Wednesday 30 December 2015

မွေးစားမည်အကြောင်းပြပြီး ရောင်းစားမှုများကြောင့် ကလေးသူငယ်ပျောက်ဆုံးမှုများဖြစ်ပေါ်နေ

မွေးစားမည်ဟု အ ကြောင်းပြကာ ရောင်းစားမှုများ ကြောင့် မြန်မာနိုင်ငံတွင် ကလေး ငယ်ပျောက်ဆုံးမှုများဖြစ်ပေါ်နေ ကြောင်း လူကုန်ကူးတားဆီးနှိမ် နင်းရေးတပ်ဖွဲ့ (ရန်ကုန်တိုင်း)မှ ရဲမှူးရဲဝင်းအောင်က ပြောကြား သည်။
‘‘စာချုပ်စာတမ်းနဲ့ ကလေး တွေကို မွေးစားမယ်ဆိုပြီး ခေါ် သွားတယ်။ ပြီးတော့မှ တရုတ် ပြည်မှာသွားရောင်းတယ်။ အများ ဆုံးက ကလေးတွေပေါ့။ ခေါ်သွားပြီး ဟိုဘက်နိုင်ငံမှာ ရောင်းစားခဲ့တယ်။ အခုဆိုရင် ကလေးရောင်းတဲ့ကိစ္စက ကျွန်တော်တို့ နိုင်ငံမှာ အမည်မဖော်လို့သာရှိတာ။ တော်တော်များများ ပျောက်ဆုံးနေတဲ့ ကလေးတွေအများကြီးပဲ။ အခုရက်ပိုင်းအတွင်း လူပျောက်တွေ ကျွန်တော်တို့ဆီလာပို့တာ ပုံနေတာပဲ’’ဟု ၎င်းကပြောသည်။

ကလေးငယ်များကို မွေးစား မည်ဟုဆိုကာ လိမ်လည်၍ တစ် ဖက်နိုင်ငံများသို့ ရောင်းစားခြင်း နှင့် တောင်းရမ်းခိုင်းစေခြင်းများ တွေ့ရှိရပြီး ထိုင်း၊ တရုတ်နှင့် မ လေးရှားနိုင်ငံများသို့ ရောင်းစားခံ ရကြောင်း ရဲမှူးရဲဝင်းအောင်က ဆက်လက်ပြောသည်။

‘‘ဒီနှစ်ထဲမှာပဲ ကလေးငယ် သုံးဦးကို မလေးရှားနိုင်ငံမှာ တောင်းရမ်းသူအဖြစ် ရောင်းစား ခံရလို့ လုပ်အားခေါင်းပုံဖြတ်မှုနဲ့ အဓမ္မတောင်းရမ်းစေခိုင်းမှုတွေနဲ့ ပတ်သက်ပြီး လူကုန်ကူးမှုနဲ့ အမှု ဖွင့်အရေးယူဆောင်ရွက်နေ တယ်။ ပြီးတော့ စက်တင်ဘာ တုန်းက ရန်ကုန်မှာပျောက်သွား ပြီး အခုကချင်မှာပြန်တွေ့ပြီ။ ဘယ်လိုရောက်သွားတယ်ဆို တာ စိစစ်ပြီးဖော်ထုတ်မယ်။တချို့ ကျ အိမ်ကပျောက်သွားလို့ လူ ပျောက်မှုနဲ့လာတိုင်တယ်။ ရှာ လိုက်ရင် ကေတီဗီ၊ မာဆတ်တွေ မှာသွားတွေ့တယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် လူကုန်ကူး မှုတားဆီးကာကွယ်ရေးဥပဒေကို ၂၀၀၅ စက်တင်ဘာက စတင်ပြ ဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေထဲ၌ ထိုသို့မွေးစားကလေးများကို တစ်ဖက်နိုင်ငံသို့ ရောင်းစားခြင်းပြုလုပ်ပါက လူကုန်ကူးမှုဥပဒေပုဒ် မ (၂၆) အရ ထောင်ဒဏ်သုံးနှစ် မှခုနစ်နှစ်အထိ ချမှတ်နိုင်ကြောင်းပါရှိသည်။

၂၀၁၄ ခုနှစ်က လူကုန်ကူး မှုဖြင့်တရားစွဲဆိုခဲ့သော အမှု ပေါင်း ၁၂၄ မှုရှိကာ ကလေးသူ ငယ်လူကုန်ကူးခံရမှု ၃၂ ဦးရှိပြီး ၂၀၁၅ တွင် လူကုန်ကူးမှုစုစု ပေါင်း ၁၂၀ မှုရှိကာ ကလေးလူ ကုန်ကူးခံရမှု ၈၉ ဦးရှိကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး မှတ်တမ်းများအရ သိရသည်။

ကလေးသူငယ် ပြဿနာ များနှင့်ပတ်သက်၍ လူကုန်ကူးမှု နှင့်လိင်အကြမ်းဖက်ခံရမှုများမှာ တစ်လလျှင် နှစ်မှုမှသုံးမှုကြားရှိ နေကြောင်း ကလေးသူငယ်ကာ ကွယ်စောင့်ရှောက်ရေး (Save the Children)၊ ကလေးသူငယ် ကာကွယ်ရေးအစီအစဉ်မှ အဖွဲ့ ခေါင်းဆောင် ဒေါ်သန္တာကျော်က ပြောသည်။

7Day Daily

No comments:

Post a Comment