Wednesday 25 November 2015

အာဆီယံ နည်းပညာ ထူးချွန်ဆု မြန်မာ MIT ကုမ္ပဏီ ပထမဆုံး ဆွတ်ခူး

အာဆီယံနည်းပညာထူးချွန်ဆု (eASEAN)ကို မြန်မာနိုင်ငံ ကိုယ်စားပြု၍ မြန်မာသတင်းအချက်အလက်နှင့် နည်းပညာ ကုမ္ပဏီ(MIT)က ပထမဆုံးအ ကြိမ်ရရှိခဲ့ကြောင်း သတင်းရရှိ သည်။

အာဆီယံ ၁၀ နိုင်ငံမှကဏ္ဍ အလိုက် ထူးချွန်စီးပွားရေးလုပ်ငန်း ဦးဆောင်သူများကို ရွေးချယ်၍ ဆုပေးခဲ့ခြင်း ဖြစ်ပြီး MIT နည်း ပညာကုမ္ပဏီသည် အခြားဒေသ တွင်း နိုင်ငံများကိုကျော်ဖြတ်၍ eASEAN ဆုကို မမျှော်လင့်ဘဲ ရရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းကုမ္ပဏီ ၏ စီအီးအို ဦးထွန်းသူရသက်က ပြောသည်။

‘‘၀င်ပြိုင်တဲ့သူတွေကလည်း အများကြီး။ မရနိုင်ဘူးလို့ထင်ထားတာ။ ကုမ္ပဏီရဲ့ တိုးတက်မှုရာခိုင်နှုန်းတွေ ကို ကြည့်တာမျိုး၊ ကျွမ်းကျင်တဲ့ဝန်ထမ်းတွေခန့်ပြီး မြင့်မားတဲ့လစာပေးတာမျိုးစတဲ့ သူတို့ရဲ့ စံနှုန်းသတ်မှတ် ချက်တွေ က အများကြီးပဲ။ အဲဒါတွေကြည့် ပြီးပေးတာ’’ဟု ၎င်းက ဆက်လက် ပြောသည်။

eASEAN ဆုသည် နိုင်ငံအတွင်း နည်းပညာနှင့်ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ချက်များ သာမက အာဆီယံ ဒေသတွင်း  ဈေးကွက်များသို့လည်း ထုတ်ကုန်များဖြန့်ကြက်နိုင်မှုအပေါ် ကြည့်ရှု ရွေးချယ်ကြောင်း ဦးထွန်းသူရသက်က ရှင်းပြသည်။

နိုဝင်ဘာ ၂၀ ရက်က မလေးရှားနိုင်ငံတွင် အာဆီယံစီးပွားရေး ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး မြန်မာ နိုင်ငံမှ eASEAN Award အပါအ၀င် Tourism Award, Young Entrepreneurs Award, Women Entrepreneurs Award စသည့် ဆုလေးခု ရရှိခဲ့ကြောင်း သိရသည်။

MIT နည်းပညာကုမ္ပဏီကို ၁၉၉၇ တွင် စတင်တည်ထောင်ခဲ့ပြီး ဘဏ်နှင့်ငွေကြေးလုပ်ငန်း၊ ကုန်သွယ်မှု လုပ်ငန်း၊ ဆေးရုံနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း၊ စက်ရုံထုတ်လုပ်ခြင်း၊ လက်လီအရောင်းအ၀ယ် ပြုလုပ်ခြင်း စသည့် စီးပွားရေးလုပ်ငန်းများတွင်နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့မှုများကို အစိုးရနှင့်ပြည်သူ ပိုင် ကဏ္ဍများအတွက် ၀န်ဆောင်မှုပေးနေခြင်းဖြစ်သည်။

7Day Daily 

No comments:

Post a Comment