Tuesday 29 December 2015

မြန်မာလူငယ်နှစ်ဦး အသက်ရှင်ခွင့် ကူညီပေးရန် ထိုင်းလူ့အခွင့်အရေးကော်မရှင်ထံ မြန်မာလူ့အခွင့်အရေးကော်မရှင် မေတ္တာရပ်ခံ

ထိုင်းနိုင်ငံ ကော့စမွီ တရားရုံးက သေဒဏ်ချမှတ်ခဲ့သော မြန်မာလူငယ်နှစ်ဦးအတွက်အယူခံဝင်ရာတွင် အသက်ရှင်ခွင့်အ တွက် ပံ့ပိုးကူညီပေးရန် ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော် မရှင်ဥက္ကဋ္ဌထံ မြန်မာနိုင်ငံအမျိုး သားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌက ဒီဇင်ဘာ ၂၈ ရက်၌ မေတ္တာရပ်ခံစာပေးပို့ခဲ့သည်။
မြန်မာနှစ်ဦး သေဒဏ်ချမှတ် ခံရမှုကို အယူခံဝင်ရာတွင် အ သက်ရှင်ပိုင်ခွင့်ရရှိစေရေး ထိုင်း အစိုးရအား အကြံဉာဏ်ပေးရန် ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်ကို တိုက်တွန်း လိုက်ခြင်းဖြစ်ကြောင်း မြန်မာ နိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အတွင်းရေးမှူး ဦးစစ် မြိုင်က ပြောကြားသည်။

မြန်မာလူငယ်နှစ်ဦးအတွက် ရသင့်ရထိုက်သည့် လူ့အခွင့်အ ရေးများ ခံစားခွင့်ရရှိရေး၊ တရား မျှတစွာအဆုံးအဖြတ်ပေးရေး၊ ခွဲ ခြားဆက်ဆံမှု မရှိစေရေးနှင့် အ သက်ရှင်ပိုင်ခွင့်ရရှိခံစားနိုင်ရေး တို့အတွက် ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေ ဖြင့် အတတ်နိုင်ဆုံး ပံ့ပိုးကူညီ ဆောင်ရွက်ပေးရန် အလေးအနက်မေတ္တာရပ်ခံကြောင်းစာတစ်စောင်ပေးပို့ခဲ့ခြင်းဖြစ်သည်။

7Day Daily

No comments:

Post a Comment