Wednesday 14 August 2013

ဂျပန်နိုင်ငံက ငမိုးရိပ်တံတားသစ်၊ ပဲခူးမြစ်ကူးတံတား၊ သီလ၀ါစက်မှုဇုန် ရေနက်ဆိပ်ကမ်း လုပ်ငန်းများနှင့် အမြန်လမ်း အဆင့်မြှင့်တင်မည့် လုပ်ငန်းများ ဆောင်ရွက်မည်

L-14-8
ပုဇွန်တောင်-ဒေါပုံ ငမိုးရိပ်တံတား ဆောက်လုပ်မည့် နေရာအား တွေ့ရစဉ် (Photo:MOC)
ဂျပန်နိုင်ငံက ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ငမိုးရိပ် ချောင်းတံတားသစ်၊ ပဲခူးမြစ်ကူးတံတား၊ သီလ၀ါစက်မှုဇုန် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းများနှင့် ရန်ကုန်-မန္တလေး အမြန်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။