဒ် အခမဲ့ပေးဖို့ ပြင်ကြပေမယ့် ကျွန်တော်တို့ကတော့ လောလောဆယ် ဟန်းဆက်ဈေးနဲ့ ပစ္စည်းမှန်ဖြစ်ရေးကိုပဲ ဦးစားပေးနေတာပါ။ နောက်တော့ ဈေးကွက် အနေအထားအရတော့ ပိုင်ရှင်က အစီစဉ်သစ်တစ်ခုခု စီစဉ်သွားမယ် ထင်တယ်” ဟု New Moile ဟန်းဆက်အရောင်းဆိုင် တာဝန်ရှိသူတစ်ဦးက ဆိုသည်။ နိုင်ငံတော်မှ တန်ဖိုးနည်း ဖုန်းများကို ဧပြီ ၁ ရက်တွင် ရောင်းချပေးသွားမည်ဟု ဆိုသော်လည်း ပြင်ပဟန်းဆက် အရောင်းဆိုင်များမှ တိုက်ရိုက်ရယူ ရောင်းချခွင့်ရှိ မရှိကိုမူ မသိရှိရသေးကြောင်းလည်း Mobile အရောင်းဆိုင်များက ဆိုသည်။ ထိုသို့ အများပြည်သူ လက်လှမ်းမီနိုင်မည့် မမျှော်လင့်သော နှုန်းဖြင့် ဆင်းကဒ်များ ချထားပေးသွားမည်ဟု အတည်ပြု သတင်း ထွက်ပေါ်ခဲ့ပြီးနောက် ဟန်းဆက် ကြိုတင်စုဆောင်းမှုများကြောင့် ဟန်းဆက်ဈေးကွက် အနည်းငယ် လှုပ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။ သို့သော်လည်း ယခုထွက်ပေါ်မည့် ဖုန်းလိုင်းစနစ်မှာ တန်ဖိုးနည်းဆင်းကဒ်နှင့် သုံးစွဲ၍ မရမည်ကို စိုးရိမ်မှုများကြောင့် အခြေအနေ စောင့်ကြည့်နေခြင်းများလည်း ရှိသည်ဟု ဆင်းကဒ်ဝယ်ရန် စောင့်ဆိုင်းနေသူ တစ်ဦးက ပြောဆိုသည်။ “ဆင်းကတ်တွေ အလကားပေးမယ် ဆိုပေမယ့်လို့ ဟန်းဆက်ဈေးထဲမှာပဲ ဆင်းကဒ်တန်ဖိုး ထည့်ထားမယ်ဆိုရင်တော့ မဟုတ်သေးဘူး။ အရောင်းမြှင့်တင်ရေး သဘောနဲ့ သက်သက်ပေးတာ ဆိုရင်တော့ အဲဒီလိုပေးတဲ့ ဆိုင်မှာပဲ ဝယ်ဖြစ်မှာပါ” ဟု အဆိုပါပုဂ္ဂိုလ်က ၎င်း၏ ဆန္ဒအား ပြောပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၂ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

ခေတ်လူငယ် 

http://www.facebook.com/ZinYawNews


နိုင်ငံတော်မှ တန်ဖိုးနည်း ဆင်းကဒ်များကို ကျပ်ထောင် ဂဏန်း မျှဖြင့်အမှန်တကယ် ဈေးလျှော့ချပေးမည်ဆိုပါက ဟန်းဆက် အရောင်းဆိုင်များက ဆင်းကဒ်အခမဲ့ပေးကာ ဟန်းဆက်များကို သာဦးစားပေး ရောင်းချသွားရန် စီစဉ်နေကြကြောင်း စုံစမ်းသိရှိ ရသည်။ နောက်ဆုံးထွက်ပေါ်နေသော သတင်းများအရ GSM ဆင်းကဒ် တစ်ကဒ်လျှင် ကျပ်နှစ်ထောင်နှင့် WCDMA ကို ကျပ်ငါးထောင်နှုန်းဖြင့် ချထားမည်ဟု ထွက်ပေါ်နေပြီး ဧပြီလတွင်

အကြမ်းဖက်မှုများကို အပြင်းအထန်ရှုတ်ချကြောင်း သီတဂူဆရာတော် မိန့်ကြား


 

ဘယ်လို အကြမ်းဖက်မှုမျိုးကိုမဆို အပြင်းအထန် ရှုတ်ချကြောင်း သီတဂူဆရာတော်က မိန့်ကြား လိုက်ပါတယ်။
မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအပါအ၀င် ပဲခူးတိုင်း မင်းလှ၊ အုတ်ဖို၊ ဇီးကုန်း၊ ကြို့ပင်ကောက်၊ နတ္တလင်း၊ သာယာဝတီ၊ လက်ပံတန်းနဲ့ မိုးညိုမြို့တွေမှာ အကြမ်းဖက် ဖျက်ဆီးမှုတွေနဲ့ သွေးထိုးလှုံ့ဆော် မှုတွေ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ဆရာတော်ကြီးက မိန့်ကြားလိုက်တာပါ။
ဆရာတော်ကြီးက“မည်သည့်အကြောင်းကြောင့် အကြမ်းဖက်သည်ဖြစ်စေ တို့ ပြင်းပြင်းထန်ထန် ရှုတ်ချ တယ်။ ဘယ်လူမျိုးက ဘယ်လူမျိုးကိုပဲ အကြမ်းဖက်ဖက် ပြင်းပြင်းထန်ထန်ရှုတ်ချတယ်” လို့ မိန့်ပါတယ်။
ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဗုဒ္ဓရဲ့ အဆုံးအမကိုလိုက်နာပြီး အေးအေးချမ်းချမ်းနဲ့ လူမျိုးတိုင်း ကို စောင့်ရှောက်ကြဖို့လည်း ဆရာတော်ကြီးက မိန့်ပါတယ်။

မိတ္ထီလာမြို့ စည်ပင်သာယာဈေးကြီး ဖွင့်လှစ်နိုင်ခြင်း မရှိသေးသော်လည်း ပုလဲဈေး၊ ပေါက်ချောင်းဈေး စသောရပ်ကွက်ဈေးများ ပုံမှန်ဖွင့်လှစ်လျှက်ရှိ


မိတ္ထီလာမြို့ စည်ပင်သာယာဈေးကြီးနှင့် ပိတောက်မြိုင်ဈေး ဖွင့်လှစ်နိုင်ခြင်း မရှိသေးသော်လည်း ပုလဲဈေး ၊ ပေါက်ချောင်းဈေးနှင့် မြို့သစ်ဈေး စသောရပ်ကွက်ဈေးများ ပုံမှန်ပြန်လည် ဖွင့်လှစ်ရောင်းချလျက် ရှိ ။"ဈေး ဖွင့် ဖို့ ဆိုတာက ခုချိန်က လုံခြုံရေးကို ပိုဂရုစိုက်တဲ့ ကာလ ဖြစ်နေတယ်၊ လုံခြုံရေးတစ်ခုခု ကျိုးပေါက် တာနဲ့ လူတွေရဲ့အနေအထားမှာ ပိုပြီးတော့စိုးရိမ်စရာ ဖြစ်သွားမယ်၊ တာဝန်ရှိတဲ့လူတွေအနေနဲ့ အကုန် တွက်ချက်နေပါတယ်၊ ဒါကြောင့်မို့ဘယ်လိုကာလမှာ ဈေးဖွင့်မယ်ဆိုတာဆိုတာထက် လုံခြုံရေး ကို သေသေချာချာ ခိုင်ခိုင်မာမာဖြစ်အောင် အရင်လုပ်ပါအုံးမယ်" ဟု မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က Eleven Media Group သို့ ပြောကြားခဲ့သည်။

ပဋိပက္ခတွင် အကြမ်းဖက်သူ ၆၈ဦးကို ဖမ်းဆီးမိထားဟု ရဲတပ်ဖွဲ့ကြေညာ


မိတ္ထီလာမြို့နှင့် ပဲခူးတိုင်းအနောက်ခြမ်းရှိ ဘာသာရေးလူမျိုးရေး အကြမ်းဖက်မှုများတွင် ပါဝင် ပတ်သက် ခဲ့သူ ၆၈ယောက်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ၁၅ဦးကို မသင်္ကာမှုဖြင့် စစ်ဆေးနေ ဆဲဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။ အကြမ်းဖက် ပဋိ ပက္ခများကြောင့် ၄၂ဦး သေဆုံးခဲ့ပြီး လူနေအိမ် ၁၂ဝဝကျော်၊ ဗလီ ၃၇လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး ဈေးဆိုင် ၇၇ ခုလည်း ပျက်စီးခဲ့သည်ဟု မတ်လ ၂ဝရက်နေ့မှ ၂၈နေ့အထိ ရရှိသောစာရင်းများကို ထုတ်ပြန်ထားသည်။

“အမေရိကန်၏ B-2 ဗုံးကြဲလေယာဉ်များ ပျံသန်းခဲ့ပြီးနောက် မြောက်ကိုရီးယားက ဒုံးကျည်များ အသင့်ပြင်”



“အမေရိကန်၏ B-2 ဗုံးကြဲလေယာဉ်များ ပျံသန်းခဲ့ပြီးနောက် မြောက်ကိုရီးယားက ဒုံးကျည်များ အသင့်ပြင်”

အမေရိကန်က တောင်ကိုရီးယား ဝေဟင်တွင် B-2 လေယာဉ်များ ပျံသန်းပြခဲ့သည့်နောက် မြောက်ကိုရီးယားကလည်း ဒုံးကျည်များကို အသင့်ပြင်ဆင်ထားကြောင်း ကြေညာလိုက်သည်။ 

 အမေရိကန်သည် ၎င်းတို့ အလွန်အားထားပြီး အရေးပါလွန်းသည့် စစ်ဆင်ရေးများတွင်သာ အသုံးပြုလေ့ ရှိသည့် မဟာဗျူဟာမြောက် ကိုယ်ပျောက် ဗုံးကြဲ တိုက်လေယာဉ်ကြီးများကို မဟာမိတ် နိုင်ငံ၏ ဝေဟင်တွင် ပျံသန်းပြခြင်းဖြင့် တောင်ကိုရီးယား၏ အိမ်နီးချင်း ပြိုင်ဘက်တို့ကို ခြိမ်းခြောက်ပြခဲ့သည်။ 
 
အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနကလည်း B-2များကို တောင်ကိုရီးယားတွင် စစ်ရေးလေ့ကျင့်မှု ကဏ္ဍအတွင်း ထည့်သွင်း ပျံသန်းစေခဲ့ကြောင်း အတည်ပြုခဲ့သည်။
 အမေရိကန်သည် မကြာသေးမီကမှလည်း B-52 ဗုံးကြဲလေယာဉ်ကြီးများကို ကိုရီးယား ကျွန်းဆွယ်ပေါ်တွင် ဖြတ်ကျော် ပျံသန်း ပြခဲ့သေးသည်။

Read more http://www.planet.com.mm/news/read.cfm/id/21298

Re-Post By ACM 29-3-2013
အေးချမ်းမွန် Credit & Copy From >>Planet Myanmar Network<< Thank

အမေရိကန်က တောင်ကိုရီးယား ဝေဟင်တွင် B-2 လေယာဉ်များ ပျံသန်းပြခဲ့သည့်နောက် မြောက်ရီးယား ကလည်း ဒုံး ကျည်များကိုအသင့်ပြင်ဆင်ထားကြောင်း ကြေညာလိုက်သည်။ 

နိုင်ငံတည်ဆောက်နိုင်မည့် အခွင့်အရေးများ ရရှိနေသည်ကို ပြည်သူပြည်သား များ ပညာအမျှော်အမြင်ဖြင့် ရယူတတ်မှ နိုင်ငံ့အနာဂတ်အတွက်အကျိုးဖြစ်နိုင် မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


Photo: နိုင်ငံတည်ဆောက်နိုင်မည့် အခွင့်အရေးများ ရရှိနေသည်ကို ပြည်သူပြည်သား
များ ပညာအမျှော်အမြင်ဖြင့် ရယူတတ်မှ နိုင်ငံ့အနာဂတ်အတွက်အကျိုးဖြစ်နိုင်
မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Friday, March 29, 2013

မြန်မာနိုင်ငံအတွက် နိုင်ငံတည်ဆောက်နိုင်မည့် အခွင့်အရေးများ ပေါများစွာ ရရှိနေသည်ကို ပြည်သူပြည်သားများ ပညာအမျှော်အမြင်ဖြင့် ရယူတတ် လုပ်ကိုင်တတ်မှ နိုင်ငံအနာဂတ်အတွက် အကျိုးဖြစ်နိုင်မည်ဟုဒေါ်အောင်
ဆန်းစုကြည်က မတ် ၂၈ ရက်နေ့ နံနက်ပိုင်းတွင် နတ်မောက်မြို့၌ ပြောကြား
ခဲ့သည်။

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ အ.ထ.က ကျောင်းတွင် သီတဂူဆရာ
တော် အရှင်ဉာဏိတ္တရ ကြီးမှူး၍ဗယ်လ်ဂျီယံနိုင်ငံသား ဒေါက်တာဗိုလ်ကူးမား
ဆောက်လုပ်လှူဒါန်းသည့် ဗိုလ်ချုပ်အောင်ဆန်းအထိမ်းအမှတ် အောင်ဆန်း
ကွန်ပျူတာကျောင်းဆောင်သစ် ဖွင့်ပွဲအပြီး ကျောင်းသူကျောင်းသားများနှင့်
ပြည်သူလူထုသို့ အမှတ်တရစကား ပြောကြားစဉ် ထိုသို့ပြောကြားခဲ့ခြင်း
ဖြစ်သည်။

သူမအနေဖြင့် လူဆိုးလူကောင်း ပညာရှိသူ ပညာမဲ့သူဟု ခွဲခြားမမြင်ဘဲ သင်၍ရသူနှင့် မရသူဟူ၍သာ ခွဲခြားမြင်ကြောင်း သင်ယူချင်သူများအတွက်
 နေ့စဉ်လူ့ဘ၀တွင် သင်ယူစရာများ အများအပြားရှိကြောင်း ကျောင်း
သူကျောင်းသားများ အနေဖြင့်လည်း ကျောင်းတက်စဉ်သာမက
ကျောင်းပြီးသွားချိန်တွင်လည်း အပြင်လောကအကြောင်း သင်ယူရန် လိုအပ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

"ပညာဆိုတာ ဖယောင်းတိုင် မီးလေးလိုပါဘဲ ဖယောင်းတိုင်မီးလေး တစ်စက ဖယောင်းတိုင်တွေ အများကြီးကို ပွားပြီး အလင်းရောင်တွေ ပေးနိုင်ပါတယ်၊ ကျယ်ဝန်းတဲ့ ပတ်ဝန်းကျင်ကို အလင်းရောင် ပေးနိုင်ပါတယ်၊ ပညာသင်
တယ်ဆိုတာ အများအကျိုး ပြုနိုင်ဖို့အတွက်ပါ၊ အများကို အကျိုးပြုရင်း ကိုယ့်အကျိုးလည်း ပါသွားပါလိမ့်မယ်" ဟု ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံရေးဆိုသည်မှာ နိုင်ငံ့အရေး အများနှင့်ဆိုင်သည့် အရေးကို
ပြုလုပ်ခြင်းဖြစ်ကြောင်း နိုင်ငံရေးကို ခံစားချက်ဖြင့် လုပ်၍မရကြောင်း နိုင်ငံ
ရေးလုပ်လျှင် သဘောထားကြီးရန်၊ အမြင်ကျယ်ရန်၊ အနာဂတ်အတွက် လိုအပ်ချက်ကို သေသေချာချာ သိရန် လိုအပ်ကြောင်းများလည်း ထည့်
သွင်းပြောကြားခဲ့သည်။

ထိုအောင်ဆန်း ကွန်ပျူတာ ကျောင်းဆောင်သစ် ဖွင့်ပွဲသို့ မကွေးတိုင်းဒေ
သကြီး အစိုးရအဖွဲ့မှ ပညာရေးဝန်ကြီး ဦးဖေတင်၊ လူမှုရေးဝန်ကြီး ဦးအောင်
ကျော်မင်းတို့ တက်ရောက်ခဲ့ကြပြီး သီတဂူ သာသနာပြုအဖွဲ့ အထွေထွေ
အတွင်းရေးမှူး ဦးဟန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

Eleven Media Group

မန်မာနိုင်ငံအတွက် နိုင်ငံတည်ဆောက်နိုင်မည့် အခွင့်အရေး များပေါ များစွာ ရရှိနေသည်ကို ပြည်သူပြည် သားများ ပညာ အမျှော်အမြင်ဖြင့် ရယူတတ် လုပ်ကိုင်တတ်မှ နိုင်ငံအနာဂတ်အတွက် အကျိုးဖြစ်နိုင်မည် ဟုဒေါ်အောင်ဆန်းစုကြည်က မတ် ၂၈ ရက်နေ့ နံနက်ပိုင်းတွင် နတ်မောက်မြို့၌ ပြောကြားခဲ့သည်။

ပဲခူးတိုင်း အနောက်ဘက်ခြမ်းတွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ သတင်းများနှင့် စပ်လျဉ်း၍

မတ်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ
ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ဇီးကုန်းမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်တို့၏ မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းအခြေအနေမှာတည်ငြိမ်လျက်ရှိပြီး လွန်ခဲ့သောပဋိပက္ခ ဖြစ်ပွားခဲ့သည့် နေ့ များထက် ဒေသ ခံများသွားလာလှုပ်ရှားမှု ပိုမိုများပြားလျက်ရှိကြောင်း Eleven Media Group သတင်းထောက် ၏ ပြော ကြားချက်အရ သိရသည်။

မိတ္ထီလာ မြို့တွင် တည်ငြိမ် အေးချမ်းမှုရှိ ပြည်သူများ သွားလာ လှုပ်ရှားမှု ပုံမှန်အတိုင်း ရောက်ရှိ


မိတ္ထီလာ မြို့တွင် တည်ငြိမ် အေးချမ်းမှုရှိ ပြည်သူများ သွားလာ လှုပ်ရှားမှု ပုံမှန်အတိုင်း ရောက်ရှိ
 

မကြာမီ ရက်ပိုင်းအတွင်းက ဆူပူ အကြမ်းဖက်မှု ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့တွင် ယခုအခါ အခြေအနေများ တည်ငြိမ် အေးချမ်းမှု ရှိလာသည် နှင့်အမျှ ပြည်သူများ သွားလာ လှုပ်ရှားမှု ပုံမှန် အတိုင်း ပြန်လည် ရောက်ရှိလာပြီ ဖြစ်သည်။

ယနေ့ နံနက်ပိုင်းတွင် မြို့နယ် စည်ပင် သာယာရေး အဖွဲ့မှ တာဝန်ကျ ဝန်ထမ်းများနှင့် ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပါတီဝင်များ ပူးပေါင်း၍ မီးလောင် ပျက်စီးသွားသော နေအိမ် အဆောက်အအုံ များနှင့် လမ်းများပေါ်ရှိ အမှိုက်သရိုက် များကို ရှင်းလင်းလျက် ရှိသည်ကို တွေ့ရှိရသည်။

ယနေ့သည် ရုံးဖွင့်ရက် ဖြစ်သည်နှင့် အညီ မိတ္ထီလာ မြို့ပေါ်၌ ဖွင့်လှစ်ထားသည့် မြန်မာ့ စီးပွားရေးဘဏ်၊ ကမ္ဘောဇဘဏ်နှင့် အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD Bank) တို့တွင် ငွေသွင်း၊ ငွေ ထုတ် သူများဖြင့် လှုပ်ရှား သက်ဝင်လျက် ရှိကြောင်း သတင်း ရရှိသည်။


http://bit.ly/11UUY7C

မြ၀တီ

မကြာမီရက်ပိုင်းအတွင်းက ဆူပူအကြမ်းဖက်မှု ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့တွင် ယခုအခါ အခြေ အနေများ တည်ငြိမ် အေးချမ်းမှုရှိလာသည် နှင့်အမျှ ပြည်သူများသွားလာလှုပ်ရှားမှုပုံမှန်အတိုင်း ပြန် လည် ရောက်ရှိလာပြီ ဖြစ်သည်။

မြန်မာသမ္မတမိန့်ခွန်း အမေရိကန်ကြိုဆို


မြန်မာသမ္မတမိန့်ခွန်း အမေရိကန်ကြိုဆို
Friday, March 29, 2013

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကို အစိုးရက ကိုင်တွယ်ဖြေရှင်းရာမှာ ဥပဒေနဲ့အညီ လူ့အခွင့်အရေး စံနှုန်းစံထားတွေကိုပါ လေးစားလိုက်နာဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်။ မကြာခင်က ဖြစ်ခဲ့တဲ့ လူမျိုးရေး ဘာသာရေးအဓိကရုဏ်းတွေနဲ့ပတ်သက်လို့ အပြန်အလှန်လေး
စားမှုနဲ့ သည်းခံစိတ်မွေးဖို့ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံတ၀ှမ်း ပြောတဲ့ မိန့်
ခွန်းကိုလည်း အမေရိကန်ပြည်ထောင်စုက ကြိုဆိုခဲ့ပါတယ်။ အပြည့်အစုံ
ကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

မြန်မာနိုင်ငံတွင်း ဘာသာရေးနဲ့လူမျိုးရေးအခြေခံ အကြမ်းဖက်မှုတွေ
အပေါ်မှာ မနေ့တုန်းက သမ္မတဦးသိန်းစိန်က နိုင်ငံတ၀ှမ်းကို မိန့်ခွန်းပြောကြား
သွားတဲ့အပေါ်မှာ အမေရိကန်ပြည်ထောင်စုက အခြေခံ အားဖြင့် ကြိုဆိုခဲ့ပါတယ်။ 

ဒါပေမယ့် အကြမ်းဖက်မှုတွေကို ကိုင်တွယ်ရာမှာတော့ လူ့အခွင့်အရေး
အခြေခံတွေကို လေးစားလိုက်နာဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ တိုက်တွန်းတဲ့အကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Victoria Nuland
 က မနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားတာပါ။

“ဒီမိုကရေစီရေးအတွက်၊ မတူကွဲပြားတဲ့ ဘာသာရေးအယူအဆအားလုံး အတူယှဉ်တွဲတည်ရှိမှုနဲ့ ပွင့်လင်းမြင်သာမှုတွေအတွက် သီးခံကြဖို့၊ အပြန်
အလှန်လေးစားကြဖို့ သမ္မတဦးသိန်းစိန်ရဲ့ တိုက်တွန်းချက်ကို ထောက်ခံပါ
တယ်။ မြန်မာပြည်သူတွေအနေနဲ့ သူတို့သမတထံကနေ ကြားရဖို့ လိုအပ်တဲ့ စကားမျိုးပါ။ အခြေအနေတွေ ပြန်လည်တည်ငြိမ်မှုရဖို့ အစိုးရ ကြိုးပမ်း
ချက်တွေကို အမေရိကန်ပြည်ထောင်စုက အားပေးနေပါတယ်။

ဒီလို ဆောင်ရွက်တဲ့နေရာမှာလည်း လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး၊ ဥပဒေအတိုင်း ညီညွတ်ဖို့ လိုပါတယ်။ နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ လိုအပ်ချက်ရှိလာရင်၊ အင်အားသုံးဖြေရှင်းနည်းကို နောက်ဆုံးအခြေ
အနေကျမှ အသုံးပြုမယ်လို့ သမ္မတဦးသိန်းစိန် ပြောဆိုတာကို သတိပြုမိပါတယ်။ 

လုံခြုံရေးအရ ဆောင်ရွက်ချက်တွေမှာ လူ့အခွင့်အရေးကို အကာအ
ကွယ်ပေးဖို့ ၊ လူ့အခွင့်အရေးချိုးဖောက်မှု မဖြစ်စေဖို့လိုမယ်ဆိုတာကို 
ကျမတို့ ထပ်ပြီး ထောက်ပြလိုပါတယ်။ ”

မိတ္တီလာမြို့ကနေ စတင်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်း ဒေသအချို့အထိ ကူးစက်ပျံနှံသွားတာကြောင့် အခြေအနေတွေအပေါ်မှာ အမေရိကန်ပြည်ထောင်စုအပါအ ၀င်နိုင်ငံတ
ကာက စိုးရိမ်မကင်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မနေ့က သမ္မတဦးသိန်းစိန်
 နိုင်ငံတ၀ှမ်း မိန့်ခွန်းပြောတဲ့နောက်ပိုင်းမှာတော့ အခြေအနေတွေဟာ အတော်လေး တည်ငြိမ်လာသလို၊ အကြမ်းဖက်ဒဏ်ခံခဲ့ရတဲ့ ဒုက္ခသည်တွေ
ကို အကူအညီပေးရေးလုပ်ငန်းတွေကိုလည်း လူမှုအဖွဲ့အစည်းတွေက စတင်ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ ဒါပေမယ့် ရန်ကုန်အပါအ၀င် နယ်အတော်များများမှာတော့ လုံခြုံရေးတွေ တင်းကြပ်ထားဆဲပါ။
ဖြစ်ခဲ့တဲ့နေရာတွေမှာလည်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတုန်းပါပဲ။

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်
အိုဟေး ကင်တာနားကလည်း အကြမ်းဖက်မှုတွေ အခြားမြို့တွေကိုပါ ကူးစက်မှုမဖြစ်အောင် အရေးယူကိုင်တွယ်မှုတွေ အလျင်အမြန်ဆောင်
ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်းနေပါတယ်။ လူနည်းစုတွေအပေါ် အကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူတွေကို အရေးယူကိုင်တွယ်ဖို့လည်း တိုက်တွန်းပါတယ်။ လူမျိုးရေးနဲ့ ဘာသာရေး ခွဲခြားဆက်ဆံမှုတွေအပေါ် ထိထိရောက်ရောက် ကိုင်တွယ်ဖို့ကိုလည်း မစ္စတာကင်တာနားက တိုက်
တွန်းခဲ့ပါတယ်။

နိုင်ငံတ၀ှမ်းမှာရှိတဲ့ မွတ်ဆလင်လူနည်းစုတွေအပေါ်မှာ ခွဲခြားဆက်ဆံ
မှုတွေနဲ့ အမုန်းတရားတွေနဲ့ အကြမ်းဖက်မှုတွေဖြစ်လာအောင် လှုံဆော်
တဲ့ လူအုပ်စုတွေကို အစိုးရအာဏာပိုင်တွေအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းတာမျိုး မလုပ်ဘူးလို့ မစ္စတာကင်တာနားက ဝေဖန် ထားပါတယ်။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း ဘာသာရေး
နဲ့ နိုင်ငံသား အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့အတွက် အစိုးရ
အပြင် လွှတ်တော်ပိုင်း၊ တရားရေးပိုင်း၊ အမျိုးသားလူအခွင့်အရေးကော်
မရှင်တို့အနေနဲ့လည်း အရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။

VOA
ကိုသားညွန့်ဦး

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကို အစိုးရက ကိုင်တွယ်ဖြေရှင်း ရာမှာ ဥပဒေနဲ့အညီ လူ့အခွင့်အရေး စံနှုန်းစံထားတွေ ကိုပါ လေးစား လိုက်နာဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါ တယ်။ မကြာခင် က ဖြစ်ခဲ့တဲ့ လူမျိုးရေး ဘာသာရေးအဓိကရုဏ်းတွေနဲ့ပတ်သက်လို့ အပြန်အလှန်လေးစားမှုနဲ့ သည်းခံ စိတ်မွေးဖို့ သမ္မတ ဦးသိန်းစိန် ရဲ့ နိုင်ငံတ၀ှမ်း ပြောတဲ့ မိန့်ခွန်းကိုလည်း အမေရိကန်ပြည်ထောင် စုက ကြိုဆိုခဲ့ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

မြေလတ်ပိုင်းဆူပူမှု အခြေအနေ စိတ်မချရသေး


မြေလတ်ပိုင်းဆူပူမှု အခြေအနေ စိတ်မချရသေး
======================================

အရေးပေါ်အခြေအနေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရဆဲဖြစ်တဲ့ မိထ္ထီလာမြို့မှာတော့ စစ်တပ်နဲ့ရဲလုံခြုံရေးအဖွဲ့တွေက လုံခြုံရေးယူထားပြီး အခြေအနေဟာ တည်ငြိမ်သွားတယ်လို့ ဆိုပေမဲ့ ရပ်မိရပ်ဖတွေနဲ့ မြို့ခံတွေက ကိုယ့်ရဲ့ အိုးအိမ်လုံခြုံရေးအခြေအနေကို ကိုယ်တိုင် ကာကွယ်စောင့်ရှောက်နေ ရဆဲပဲဖြစ်တယ်လို့ မိထ္ထိလာမြို့ခံတွေက ပြောပါတယ်။ 
ရပ်ကွက်မြို့ရွာတွေထဲမှာလည်း ကောလဟာလသတင်းတွေထွက်ပေါ်နေပြီး လုံခြုံရေးအခြေအနေက ပုံမှန်အနေအထားအတိုင်းမဖြစ်ဘဲ စိုးရိမ်နေရဆဲပဲလို့ မိထ္ထီလာမြို့ခံဒေါ်မြင့်မြင့်အေး က ပြောပါတယ်။

“ လုံခြုံရေးကတော့ ရပ်ကွက်တွေထဲမှာ ကျမတို့လမ်းတွေမှာတော့ ကိုယ့်ဘာသာကို စောင့်နေရတယ်။ ရွာတွေမှာလည်း ကိုယ့်ရွာလုံခြုံရေး ကိုယ်စောင့်နေရတယ်။ ပြီးခဲ့ရက်တွေကလည်း လက်ပံကော့တို့၊ ဟုတ်တာမဟုတ်တာမသိဘူးနော်။ ဂတုံ့ဂုံးတို့ ဇကော့တို့ဘက်မှာ၊ ဘေးနားက တဲလေးတွေ မီးရှို့ခံရတယ်ပေါ့နော် ရှိတယ်။ အဲ့ဒီ့တော့ လုံခြုံရေးကတော့ ပြည်သူလူထုက စိတ်အေးလက်အေးနဲ့ နေရတာမျိုးတော့ မရှိသေးဘူး။ အဲ့တာ အမှန်ပဲ စိတ်တော့ပူနေရတာပေါ့လေ။”

မိထ္ထီလာမြို့ကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ ပဲခူးတိုင်းအနောက်ဘက်ခြမ်းဘက်ကို ဆက်သွားပြီး ပဲခူးတိုင်းတွင်း တချို့မြို့နယ်တွေမှာလည်း အရေးပေါ်အခြေအနေပုဒ်မ ၁၄၄ထုတ်ပြန်ထားပါတယ်။ ဒီပဲခူးတိုင်းအတွင်းက လုံခြုံရေးအခြေအနေတွေဟာ စိုးရိမ်စရာကောင်းတဲ့အနေအထားဖြစ်နေပြီးတော့ အာဏာပိုင်တွေဘက်က ထိရောက်အောင် ကိုင်တွယ်ဖြေရှင်းမှုမရှိဘူးလို့ စာပေဟောပြောပွဲအတွက် သွားရောက်ရင်း ကိုယ်တိုင်ကြုံလိုက်ရတဲ့ နာရေးကူညီမှုအသင်းရန်ကုန်က ဦးကျော်သူကပြောပါတယ်။

“ကြို့ပင်ကောက်နဲ့ ဇီးကုန်း နှစ်မြို့နယ်ပေါ့လေ။ ကျနော်တို့ကြုံခဲ့တယ်။ မြို့ခံမဟုတ်ပဲ သူစိမ်းတွေက လာပြီးတော့ သွေးထိုးပြီးတော့ အဲ့လိုမျိုး လုပ်သွားတာတွေ မြင်ရတယ်။ လုံခြုံရေးအပိုင်းက ဘာမှ လုပ်ပေးတာမရှိဘူး။ ကြို့ပင်ကောက်ဆို အိမ်ငါးအိမ်ဖျက်တယ်။ ဖျက်တဲ့ဟာကလည်း အကုန်လုံးက လက်ပိုက်ကြည့်နေတယ်။ ဗလီဖျက်တော့လည်း လက်ပိုက်ပြီး ကြည့်နေကြတယ်။ လုံခြုံရေးက ပြည်သူတစ်ယောက်အနေနဲ့ အားကိုးလို့မရဘူး။ ကိုယ့်လုံခြုံရေးပဲ ကိုယ်လုပ်ရတော့မှာပဲ။ လုံခြုံရေးအားနည်းတဲ့အတွက် လုံခြုံရေးကိုပြောတော့လည်း အထက်က အမိန့်မရလို့ ဘာမှ လုပ်ပိုင်ခွင့်မရဘူး။ ဒီအတိုင်းပဲ ကြည့်နေရတယ်။ ဒါတွေကတော့ မဖြစ်သင့်ဘူး။”

အခုလိုမျိုး ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်မှုတွေဖြစ်ပွားလာနေတဲ့အတွက် အပြစ်မဲ့ပြည်သူတွေ သေကျေပျက်စီးရပြီး အခြေခံလူတန်းစားတွေဘဝပျက်ရတာမို့ မီးရှို့အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန်းက ရပ်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်လို့ ဦးကျော်သူက ဆက်ပြောပါတယ်။

“ပြည်သူလူထုတွေကလည်း ကိုယ့်အိုးကိုယ့်အိမ်ကိုပဲ အဓိကစောင့်ရှောက်ရမယ်။ ကိုယ့်ရပ်ကွက်၊ ကိုယ့်မြို့နယ်ကိုပဲ စောင့်ရှောက်ရမယ်။ ချင့်ချင့်ချိန်ချိန်လေး လုပ်ကြဖို့ ကျနော် ဒါပဲ တိုက်တွန်းချင်တယ်။”

မိထ္ထီလာမြို့မှာဖြစ်ပွားခဲ့တဲ့ လူသတ်၊ မီးရှို့အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ဒုက္ခသည်တွေအတွက် အရေးပေါ်အကူအညီတွေနဲ့ သောက်သုံးရေ အရေးတကြီးလိုအပ်နေပါတယ်လို့လည်း မိထ္ထီလာမြို့ခံဒေါ်မြင့်မြင့်အေးကပြောပါတယ်။

“ဟုတ်ကဲ့။ ဗမာတွေအနေနဲ့ကတော့ မကျီးကုန်း ဘုန်းကြီးကျောင်းမှာ ဗမာ ၄၇၀လောက်ရှိတယ်။ သမွန်ပုံးဘုန်းကြီးကျောင်းမှာ ဗမာလူမျိုး ၅၀၀ကျော်ရှိတယ်။ ဥတ္တရဇေရုံမှာ လူ ၂၀၀ကျော်ရှိတယ်။ မာတင်ပုလဲ လမ်းဆုံမှာလည်း ဗမာလူမျိုး ၂၀၀ကျော်လောက်ရှိတယ်။ ကိုးနဝင်းကျောင်းမှာလည်းရှိတယ်။ ဒါကတော့ ဗမာဘုန်းကြီးကျောင်းတွေမှာ ဆရာတော်တွေရဲ့ အုပ်ချုပ်မှုလက်အောက်မှာ တိုက်ရိုက်တန်းလှူလို့ရတယ်။ မူစလင်ဘာသာဝင်တွေကတော့ အမှတ် ၁ကျောင်းတို့၊ အမှတ် ၃ကျောင်းတို့၊ အမှတ် ၅ အထက၊ အားကစားကွင်းပေါ့။ ကမ့်တွေထဲမှာ ခြောက်နေရာလောက်ရှိတယ်။ ဆက်သွယ်ရေးကတဆင့်ပဲ လှူလို့ရတယ်။ သူတို့ကို တိုက်ရိုက်လှူလို့မရဘူး။ အဲ့ဒီ့ဟာလေးတွေရှိတယ်။ တချို့အမှတ်၃ကျောင်း က ရေအခက်အခဲ ရှိလို့ ကျမတို့ကို အကူအညီတောင်းလို့ ကျမတို့က ဆက်သွယ်ပြီးတော့ မီးသတ်ဌာနကို ရေပို့ပေးဖို့ ပြောထားတာတွေရှိတယ်။”

မိထ္ထီလာမြို့က ဒုက္ခသည်တွေအတွက်တော့ မန္တလေးတိုင်းတွင်းက လူမှုအဖွဲ့အစည်းတွေ အပါအဝင် ရန်ကုန်နာရေးကူညီမှုအသင်းရန်ကုန်ကပါ ဝင်ရောက်ကူညီဆောင်ရွက်ပေးနေပြီး ဒုက္ခသည်တွေအတွက် အရေးအကြီး ဆုံး နေစရာအခက်အခဲဖြစ်ပြီး လုံခြုံရေးကလည်း အထူးလိုအပ်နေ တယ်လို့ ဦးကျော်သူကပြောပါတယ်။

အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်ရသူတွေကို အရေးပေါ်အကူညီတွေပေး ဖို့ ဝိုင်းဝန်းဆောင်ရွက်နေချိန်မှာပဲ အခုလက်ရှိလုံခြုံရေး အနေအထားကတော့ အကြမ်းဖက်မှုတွေ စတင်ဖြစ်ပွားခဲ့တဲ့ မိထ္ထီလာခရိုင်နဲ့ ပဲခူးတိုင်း အနောက်ခြမ်းတွေ မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားဆဲဖြစ်ပြီးတော့ ဆူပူအကြမ်းဖက် မီးရှို့သူလို့ သံသယရှိသူ တော်တော်များများကိုလည်း ဖမ်းဆီးထိန်းသိမ်းမှုတွေပြုလုပ်နေပါတယ်။ စစ်တပ်နဲ့ရဲလုံခြုံရေးအင်အားတွေ တိုးချဲ့ချထားပေမဲ့ ဒေသခံတွေအနေနဲ့ကတော့ လုံခြုံရေးကို အထူးစိုးရိမ်နေကြရတယ်လို့ သိရပါတယ်။
VOA

ZinYawNews

အရေးပေါ်အခြေအနေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရဆဲဖြစ်တဲ့ မိထ္ထီလာမြို့မှာတော့ စစ်တပ်နဲ့ ရဲလုံခြုံရေး အဖွဲ့တွေက လုံခြုံရေး ယူထား ပြီး အခြေအနေဟာတည်ငြိမ်သွားတယ်လို့ ဆိုပေမဲ့ ရပ်မိရပ်ဖတွေနဲ့ မြို့ခံတွေက ကိုယ့်ရဲ့အိုးအိမ်လုံခြုံရေးအခြေအနေကို ကိုယ်တိုင် ကာကွယ်စောင့်ရှောက်နေ ရဆဲပဲဖြစ် တယ်လို့ မိထ္ထိလာမြို့ခံတွေ က ပြောပါတယ်။

ပြည်ထဲရေးဌာနသည် ပဋိပက္ခများဖြေရှင်းရာတွင် ထိရောက်ရန်လိုအပ်ဟု ၈၈မျိုးဆက်ကျောင်းသားများပြော


fdg29.3.13

ရန်ကုန်၊ မတ် ၂၉။
၈၈မျိုးဆက် ကျောင်းသားများအနေဖြင့်တူညီသည့် ဘာသာဝင်များအကြား သွေးထိုးလှုံ့ဆော်မှုများ၊ အကြမ်းဖက်သတ်ဖြတ်မှုများအား လက်ခံမည်မဟုတ်ကြောင်း၊ ဒေသအသီးသီးရှိဘာသာရေး၊ လူမှုရေး၊ အရပ်ဖက် အဖွဲ့အစည်းများစုစည်းပြီး ပဠိပက္ခများကို ကြိုတင်ကာကွယ် တားဆီးကြရန်၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံတော်တာဝန်ရှိသူများမှ ပဠိပက္ခများ အမြန်ဆုံး ရပ်တန့်ရာတွင် ပါဝင်ပူးပေါင်းကြရန်နှင့် ပဠိပက္ခများအား ဖြေရှင်းရာတွင် ပြည်ထဲရေးဌာန၏ လုပ်ပိုင်ခွင့်နှင့် ပဋိပက္ခဖြေ ရှင်းရာတွင် ထိရောက်ထက်မြက်ရန် လိုအပ်ကြောင်း ကိုဂျင်မီမှ ရှင်းလင်း ပြောကြားသည်။

ဆူပူမှုတွေကို မြို့ပြအင်အားနဲ့ ထိရောက်စွာနှိမ်နင်းမည်


 Photo: ဆူပူမှုတွေကို မြို့ပြအင်အားနဲ့ ထိရောက်စွာနှိမ်နင်းမည်
Friday, March 29, 2013

ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှု ထိပါးတဲ့ လုပ်ရပ်မှန်သမျ
ကို မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နှင်းသွားမယ်လို့ သမ္မတဦးသိန်းစိန်က ဒီညနေထုတ်လွှင့်ခဲ့တဲ့ အသံလွှင့်မိန့်ခွန်းထဲမှာ ပြော
ကြားသွားပါတယ်။ တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကလည်း ဥပဒေနဲ့အညီ ရဲဝင့်ပြတ်သားစွာ ဆောင်ရွက်ကြဖို့ မှာကြားသွားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုန့်ပြန်ပြောကြားချက်တချို့နဲ့အတူ သတင်း
အပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် သတင်းထောက်ကိုအောင်
ရဲမောင်မောင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွဲ့ စည်းပုံ အခြေခံဥပဒေမှာ ယုံကြည်တဲ့ ဘာသာကို လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့် အတွက် နိုင်ငံသားအခွင့်အရေး
မှာ လွတ်လွတ်လပ်လပ်ပေး ထားပြီး ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

“ကျနော်တို့နိုင်ငံရဲ့ အခြေခံဥပဒေမှာလည်း မိမိယုံကြည်ရာ၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်က နိုင်ငံသားအခွင့်အရေးအနေနဲ့ အခွင့်အရေးအပြည့်အဝ
ပေးထားပြီးဖြစ်ပါတယ်။ ဒီနေရာမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီး အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီ
တဲ့ ဘာသာတရားတွေအကြား အမုန်းတရားတိုးပွားအောင် လုပ်ဆောင်
မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေးအမြတ်ထုတ် လုပ်
ဆောင်လာမှုတွေကို ပပျောက်သွားအောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနဲ့ အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

အခုလိုအကြမ်းဖက် လုပ်ရပ်တွေ နယ်မြို့တွေ မှာ ဖြစ်နေတုန်း ဘာသာရေး လွတ်လပ်ခွင့်ရှိတယ်လို့ ပြောလာတဲ့ နိုင်ငံတော်သမ္မတ မိန့်ခွန်းကို ကြိုဆို
ထောက်ခံတယ်လို့ အိုလာမာ အစ္စလာမ်သာသနာ ပညာရှင်များ အဖွဲ့ချုပ်
ကအတွင်းရေးမှူးအဖွဲ့ဝင် ဦးတင်နိုင်ကပြောပါတယ်။

“ကျနော်အနေနဲ့ကတော့ ဒီမိန့်ခွန်းကို များစွာကြိုဆိုပါတယ်။ သမ္မတကြီး ဒီလိုပြောဆိုတဲ့ကိစ္စမှာလည်း လွန်စွာ နှစ်ထောင်းအားရဖြစ်မိပါတယ်။ တိတိကျကျ အရေးယူဆောင်ရွက်သွားမယ်ဆိုရင် ပဋိပက္ခတွေ နောက်
နောင်မဖြစ်နိုင်ပါဘူးခင်ဗျ။”

မိထ္တိလာ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီး အခြားနယ်မြို့တွေမှာပါ ဘာသာရေး
ကို အခြေပြုတဲ့ အကြမ်းဖက်မှု လုပ်ရပ်တွေ တောက်လျောက်ဖြစ်ပွားလာခဲ့
တဲ့အပေါ် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ထိထိရောက်ရောက် အရေးယူမှု တွေ လုပ်ဆောင်သင့်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဆိုပါတယ်။

“ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိပါးတဲ့လုပ်ရပ် မှန်သမျှကိုတော့ လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်လျှင် မြို့ပြ
အင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားရမှာ ဖြစ်ပါ
တယ်။ ဒီနေရာမှာ တရားဥပဒေစိုးမိုးရေးတွင် အဓိက တာဝန်ရှိနေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဥပဒေနဲ့အညီ ရဲဝံ့ပြတ်သား စွာ ဆောင်
ရွက်ကြဖို့ ပြောကြားလိုပါတယ်။”

အခုလို နိုင်ငံတော် သမ္မတက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ထိထိရောက်
ရောက် ဆောင်ရွက် ကိုင်တွယ်ဖို့ လိုအပ်တဲ့ အကြောင်း မိန့်ခွန်းထဲ ထည့်
သွင်း ပြောလာတဲ့အပေါ်မှာ ဖြစ်သင့်တဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်လို့ ၈၈
မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုဂျင်မီက ပြောပါတယ်။

“နံပတ်တစ်ကတော့ ဒါဟာ ပြည်ထဲရေးဝန်ကြီးဌာနက ရဲဝန်ထမ်းတွေနဲ့
ပတ်သက်ပြီးတော့ ကိုင်တွယ်ရမယ့်ကိစ္စတွေကို ရဲရဲဝင့်ဝင့်ပြတ်ပြတ်သား
သား ကိုင်တွယ်ဖို့ အတွက် ပြောလိုက်တယ်လေ။ နောက်တခုကလည်း
ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာ မှာ သက်ဆိုက်ရာတပ်က ကိုင်ရင် အလွန်အကျွံဖြစ်မှာကို စိတ်ပူတယ်။ ဟိုတခါကလိုပေါ့ဗျာ။

လက်ပံတောင်းတောင်ကိစ္စလိုမျိုးတွေ ဖြစ်မှာကိုလည်း စိတ်ပူတာပေါ့ဗျာ။ ဆိုလိုချင်တဲ့သဘောက ဘာကိုကောက်ချက် ဆွဲလို့ရလည်းဆိုတော့ ပြဿ
နာတခုကို မြန်မြန်ဆန်ဆန်နဲ့သပ်သပ်ရပ်ရပ်ဖြေရှင်းနိုင်ဖို့အတွက်ရဲဝန်ထမ်း
တွေရဲ့အရည်အသွေးကိုမြှင့်တင်ရမယ်ဆိုတာတော့ ကောက်ချက်ချလို့ရတယ်ခင်ဗျ။”

အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ပြီးတော့ ဒီမိုကရေစီ အသီးအ
ပွင့်တွေ ရရှိအောင် ဆောင်ရွက်သင့်တယ်လို့ လည်း နိုင်ငံတော်သမ္မတက
ပြောပါတယ်။

“အချင်းချင်း ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ခြင်းနဲ့ အားလုံးအတွက် အကောင်း
ဆုံးအဖြေကိုရှာဖို့ ဒီမိုကရေစီ အလေ့အကျင့်ကိုကျင့်သုံးခြင်းကသာ ပေါ်ပေါက်
 လာတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်း
ခြင်းဖြစ်စဉ်ကို ပံ့ပိုးနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။”

နိုင်ငံတော်သမ္မတရဲ့ အခုလို ဘာသာရေး ပဋိပက္ခတွေ မဖြစ်အောင် ပြောကြားလာတဲ့ သမ္မတမိန့်ခွန်းဟာ ဘယ်လောက်အာဏာရှိမလဲ ဆိုတာကတော့ စောင့်ကြည့် သုံးသပ်ရမှာဖြစ်တယ် လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးဥာဏ်ဝင်းကပြောပါတယ်။

“ကျနော်တို့အနေနဲ့ကတော့ ဥပဒေအရလုပ်မယ်။ အကောင်းဆုံး လုပ်မယ်ဆို
တာကိုတော့ ကြိုဆိုတာပေါ့ဗျာ။ အမြန်ဆုံးလုပ်ဖို့ လိုတယ်။”

ဒီတစ်ကြိမ်ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ နှစ်ဖက်ဘာသာရေး ခေါင်းဆောင်တွေရဲ့ထိန်းသိမ်းမှုတွေကို လည်း အသိအမှတ်ပြုတယ်လို့ သမ္မတဦးသိန်းစိန်ကပြော
ပါတယ်။

“အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှု၊ ဘာသာပေါင်းစုံ
က ခေါင်းဆောင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာအဖွဲ့အစည်း
တွေရဲ့ ပူးပေါင်းကူညီမှု၊ မီဒီယာများရဲ့ ပိုမိုတာဝန်သိသိ၊ တာဝန်ရှိရှိ သ
တင်းဖော်ပြမှု၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုနဲ့ ပြန်
လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဘုန်းတော်ကြီးများ အပါအဝင် လုံခြုံရေး အဖွဲ့အစည်းများနဲ့ တပ်မတော်တို့ရဲ့ မှန်ကန်တဲ့ အခန်းကဏ္ဍ
က ပါဝင်မှုတွေကို တွေ့ရှိရပါတယ်။"

မိတ္ထီလာ အကြမ်းဖက်ဖြစ်ရပ်ဖြစ်ပွားအပြီး ရရက်အကြာမှ အခုလို ပြည်သူ
ကို မိန့်ခွန်းပြောလာတာ အနည်းငယ်နောက်ကျတယ်လို့ လည်းမန္တလေးမြို့
မြ၀တီမင်းကြီးကျောင်းထိုင် ပဓာန နာယက ဆရာတော် ဦးအရိယ၀ံသဘိ
ဝံသက မိန့်ပါတယ်။

“ အင်း ပြောရင် နည်းနည်းတော့ နောက်ကျတယ်ပြောရမယ်။ အမှန်တော့ အစိုးရအဖွဲ့အတွင်းမှာကို အားနည်းချက်တခုလို့ ဘုန်းကြီးတို့က ယူဆတာပဲ။ အမှန်တော့ သမ္မတကြီးရဲ့ ဒီမိန့်ခွန်းမျိုးကို အားလုံးတညီတညာတည်း ထောက်
ခံပြီးတော့ အားလုံးတညီတညာတည်း ထောက်ခံပြီးတော့ အားလုံးတညီတ
ညာတည်း လိုက်ပါသင့်တာ။”

နိုင်ငံတော်သမ္မတဦးသိန်းစိန်ဟာ အချိန်အားဖြင့် ၉ မိနစ် ကြာ ပြည်သူကို ရည်ရွယ်ပြီး ပြောခဲ့တဲ့ မိန့်ခွန်းကို လက်ရှိအချိန်မှာ ပြည်တွင်း ကသာမက
နိုင်ငံတကာ အသိုင်းအ၀ိုင်းကစိတ်ဝင်တစား စောင့်ကြည့် နေတာလည်း
ဖြစ်ပါတယ်။ 

သမ္မတဦးသိန်းစိန် ပြောကြားခဲ့တဲ့ မိန့်ခွန်းဟာ အခုလို ဘာသာရေးအပေါ် အခြေခံတဲ့ အကြမ်းဖက် လုပ်ရပ်တွေ ဘယ်လောက်ထိ လျော့ပါးသွားမလဲ ဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရေး လေ့လာ
သူတွေက သုံးသပ်ပြောကြားကြပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် နိုင်ငံကို မိန့်ခွန်းပြောကြားစဉ် ( မတ်လ ၂၈၊ ၂၀၁၃) သတင်းမှတ်တမ်း- သမ္မတရုံးဝဘ်ဆိုက်ဒ်
အောင်ရဲ၊ မောင်မောင် 
VOA

ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုထိပါးတဲ့ လုပ်ရပ်မှန်သမျကို မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နှင်းသွားမယ်လို့ သမ္မတဦးသိန်းစိန်က ဒီညနေထုတ်လွှင့်ခဲ့တဲ့ အသံလွှင့် မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။ တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကလည်း ဥပဒေနဲ့အညီ ရဲဝင့်ပြတ် သားစွာ ဆောင်ရွက်ကြဖို့ မှာကြားသွားပါတယ်။