ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆားမှော်နှင့် တောင်နီချောင်း
အရှေ့ခြမ်းရှိ တောင်သူလယ်သမားထံမှ တစ်အိမ်ထောင်လျှင် ငွေကျပ် ၅၀၀၀၀ ဆက်ကြေး
ပေးဆောင်ရန် KIA မှ တောင်းဆိုစာများပို့ခဲ့ပြီး ဆက်ကြေးကောက်ခံမှုများ
ရှိနေတယ်လို့ ဆားမှော်ဒေသခံများမှတဆင့် သိရှိရသည်။
Tuesday, 17 December 2013
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွမ်းလုံမြို့တွင် ပြင်းထန်စွာ ပေါက်ကွဲမှုဖြစ်ပွား

ကွမ်းလုံမြို့တွင်
ဒီဇင်ဘာလ (၁၇) ရက်နေ့ မွန်းလွဲ (၁၄း၄၅)နာရီ အချိန်က လားရှိုး-
ကွမ်းလုံလမ်းမပေါ် ခရိုင် သာသာနာရေး ဦးစီးဌာနရုံးနှင့် ဆက်သွယ်ရေး
ရုံးကြားတွင် လေးလုံးထိုး ထော်လာဂျီယာဉ်မှ ပြင်း ထန်သော ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပါသည်။
မြန်မာ-အင်ဒိုနီးရှား ဘောလုံးပွဲမှ ထိန်းသိမ်းထားသည့် လူငယ် (၉)ဦးအား ခံဝန်ချုပ်ဖြင့် ပြန်လွှတ်ပေး

၁၆.၁၂.၂၀၁၃ရက်နေ့ ၁၈၄၅အချိန် အင်ဒိုနီးရှားအသင်းမှ မြန်မာ အသင်းအား (၁-၀)ဖြင့် အနိုင်ရရှိခဲ့ရာ ပရိတ်သတ်အချို့မှ ၎င်းတို့
အားပေးသည့် မြန်မာအသင်း ရှုံးနိမ့်သွားသဖြင့် အားမလို အားမရဖြစ်ပြီး
ဖျက်ဆီးမှုအချို့ပြုလုပ်ခြင်း၊ တာဝန်ရှိလုံခြုံရေးတပ်ဖွဲ့ဝင်များအား
ဆဲဆိုခဲများဖြင့်ပစ်ပေါက်ခဲ့ရာတွင် ပါဝင် သည့် လူငယ်(၉)ဦးအား
လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သင်္ဃန်းကျွန်းမြို့မရဲစခန်းတွင် ခေတ္တထိန်းသိမ်း
ထားရှိခဲ့ ပါသည်။
မြန်မာအသင်း ရှုံးနိမ့်ခဲ့၍ ဖြစ်ပျက်ခဲ့မှု့ကြောင့် ထိခိုက်ပျက်စီးမှု အားလုံးကို ဘောလုံးအဖွဲ့ချုပ် အကုန်အကျခံ ပြန်လည်ပြုပြင်ပေးမည်

မြန်မာအသင်း
ရှုံးနိမ့်ခဲ့၍ ဖြစ်ပျက်ခဲ့မှု့ကြောင့် ထိခိုက်ပျက်စီးမှု အားလုံးကိုလည်း
ဦးဇော်ဇော် တာဝန်ယူ ထား သည့် ဘောလုံးအဖွဲ့ချုပ်က အကုန်အကျခံ
ပြန်လည်ပြုပြင်ပေးမည်ဟု တာဝန်ရှိသူတို့ထံ ကတိပြု ထားကြောင်း လည်း
အဖွဲ့ချုပ်ထံမှ သိရသည်။
ရှမ်းနီတိုင်းရင်းသား တစ်ရာကျော်ကို ပြန်လွှတ်ပေးရန် KIA ကို ဆန္ဒပြမည်
KIA
က တပ်သားစုဆောင်းရန် အတွက် မန်စီမြို့နယ် အတွင်းမှ ဖမ်းဆီး
ခေါ်ဆောင်သွားသည် ဆိုသော ရှမ်းနီ တိုင်းရင်းသား ၁၀၀ ကျော်ကို ပြန်လွှတ်ပေးရန်
ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် KIO/KIA အဖွဲ့အား ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း
ကချင်ပြည်နယ်အခြေစိုက် ရှမ်းမျိုးနွယ်စုများ အရေး လှုပ်ရှားသူ
ဦးစိုင်းထိန်လင်းက ပြောကြားသည်။
ဗုံးပေါက်ကွဲမှု သံသယရှိသူ စောထွန်းထွန်းကို KNU ဗဟိုနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းစစ်ဆေးမည်

နယ်စပ်အရေး ဆွေးနွေးရန် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် အိန္ဒိယနိုင်ငံသို့ ရောက်ရှိ

မြန်မာ့တပ်မတော်မှ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ခြေကုပ်ယူနေသော နယ်စပ် သောင်း ကျန်း သူများ အရေး ဆွေးနွေးရန် အတွက် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ရှိ အင်ဖာမြို့သို့ ရောက် ရှိနေကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် အအေးပိုမည်

တရုတ်ပြည်မကြီးပေါ်မှာရှိတဲ့
လေဖိအားရပ်ဝန်းဟာ ဆက်အားကောင်းလာတဲ့အတွက် မြန်မာနိုင်ငံကို အရှေ့မြော က် က
လေအေးတွေ ထိုးဆင်းပြီး အအေးပိုလာဖို့ ရှိနေပါတယ်။
တရုတ်ရှင်ကျန်ဒေသ အဓိကရုဏ်းကြောင့် ၁၆ ဦး သေဆုံး

တရုတ်နိုင်ငံမှ မွတ်ဆလင် အူဂါ တိုင်းရင်းသားများ၏ နေရပ်ဖြစ်သော ရှင်ကျန်ဒေသတွင် အဓိကရုဏ်း ရန်ပွဲ ဖြစ်ပွားမှုကြောင့် လူ ၁၆ ဦး သေဆုံးသွားခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။
အာရှ-ပစိဖိတ် ရုပ်ရှင် ထူးချွန်ဆု ပေးပွဲတွင် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ကျန်းကျိယီ ဆွတ်ခူး

တရုတ်နိုင်ငံ မကာအိုမြို့၌ ဒီဇင်ဘာ ၁၅ ရက်က ကျင်းပခဲ့သည့် (၅၆) ကြိမ်မြောက် အာရှ-ပစိဖိတ် ရုပ်ရှင် ထူးချွန် ဆုပေးပွဲတွင် နာမည်ကြီး သရုပ်ဆောင် တစ်ဦး ဖြစ်သည့် ကျန်းကျိယီ က The Grandmaster ရုပ်ရှင် ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူး သွားခဲ့ကြောင်း သိရသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ အစည်းအဝေး ဇန်န၀ါရီ ၇ ကျင်းပမည်

လွှတ်တော် ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေး ပူးပေါင်းကော်မတီရဲ့ အစည်းအဝေးတရပ်ကို လာမယ့် ဇန်န၀ါရီ ၇ ရက်မှာ ကျင်းပမှာဖြစ်ပြီး အဲ့ဒီစည်းဝေးပွဲမှာ ကော်မတီထံ ပေးပို့လာတဲ့ အကြံပြုစာတွေနဲ့ ပတ်သက်ပြီး အမျိုးအစားခွဲခြား သုံးသပ်ဆွေးနွေးကြမယ်လို့ ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ပြောပါတယ်။
ယခင်ဖြစ်ခဲ့သည့် အကြောင်းအရာများကို ဆိုတေး မသိသေးကြောင်း မိခင်ဖြစ်သူပြောကြား

၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း ကားမတော်တဆဖြစ်ခဲ့သည့် အဆိုတော် ဆိုတေး၏ ကျန်းမာရေး အခြေ အနေသည် များစွာတိုးတက် ကောင်းမွန်လာခြင်းကြောင့် ယခုအခါတွင် သွားလာလှုပ် ရှား နိုင်ပြီဖြစ် ကြောင်း ဆိုတေး ၏ မိခင်ဖြစ်သူက မဇ္ဈိမသို့ ပြောသည်။
ဥရောပသမဂ္ဂ၏ ဆွေးနွေးပွဲများ ရပ်တန့်ကြောင်း ကြေညာခဲ့ပြီးနောက် ယူကရိန်းပြည်သူ ၃ဝဝ,ဝဝဝ ခန့် စုရုံး ဆန္ဒပြ

ယူကရိန်း အစိုးရ၏ ရုရှားနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆက်လက် ဆောင်ရွက်နေခြင်းကြောင့် ဥရောပ သမဂ္ဂသည် ယူကရိန်းနှင့် မိတ်ဖက် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမှုများကို ဆိုင်းငံ့ကြောင်း ကြေညာခဲ့ ပြီးနောက် ယူကရိန်း ပြည်သူ ၃ဝဝ,ဝဝဝ ခန့်သည် ဒီဇင်ဘာ ၁၅ ရက်က အနောက်အုပ်စုနှင့် နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်ရေး တောင်းဆို ဆန္ဒပြမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ခိုးမှုမှတရားခံအား စစ်ဆေးရာမှ အခြားဆိုင်ကယ်(၅)စီးခိုးမှုပေါ်

၁၀.၁၂.၂၀၁၃ရက်နေ့ ၁၀၀၀အချိန်တွင် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်ခိုးမှုများ ကျူးလွန်ထားကြောင်း သတင်းရရှိထားသူ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်း(ပ)၁၀၆၇/၂၀၁၃၊ ပုဒ်မ ၃၇၉အမှုမှတရားခံသန်းနိုင်(ခ)အရှည်ကြီး (ဘ)ဦးတင်အုန်း၊ (၆၅)ရပ်ကွက်၊ ဒဂုံမြိုသစ်(တောင်ပိုင်း)မြို့နယ်နေသူအား စစ်ဆေးခဲ့ပါသည်။
အဲပုဂံလေယာဉ် ပျက်ကျမှု အဆုံးသတ်အစီရင်ခံစာ ယခုနှစ်ကုန် ထုတ်ပြန်မည်
အဲပုဂံ
လေကြောင်းလိုင်းမှ ဖော်ကာ F-100 လေယာဉ်ပျက်ကျမှု အဆုံးသတ် အစီရင်ခံစာကို
ယခုနှစ်ကုန် တွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း လေကြောင်း ညွှန်ကြားမှု
ဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။
ဝိုင်ဖိုင်စနစ်ကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ရာ မြို့ကြီးများတွင် စတင်ရန် လျာထား

ဝိုင်ဖိုင် (Wi-Fi) စနစ်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးတွဲ အကောင် အထည်ဖော် ဆောင်ရွက်ရန်စီစဉ်လျက်ရှိရာ မြို့ကြီးများတွင် စတင်ရန်လျာထားကြောင်း သိရသည်။
ဖိလစ်ပိုင်တွင် ခရီးသည်ယာဉ် မိုးပျံဟိုင်းဝေးပေါ်က ပြုတ်ကျ၊ ၂၁ ဦး သေဆုံး
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရဲ့ ဆင်ခြေဖုံးနားမှာ ခရီးသည်တင် လိုင်းကားတစီး မိုးပျံ ဟိုင်းဝေးလမ်းမပေါ် ကနေ ပြုတ်ကျတဲ့ မတော်တဆမှုအတွင်း လူအနည်းဆုံး ၂၁ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီပြီး ဒဏ်ရာရသွားတယ် လို့ အရာရှိတွေက ပြောပါတယ်။
ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ရန် တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့များ ထွက်ခွာ

တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ရန်အတွက် တပ်မတော် အရိုး အထူးကု ဆေးရုံကြီးမှ ဗိုလ်မှူးကြီး ဇော်ဝင်းမော် ဦးဆောင်သော တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့မှ အရာရှိ၊ စစ်သည်များသည် ယနေ့ မွန်းလွဲ ၁နာရီ မိနစ် ၅ဝတွင် လိုအပ်သော ဆေးဝါးများ တင်ဆောင်ကာ တပ်မတော် လေယာဉ်ဖြင့် မင်္ဂလာဒုံ လေတပ် စခန်းဌာနချုပ်မှ ထားဝယ်မြို့သို့ ထွက်ခွာ သွားသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နာဂိုယာမြို့ရှိ တိုယိုတာ မော်တော်ယာဉ် ထုတ်လုပ်သည့် စက်ရုံသို့ သွားရောက် ကြည့်ရှု လေ့လာ

ဂျပန်နိုင်ငံ နာဂိုယာမြို့၌ ရောက်ရှိ နေသည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက် ၈နာရီတွင် နာဂိုယာမြို့ အနီးရှိ တိုယိုတာ မော်တော်ယာဉ် ထုတ်လုပ်သည့် စက်ရုံသို့ ရောက်ရှိရာ တိုယိုတာ ကုမ္ပဏီ ဥက္ကဋ္ဌနှင့် တာဝန် ရှိသူများက စက်ရုံအတွင်း လိုက်လံရှင်းလင်း ပြသသည်။
မြို့နယ်ရုံးကို အီရတ် လုံခြုံရေး ပြန်ထိန်းချုပ်

အီရတ်နိုင်ငံ တီကရစ်မြို့ ကောင်စီဌာနချုပ်ရုံးကို သေနတ်သမားတွေက ဝင်စီးထားရာကနေ အခုတော့ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက ပြန်လည် ထိန်းချုပ်ထားနိုင်ပြီလို့ ပြောပါတယ်။
တောင်ဆူဒန်မှာ အာဏာသိမ်းဖို့ တိုက်ပွဲဖြစ်

တောင်ဆူဒန် သမ္မတ ဆာလ်ဗာ ကီယားကနိုင်ငံမှာ အာဏာသိမ်းရန် ကြိုးပမ်းချက်
တစ်ခုကို သူ့တပ်ဖွဲ့တွေ က မြို့တော် ဂျူးဘာ မှာ ညလုံးပေါက် တိုက်ခိုက်ပြီး
ချေးမှုန်းနိုင်ခဲ့တယ် လို့ ပြောပါတယ်။
တရုတ်နိုင်ငံ ရှင်ဂျန်း အဓိကရုဏ်း ၁၆ ဦးသေ

တရုတ်နိုင်ငံအနောက်ပိုင်း၊ ဝီဂါလူနည်းစုတိုင်းရင်းသားတွေ နေထိုင်ရာ ရှင်ဂျဲန်းပြည်နယ် အဓိကရုဏ်း အတွင်း လူပေါင်း ၁၆ ယောက်သေဆုံးခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။
ရွေးကောက်ပွဲတရားမျှတရေး ဖွံ့စည်းပုံကိုပြင်ဖို့ မြန်မာကို EU တိုက်တွန်း

မြန်မာနိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်ပြီး လုပ်သွားဖို့ အီးယူ ဥရောပသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ခေတ်မီဒီမို ကရေစီ နိုင်ငံတရပ်နဲ့အညီဖြစ်အောင်နဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို အထောက် အကူဖြစ်စေဖို့ ပြီးပြည့်စုံတဲ့ သုံးသပ်မှုတွေ လုပ်ဖို့ကိုလည်း အီးယူ ဥရောပသမဂ္ဂက တိုက်တွန်းခဲ့ပါတယ်။
ပြည်ထဲရေးကို အများပြည်သူ တိုင်ကြားနိုင်

အများပြည်သူကို အကူအညီပေးရေးနဲ့ ဥပဒေ ထိန်းသိမ်းရေး တွေမှာ အဓိက တာဝန်ယူရတဲ့ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ ပတ်သက်ပြီး တိုင်ကြား လိုတာ ရှိရင် အထူး ဖုန်းနံပါတ်တွေကို ခေါ်ဆိုပြီး တိုင်ကြား နိုင်တယ် လို့ ပြည်ထဲရေးက ကြေငြာလိုက်ပါတယ်။
ဗုဒ္ဓဘာသာဘုရားကျောင်း ဗုံးခွဲဖို့ကြံသူ အကြမ်းဖက် အဖွဲ့ဝင်သုံးဦး ထပ်ဖမ်း

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့က ဗုဒ္ဓဘာသာဘုန်းတော်ကြီးတကျောင်းကို သြဂုတ်လတုန်းက ဗုံးခွဲမှုနဲ့ ဆက်နွယ်ပြီး အဲဒါနဲ့ပတ်သက်တဲ့ အကြမ်းဖက် ကွန်ယက်အဖွဲ့က လူသုံးဦးကို ဖမ်းဆီးထားတယ်လို့ အင်ဒိုနီးရှားက ပြောပါတယ်။
Subscribe to:
Posts (Atom)