Monday 21 March 2016

အကျဉ်းထောင်ထဲက အလှမယ်ပြိုင်ပွဲ


အကျဉ်းသားများကို ရိုက်နှိပ်ခြင်း၊ ခိုင်းစေခြင်းတို့ကိုသာ ပြုလုပ်နေပါကစိတ်ဓာတ်ပိုင်းဆိုင်ရာ ပြောင်းလဲမည်မပာုတ်ဘဲ ရာဇဝတ်မူများကို ထပ်ခါတလဲလဲ ကျူးလွန်နေမည်ဖြစ်သည်။ထို့ကြောင့် ဘရာဇီးလ်နိုင်ငံတွင် ထောင်ကျနေသည့် အမျိုးသမီးအကျဉ်းသားများအတွက် ရည်ရွယ်ပြီး အလှမယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့သည်။ ထိုသို့ပြုလုပ်ရာတွင် လုံခြုံရေးကို တင်းကျပ်ခဲ့ခြင်း မရှိဘဲ လွတ်လပ်ပျော်ပါးစွာ ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။

တာလာဗီရာဘရုစ်အကျဉ်းထောင်တွင် အလှမယ်ပြိုင်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးအကျဉ်းသားများသည် အရောင်အသွေးစုံလင်သည့် ဂါဝန်များကို ဝတ်ဆင်ကာ ယှဉ်ပြိုင်ခဲ့ကြသည်။ အမျိုးသမီးအကျဉ်းသားများကို တာဝန်ရှိသူများက လှပစွာဆင်ယင်ပေးခဲ့ပြီး တေးသီချင်းများဖွင့်ကာ ယှဉ်ပြိုင်စေခဲ့သည်။ ဒေသတွင်းရှိလူမူအဖွဲ့အစည်းများနှင့် ဘုရားကျောင်းမှ တာဝန်ရှိသူများသည် အမျိုးသမီးအကျဉ်းသားများအား ကိုယ်ဘဝကိုယ် တန်ဖိုးထားစေရန် ရည်ရွယ်ပြီး အလှမယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်စေခြင်းဖြစ်သည်။ဘရာဇီးလ်နိုင်ငံတွင် အမျိုးသမီးအကျဉ်းသားအရေအတွက်သည် အဆမတန် တိုးပွားလျက်ရှိသည်။မှတ်တမ်းများအရ ၂၀၀၀ မှ ၂၀၁၄ အတွင်း အမျိုးသမီးအကျဉ်းသားသည် ( ၅၆၇) ရာခိုင်နူန်းအထိ တိုးလာကြောင်း သိရသည်။

မန်ချက်စတာဒါဘီပွဲစဉ်တွင် မားကပ်ရက်စ်ဖို့ဒ်၏ သွင်းဂိုးဖြင့် မန်ယူအနိုင်ရ


မန်ချက်စတာ ဒါဘီပွဲစဉ်ဖြစ်သော မန်ချက်စတာ စီးတီး အသင်းနှင့် မန်ချက်စတာ ယူနိုက်တက် အသင်းတို့ ပွဲစဉ်တွင် ဧည့်သည် မန်ချက်စတာ ယူနိုက်တက် အသင်းသည် ပထမပိုင်း ၁၆ မိနစ်တွင် သွင်းယူခဲ့သော လူငယ်တိုက်စစ်မှူး မားကပ် ရက်ဒ်ဖို့ဒ်၏ သွင်းဂိုး တစ်ဂိုးဖြင့် မန်ချက်စတာ စီးတီးအသင်းကို အနိုင်ရရှိသွားခဲ့ပါတယ်။



ကူးစက်မြန်ပြင်းထန်ဦးနှောက် အမြှေးရောင်ရောဂါနှင့် ပြည်သူ့အသံ


ကူးစက်မြန်ပြင်းထန်ဦးနှောက်အမြှေးရောင်ရောဂါကြောင့် ယခုမတ်လအတွင်း သာစည်၊ မန္တလေးနှင့် ရန်ကုန်တို့တွင် ကလေးငယ် ခုနစ်ဦးထက်မနည်း သေဆုံးခဲ့ပြီဖြစ်သည်။ အဆိုပါရောဂါမှာ သာစည် မြို့တွင် မတ်လ ၅ ရက်က စတင်ဖြစ်ပွားခဲ့ပြီး ဗက်တီးရီးယားပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်းနှင့် အချိန်မီကုသမှုမခံယူပါက အသက်ဆုံးရှုံး နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ ကူး စက်မြန်ပြင်းထန်ဦးနှောက်အမြှေးရောင်ရောဂါအတွက် ကာကွယ်ဆေး မှာလည်း လတ်တလောမရှိသေးဘဲ အဆိုပါရောဂါကိုဖြစ်စေသော ပိုးအမျိုးအစားများစွာရှိနေခြင်းကြောင့် ရောဂါဖြစ်ပွားစေသည့်ပိုးကို ဓာတ်ခွဲစမ်းသပ်ကြည့်မှသာ ကာကွယ်ဆေးအမျိုးအစားကိုသိနိုင်မည် ဖြစ်ကြောင်း ဆေးပညာရှင်များက ပြောကြားသည်။
ကလေးငယ်များကို အသက်ဆုံးရှုံးသည်အထိ ခြိမ်းခြောက်လာသော အဆိုပါရောဂါနှင့် ပတ် သက်၍ ပြည်သူများ၏ စိုးရိမ်ပူပန်မှုနှင့် အစိုးရထံ အကြံပြုတောင်းဆိုချက်များကို ပြည်သူ့အသံအဖြစ် စုစည်းဖော်ပြအပ် ပါသည်။
မသီတာ(ဈေးသည်၊ လှည်းတန်းဈေး)
ဒီအကြောင်းက ရန်ကုန်မှာ ကလေးသေတယ်ဆိုမှသိတာ။ သတင်း စာမှာဖတ်ကြည့်မိတော့ ကလေးက ငါးယောက်တောင်မကတော့ဘူးဆို ပဲ သေတာလေ။ ရောဂါက ပြင်းထန်ပြီး သေတတ်တာပဲသိတယ်။ ဘယ် လိုကုရတယ်၊ ဘာကြောင့်ဖြစ်လဲ သေချာမသိပြန်တော့ နောက်ကိုအသိ ဆရာဝန်ကို မေးကြည့်ရမယ်လေ။ အစ်မသားသမီးတွေလည်း ငယ်ငယ် လေးတွေ။ ကိုယ်ကလည်း အလုပ်ထွက်လုပ်နေတာလေ။ သတင်းတွေ ဖတ်ရသလောက်ကလည်း ဖြစ်ပြီးရင် အရမ်းပြင်းထန်တယ်၊ ပြီးတော့ ကာကွယ်ဆေးလည်း ဒီမှာလွယ်လွယ်မရဘူးလို့ သိတယ်။ အစိုးရက ရပ်ကွက်ရုံးတွေမှာလေ ကြက်ငှက်တုပ်ကွေးတွေတုန်းကလို စာကပ်တာ မျိုး၊ နှိုးဆော်စာလိုပုံစံမျိုးနဲ့ လုပ်ပေးရင်ကောင်းမယ်။
မနောင်းနောင်(တောင်ဒဂုံ)
ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားတာတွေတော့ဖတ်တယ်။ လေ့လာတယ်။ အိမ်မှာလည်း ကလေးကို သေချာဂရုစိုက်ဖို့မှာထားတယ်။ ကိုယ့်ကလေးအတွက်တော့ စိုးရိမ်တယ်။ ဖေ့စ်ဘွတ်ခ်မှာ ထုတ်ပြန်ထား တာတွေ တွေ့ရတယ်။ အဲဒါမျိုးလုပ်တာတွေအတွက်တော့ သဘောကျ တယ်။ ဒါပေမဲ့ အဲဒါက အွန်လိုင်းသုံးတဲ့သူတွေအတွက်ပဲ ပိုအဆင်ပြေ တယ်လေ။ ဖြစ်စေချင်တာက ရပ်ကွက်ထဲမှာလိုက်ပြီး သတိပေးတာမျိုး၊ ပညာပေးတာမျိုးဖြစ်စေချင်တယ်။ လုပ်တော့လုပ်ပေမယ့် ဖိဖိစီးစီးလုပ် တာမျိုး အားနည်းတယ်လို့ထင်တယ်။ အဲဒီလိုလုပ်နိုင်မှ မိဘတွေက ပို သတိထားမိမှာ။ အရင်ကလည်း ကိုယ့်ကလေးကိုအပြင်ထွက်ဆော့ခိုင်း တာမရှိဘူး။ အခုကျတော့ ပိုဆင်ခြင်ရတာပေါ့။ ကိုယ်က အလုပ်လုပ်နေသူဆိုတော့ အိမ်မှာကျန်ခဲ့တဲ့ ကလေးရဲ့အဘွားနဲ့ ကလေးထိန်းကိုသေချာမှာခဲ့ရတယ်။ ကာကွယ်ဆေးရှိ၊ မရှိမေးကြည့်တော့လည်း မရှိ သေးဘူးလို့ ပြောတယ်။ လောလောဆယ် ကိုယ့်ဟာကိုယ်ပဲ ရှောင်ရှားကာကွယ်ရတယ်။
ဒေါ်ရွှေဝင့်ဝါ(ဗန်းမော်)
ဒီရောဂါစတင်ဖြစ်ပွားတာက မိတ္ထီလာခရိုင် သာစည်မြို့နယ်က စ ဖြစ်တယ်လို့ သိရပါတယ်။ ဖြစ်ဖြစ်ချင်းတောင် ကုသမှုခံယူတဲ့ကလေး ငယ် ၁၀ ဦးကျော်အနက် လေးဦးသေဆုံးပြီလို့ သိရတော့ ဒါအင်မတန် စိုးရိမ်ရတဲ့အနေအထားလို့မြင်ပါတယ်။ အခုဆိုမြို့ကြီးတွေမှာပါ ရောဂါ ဖြစ်ပွားတဲ့ကလေးငယ်တွေရှိလာပြီဆိုတော့ ပိုဂရုစိုက်သင့်ပြီး ပိုစိုးရိမ်ရ ပါတယ်။ ရောဂါရဲ့နာမည်ကိုက ကူးစက်မြန်ပြင်းထန်ဦးနှောက်အမြှေး ရောင်ရောဂါဆိုတော့ ကူးစက်မှုပိုင်းကို ကာကွယ်နိုင်မယ့်နည်းလမ်းရှာ သင့်ပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးက လက်ရှိမြန်မာနိုင်ငံမှာမရှိသေး ဘူးလို့လည်း မန္တလေးအထူးကုဆရာဝန်ကြီးတစ်ဦးက ပြောထားတယ် လို့ ဖတ်ရပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ရောဂါကူးစက်နယ်မြေ၊ ဖြစ်ပွားပုံ၊ ကုသမှုပိုင်းဆိုင်ရာသတင်းတွေကို ပြည်သူလူထုထံအချိန်နဲ့ တစ်ပြေးညီချပြပေးဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။ လောလောဆယ် ကာကွယ်ဆေး မရှိခင်စပ်ကြားတော့ မိဘများအနေနဲ့ မိမိကလေးကိုခြင် မကိုက်အောင် အထူးဂရုစိုက်ပေးဖို့ရယ်၊ ဖျားနာမှုဖြစ်ခဲ့ရင်တောင် မပေါ့ဆဘဲ ကျန်းမာရေးဌာနများမှာသာ စစ်ဆေးကုသမှုခံယူသင့်ကြောင်း အကြံပေးပြောကြားချင်ပါတယ်။ မိမိပတ်ဝန်းကျင်မှာ ကူးစက်ရောဂါစဖြစ်နေတဲ့အရပ်က မိဘများအနေနဲ့ကတော့ ပိုမိုဂရုစိုက်ရမှာဖြစ်ပြီး ရောဂါရဲ့ လက္ခဏာများကိုပါ ကြိုတင်လေ့လာထားဖို့ လိုအပ်ပါတယ် လို့ ထပ်မံအကြံပြုချင်ပါတယ်။
ဦးခင်မောင်ထွန်း(ပြည်တွင်းခရီးသွားလုပ်ငန်းလုပ်ကိုင်သူ)
ဒီရက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ ဒေသတချို့မှာ ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါကြောင့် ကလေးငယ်တွေဖျားနာသေဆုံး နေတာတွေ မြင်ရကြားရပါတယ်။ ဘာကြောင့်ဒီရောဂါဖြစ်ရတာလဲဆို တာလည်းမသိရဘူး။ ဒီတော့ ဘယ်လိုကာကွယ်နေထိုင်ရမလဲဆိုတာ မသိတဲ့သူတွေများပါတယ်။ ဒီရောဂါနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့ကလေးငယ် တွေ၊ ဆွေမျိုးသားချင်းကလေးငယ်တွေအတွက် ဘယ်လောက်စိုးရိမ်ပူ ပန်ရမလဲဆိုတာ ကလေးရှိတဲ့မိဘတိုင်းသိမှာပါ။ ဒီရောဂါကို ကာကွယ်ဖို့ နည်းလမ်းတွေကို အစိုးရကနေ တရားဝင်ထုတ်ပြန်ပေးဖို့ တောင်းဆိုချင် ပါတယ်။ ဒါတောင်မှ လူတိုင်းသိနိုင်မယ်မထင်ပါဘူး။ အစိုးရရဲ့ လက်ရှိ ကာကွယ်ကုသပေးမှုအပိုင်း၊ သတင်းထုတ်ပြန်ပေးမှုအပိုင်းတွေကတော့ အားရစရာမရှိပါဘူး။ ကျွန်တော် တောင်မှ ဒီရောဂါအကြောင်းကောင်းကောင်းမသိဘူး။ အစိုးရအနေနဲ့ အရေးပေါ်ကြေညာချက်တွေကို တီဗီ အစီအစဉ်တွေမှာကြေညာသင့်ပါတယ်။ ရောဂါပျောက်ကင်းအောင်မကုသနိုင်ရင်တောင် ထိန်းထားနိုင်တဲ့အဆင့်တော့လုပ်လို့ရမှာပါ။ အခုတော့ ရောဂါမဖြစ်အောင် ကိုယ့်ကလေးတွေကို ပိုပြီးဂရုစိုက်ရမယ်။

ရွာငံမြို့ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်ကျောင်းဖွင့်လှစ်


မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် မတ်(၁၈)ရက်တွင် ရှမ်းပြည် နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့သို့ ရောက်ရှိပြီး ၀န်ကြီး ဌာနမှ (၂၀၀)သိန်းကျပ်၊ ဦးအောင်ဇော်မြင့်+ပြည်ထောင်စုဝန်ကြီး မိသားစုမှ (၁၀) သိန်းကျပ်ဖြင့် ဆောက်လုပ် လှူဒါန်းခဲ့သည့် ဓနုမြေ ဘိုးဘွားရိပ်သာ၊ ဓမ္မရုံ၌ အဘိုး၊အဘွားများအား အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ကန်တော့ပြီး သက် ဆိုင် သူများထံ မိသားစုသုံးပစ္စည်းများ ထောက်ပံ့ပေးသည်။

ယင်းနောက် ၀န်ကြီးဌာနမှ(၃၀၀)သိန်းကျပ်ဖြင့် လှူဒါန်းထားခဲ့သည့် ဘိုးဘွား ရိပ်သာဆောင်ကို လှည့်လည်ကြည့် ရှုသည်။
ပြည်ထောင်စုဝန်ကြီးသည် မတ်(၁၉)ရက်တွင် ရွာငံမြို့၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင် ကျောင်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌ ဦးထူးကိုကိုနှင့် လူမှုဝန်ထမ်း ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်တို့က ဖဲကြိုးဖတ်ဖွင့်လှစ်ပေးကာ စက် ခလုတ်နှိပ်ဖွင့်လှစ်ပြီး ကမ္ပည်း မော်ကွန်းကို နံ့သာရည်ပက်ဖျန်းပေးသည်။
၎င်းနောက် စက်ချုပ်ပညာသင်တန်းပို့ချနေမှုကိုအားပေးပြီး အဆောက် အဦ အတွင်း လှည့်လည် ကြည့်ရှုသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အိမ်တွင်းမှု လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၁၀)နှစ် စီမံကိန်း (၂၀၁၃- ၂၀၂၂) (National Strategic Plan on Advancement of Women-NSPAW) ၏ အဓိကလုပ်ငန်းစဉ်(၁၂)ရပ်ပါ အမျိုးသမီးများနှင့် အသက်မွေး ၀မ်းကျောင်းမှု လုပ်ငန်းများ အကြောင်း ရှင်းလင်ွးပောကြားပြီး ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌက အမှာစကား ပြောကြားသည်။