NLD ပါတီ ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၀ ရက်က ပြုလုပ်ခဲ့သော
ရန်ကုန်တိုင်းလုံးကျွတ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့သဘောထား
ရယူပွဲသို့ လူထု ၂၀၀၀၀ ကျော် တက်ရောက်ခဲ့စဉ်
နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့် ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံ ဥပဒေ ဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထား ရယူရေးပွဲကို သက်ဆိုင်ရာမှ
တားမြစ်မှု ပြုလုပ် ခဲ့သော် လည်း နိုဝင်ဘာ ၁၈ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က The Daily Eleven သို့
ပြောကြား သည်။
အဆိုပါ ဟောပြောပွဲအား နိုဝင်ဘာ ၁၈ ရက် နံနက် ၈ နာရီမှ မွန်းတည့် ၁၂
နာရီအထိ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ လက်ပံခါးလှ ကျေးရွာတွင် ပြုလုပ်ရန်
သက်ဆိုင်ရာသို့ လျှောက်ထားခဲ့သော်လည်း သတ်မှတ်ချက်များ မပြည့်စုံသဖြင့်
ကျင်းပခွင့် မပြုနိုင်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဦးညီဝင်းမှ
လက်မှတ်ထိုး၍ ငြင်းပယ်သည့် အမိန့်အား ပေးပို့ခဲ့သည်။