Friday 13 December 2013

ယာဉ်ကြော ပိတ်ဆို့မှု ဖြေရှင်းရေးအဆို မှတ်တမ်း အဖြစ်သာထားရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆုံးဖြတ်

ရန်ကုန်တိုင်းဒေကြီးအတွင်း မော်တော်ယာဉ် စီးရေ များပြားလာမှုကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ အမြန်ဆုံး ဖြေရှင်းပေးရန် အစိုးရကို တိုက်တွန်းကြောင်း အဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးသို့ တင်သွင်းရာ ယင်းအဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ဆုံးဖြတ်လိုက်သည်။

ပရိဘောဂလုပ်ကိုင်နေသည့် အိမ်တစ်ခုကို သစ်တောခေါင်းနှင့် အဖွဲ့ဝင်ဖမ်း

တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့ရှိ ပရိဘောဂ လုပ်ငန်းလုပ်ကိုင်နေသော နေအိမ်တစ်ခုကို သစ်တောခေါင်းနှင့် အဖွဲ့က ဒီဇင်ဘာ ၉ ရက်က ၀င်ရောက်ဖမ်းဆီးရာ သံသယရှိ တရားခံထွက်ပြေးသွားသဖြင့် ဥက္ကံမြို့ နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းထားသည်။

သီလ၀ါဆိပ်ကမ်းလျော်ကြေး လယ်တစ်ဧက ကျပ်သိန်း ၇၀ ဖြင့် ယာယီသဘောတူ

သီလ၀ါဆိပ်ကမ်းတည်ဆောက်ရေး စီမံကိန်းအတွင်းပါဝင်သည့် လယ်ယာမြေများ အတွက် လျော်ေ ကြး ငွေကို တစ် ဧက လျှင် ကျပ်သိန်း ၇၀ ပေးရန် နှစ်ဖက် ညှိနှိုင်းဆုံးဖြတ်ခဲ့သည်ဟု လယ်သမားများက မဇ္ဈိမ ကို ဒီဇင်ဘာ ၁၁ ရက်တွင် ပြောသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ မြန်မာ နိုင်ငံ ဆိုင်ရာ အင်ဒို နီးရှား နိုင်ငံ သံအမတ်ကြီး H.E. Mr. Sebastianus Sumarsono အား လက်ခံ တွေ့ဆုံ

Photo: တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ မြန်မာ နိုင်ငံ ဆိုင်ရာ အင်ဒို နီးရှား နိုင်ငံ သံအမတ်ကြီး H.E. Mr. Sebastianus Sumarsono အား လက်ခံ တွေ့ဆုံ
Friday, December 13, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်၊ ဧည့်ခန်းမဆောင်၌ တာဝန်ပြီးဆုံး ၍ ပြန်လည် ထွက်ခွာမည့် မြန်မာနိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Sebastianus Sumarsono အား လက်ခံ တွေ့ဆုံသည်။

ထိုသို့လက်ခံ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဒုတိယ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ် မြထွန်းဦးနှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး အင်ဒိုနီးရှား နိုင်ငံ သံအမတ်ကြီး နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှား နိုင်ငံ စစ်သံမှူး Colonel Helda Risman တို့ တက်ရောက်ကြသည်။

တွ့ဆုံပွဲတွင် တာဝန်ထမ်းဆောင် ချိန်အတွင်း မြန်မာ- အင်ဒိုနီးရှား နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးစွာ ဆက်ဆံနိုင်ခဲ့မှုများ၊ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ ဒီမိုကရေစီ ဖော်ဆောင်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့် အာဆီယံ နိုင်ငံ တပ်မတော်များ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ် များအား ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အင်ဒိုနီးရှား နိုင်ငံ သံအမတ်ကြီးတို့သည် အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် ပေးအပ်ပြီး အဖွဲ့ဝင် များနှင့် အတူ အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။ 

မြ၀တီ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်း တွင် နေပြည်တော် ရှိ ဇေယျာသီရိ ဗိမာန်၊ ဧည့်ခန်းမဆောင်၌ တာဝန်ပြီးဆုံး ၍ ပြန်လည် ထွက်ခွာမည့် မြန်မာနိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Sebastianus Sumarsono အား လက်ခံ တွေ့ဆုံသည်။

ပြိုင်ဘက်များကို အနိုင် ကစားပြီး ရွှေရအောင် ယူမည်ဟု မြန်မာ အမျိုးသမီး ဘောလုံးအသင်း နည်းပြ ပြောကြား

Photo: ပြိုင်ဘက်များကို အနိုင် ကစားပြီး ရွှေရအောင် ယူမည်ဟု မြန်မာ အမျိုးသမီး ဘောလုံးအသင်း နည်းပြ ပြောကြား
Friday, December 13, 2013

(၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ အမျိုးသမီး ဘောလုံး ပြိုင်ပွဲများတွင် ပြိုင်ဘက် အသင်းထိုင်းကို အနိုင် ကစားသွားမည် ဖြစ်ကြောင်း၊ အထူး သဖြင့် ပြီးခဲ့သည့် ဆီးဂိမ်း ချန်ပီယံ ဗီယက်နမ် အမျိုးသမီး အသင်းကို အနိုင်ကစား၍ ရွှေတံဆိပ် ရယူမည် ဖြစ်ကြောင်း မြန်မာအမျိုးသမီး ဘောလုံးအသင်း နည်းပြ ဂျပန်လူမျိုး ကုမာရာက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ဒီဇင်ဘာ ၁ဝရက်က မန္တလာ သီရိ ကစားကွင်း၌ ပွဲဦးထွက် ပွဲစဉ်အဖြစ် ယှဉ်ပြိုင် ကစားခဲ့သည့် မြန်မာ အမျိုးသမီး အသင်းသည် ဖိလစ်ပိုင် အမျိုးသမီး အသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရပြီးနောက် သတင်းစာ ရှင်းလင်းပွဲ တွင် မြန်မာ နည်းပြက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

မြန်မာအမျိုးသမီး အသင်း နည်းပြ ဖြစ်သူ ဂျပန်လူမျိုး ကုမာရာက ပြောကြားရာတွင် အမျိုးသမီး ဘောလုံး ပြိုင်ပွဲများ၌ ဖိလစ်ပိုင် အသင်းနှင့် တွေ့ဆုံတိုင်း ပျမ်းမျှ သုံးဂိုး နှုန်း သွင်းယူ နိုင်ခဲ့ကြောင်း၊ ယခုပွဲတွင် ဖိလစ်ပိုင် အသင်း ကစားပုံ တိုးတက်လာပြီး မြန်မာ အသင်းမှာ ဂိုးသွင်းချင် စိတ်ဆန္ဒ ပြင်းပြနေ၍ အဆုံးသတ် အပိုင်းတွင် အားနည်း ခဲ့ကြောင်း၊ အုပ်စုပွဲစဉ်တွင် မက ဖိုင်နယ်ပွဲ၌လည်း လက်ရှိ ချန်ပီယံ ဗီယက်နမ်နှင့် တွေ့ဆုံပါက အနိုင် ကစားပြီး ရွှေတံဆိပ်ကို ရယူမှာ ဖြစ်ကြောင်း၊ ဗီယက်နမ်ကို မနိုင်ခဲ့တာ ခြောက်နှစ်ရှိပြီ ဆိုသော ကာလတစ်ခုကို ယခုချိုးဖျက်၍ အနိုင်ကစားမှာ ဖြစ်ကြောင်း၊ ရွှေတံဆိပ်ရအောင် ယူမည်ဆိုသော စိတ်ဓာတ်ဖြင့် မန္တလေးမြို့ကို လာခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဂျပန်နည်းပြ ဆရာ ကုမာရာမှာ မြန်မာ အမျိုးသမီး အသင်းကို ၂ဝ၁၁ခုနှစ်မှ စတင်၍ တာဝန် ယူခဲ့ခြင်းဖြစ်ပြီး လာမည့် ၂ဝ၁၄ အာရှဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲ သို့ ယှဉ်ပြိုင်ကစားခွင့် ရအောင် လုပ်ဆောင် ပေးနိုင် ခဲ့သော နည်းပြတစ်ဦး ဖြစ်သည်။

မြ၀တီ
(၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ အမျိုးသမီး ဘောလုံး ပြိုင်ပွဲများတွင် ပြိုင်ဘက် အသင်းထိုင်းကို အနိုင် ကစားသွားမည် ဖြစ်ကြောင်း၊ အထူး သဖြင့် ပြီးခဲ့သည့် ဆီးဂိမ်း ချန်ပီယံ ဗီယက်နမ် အမျိုးသမီး အသင်းကို အနိုင်ကစား၍ ရွှေတံဆိပ် ရယူမည် ဖြစ်ကြောင်း မြန်မာအမျိုးသမီး ဘောလုံးအသင်း နည်းပြ ဂျပန်လူမျိုး ကုမာရာက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

မြန်မာ စက်ဘီးသမားများ တစ်ဦးချင်းတွင် ရွှေရပါက ကျပ်သိန်း ၅ဝ ရမည်

Photo: မြန်မာ စက်ဘီးသမားများ တစ်ဦးချင်းတွင် ရွှေရပါက ကျပ်သိန်း ၅ဝ ရမည်
Friday, December 13, 2013

အရှေ့တောင် အာရှ ဆီးဂိမ်းပြိုင်ပွဲ၏ စက်ဘီးစီးပြိုင်ပွဲတွင် ကစား သမားများ အနေဖြင့် ရွှေတံဆိပ် ဆွတ်ခူးပါက အသင်းလိုက် ပြိုင်ပွဲတွင် ကျပ်သိန်း ၁ဝဝနှင့် တစ်ဦးချင်းပြိုင်ပွဲများတွင် ကျပ်သိန်း ၅ဝ ချီးမြှင့် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသက်ဦးက ပြောကြားခဲ့သည်။

မြန်မာစက်ဘီးကစားသမားများ အနေဖြင့် အသင်းလိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ် ရရှိပါက ကျပ်သိန်း ၁ဝဝ၊ ငွေတံဆိပ်ရရှိပါက ၇၅ သိန်း၊ ကြေးတံဆိပ် ရရှိပါက ကျပ်သိန်း ၅ဝ အသီးသီး ချီးမြှင့်မည်ဖြစ်သည်။ တစ်ဦးချင်း ပြိုင်ပွဲ များတွင် ရွှေတံဆိပ် ရရှိပါက ကျပ်သိန်း ၅ဝ၊ ငွေတံဆိပ် ရရှိပါက ကျပ်သိန်း ၃ဝ၊ ကြေးတံဆိပ်ရရှိပါက ကျပ်သိန်း ၂ဝ ရရှိ မည်ဖြစ်ကြောင်းသတင်း ရရှိသည်။

မြ၀တီ
အရှေ့တောင် အာရှ ဆီးဂိမ်းပြိုင်ပွဲ၏ စက်ဘီးစီးပြိုင်ပွဲတွင် ကစား သမားများ အနေဖြင့် ရွှေတံဆိပ် ဆွတ်ခူးပါက အသင်းလိုက် ပြိုင်ပွဲတွင် ကျပ်သိန်း ၁ဝဝနှင့် တစ်ဦးချင်းပြိုင်ပွဲများတွင် ကျပ်သိန်း ၅ဝ ချီးမြှင့် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသက်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ပထမဆုံးအငြင်းပွားဖွယ် အသည်းအစားထိုး လှူဒါန်းမှုပြဿနာ ပြေလည်မှုမရသေး

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyzI7ItNaQ2WtR8dkI2QjMkYDOmc9tvAcWbcNlgTRy6l3GAyOfw2K77Z1pEZll36XhpIyzWKGNYWFsMjDHZWUtAu_RuYLUAzRkI8kuPDkn9UWfZw8TAfv3UPXKYdGdJvzCSJB-csVGxSM/s1600/6.jpg
ဧရာဝတီတိုင်း ဒေသကြီး၊ သာပေါင်းမြို့၊ ဘုရားနီးကျေးရွာနေ ကိုနိုင်ဦးက ကျောင်းကုန်းမြို့ ဧရာဝတီ ပဲသန့်စင်စက်နှင့် ဒါးကမြို့ ခိုင်မေတ္တာ ဆန်စက်ပိုင်ရှင် ကိုမောင် မောင်ယု(ခ)စဖို၏ အစ်ကို ဦးမောင် မောင်ဦးအား အိနိ္ဒယနိုင်ငံ၊ နယူးဒေလီမြို့ရှိ မီဒန်တာဆေးရုံ၌ အသည်းတစ်ခြမ်း အစားထိုးလှူ ဒါန်းခဲ့ရာ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများနှင့် နစ်နာကြေး ကိစ္စများ အတွက် ဖြစ်ပေါ် လာသော ပြဿနာများ အား ဖြေရှင်းရာတွင် ပြေလည်မှု မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။

ထောက်လှမ်းရေးများ၏ လုပ်ဆောင်မှုများ နိုင်ငံသား အခွင့်အရေး မထိခိုက်ရန် အရေးကြီးဟု ဦးရဲထွဋ်ဆို

Photo: ထောက်လှမ်းရေးများ၏ လုပ်ဆောင်မှုများ နိုင်ငံသား အခွင့်အရေး မထိခိုက်ရန် အရေးကြီးဟု ဦးရဲထွဋ်ဆို
Friday, December 13, 2013

နိုင်ငံတော် လုံခြုံရေးနှင့် အမျိုးသား ကာကွယ်ရေးအတွက် တာဝန် ထမ်းဆောင်နေသော ထောက်လှမ်းရေး တပ်ဖွဲ့များ အနေနှင့် အခြေခံဥပဒေအရ အပ်နှင်းထားသည့် နိုင်ငံသားတို့၏ မူလအခွင့်အရေးကို မထိခိုက်စေဘဲ စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် အရေးကြီး ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင်းတွင် အမျိုးသား ထောက်လှမ်းရေး တပ်ဖွဲ့ (NIB) ပြန်လည် ဖွဲ့စည်းရန်ရှိ မရှိနှင့် လက်ရှိ ထောက်လှမ်းရေး တပ်ဖွဲ့များ၏ လုပ်ငန်းစဉ်များကို The Voice က ဦးရဲထွဋ်ထံ ဆက်သွယ် မေးမြန်းရာ ၎င်းက ယင်းသို့ ပြန်လည် ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က အမျိုးသား ထောက်လှမ်းရေးတပ်ဖွဲ့ (NIB) ပြန်လည် ဖွဲ့စည်းရန် ရှိ မရှိကို ဖြေကြားခြင်း မရှိဘဲ နိုင်ငံတိုင်းတွင် နိုင်ငံတော် လုံခြုံရေးအတွက် အမျိုးသား ထောက်လှမ်းရေးတပ်ဖွဲ့ ထားရှိရန် လိုအပ်ပြီး အဆိုပါ အဖွဲ့အစည်းက နိုင်ငံသားများ၏ မူလ အခွင့်အရေးများကို မထိခိုက်စေဘဲ နိုင်ငံတော် လုံခြုံရေးကို အပြည့်အဝ တာဝန်ယူ ဆောင်ရွက်ရန် လိုအပ်ကြောင်းသာ ပြန်လည် ဖြေကြားခဲ့သည်။
“လက်ရှိ ဘယ်လို အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်နေတယ် ဆိုတာကတော့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ ကိစ္စဖြစ်တဲ့အတွက် ပြောလို့ မရပါဘူး” ဟု ဦးရဲထွဋ်က ဆိုသည်။

နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ထောက်လှမ်းရေး တပ်ဖွဲ့များသည် နိုင်ငံသားများ၏ မူလအခွင့်အရေးကို လေးစားရန် အရေးကြီးသည်ဟု ပြောဆိုသော်လည်း လွှတ်တော်တွင်း ဥပဒေပြုရေး တာဝန် ထမ်းဆောင်နေသည့် လွှတ်တော် ကိုယ်စားလှယ်များသည်ပင် အသေးစိတ် စုံစမ်းထောက်လှမ်းမှု ပြုလုပ်ခံ နေရကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။
“အခု မြန်မာနိုင်ငံမှာ ရှိနေတဲ့ ထောက်လှမ်းရေးတွေက အမျိုးသား လုံခြုံရေး တိုင်းပြည်နှင့် နိုင်ငံသားတွေကို ကာကွယ်ရေးအတွက် မဟုတ်ဘဲ အစိုးရကို ဆန့်ကျင်တဲ့ နိုင်ငံသားတွေကို ရန်သူ တွေလို ဖမ်းဆီး ဖော်ထုတ်ဖို့ အတွက်ပဲ အလုပ် လုပ်နေကြတယ်။ အရင်ကလည်း ဒီလိုပဲ။ အခုလည်းဒီလိုပဲ” ဟု ဦးရဲထွန်းက ထပ်လောင်း ပြောကြားသည်။

မြန်မာနိုင်ငံ အထူးသတင်းတပ်ဖွဲ့ ကဲ့သို့သော ထောက်လှမ်းရေး တပ်ဖွဲ့များသည် ၎င်းတို့ မသင်္ကာသည့် အတိုက်အခံ အချို့ကို လိမ်လည် လှည့်ဖျား၍ ဖမ်းဆီးခြင်း၊ အမှုနှင့် မသက်ဆိုင်သော သူများကိုပင် အောင်သပြေ စစ်ကြောရေး စခန်းတွင် စစ်ဆေးနည်း မျိုးစုံဖြင့် နှိပ်စက် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း အောင်သပြေ စစ်ကြောရေး စခန်းတွင် တစ်လအကြာ အစစ်ခံခဲ့ရဖူးသည့် မြေအောက် နိုင်ငံရေး လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သည့် ဦးသံလွင်က ပြောကြားသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က စာအုပ် မိတ်ဆက်ပွဲ တစ်ခုတွင် အမျိုးသား လုံခြုံရေးအတွက် အစိုးရ အနေနှင့် ထောက်လှမ်းရေး အဖွဲ့တစ်ဖွဲ့ ပြန်လည် ဖွဲ့စည်းသင့်ကြောင်း ပြောဆိုခဲ့သည်။

နိုဝင်ဘာလ ပထမအပတ်အတွင်း ကျင်းပခဲ့သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူး အစည်းအဝေးတွင် အမျိုးသား ဒီမိုကရေစီ ပါတီသစ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကလည်း တပ်ဖွဲ့တစ်ခု အမြန်ဆုံး ပြန်လည် ဖွဲ့စည်းသင့်ကြောင်း အဆို တင်သွင်းခဲ့ပြီး ယင်းအဆိုကို ပြည်ထောင်စု အစိုးရထံသို့ တင်ပြပေးမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ဆုံးဖြတ်ခဲ့သည်။

၁၉၉၀ ပြည့်နှစ်မှ ၂၀၀၄ ခုနှစ်အတွင်း တပ်မတော် ထောက်လှမ်းရေး အဖွဲ့က နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများနှင့် အတိုက်အခံပါတီ ရာချီကို ဖမ်းဆီး ထောင်ချမှုများ၊ စစ်ကြောရေး ပြုလုပ်နေစဉ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်ခဲ့သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူများက ဝေဖန်ခဲ့ကြသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံတော် လုံခြုံရေးအတွက် အမျိုးသား ထောက်လှမ်းရေးအဖွဲ့ (NIB) များကို ဖွဲ့စည်းခဲ့သော်လည်း ၁၉၈၀ ပြည့်နှစ်နှင့် ၂၀၀၄ ခုနှစ်တို့တွင် နှစ်ကြိမ်တိုင်တိုင် ဖျက်သိမ်းခဲ့သည်။

The Voice Weekly
နိုင်ငံတော် လုံခြုံရေးနှင့် အမျိုးသား ကာကွယ်ရေးအတွက် တာဝန် ထမ်းဆောင်နေသော ထောက်လှမ်းရေး တပ်ဖွဲ့များ အနေနှင့် အခြေခံဥပဒေအရ အပ်နှင်းထားသည့် နိုင်ငံသားတို့၏ မူလအခွင့်အရေးကို မထိခိုက်စေဘဲ စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် အရေးကြီး ကြောင်း နိုင်ငံတော်သမ္မတ ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

ဖွဲ့စည်းပုံပြင်ဆင်ရန် တွန့်ဆုတ်နေခြင်းက မရိုးသားမှုဟု ဒေါ်အောင်ဆန်း စုကြည်ဆို

Photo: ဖွဲ့စည်းပုံပြင်ဆင်ရန် တွန့်ဆုတ်နေခြင်းက မရိုးသားမှုဟု ဒေါ်အောင်ဆန်း စုကြည်ဆို 
Friday, December 13, 2013

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်များတွင် အချို့က မလိုလား၊ စိတ်မပါသကဲ့သို့ လုပ်နေ သည့် ကိစ္စများသည် မရိုးသားဟု ဒေါ်အောင်ဆန်းစုကြည်က ကာတာနိုင်ငံ ဒိုဟာမြို့တွင် ဒီဇင်ဘာ ၁၁ ရက်နေ့ မြန်မာမိသားစုများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က“တကယ်ပဲ ဒီမိုကရေစီလိုချင်တယ်ဆိုရင် ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲချင်တဲ့စိတ် ရှိကိုရှိရမယ်။ အဲဒီလိုစိတ် မရှိဘူးဆိုရင် တ ကယ့်ဒီမိုကရေစီကို မလိုလားလို့ပဲ”ဟု ဆိုသည်။

၎င်းက ဆက်၍ “အဲဒါတော့ ကျွန်မတို့က ခပ်မာမာပဲ ကိုင်ထားတယ်။ ဒါပေမဲ့ ဒီလိုကိုင်ထားလို့ ကျွန်မတို့ အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး အောင်မြင်ရင် ဘယ်သူ့ပေါ်မှာမှအနိုင်ကျင့်ဖို့၊ အနိုင် ယူဖို့ ကြောဖို့ဆိုတာ လုံးဝစိတ်ထဲမှာ မရှိဘူး။ အဲတော့ အဲ့ဒါကို အားလုံး နားလည်စေချင်တယ်”ဟု ပြော သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိ နိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် လုပ်ဆောင်ရာ တွင် အစိုးရတစ်ခုကို ဖြုတ်ချချင်တာကြောင့် လုပ်ဆောင်နေခြင်းမဟုတ်ဘဲ ဒီမိုကရေစီစနစ်တစ်ခုကို ပြောင်းချင်တာကြောင့် ဖြစ်သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မက အခု အစိုးရတစ်ခုကို ဖြုတ်ချချင်လို့ မဟုတ်ဘူး။ စနစ်တစ်ခုကို ပြောင်းချင်လို့။ အဲတော့ စနစ်တစ်ခုကို ပြောင်းတဲ့အခါမှာ ပြုတ်တဲ့လူလဲ ပြုတ်သွားမှာပေါ့။ အခြေအနေ အရ၊ ဒါပေမဲ့ အမေတို့ကလဲ နာအောင်ဖြုတ်ချင်လို့လဲ မဟုတ်ဘူး။ ကျွန်မပြောသလိုပဲ၊ စနစ်တစ်ခုပြောင်း ချင်လို့”ဟု ပြောသည်။

ထိုအပြောင်းအလဲတွင် အားလုံးက တစ်နေရာတည်းမှာ အမြဲနေဖို့ဆိုတာ မဖြစ်သည့်အတွက် အပြောင်း အလဲတွေကတော့ ရှိရမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဘယ်သူမှ မနာအောင်တော့ လုပ်ဖို့ ကြိုးစားမည်ဟု ဆိုသည်။

ပြည်သူလူထု အားလုံးအနေဖြင့်လည်း ထိုသို့သော ရည်ရွယ်ချက်ဖြင့်သာ လုပ်ဆောင်ရန်နှင့် ကလဲ့စား ချေချင်သောစိတ်ဓာတ်၊ နာကျည်းသောစိတ်ဓာတ်၊ မုန်းတီးသောစိတ်ဓာတ်များဖြင့် မလုပ်ဆောင်ရန် ကာတာရောက် မိသားစုများကို တိုက်တွန်းပြောကြားသည်။

လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်သူ့အသံများရယူကာ အကြံပြုစာတင်နိုင်ရန် လုပ်ဆောင်နေပြီး ၎င်းအကြံပြုစာကို ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ် ရေး ပူးပေါင်းကော်မတီသို့ ဒီဇင်ဘာ တတိယပတ်အတွင်း တင်မည် ဖြစ်သည်။

ထိုသို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ဆောင်နေရာတွင် နိုင်ငံတစ်နိုင်ငံလုံး၏ လုံခြုံရေးနှင့် သာယာရေးအတွက်၊ ပြည်သူများအားလုံးကြားတွင် ညီညွတ်မှုရှိရေးအတွက် ဦးတည်လုပ် ဆောင်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံသို့ ပြည်ပရောက် နိုင်ငံသားများ အချိန်မရွေး ပြန်လာချင်လျှင် ပြန်လာနိုင်သည့် တိုင်း ပြည်မျိုးဖြစ်အောင် သူမအနေဖြင့် ကြိုးစားထူထောင်သွားမည်ဖြစ်ပြီး တစ်ဦးတစ်ယောက်တည်း၊ တစ်ဖွဲ့ တည်း လုပ်၍မရသည့်အတွက် အားလုံးပါဝင်ကူညီရန် တာဝန်ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကာတာနိုင်ငံ ဒိုဟာမြို့သို့ အရှေ့အလယ်ပိုင်းပထမဆုံးခရီးစဉ်အဖြစ် ဒီဇင် ဘာ ၉ ရက်မှ ၁၂ ရက်အထိ သွားရောက်ကာ ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်ညီလာခံ တက်ရောက်ခဲ့ပြီး ဒီဇင်ဘာ ၁၀ ရက်က အဆိုပါညီလာခံတွင် “မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြောင်းလဲ ခြင်းဆိုင်ရာ စိန်ခေါ်မှုများ” နှင့် ပတ်သက်၍ အမှာစကား ပြောကြားခဲ့သေးသည်။

ဒီဇင်ဘာ ၁၂ ရက်၊ ညနေ ၆ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိသည်။

စုမြတ်ဝေ | Mizzima - News in Burmese
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်များတွင် အချို့က မလိုလား၊ စိတ်မပါသကဲ့သို့ လုပ်နေ သည့် ကိစ္စများသည် မရိုးသားဟု ဒေါ်အောင်ဆန်းစုကြည်က ကာတာနိုင်ငံ ဒိုဟာမြို့တွင် ဒီဇင်ဘာ ၁၁ ရက်နေ့ မြန်မာမိသားစုများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ပွဲစဉ်များအတွက် ဒီဇင်ဘာ ၁၆ ရက်တွင် မဲခွဲဆုံးဖြတ်မည်

လာလီဂါကလပ် ဗလင်စီယာအသင်းသည် လက်ရှိအချိန်တွင် အသင်း၏ဘဏ္ဍာ ရေးအခက်အခဲ များ ကြောင့် ပြည်ရင်းမြှုပ်နှံမှုများရယူရန် ဆန္ဒရှိနေကြောင်းသိရသည်။

အမေရိကန်ရှိ ထိပ်တန်းအဆင့် သတ်မှတ်ခံရသော တက္ကသိုလ်ကြီးတွင် မြန်မာ ကျောင်းသားများ ပညာ သင်ယူနိုင်

Photo: အမေရိကန်ရှိ ထိပ်တန်းအဆင့် သတ်မှတ်ခံရသော တက္ကသိုလ်ကြီးတွင် မြန်မာ ကျောင်းသားများ ပညာ သင်ယူနိုင်

Friday, December 13, 2013

အမေရိကန် နိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်ပေါင်း များစွာထဲမှ Top 15 ရာခိုင်နှုန်းအဆင့် သတ်မှတ်ခံ ထားရသော တက္ကသိုလ်တစ်ခု ဖြစ်သည့် James Medison University, South U.S News and World Report မှ သတ်မှတ်သော ပုဂ္ဂလိက တက္ကသိုလ် များထဲတွင် အဆင့်နှစ် နေရာတွင်ရှိပြီး မြန်မာ ကျောင်းသားများလည်း ပညာ သင်ယူနိုင်ရန် ဖိတ်ခေါ်ထားသည်။

မြန်မာနိုင်ငံမှ အထက်တန်း ပညာရေးကို ပြီးဆုံး အောင်မြင်ထားသူများ အတွက် James Medison University တွင် စီးပွားရေးဆိုင်ရာ ဘာသာရပ်၊ ဆက်သွယ်ရေးဆိုင်ရာ ဘာသာရပ်များ၊ ပညာရေးနှင့် သက်ဆိုင်သော ဘာသာရပ်များ၊ ကျန်းမာရေးနှင့် လူမှုအကျိုးပြုဆိုင်ရာ ဘာသာရပ်များ၊ လူမှုရေးနှင့် အဖွဲ့အ စည်းဆိုင်ရာ သိပံ္ပ ဘာသာရပ်များ၊ အနုပညာ ဘာသာရပ်များ၊ သိပံ္ပနှင့် နည်းပညာ ဘာသာရပ်များ၊ အင်ဂျင်နီယာ ဆိုင်ရာ ဘာသာရပ်များကို ဘွဲ့ဒီဂရီတန်း အဖြစ် ဘာသာရပ်အလိုက် တက်ရောက် လေ့လာ နိုင်မည် ဖြစ်သည်။

Univeristy of Maine ၏ ဒုတိယနှစ်သို့ တိုက်ရိုက် ဆက်လက် တက်ရောက်နိုင်မည် ဖြစ်သည်။

James Medison University ကို ကျောင်းဝင်ခွင့် လျှောက်ထားလိုပါက ဇန်နဝါရီ၊ မေနှင့် သြဂုတ်လ ကျောင်းဖွင့်ချိန်များ အတွက် လျှောက်ထားနိုင်ပြီး James Medison University အကြောင်းနှင့် ကျောင်းဝင် ခွင့်ဆိုင်ရာ အသေးစိတ်ကို သိရှိလိုပါက AT & S ဖုန်း-ဝ၁-၆၅၂၂၈၈၊ ဝ၁-၂၅၁၃၃၂၊ ဝ၉-၅၁၂၄၇၆၁ နှင့် မန္တလေးမြို့တွင် ဖုန်း-ဝ၂-၇၄၄၃၆၊ ဝ၉-၅ဝ၆၂၁၆၁၊ ဝ၉-၅ဝ၆၂၁၇၁ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရ သည်။

မိုးအောင်

http://www.myawady.net.mm/allnews/local/item/32439-2013-12-12-15-36-23
အမေရိကန် နိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်ပေါင်း များစွာထဲမှ Top 15 ရာခိုင်နှုန်းအဆင့် သတ်မှတ်ခံ ထားရသော တက္ကသိုလ်တစ်ခု ဖြစ်သည့် James Medison University, South U.S News and World Report မှ သတ်မှတ်သော ပုဂ္ဂလိက တက္ကသိုလ် များထဲတွင် အဆင့်နှစ် နေရာတွင်ရှိပြီး မြန် မာ ကျောင်းသား များ လည်း ပညာ သင်ယူနိုင်ရန် ဖိတ်ခေါ်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး၌ ယနေ့အထိ ဖွင့်လှစ်ခွင့်ပြုထားသော တရုတ်ဆေးခန်းနှင့် တရုတ်ဆေးဆရာဝန်များမရှိသေးဟု ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဝန်ကြီးပြောကြား

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ယနေ့အချိန်အထိ ဖွင့်လှစ်ခွင့်ပြုထားသော တရုတ်ဆေးခန်းနှင့် တရုတ်ဆေးဆရာဝန်များ မရှိသေးကြောင်း ဒီဇင်ဘာ ၁၂ ရက်က ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန် အစည်း အဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး၊ လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောကြားသည်။

ပေါက်တော ဒုက္ခသည် စခန်းမီး၊ ကလေးတဦးသေဆုံး

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငှက်ချောင်း ဒုက္ခသည် စခန်းမှာ မီးလောင်တဲ့အတွက် စခန်းထဲက အိမ်တွေ အားလုံး မီးထဲပါသွားခဲ့ပြီး ကလေးတစ်ယောက်လည်း သေဆုံးခဲ့ပါတယ်။

ထိုင်း - မြန်မာနယ်စပ် ကလေးလူကုန်ကူးမှု ပိုများလာ

ထိုင်း-မြန်မာနယ်စပ်ရောက် မြန်မာ ကလေးငယ်များ
ထိုင်းမြန်မာနယ်စပ်မြို့ ဖြစ်တဲ့ မဲဆောက်မြို့အပါအ၀င် တာ့ခ်ခရိုင်တွင်း မှာ ကလေး ကူးသန်းရောင်းဝယ် မူတွေဟာ နှစ်စဉ်လိုလို များပြားလာနေတာပါ။

မိကျောင်းကန် သပိတ်စခန်း ရုပ်သိမ်း

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် အပိုင်း (၁၊၂၊၃) မြေနေရာပြန်ရဖို့ သပိတ်စခန်းဖွင့် ဆန္ဒပြနေသူတွေဟာ ၃ လအတွင်း မြေရာကိစ္စကို ကြိုးစားဖြေရှင်းပေးမယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ကတိပေးခဲ့တာကြောင့် ဒီနေ့သပိတ်စခန်းကို ရုပ်သိမ်းလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် အတိုက်အခံ ခေါင်းဆောင် ကြိုးပေးစီရင်


ကြိုးပေးကွပ်မျက်ခံလိုက်ရတဲ့ အတိုက်အခံခေါင်းဆောင်ရဲ့ ရုပ်အလောင်း သယ်ဆောင်လာတယ်လို့ ယူဆရတဲ့ အရေးပေါ်လူနာတင်ယာဉ်ကား ထောင်တွင်းမှ ထွက်လာစဉ်။ (ဒီဇင်ဘာ ၁၂၊ ၂၀၁၃)။
စစ်ရာဇ၀တ်မှုနဲ့ ပြစ်ဒဏ်ချမှတ်ထားတဲ့ ဘင်္ဂလားဒေ့ရှ် အတိုက်အခံခေါင်းဆောင် တယောက်ကို သူ့ရဲ့ နော က် ဆုံး အချိန် အသနားခံစာကို တရားရုံးချုပ်က ပယ်ချခဲ့ပြီး နာရီပိုင်းအကြာမှာပဲ ကြာသပတေးနေ့က ကွပ်မျက်လိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ် ဒေသစံတော်ချိန် ၁၀ နာရီ ၁ စက္ကန့်မှာ Abdul Qader Mollah ကို ကြိုးပေးကွပ်မျက်လိုက်တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် အရာရှိတွေက အတည်ပြုပါတယ်။

ဂျပန်က မြန်မာကို ယမ်းငွေ ၆၀ ဘီလီယံ ထပ်မံချေးငှားမယ်

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေနဲ့ မြန်မာသမ္မတ ဦးသိန်းစိန် (Credit: ABC) 
 ဂျပန်-အာဆီယံ ​ညီလာခံအတွင်း ​မြန်မာနိုင်ငံကို ​ဂျပန်နိုင်ငံက ​ဂျပန်ယမ်းငွေ ​ဘီလီယံ ​၆၀ ​ချေး ဌားကြောင်း ​ဂျပန်ဝန်ကြီးချုပ်က ​ကြေညာဖို့ရှိနေပါတယ်။

နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး မြန်မာ-အိန္ဒိယ ဆွေးနွေး

q13
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အိန္ဒိယကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Bikram Singh တို့အား နယူးဒေလီမြို့တွင်  ဒီဇင်ဘာ ၁၁ ရက်က တွေ့ရစဉ် (Photo:AFP)
အိန္ဒိယနိုင်ငံသို့ ခြောက်ရက်ကြာခရီး ရောက်ရှိနေသော ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အိန္ဒိယတပ်မတော် အရာရှိ များနှင့်တွေ့ ဆုံ ကာ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြားပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးဆွေးနွေးခဲ့ကြောင်း အိန္ဒိယမီဒီယာများ၏ ဖော်ပြချက်အရသိရသည်။

City Mart ပိုင်ရှင်နှင့် ဆက်နွှယ်နေသော ဂိုဒေါင်တွင် တွေ့ရှိရသည့် ၀ိုင်၊ အရက်များအတွက် တရားဝင် အထောက်အထားမူရင်း သတ်မှတ်ရက်အတွင်း ပြသနိုင်ခြင်း မရှိသဖြင့် ပို့ကုန်၊ သွင်းကုန် ဥပဒေဖြင့် အရေးယူရန် စီစဉ်

8.1.1
တရားမ၀င်ဝိုင်နှင့် အရက်ပုလင်းများ Mobile Team က စစ်ဆေးနေသည်ကို ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဉ်
City Mart ပိုင်ရှင်နှင့် ဆက်နွှယ်မှုရှိသော Premium Food Sevice Products ကုမ္ပဏီမှ ၀ိုင်၊ အရက်တို့ကို တရားမ၀င် တင်သွင်းခဲ့သည့်အတွက် ပို့ကုန်၊ သွင်းကုန် ဥပဒေ ပုဒ်မ ၈ ဖြင့် အရေးယူမှုကို ဒီဇင်ဘာ ၁၂ ရက်က ပြုလုပ်ခဲ့ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ Mobile Team မှ သိရသည်။

မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ဦးလေး Jang Song Thaek ကွပ်မျက်ခံရ

တရားရုံးတင် ကွပ်မျက်ခံလိုက်ရတဲ့ မြောက် ကိုရီးယား ခေါင်းဆောင် Jang Song Thaek
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ အဓိက အကြံပေးတဦးလို့ ယူဆကြတဲ့ သူ့ရဲ့ ဦးလေးလည်းတော်စပ်သူ Jang song Thaek ကို မြောက်ကိုရီးယား အာဏာပိုင်တွေက ကွပ်မျက် လိုက်ပါတယ်။ Jang ဟာ အထူးစစ်ခုံရုံးမှာ ကြားနာစစ်ဆေးမှု ခံပြီးနောက်၊ ကြာသာပတေးနေ့မှာ သူ့ကို ကွပ်မျက်လိုက်တာဖြစ်တယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် ကိုရီယား ဗဟိုသတင်းအေဂျင်စီ က ကြေညာ ပါတယ်။

ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်း ၁၄သန်းထိ ရှိလာ

Photo: ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်း ၁၄သန်းထိ ရှိလာ 
Friday, December 13, 2013

ကမ္ဘာပေါ်မှာ ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းနဲ့ ကင်ဆာရောဂါကြောင့် သေဆုံးသူတွေ သိသိသာသာများလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်အတွင်းမှာ ကင်ဆာဂေါဖြစ်ပွားသူနှုန်းဟာ ၁၄သန်းကျော်ရှိပြီး ကင်ဆာရောဂါကြောင့် သေဆုံးသူ ၈ သန်းကျော်ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ခန့်မှန်းခြေအနေနဲ့ ကင်ဆာရောဂါတွေဟာ အမျိုးပေါင်း ၂၈မျိုးရှိပြီးတော့ နိုင်ငံပေါင်း ၁၈၄ နိုင်ငံကနေ စစ်တမ်း ကောက်ယူထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းက ကင်ဆာရောဂါ ဖြစ်ပွားသူနှုန်းဟာ ၁၃သန်းနီးပါးရှိပါတယ်။

လူတွေအဖြစ်များဆုံး ကင်ဆာရောဂါအမျိုးစားကတော့ အဆုတ်ကင်ဆာရောဂါဖြစ်ပြီး ၂၀၁၂ခုနှစ်အတွင်းမှာ ဖြစ်ပွားနှုန်း ၂ သန်း နီးပါး (၁.၈ သန်း) ရှိပါတယ်။ ပြီးတော့ ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာကတော့ ဒုတိနဲ့ တတိယ အဖြစ်များဆုံး ကင်ဆာရောဂါ ဖြစ်ပါတယ်။

အဲဒီထဲမှာ အဆုတ်ကင်ဆာ၊ အသည်းကင်ဆာနဲ့ အစာအိမ်ကင်ဆါ ရောဂါတွေဟာ သေဆုံးမှုနှုန်းအများဆုံး ဖြစ်တယ်လို့ဆိုပါတယ်။

ကမ္ဘာပေါ်က အမျိုးသမီးတွေ အဖြစ်အများဆုံး ကင်ဆာရောဂါကတော့ သားအိမ်ကင်ဆာရောဂါဖြစ်ပြီး နှစ်စဉ် သားအိမ်ကင်ဆာရောဂါဖြစ်ပွားနှုန်းဟာ ငါးသိန်းကျော်လောက်ရှိတယ်လို့ ဆိုပါတယ်။

ABC Radio Australia
ကမ္ဘာပေါ်မှာ ​ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းနဲ့ ​ကင်ဆာရောဂါကြောင့် ​သေဆုံးသူတွေ ​သိသိသာသာများ လာ တယ် လို့ ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ​ပြောပါတယ်။