Sunday 5 April 2015

ဖမ်းဆီးခံကျောင်းသား ကျောင်းသူများအား သက်ဆိုင်ရာက မြို့နယ်အလိုက် ပုဒ်မ ၁၈ အပြင် ပုဒ်မ ၅၀၅ (ခ) ဖြင့် ထပ်မံတရားစွဲထားခြင်းမှာ မျှတမှုမရှိကြောင်း ဥပဒေပညာရှင်များ ဝေဖန်


အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန္ဒပြနေသည့် ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းမှ အဖမ်းဆီးခံကျောင်းသား ကျောင်းသူများနှင့် ဝန်းရံပြည်သူများအား သက်ဆိုင်ရာမှ မြို့နယ်အလိုက် ပုဒ်မ-၁၈ ဖြင့် တရားစွဲဆိုထားမှုအပြင် ပုဒ်မ- ၅ဝ၅(ခ)ဖြင့် ထပ်မံတရားစွဲထားခြင်းမှာ မျှတမှုမရှိကြောင်း ဥပဒေပညာရှင်များက ဝေဖန်မှုများ ရှိနေသည်။

ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းမှာ အမျိုးသားပညာရေးဥပဒေပြင်ဆင်ပေးရန်အတွက် မန္တလေးတိုင်းဒေသကြီးမှတစ်ဆင့် ရန်ကုန်သို့ ချီတက်ခဲ့ရန်ထွက်ခွာခဲ့ကြပြီး လမ်းတစ်လျှောက်မြို့နယ် အသီးသီးကို ဖြတ်သန်းခဲ့ရာ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်

ပေးကား ပေး၏ မရ တိုးကား တိုး၏ မဝ ဖြစ်တော့မှာလား



သူက ရန်ကုန်မြို့တော်စည်ပင်ဌာနရဲ့ သက်တော်ရှည် ဝန်ထမ်းတစ်ဦးပါ။ သူ့အသက် ၁၈နှစ်သားကတည်း က ရန်ကုန်မြို့တော်စည်ပင်ရုံးချုပ်ရဲ့ ဌာနခွဲတစ်ခုမှာ တာဝန်ထမ်းဆောင်နေသူပါ။ သူ့ရဲ့ဝန်ထမ်းလုပ်သက်
က ၂၅နှစ်တင်းတင်းပြည့်ခဲ့ပြီးပါပြီ။ ၁၉၈၈ခုနှစ်နောက်ပိုင်း အကြိမ် ကြိမ်တိုးပေးခဲ့တဲ့ နိုင်ငံတော်အစိုးရကပေးတဲ့ သူ့လခဟာ တစ်ချိန် တုန်းကတော့ လောက်ငတယ်ဆိုပါတော့။

နိုင်ငံတော်အတွက် အသက်ကိုပေးဆက်ရခြင်းထက် ကြီးမြတ်သော ဂုဏ်မရှိဟု ဗိုလ်ချုပ်မှာကြားခဲ့




အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဦးဆောင်သည့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ၊ အနုပညာရှင်များ သည် လောက်ကိုင်ဒေသဖြစ်စဉ်ကြောင့် ရှေ့တန်းတွင်သက်စွန့်ဆံဖျား တာဝန် ထမ်းဆောင်နေသည့် တပ်မတော်သားများကို အားပေးထောက်ပံ့ခြင်း၊ နိုင်ငံတော်အတွက် အသက်ပေးဆက်သူများ၊ ဒဏ်ရာရ စစ်သည်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သတင်းမီဒီယာ သမားများအားဂုဏ်ပြုရန် နေပြည်တော်မှ ဧပြီ ၄ ရက် နံနက်ပိုင်း တွင် လေယာဉ်ဖြင့် ထွက်ခွာခဲ့ကြရာ လားရှိုးမြို့သို့ နံနက် ၉ နာရီ ၁ဝ မိနစ်တွင် ရောက်ရှိခဲ့ကြသည်။

၂ဝ၁၃-၂ဝ၁၄ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ် လုပ်ငန်းခွန် အများဆုံးထမ်းဆောင်ခဲ့ကြသည့် အခွန်ထမ်းပြည်သူ များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်


၂ဝ၁၃-၂ဝ၁၄ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်းဆောင်ခဲ့ကြသည့် အခွန်ထမ်းပြည်သူများအား ဂုဏ်ပြု မှတ်တမ်းလွှာ များ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က ၂ဝ၁၃-၂ဝ၁၄ စည်းကြပ်နှစ်အတွက် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်းဆောင်ခဲ့ကြသည့် အခွန်ထမ်းပြည်သူများအား ဂုဏ်ပြုခြင်းဖြစ် ပါကြောင်း၊ ၂ဝ၁၃-၂ဝ၁၄ စည်းကြပ်နှစ်အတွက် အခွန်အများ ဆုံး ပေးဆောင်ခဲ့ သူ များ စာရင်းထုတ်ပြန်ကြေညာရာ တွင် မြန်မာလုပ်ငန်းရှင် အခွန်ထမ်း ၁ဝဝဝ စာရင်းနှင့် နိုင်ငံခြား ကုမ္ပဏီများစာရင်းကို ခွဲခြားတိုးချဲ့ ထုတ်ပြန်ပေးခဲ့ ပါကြောင်း၊ ထူးခြားမှုအဖြစ် လုပ်ငန်းရှင်ကြီး များ၏ ပေးဆောင်ခဲ့ သည့် အခွန်ပမာဏကို အုပ်စုခွဲခြား ထုတ်ပြန် အသိပေးကြေညာခဲ့ ပါကြောင်း၊

စုံစုံညီညီ မင်္ဂလာပွဲ


မင်္ဂလာ သတို့သားနဲ့ သတို့သမီးကို စုလျားရစ်ပတ် လက်ထပ်ပြီးရင် အကြင် လင်မယားအရာ ရောက်ပြီဆိုနိုင်တယ်။ ဒါပေမယ့် ခုခေတ်မှာ မင်္ဂလာဆောင်တွေက စု လျားရစ်ပတ် လက်ထပ်ရုံနဲ့ အားမရနိုင်ကြဘဲ တမျိုးပြီး တမျိုးချဲ့နေကြတယ်။

နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်နိုင်ရေး ကွင်းဆင်းစစ်ဆေး


နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ရေး စိစစ်ရွေးချယ်ရေးကော်မတီ၊ မြို့ပြ/ ကျေးရွာအဆင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်းဆုံးနှင့် စိုက်/မွေးဆိုင်ရာ ဆုချီးမြှင့်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်သည် ဖွံ့ဖြိုးတိုးတက်မှု အကောင်းဆုံးမြို့နယ်ဆု ချီးမြှင့်နိုင်ရေးနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးတင်လှိုင်မြင့်နှင့် မြို့နယ်ဆု/စံပြကျေးရွာဆု ကွင်းဆင်းစိစစ်ရေး
အဖွဲ့ငယ် ခေါင်းဆောင်များနှင့်အတူ ဧပြီ ၂ ရက် ညနေ ၅ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်ရှိ ဆည်မြောင်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ မြို့မိ မြို့ဖများနှင့် ဆိပ်ခွန်ကျေးရွာ ရပ်မိရပ်ဖများအား တွေ့ဆုံဆွေးနွေးခဲ့ပြီး ရွှေဘိုမြို့နယ်အုပ်ချုပ်ရေး မှူးက ရွှေဘိုမြို့နယ် ဆိပ်ခွန်စံပြကျေးရွာ၏ ဒေသဆိုင်ရာ အချက်အလက် များကို ဗီဒီယိုဖိုင်များနှင့် ရှင်းလင်းတင်ပြခဲ့ခြင်းအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

ဆေးပညာသတင်းဆန်းများ


ယခုစတင်ဖော်ပြလိုတဲ့ သတင်းတစ်ပုဒ်ကတော့ Light-emitting Electronic device ပစ္စည်းမျိုးတွေဖြစ်တဲ့ i Pad လို ပစ္စည်းမျိုးကို ညအိပ်ရာဝင်ခါနီး အချိန်ကြာကြာ မသုံးသင့်ဘူးဆိုတဲ့ လေ့လာထားချက်တစ်ခုပါ။
ဒီလိုအသုံးပြုခဲ့ရင် အိပ်ပျော်သွားဖို့ အချိန်ကြာပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းကိုလည်း ထိခိုက်စေတယ်လို့ဆိုပါတယ်။ ဒီလေ့လာချက်ကို အမေရိကန်နိုင်ငံ Pennsylvania State University မှ ဆေးဝါးသုတေသန ပညာရှင် တွေက ပြုလုပ်ခဲ့ကြပြီးUS Journal on Proceeding of the National Academy of Science ဂျာနယ်မှာ ဖော်ပြထားတာပါ။