Wednesday 15 October 2014

တပ်မတော်သတင်းများထုတ်ပြန်ရန် ကာချုပ်က ဗိုလ်ချုပ်သုံးဦးအား တာဝန်ပေး

တပ်မတော်နှင့် ပုဂ္ဂလိကသတင်းမီဒီယာများကြား ရေရှည် နားလည်မှု၊ ယုံကြည်မှု တည် ဆောက်ရေးနှင့် တပ်မတော် သတင်းများပုံမှန်ထုတ်ပြန်ပေးရန် ဗိုလ်ချုပ်သုံးဦးအား ပြောရေးဆို ခွင့်ရှိသူအဖြစ် တာဝန်ပေးအပ် လိုက်ပြီး တပ်မတော် သတင်းများပုံမှန်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က ပြော ကြား သည်။

လိပ်ကျွန်းလူသတ်မှု၊ မြန်မာသံအမတ်အမေး၊ ထိုင်းရဲအဖြေ

ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံ ရခြင်းနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးဝင်းမောင်၊ ဗြိတိန် သံအမတ် Mark Andrew Geoffrey Kent ၊ ထိုင်းဘက်မှ ရဲချုပ် Somyot နှင့် ဒုတိယရဲချုပ် Surapong Suwarnna တို့သည် အောက်တိုဘာ ၁၄ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အီဘိုလာဗိုင်းရပ်(စ်) အသစ် ကူးစက်ခံရမှု တစ်ပတ်လျင် ၁၀,၀၀၀ အထိ မကြာမီ ရောက်ရှိလာမည်

အီဘိုလာ ဗိုင်းရပ်(စ်) အသစ်ကူးစက်ခံရသူ ဦးရေမှာ ဒီဇင်ဘာလတွင် တစ်ပတ်လျင် ၁၀,၀၀၀ အထိရောက်ရှိနိုင်ကြောင်း ကမ္ဘာကျန်းမာရေးအဖွဲ့ က အင်္ဂါနေ့တွင် အစီရင်ခံခဲ့သည်။

နွားကျောင်းသား စောဆန်းအောင်၊ သစ္စာဖောက်ကျော်သက်၊ ဒရိုင်ဘာတိုက်ဂါးနှင့် သူတို့၏နောက်ကွယ်မှ သင်းအုပ်ဒေါက်တာ တင်မိုသီ

တစ်လောက KNLA-PC မှစောတိုက်ဂါးပြဿနာရှာသဖြင့် နှစ်ဘက်တပ်များတင်းမာမှုဖြစ်ခဲ့ရသည်။ မကြာခင် အချိန်မှာပဲ ဖထီးဌေးမောင်သည် စောတိုက်ဂါးလုပ်ရပ်အပေါ် တပ်ဖွဲ့နှင့်မဆိုင်ဟုဆုံးဖြတ်ခဲ့ပြီးနောက် KNLA-PC ဗဟိုကော်မတီဝင် ဒေါက်တာတင်မိုသီနှုတ်ထွက်ခဲ့ပေသည်။ ထို့နောက်စောတိုက်ဂါးDKBA သို့ကူးပြောင်းခဲ့ ပေသည်။ ထိုပြဿနာနှင့်အတူဖြစ်ပွားနေသည်ကတော့ DKBA စောဆန်းအောင်နှင့် စောကျော်သက်တို့၏ ရမ်းကားမှုများပင်ဖြစ်သည်။

ကျန်းမာရေးချို့တဲ့နေသည့် လှည်းကူးမြို့နယ်က သုံးမြွှာပူးကလေးငယ်များ အကူအညီလိုအပ်နေ

Photo: ကျန်းမာရေးချို့တဲ့နေသည့် လှည်းကူးမြို့နယ်က
သုံးမြွှာပူးကလေးငယ်များ အကူအညီလိုအပ်နေ
Wednesday, October 15, 2014

ရန်ကုန် တိုင်းဒေသကြီး လှည်းကူးမြို့နယ် သပိတ်ကုန်းကျေးရွာတွင် နေထိုင် သော ရန်ကွဲကွင်းရှိ သုံးမြွှာပူး ကလေးများ၏ ကျန်းမာရေးချို့တဲ့ နေသဖြင့် အကူအညီလိုအပ်နေ ကြောင်း သိရသည်။

အဆိုပါကလေးများကို ရန်ကွဲ ကွင်းရှိ အုတ်တဲတွင် မွေးဖွားခဲ့ခြင်း ဖြစ်ပြီး တော်သလင်းလဆုတ် ၈ရက် ဗုဒ္ဓဟူးနေ့ မွန်းတည့် ၁၂နာရီတွင် မွေးဖွားခဲ့ခြင်းဖြစ်ကာ လှိုင်းဝဏ္ဏ အောင်၊ လှိုင်းဝဏ္ဏဆောင်၊ လှိုင်း ဝဏ္ဏမောင်ဟု အမည်ပေးထားကြောင်း သိရပြီး အဆိုပါကလေးများ၏ ဖခင် မှာ လှည်းကူးမြို့နယ်၊ သပိတ်ကုန်း ကျေးရွာ၊ ရန်ကွဲကွင်း အုတ်တဲ၌ အ လုပ်လုပ်နေသူ ဦးတင်မျိုးဇော်ဖြစ် ကြောင်းနှင့် ယခုမွေးဖွားသော ကလေးအမြွှာသုံးဦးအပါအဝင် စုစု ပေါင်း ကလေးခုနစ်ဦးကို ကျွေးမွေး စောင့်ရှောက်နေရကြောင်း သိရသည်။

''ကျွန်မရော၊ ကလေးတွေရော အာဟာရ လိုအပ်နေပါတယ်။ နို့ ညှာကလေးက တစ်နှစ်နဲ့ ရှစ်လဆို တော့ ညအိပ်ချိန်ဆိုရင် ကလေးက နို့လာစို့သေးတယ်။ ဒီကလေးသုံး ယောက်ကိုလဲ တိုက်ရတယ်ဆိုတော့ ကလေး လေးယောက်ကို နို့တိုက် နေရတာပါ။ အာဟာရကလဲ တော ဆိုတော့ ငါးခြောက်နဲ့ ထမင်းပဲ စားရတယ်။ အာဟာရတော်တော် ကို လိုအပ်ပါတယ်။ အခုကတော့ ဆေးရုံကကျွေးတဲ့ထမင်းနဲ့ ဟင်းကို စားနေပါတယ်'' ဟု မိခင်ဖြစ်သူ ဒေါ်ခင်မိုးအေးက ပြောသည်။

ယခုအခါတွင် ကလေးများ၏ ကျန်းမာရေးမှာ ချို့တဲ့လာသဖြင့် အောက်တိုဘာ ၁၃ရက် နံနက်ပိုင်း တွင် လှည်းကူးမြို့နယ်ဆေးရုံကြီး သို့ ပြသကာ အဆိုပါဆေးရုံကြီးမှ ရန်ကင်းကလေးဆေးရုံကြီးသို့ လွှဲ ပြောင်းလိုက်ခြင်းဖြစ်ကြောင်း သိရ သည်။

ထို့ပြင် ၄င်းတို့အနေဖြင့် ရန် ကင်းကလေးဆေးရုံကြီးသို့ အောက် တိုဘာ ၁၃ရက်နံနက် ၉နာရီဝန်းကျင် တွင် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိ ရပြီး ကလေးများမှာ လမစေ့ဘဲ မွေး ဖွားခြင်း၊ ပေါင်မပြည့်ဘဲမွေးဖွားခြင်း၊ အာဟာရချို့တဲ့ခြင်းတို့ကြောင့် လွှဲ ပြောင်းကုသပေးရခြင်းဖြစ်ကြောင်း၊ ယခုအခါတွင် အဆိုပါကလေးများ နှင့် မိသားစုမှာ အကူအညီများလိုအပ် နေပါသဖြင့် အိုင်အင်န်ဂျီအိုအဖွဲ့များ၊ စေတနာရှင်များအနေဖြင့် ကလေး သုံးမြွှာပူး မိခင်ဒေါ်ခင်မိုးအေးကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရ သည်။
¤င်းတို့မတိုင်မီ ရန်ကင်းကလေး ဆေးရုံကြီးသို့ မော်လမြိုင်ကျွန်းမြို့နယ် ခုတင် ၁ဝဝဆံ့ တိုက်နယ်ဆေးရုံမှ လွှဲပြောင်းထားသော မိန်းကလေး အမြွှာသုံးဦးလည်း ကြိုတင်ရောက် ရှိနေကြောင်းလည်း သိရသည်။

အဆိုပါ မိန်းကလေးအမြွှာသုံးဦး ကို မော်လမြိုင်ကျွန်းမြို့နယ် ကြက် သျှာအုပ်စု၊ ညီနောင်ကီးကျေးရွာတွင် နေထိုင်သည့် ဖခင်ဖြစ်သူ ဦးအောင် အောင်၊ မိခင်ဖြစ်သူ မမီနန်းတို့မှ စက်တင်ဘာ ၂၅ရက် မွန်းလွဲ ၁နာရီ ၁၅မိနစ်တွင် အဆိုပါတိုက်နယ်ဆေးရုံ တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး စက်တင် ဘာ ၂၉ရက်တွင် ရန်ကင်းကလေး ဆေးရုံကြီးသို့ ရောက်ရှိလာခြင်းဖြစ် ကြောင်း သိရသည်။

UTW,NOL
Yangon Media Group
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် သပိတ်ကုန်းကျေးရွာတွင် နေထိုင် သော ရန်ကွဲကွင်းရှိ သုံးမြွှာပူး ကလေးများ၏ ကျန်းမာရေးချို့တဲ့ နေသဖြင့် အကူအညီလိုအပ်နေ ကြောင်း သိရသည်။

ကျောင်းသူ ဖြူနှင်းထွေး လွတ်ပြီ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ တရုတ်နိုင်ငံသား ၂ ဦးကို ပြန်ပေးဆွဲမှုနဲ့ စွပ်စွဲ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က မဖြူနှင်းထွေးကို ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။အောက်တိုဘာ ၁၅ ရက်နေ့ ယင်းမာပင်ခရိုင် ပဉ္ဓမမြောက် တရားရုံးချိန်းမှာ တရားလိုဖြစ်တဲ့ ၀မ်ပေါင်ကုမ္ပဏီရဲ့ စီမံကိန်းတာဝန်ခံ ဦးလှစိန်က တရားသူကြီးထံကို အမှု ရုပ်သိမ်းလွှာ တင်သွင်းခဲ့တဲ့အတွက် အမှုကနေ တရားရှင် ပြန်လွှတ်ပေးလိုက်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော်က ပြောပါတယ်။

ကုမ္ပဏီရှိ အမျိုးသမီးဝန်ထမ်းများ၏ မျိုးဥ အေးခဲအောင် ပြုလုပ်ရန်အတွက် Apple နှင့် Facebook ငွေကြေး ထောက်ပံ့မည်

Apple နှင့် Facebook တို့သည် ကုမ္ပဏီ၏ အမျိုးသမီးဝန်ထမ်းများ ကလေးရယူခြင်းကို ရွှေ့ဆိုင်းကာ အလုပ်များ ပိုမို လုပ်ဆောင်နိုင်ရန်အတွက် ၎င်းတို့၏ "မ" မျိုးဥကို အေးခဲအောင် ပြုလုပ်ရန် ငွေကြေး ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဟတ်ကြီး ရေအားလျှပ်စစ် စီမံကိန်းနေရာရှိ DKBA ၏ ကလိုထူးဘောတပ်ကို ဖယ်ရှားခိုင်းဟုဆို

လျှပ်စစ်အား ၁၂၀၀ မဂ္ဂါဝပ် ထုတ်နိုင်မည်ဟု သဘာဝ ပတ်ဝန်းကျင် စောင့်ရှောက်ရေး အဖွဲ့များက ပြောဆိုထားသော ကရင်ပြည်နယ် သံလွင်မြစ်ပေါ်တွင် တည်ဆောက်ရန် ပြင်ဆင်နေသည့် ဟတ်ကြီး ရေအားလျှပ်စစ် စီမံကိန်း နေရာတွင် တည်ရှိသည့် DKBA ၏ ကလိုထူးဘောတပ်ကို တပ်မတော်က အောက်တိုဘာလ ဒုတိယပတ်အတွင်း ယင်းနေရာမှ ဖယ်ရှားခိုင်းကြောင်း သံလွင်မြစ် စောင့်ကြည့်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

လိပ်ကျွန်းလူသတ်မှု သက်သေအဖြစ် ထိန်းသိမ်းခံရတဲ့ မြန်မာတွေကို လွှတ်ပေးလိုက်ပြီ

Photo: လိပ်ကျွန်းလူသတ်မှု သက်သေအဖြစ် ထိန်းသိမ်းခံရတဲ့ မြန်မာတွေကို လွှတ်ပေးလိုက်ပြီ
Wednesday, October 15, 2014

ထိုင်နိုင်ငံ လိပ်ကျွန်း လူသတ်မှုအတွက် ထိုင်းအစိုးရက တရားလိုပြ သက်သေအဖြစ် ထိန်းသိမ်းထားတဲ့ မောင်မောင် အပါအဝင် မြန်မာသုံးဦးကို အောက်တိုဘာလ ၁၄ ရက်နေ့ ညနေက စပြီးတော့ လွတ်လပ်စွာ သွားလာခွင့် ပြုလိုက်ပြီ ဖြစ်တယ်လို့ မြန်မာသံရုံး ကိုယ်စားလှယ် အဖွဲ့ဆီကနေ သိရပါတယ်။

လိပ်ကျွန်းမှာ ဗြိတိန် စုံတွဲကို သတ်ခဲ့တဲ့ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနှစ်ယောက်နဲ့ အခင်ဖြစ်တဲ့ နေရာအနီးမှာ အခင်းဖြစ်တဲ့ ညက ရှိနေခဲ့တော မောင်မောင်ကို တရားလိုပြ သက်သေအဖြစ် ထိုင်းရဲတပ်ဖွဲ့က ထိန်းသိမ်းထားခဲ့တာပါ။

တရာလိုပြ သက်သေအဖြစ် အစိုးရက အောက်တိုဘာလ ၁၄ ရက်နေ့က ကော့စမွီ တရားရုံးမှာ ကြိုတင် သက်သေထွက်ဆို ခိုင်းခဲ့တဲ့ မောင်မောင်အပါအဝင် ဖမ်းဆီးခံ မြန်မာနှစ်ဦးရဲ့ သူငယ်ချင်းတွေ ဖြစ်ကြတဲ့ အောင်ဇော်လင်း၊ ညီညီအောင် တို့ကို ပြန်လွှတ်ပေးလိုက်တာပါ။ အောင်ဇော်လင်းနဲ့ ညီညီအောင်တို့ဟာ တရားဝင် လာရောက် အလုပ်လုပ်ကိုင်နေသူတွေ ဖြစ်တဲ့အတွက် မူလနေရာသို့ ပြန်သွားကြပြီ။ မောင်မောင်ကိုတော့ သံရုံးကိုယ်စားအဖွဲ့က ထိန်းသိမ်းစောင့်ရှောက်ထားပြီး ဖြစ်တယ်လို့ ကိုယ်စားလှယ် အဖွဲ့ဆီကနေ သိရပါတယ်။

The Voice Weekly
ထိုင်နိုင်ငံ လိပ်ကျွန်း လူသတ်မှုအတွက် ထိုင်းအစိုးရက တရားလိုပြ သက်သေအဖြစ် ထိန်းသိမ်းထားတဲ့ မောင်မောင် အပါအဝင် မြန်မာသုံးဦးကို အောက်တိုဘာလ ၁၄ ရက်နေ့ ညနေက စပြီးတော့ လွတ်လပ်စွာ သွားလာခွင့် ပြုလိုက်ပြီ ဖြစ်တယ်လို့ မြန်မာသံရုံး ကိုယ်စားလှယ် အဖွဲ့ဆီကနေ သိရပါတယ်။

လိပ်ကျွန်းလူသတ်မှု မြန်မာနှစ်ဦး ကျူးလွန်ခြင်းမဖြစ်နိုင်ဟု ထိုင်းအစိုးရ တရားလိုပြသက်သေ ထွက်ဆို

ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန် နိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရမှုကို မြန်မာနိုင်ငံသားနှစ်ဦး ကျူးလွန်ခြင်း မဖြစ်နိုင်ဟု ထိုင်အစိုးရက တရားလိုပြ သက်သေအဖြစ် ထိန်းသိမ်းခံထားရသည့် မောင်မောင်က ဆူရတ်ဌာနီခရိုင် ကော့စမွီ တရားရုံးတွင် ထွက်ဆိုခဲ့ကြောင်း မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့ဝင် ဦးမင်းဦးက ပြောကြားသည်။

ရှမ်းပြည်နယ်တွင်း တိုက်ပွဲများအရေး အစိုးရနှင့် SSPP တို့ တွေ့ဆုံဆွေးနွေးမည်

အစိုးရတပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းမြောက်ပိုင်းတပ်မတော် (SSPP/SSA)တို့ ယခုလအတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သော အဖွဲ့နှင့် SSPP/SSAတို့ လာမည့် အောက်တိုဘာလ ၁၈ ရက်တွင် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။“လိုအပ်သည်များကို ကြိုတင်ဆောင်ရွက်နိုင်ပါရန် အကြောင်းကြားတာပေါ့။ ဆွေးနွေးမယ့် အကြောင်းအရာကတော့ ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆိုတော့ အခုဖြစ်ပျက်နေတဲ့ တာဖာဆောင်ကိစ္စတွေ ပါတာပေါ့ဗျာ။ တပ်မတော်က မဆုတ်သေးဘူး။ အခုဆွေးနွေးမှုမှာလည်း တိုင်းနှစ်တိုင်းလုံးပါတယ်”ဟု SSPP/SSA ၏ အထွေထွေ အတွင်းရေးမှူးချုပ် စဝ်ခွန်ဆိုင်းက မဇ္ဈိမကို ပြောသည်။

တံခွန်တစ်ခုကြောင့် ပွဲရပ်လိုက်ရသည့် ဆာဘီးယား-အယ်လ်ဘေးနီးယား ဘောလုံးပွဲ

Photo: တံခွန်တစ်ခုကြောင့် ပွဲရပ်လိုက်ရသည့် ဆာဘီးယား-အယ်လ်ဘေးနီးယား ဘောလုံးပွဲ
Wednesday, October 15, 2014

 နိုင်ငံရေးအရ မုန်းတီးမှုများ ရှိခဲ့သည့် ဆာဘီးယားနှင့် အယ်လ်ဘေးနီးယားတို့ ကစားသည့် ဘောလုံးပွဲသည် အဝေးထိန်း ရဟတ်ယာဉ်ငယ် တစ်စီးတွင် ချိတ်ဆွဲထားသည့် ဝါဒဖြန့်ချိရေး တံခွန်တစ်ခုကြောင့် ပွဲပျက်သွားခဲ့ကြောင်း  သိရသည်။

အောက်တိုဘာ (၁၄)ရက် ညပိုင်းက ဥရောပဖလား ခြေစစ်ပွဲစဉ်အဖြစ် ဆာဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့တွင် အဆိုပါနှစ်သင်း ယှဉ်ပြိုင်ကစားခဲ့သည်။ ဆာဘီးယားနှင့် အယ်လ်ဘေးနီးယားတို့သည် ကိုဆိုဗို အရေးနှင့် ပတ်သက်၍ တင်းမာမှု ရာဇဝင်များ ရှိခဲ့ရာ ပြဿနာများ မဖြစ်စေရန်အတွက် ယခုပွဲစဉ်တွင် အဝေးကွင်း ပရိသတ်များ လာရောက် ကြည့်ရှုခွင့်ကို ပိတ်ပင်ထားသည်။ ကိုဆိုဗိုသည် ဆာဘီးယားမြေတွင် (၁၉၆၇)နောက်ပိုင်း ပထမဆုံးအကြိမ် လာကစားခြင်းလည်း ဖြစ်သည်။ ဝေဟင်မှ မှတ်တမ်းယူ ဗီဒီယိုရိုက်ရာတွင် အသုံးပြုသည့် ရဟတ်ယာဉ်ငယ် တစ်စီးသည် အယ်လ်ဘေးနီးယား လိုလားမှု ဝါဒဖြန့် တံခွန်တစ်ခုကို အလံသဖွယ် ချိတ်ဆွဲ သယ်ဆောင်ပြီး ဘောလုံးကွင်းထဲ ရောက်လာသည်။ အဆိုပါ တံခွန်ပေါ်တွင် ဂရိတ်တား အယ်လ်ဘေးနီးယားခေါ် စိတ်ကူးယဉ် နိုင်ငံမြေပုံကို ရေးဆွဲထားသည်။ ယင်းမြေပုံသည် ယနေ့ခေတ် အယ်လ်ဘေးနီးယား၊ ဆာဘီးယား၊ ကိုဆိုဗို၊ မွန်တီနီဂရိုး၊ မက်စီဒိုးနီးယားနှင့် ဂရိနိုင်ငံ မြောက်ပိုင်းပိုင်နက်များကို နိုင်ငံတစ်ခုသဖွယ် ခြုံငုံ သတ်မှတ်ထားခြင်း ဖြစ်သည်။

ထို့အပြင် တံခွန်ပေါ်တွင် မက်စီဒိုးနီးယား၏ အထင်ကရ အမျိုးသားရေး ဝါဒီခေါင်းဆောင် နှစ်ဦး၏ ပုံကိုလည်း ရေးဆွဲထားသည်။ ထိုနှစ်ဦးမှာ အော့တိုမန် အင်ပါယာ လက်အောက်မှ ရုန်းထွက်ကာ မက်စီဒိုးနီးယား လွတ်လပ်ရေး ကြေညာခဲ့သူ အစ္စမေးလ် ကွီမာလီနှင့် တူရကီတို့ကို တော်လှန်တိုက်ခိုက်ခဲ့သည့် မက်စီဒိုးနီးယား တော်လှန်ရေးခေါင်းဆောင် အိုင်ဆာ ဘိုလာတီနီတို့ ဖြစ်ကြသည်။

အဆိုပါ တံခွန်ကို ဆာဘီးယား အသင်းမှ နောက်ခံလူ စတီဖန် မီထရိုဗစ်က ခုန်၍ ဆွဲဖြုတ်ချခဲ့ရာ မက်စီဒိုးနီးယား ကစားသမားများက ဒေါသတကြီး တုံ့ပြန်ရင်း နှစ်ဖက်အသင်းသားများ အချင်းများခဲ့ကြသည်။ သွေးဆူနေသော ပရိသတ် အချို့ကလည်း ကွင်းထဲထိ ပြေးဝင်လာကာ ဧည့်သည် မက်စီဒိုးနီးယား ကစားသမားများကို တိုက်ခိုက်ရန် ကြိုးစားကြသည်။ ပဋိပက္ခ အခြေအနေများကြောင့် အဓိကရုဏ်း နှိမ်နင်းရေး ရဲများပါ ကွင်းထဲဝင်လာရသည့်နောက် အင်္ဂလိပ် ကွင်းလယ်ဒိုင် မာတင် အက်ကင်ဆန်က ဂိုးမရှိ သရေကျနေချိန် ပထမပိုင်း မိနစ်(၃၀)တွင် ပွဲကို ရပ်နားရန် ဆုံးဖြတ်ခဲ့သည်။ ချယ်လ်ဆီး နောက်ခံလူနှင့် ဆာဘီးယား အသင်းခေါင်းဆောင် ဘရာနီဆလက်ဗ် အိုင်ဗန်နိုဗစ်က ပွဲကို ဆက်ကစားရန် တောင်းဆိုသော်လည်း အယ်လ်ဘေးနီးယား ကစားသမားများက လုံခြုံရေး အကြောင်းပြချက်ဖြင့် ကန့်ကွက်ခဲ့ကြသည်။ အယ်လ်ဘေးနီးယား အသင်းသားများသည် ကွင်းထဲမှ ထွက်ခွာကာ ဥမင်ထဲ ဝင်သွားချိန်၌ ပရိသတ်များက ခုံများအပါအဝင် ပစ္စည်းမျိုးစုံဖြင့် ပစ်ပေါက်ကြသဖြင့် အသည်းအသန် ကာကွယ်ခဲ့ရသေးသည်။

ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA)က အဆိုပါ ကိစ္စကို ရှုတ်ချခဲ့သော်လည်း မည်သို့မည်ပုံ အရေးယူ ကိုင်တွယ်မည်ကို တိတိကျကျ မဆုံးဖြတ်ရသေးချေ။ ဆာဘီးယားနှင့် အယ်လ်ဘေးနီးယားတို့သည် ခါးသီးသော သမိုင်းကြောင်းများ ရှိခဲ့ဖူးသည့်အပြင် ကိုဆိုဗို ပြ    ဿနာက နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမို ဆိုးရွားစေခဲ့သည်။

အယ်လ်ဘေးနီးယား အနွယ်ဝင် အများစု နေထိုင်သည့် ကိုဆိုဗိုသည် ဆာဘီးယားပိုင်နက် ပြည်နယ်တစ်ခု ဖြစ်ခဲ့သည်။ သို့သော်လည်း (၂၀၀၈)ခုနှစ်တွင် ကိုဆိုဗိုက ဆာဘီးယားမှ ခွဲထွက်ပြီး လွတ်လပ်ရေး ကြေညာခဲ့ရာ အယ်လ်ဘေးနီးယားက ဝမ်းမြောက်ဝမ်းသာ ထောက်ခံသည်။ ဆာဘီးယားကမူ ကိုဆိုဗိုကို ယနေ့အချိန်ထိ မိမိတို့ လက်အောက်ခံ အဖြစ်သာ သတ်မှတ်ပြီး လွတ်လပ်ရေး ကြေညာမှုကို အသိအမှတ် မပြုချေ။

ထို့အပြင် ကိုဆိုဗို၌ သူပုန်ထမှုကို ဆာဘီးယားစစ်တပ်က ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းပြီး အယ်လ်ဘေးနီးယား အနွယ်များကို သတ်ဖြတ်နေမှုမှာလည်း (၁၉၉၉)ခုနှစ်တွင် NATOတပ်ဖွဲ့ ကြားဝင်မှုကြောင့် ရပ်ဆိုင်းသွားခြင်း ဖြစ်သည်။ ယခုဘောလုံးပွဲ ပြဿနာ အပြီးတွင် အယ်လ်ဘေးနီးယား ဝန်ကြီးချုပ် အီဒီရာမာက အယ်လ်ဘေးနီးယား ကစားသမားများ၏ ရဲရင့်သော လုပ်ဆောင်မှုကို ချီးကျူးကြောင်းနှင့် ဆာဘီးယားမှာ ကမ္ဘာ့အလယ်တွင် ၎င်းတို့၏ အကျည်းတန်သော ပုံရိပ်ကို လှစ်ဟပြခဲ့ကြောင်း ရေးသားသွားခဲ့သည်။

Mizzima
နိုင်ငံရေးအရ မုန်းတီးမှုများ ရှိခဲ့သည့် ဆာဘီးယားနှင့် အယ်လ်ဘေးနီးယားတို့ ကစားသည့် ဘောလုံးပွဲသည် အဝေးထိန်း ရဟတ်ယာဉ်ငယ် တစ်စီးတွင် ချိတ်ဆွဲထားသည့် ဝါဒဖြန့်ချိရေး တံခွန်တစ်ခုကြောင့် ပွဲပျက်သွားခဲ့ကြောင်း သိရသည်။

လေယာဉ်လက်မှတ်များကို E- Ticket စနစ်ဖြင့် ရောင်းချရန် မြန်မာ့လေကြောင်း စီစဉ်

နိုင်ငံ တော်အစိုးရပိုင် မြန်မာ့လေကြောင်း လိုင်း (MA)သည် ၄င်းတို့၏ခရီးစဉ် များအတွက် လေယာဉ်လက်မှတ်များ ကို E-Ticket စနစ်ဖြင့် နိုဝင်ဘာမှ စတင်ကာ ရောင်းချသွားမည်ဖြစ် ကြောင်း မြန်မာ့လေကြောင်း လက် ထောက်အထွေထွေ မန်နေဂျာ (စီးပွား ရေးဌာန)မှ ဦးထင်လင်းကပြောသည်။

လွှတ်တော်က လက်မခံတဲ့ ဥပဒေကြမ်း သမ္မတ လက်မှတ်ထိုး

အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေမှာ တားမြစ်ချက် ဖောက်ဖျက်ကျူးလွန်သူတွေကို ငွေဒဏ်အပြင် ထောင်ဒဏ်ပါ အပြစ်ပေးနိုင်အောင် ထည့်သွင်းပြဌာန်းဖို့ နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်ပေးခဲ့တာကို ပြည်ထောင်စုလွှတ်တော်က လက်မခံခဲ့ပေမယ့် အခြေခံဥပဒေကို လိုက်နာတဲ့အနေနဲ့ နိုင်ငံတော်သမ္မတက အဲဒီဥပဒေကို အတည်ပြုလက်မှတ်ရေးထိုး ပေးခဲ့တယ်လို့ သမ္မတရုံးက သတင်းထုတ် ပြန်ထားပါတယ်။

စိန်ရတုအလွန် မြန်မာ့ရုပ်ရှင်ကောင်းကင်မှာ လင်းလက်ခဲ့သည့် ကြွေလွင့်ကြယ်တစ်ပွင့်

Photo: စိန်ရတုအလွန် မြန်မာ့ရုပ်ရှင်ကောင်းကင်မှာ လင်းလက်ခဲ့သည့် ကြွေလွင့်ကြယ်တစ်ပွင့်

Wednesday, October 15, 2014

အကယ်ဒမီဒွေးသည် ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်တစ်ဦးအဖြစ် ပရိသတ်အသိအမှတ်ပြုခံရသူတစ်ဦးဖြစ်သည်။ စက်မှုအင်ဂျင်နီယာတစ်ယောက်ဖြစ်သော ဒွေးသည် ဘွဲ့မရခင်ကတည်းက အနုပညာလောကထဲသို့ စတင်ခြေချခဲ့ပြီး ဦးလေးဖြစ်သူ ဦးကျော်ဟိန်းကြောင့် ရုပ်ရှင်ရိုက်ဖြစ်ခဲ့ပါသည်။ ရုပ်ရှင်လောကထဲကို နာမည်ရင်း ထင်လင်း အမည်နှင့် ပထမဆုံးဝင်ရောက်ခဲ့ပြီး နောက်ပိုင်းတွင် ဒွေးအမည်သို့ပြောင်းကာ ၁၉၉၃ ခုနှစ်တွင် ဒါရိုက်တာကျော်ဟိန်း၏ “ဒုက္ခကို အရောင်ဆိုးတယ်” အမည်ရှိ မူး ယစ် ဆေးဝါးပညာပေးဗီဒီယိုကားနှင့် “ဝေလည်းမွှေး၊ ကြွေလည်းမွှေး ” ရုပ်ရှင်ဇာတ်ကားပရိသတ်အသိများပြီး စတင်အောင်မြင်ခဲ့သည်။

ဗီဒီယိုကားပေါင်းများစွာနှင့် ရုပ်ရှင်ကားပေါင်းများစွာရိုက်ကူးခဲ့သော စူပါမင်းသား တစ်ယောက် ဖြစ်လာခဲ့သည်။ ဒွေးသည် ၁၉၉၇ ခုနှစ်တွင် “အမေ့ခြေရာ”ဇာတ်ကားဖြင့် အမျိုးသားဇာတ်ဆောင်ဆု အကယ်ဒမီရရှိခဲ့သည်။ ရုပ်ရှင်ကားကြီးပေါင်းများစွာ၊ ဗီဒီယိုကားပေါင်းများစွာ၊ ကြော်ငြာများကိုလည်း ရိုက်ကူးခဲ့ပြီး ဂီတလောကတွင်လည်း သီချင်းပေါင်းအပုဒ် ၃ဝ ကျော်ကို သီဆိုခဲ့သည်။ အချိန်မတိုင်မီ ကြွေလွင့်သွားခဲ့သည့် ဒွေးအတွက် ရုပ်ရှင်လောက တစ်ခုလုံးသာမက ပရိသတ်များပါ စိတ်မကောင်းကြီးစွာ ကရုဏာ ဖြစ်ကြရသည်။  (ဒွေးသည်နှလုံးရောဂါဖြင့် ၂ဝဝ၇ ခုနှစ်၊ ဇူလိုင် ၁၁ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၅ နာရီ၌ အမှတ် (၃၄- စီ)၊ အေးသာယာ လမ်း၊ ဘောက်ထော်နေ အိမ်တွင် ရုတ်တရက်ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်တွင် ဒွေးသည် အသက် (၄၂) နှစ်ရှိပြီဖြစ် သည်။)

Popular
အကယ်ဒမီဒွေးသည် ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်တစ်ဦးအဖြစ် ပရိသတ်အသိအမှတ်ပြုခံရသူတစ်ဦးဖြစ်သည်။ စက်မှုအင်ဂျင်နီယာတစ်ယောက်ဖြစ်သော ဒွေးသည် ဘွဲ့မရခင်ကတည်းက အနုပညာလောကထဲသို့ စတင်ခြေချခဲ့ပြီး ဦးလေးဖြစ်သူ ဦးကျော်ဟိန်းကြောင့် ရုပ်ရှင်ရိုက်ဖြစ်ခဲ့ပါသည်။ ရုပ်ရှင်လောကထဲကို နာမည်ရင်း ထင်လင်း အမည်နှင့် ပထမဆုံးဝင်ရောက်ခဲ့ပြီး နောက်ပိုင်းတွင် ဒွေးအမည်သို့ပြောင်းကာ ၁၉၉၃ ခုနှစ်တွင် ဒါရိုက်တာကျော်ဟိန်း၏ “ဒုက္ခကို အရောင်ဆိုးတယ်” အမည်ရှိ မူး ယစ် ဆေးဝါးပညာပေးဗီဒီယိုကားနှင့် “ဝေလည်းမွှေး၊ ကြွေလည်းမွှေး ” ရုပ်ရှင်ဇာတ်ကားပရိသတ်အသိများပြီး စတင်အောင်မြင်ခဲ့သည်။

DKBA ပြောင်းသွားသည့် ဗိုလ်မှူးကြီးတိုက်ဂါးကို KNU/KNLA(PC)က ထုတ်ပယ်ကြောင်းကြေငြာ

Photo: DKBA ပြောင်းသွားသည့် ဗိုလ်မှူးကြီးတိုက်ဂါးကို KNU/KNLA(PC)က ထုတ်ပယ်ကြောင်းကြေငြာ
Wednesday, October 15, 2014

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)သို့ ပြောင်းရွှေ့သွားသည့် ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC)၏ အထူးစစ် ဗျူဟာမှူး ဗိုလ်မှူးကြီးတိုက်ဂါးကို KNU/KNLA(PC)က ထုတ်ပယ်ကြောင်း အောက်တိုဘာ ၁၄ရက် နေ့စွဲဖြင့် အမိန့်စာတစ်စောင် ထုတ်ပြန်လိုက်သည်။

၎င်းအား KNU/KNLA(PC)က အချက်သုံးချက်ဖြင့် ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးကောင်စီ၏ အခါအားလျော်စွာ ထုတ်ပြန်သည့် စစ်အက်ဥပဒေ ပုဒ်မ (၂) အပိုဒ်(က)အရ အထက်လူကြီးများ ချမှတ်သည့် အမိန့်အပေါ် လေးစားလိုက်နာခြင်း မရှိဘဲ မထီမဲ့မြင်ပြုခြင်း၊ အဖွဲ့၏ ဂုဏ်သိက္ခာများ မထိခိုက် မကျဆင်းစေရေး ကာကွယ်ရန် တာဝန်ပျက်ကွက်ခြင်း နှင့် အောက်တိုဘာ ၇ရက်က ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဗဟိုဌာနချုပ် အထက်လူကြီးများနှင့် ပြန်လည်တွေ့ဆုံရန် ခေါ်ယူသော်လည်း လာရောက်တွေ့ဆုံရန် အကြိမ်ကြိမ် ပျက်ကွက်ခြင်းများကြောင့် ထုတ်ပယ်ခြင်းဖြစ်သည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

ယင်းကြေငြာချက်ကို KNU/KNLA(PC) ဗဟိုဌာနချုပ်မှ ဗိုလ်မှူးကြီးစောဂျိုးဇက်က လက်မှတ်ရေးထိုးကာ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဗိုလ်မှူးကြီး တိုက်ဂါးနှင့်အဖွဲ့သည် အဖွဲ့မှ နုတ်ထွက်၍ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့သို့ စက်တင်ဘာလ နောက်ဆုံးပတ်က ဝင်ရောက်သွားခြင်း ဖြစ်ကြောင်း ၎င်း၏ ကိုယ် ရေးအရာရှိ ဒု-ဗိုလ် စောဆေးဝါးက စက်တင်ဘာ ၂၈ ရက်က မဇ္ဈိမက ပြောသည်။

Mizzima - News in Burmese 

ကရင်ငြိမ်းချမ်းရေးကောင်စီမှ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်သို့ ကူးပြောင်းသွားသည့် ဗိုလ်မှူးကြီး တိုက်ဂါးကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
ကရင်ငြိမ်းချမ်းရေးကောင်စီမှ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်သို့ ကူးပြောင်းသွားသည့် ဗိုလ်မှူးကြီး တိုက်ဂါးကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)သို့ ပြောင်းရွှေ့သွားသည့် ကရင်အမျိုးသား အစည်းအရုံး / ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC)၏ အထူးစစ် ဗျူဟာမှူး ဗိုလ်မှူးကြီးတိုက်ဂါးကို KNU/KNLA(PC)က ထုတ်ပယ်ကြောင်း အောက်တိုဘာ ၁၄ရက် နေ့စွဲဖြင့် အမိန့်စာတစ်စောင် ထုတ်ပြန်လိုက်သည်။