Saturday 5 January 2013

တရားမ၀င်သစ်ခွဲသားများ နှင့် မော်တော်(၁)စီးအား ကသာသစ်တောဦးစီးဌာနမှ ဖမ်းဆီးရမိ







စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့တွင် ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း၏ ပွင့်လင်းရာသီစစ်ကြောင်း လမ်း ညွှန်ချက်အရ မြို့နယ်သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်း ထွန်းခေါင်းဆောင်သောအဖွဲ့သည် တောအုပ်ကြီး ဦးကျော်ဦး၊တော အုပ်ဦးဇော်ဝင်း၊ဦးမျိုးဇော်ညွှန့်၊ ဦးမြင့်အောင်၊ ဦးချိုနိုင်၊တောခေါင်း ဦးမျိုးမင်းဦးတို့လိုက် ပါလျက်သက်သေများနှင့်အတူ သတင်းအရ (၂၂.၁၂. ၂၀၁၂)ရက် (၁၈း၅၅) အချိန် ကသာမြို့နယ် ဝေဆွယ်ကျေးရွာအနီး ဝေအင်းချောင်း ဘေး တွင် မော်တော် (၁)စီးနှင့်အတူအောက်ပါ တရားမ၀င် သစ်ခွဲသား များ ဖမ်းမိခဲ့ကြောင်း သိရသည်။

မန်းမြန်မာပလာဇာပေါ်မှ ၁၇နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး



မန္တလေးမြို့ရှိ ၂၇-၂၈လမ်း၊၈၄-၈၅လမ်းကြား ၂၅ထပ်ရှိသော မန်းမြန်မာ ပလာဇာ ၁၇ထပ်ပေါ်မှ အသက်၁၇နှစ် အရွယ်ရှိ အမျိုးသမီးတစ်ဦး ဇန်န၀ါရီ၎ရက် နေ့လည်၁၁နာရီ၅မိနစ်တွင် ပြုတ်ကျသေဆုံးမှုတစ်ခုဖြစ် ပွား ခဲ့ကြောင်း သိရသည်။

ကလေးတွင် လူသတ် တရားခံပြေး အသတ်ခံရ




စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့တွင် လူသတ်မှု ကျူးလွန်ထားပြီး ကလေး ရဲစခန်းက (ပ) ၄၄၄ / ၂၀၁၂ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် ထွက်ပြေးနေသည့် လူသတ် တရားခံပြေး ဦးကြွက်သိုး (ခ) ငြိမ်းချမ်း အောင် သည် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကလေးမြို့နယ် ထန်ဘုရား ရေနံမှော်တွင် အသတ်ခံခဲ့ရ ကြောင်း အဆိုပါ ကလေး ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

၂၀၁၂ ခုနှစ်တွင် မထသလက်အောက်ရှိ ယာဉ်လိုင်းများမှ ယာဉ်တိုက်မှုပေါင်း ၂၇၆ မှုဖြစ်ပွားခဲ့ပြီး ၁၁၁ ဦးသေဆုံးကာ ၇၈၆ ဦး ဒဏ်ရာရရှိခဲ့




၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ ဒီဇင်ဘာလအထိ မထသလက်အောက်ရှိ ခရီးသည်တင် ယာဉ်လိုင်းများမှ ယာဉ်တိုက်မူပေါင်း ၂၇၆ မှု ဖြစ်ပွားခဲ့ပြီး ၁၁၁ ဦး သေဆုံးကာ ၇၈၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သိန်း(၁၅၀)၀န်းကျင် အရစ်ကျ Provox ကားများ အရောင်းသွက်နေ




ရန်ကုန်ကားဈေးကွက်တွင်း Provox အမျိုးအစား CNG(Original)ကားများမှာ အရောင်းအ၀ယ် နည်းပါးလျှက်ရှိပြီး အရစ်ကျရောင်း ချပေးနေသည့် ကျပ်သိန်း ၁၅၀ ၀န်းကျင်ကားများသာ အရောင်း အ၀ယ်ဖြစ်ပေါ်လျှက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

သူပုန်အားပေး The Voice ဂျာနယ် အား DDos ဖြင့် တိုက်မည် ဟု ဆို



သူပုန်အားပေး The Voice ဂျာနယ် အား DDos ဖြင့် တိုက်မည် ဟု facebook ပေါ်မှ မြန်မာ Hacker များဖြင့်ဖွဲ့စည်းထားသည့် KIA Operation မှ အဖွဲ့ဝင်တစ်ဦးထံမှ သတင်းရရှိသည်။ 

ရွေဟင်္သာ၊KNG စသည့် KIA ၏ ၀ါဒဖြန့်ချီရေး မီဒီယာ အင်တာနက်စာမျက်နှာများ BHG နှင့် ပြည်တွင်း၊ ပြည်ပ မြန်မာ Hacker များက DDoS ဖြင့် အဆက်မပြတ်တိုက်ခိုက်



KNG သတင်းဌာန အင်တာနက်စာမျက်နှာ Attack ပြုလုပ်ခံထားရသည့် အတွက် ခေါ်ယူကြည့်ဖရှု့မရသည့်ပုံ
KIA ၏ သတင်းများအား ပင်မသတင်းများအဖြစ် ၀ါဒဖြန့်လျက်ရှိသော ရွေဟင်္သာ www.phopthaw.com နှင့် ကချင်သတင်းဌာန ၂ ခု တို့အား KIA နှင့်ပတ်သတ်သော မဟုတ်မမှန် သတင်းများ ဖြန့်ချီလျက်ရှိပြီး အစိုးရ အပေါ် ပြည်သူလူထုနှင့် တိုင်းရင်းသားလူမျိုးများက အမြင်သဘောထားလွဲမှာစေရန်

မိုးထိမိုးမိ ရွှေလုပ်သားများ ညှိနှိုင်းမှုပြေလည်၊ ဆန္ဒပြ ခေါင်းဆောင်များ ထောင်ချမှု မတရား




 မန္တလေးတိုင်း ရမည်းသင်း မြို့နယ်တွင်အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီနှင့် မိုးထိမိုးမိ ရွှေလုပ် သား များအကြား ညှိနှိုင်းမှု ပြေလည် သွား၍ လျှော်ေ  ကြးနှင့် လုပ်ကွက်သစ်များ ရရှိသောကြောင့် ဆန္ဒပြမှုများ ပြီးဆုံး သွားပြီဖြစ်ကြောင်း သတင်းရရှိ သည်။
 
“ဆန္ဒပြမှုတွေ ပြီးဆုံးသွားပြီ။ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီကလည်း ရွှေလုပ် သားတွေ ကို လျော်ကြေးတွေပေးလို့ ဆန္ဒပြမှုတွေ ပြီးဆုံးသွားပြီ ဖြစ်တာကြောင့် ကျမတို့အနေနဲ့ သတင်းစာ ရှင်းလင်းပွဲ လုပ်ပေးတာပါ။

KIA သောင်းကျန်းသူ အဖွဲ့က အပြစ်မဲ့ ပြည်သူများ၏ မော်တော်ယာဉ် များကို လုယက် မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီး




ယာဉ်မောင်း ဖိုးဇော် မောင်းနှင်သည့် ယာဉ်အမှတ် (၇ဌ/ ၇၅၁၂) လေးလုံးထိုးယာဉ်နှင့် ယာဉ်မောင်း စိုးနိုင်ဝင်း မောင်းနှင်သော ယာဉ်အမှတ် (၉ဌ/ ၂၆၄၈၉) တုန်ဖုန်းယာဉ် တို့သည် လိမ္မော်သီး၊ ပန်းသီးနှင့်