Tuesday 29 December 2015

သေဒဏ်ချခံရသည့် မြန်မာနှစ်ဦးအမှု ပြန်လည်စစ်ဆေးပေးရန် သီပေါမင်း၏ ဆွေတော်မျိုးတော်များ ထိုင်းဘုရင်ထံ မေတ္တာရပ်ခံစာပေးပို့

ပါတော်မူနေ့အထိမ်းအမှတ်ရေစက်ချပွဲသို့တက်ရောက်လာသော သီပေါမင်း၏ ဆွေတော်မျိုးတော်များ (ဓာတ်ပုံ-ဖြိုးဖြိုးဇော်)
ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုတွင် မြန်မာနိုင်ငံသား နှစ်ဦးကို သေဒဏ်ချမှတ်ခဲ့သော် လည်း အမှုမှန်ပေါ်ပေါက်စေရေး ပြန်လည်စစ်ဆေးပေးရန် ထိုင်း ဘုရင်ထံသို့ သီပေါမင်း၏ ဆွေ တော်မျိုးတော်များက မေတ္တာရပ်ခံစာပေးပို့ခဲ့ကြောင်း သတင်း ရရှိသည်။
‘‘တော်ဘုရားက ဒီသတင်း ကြားလို့ စိတ်လည်း အရမ်းပူ တယ်။ မြန်မာတော်ဝင်ဆွေတော် မျိုးတော်လူငယ်များကလည်း ဒီ အမှုက သက်သေခိုင်လုံမှု မရှိဘူး ဆိုတဲ့ သတင်းတွေကြောင့် စိတ် ပူကြတယ်။ ဒါကြောင့် ဘိုးဘိုး တော်ဘုရားက စာလွှာရေးသားပြီးထိုင်းနိုင်ငံ သံရုံးကနေတစ်ဆင့် ထိုင်းဘုရင်မင်းမြတ်ကို ဆက်သ ပေးဖို့ ပို့ဆောင်ထားပါတယ်’’ဟု မင်းတုန်းမင်း၏ တီတော်စပ်သူ ဦးထိပ်တင်အောင်က ပြောသည်။

ထိုင်းဘုရင်ထံသို့ မေတ္တာ ရပ်ခံစာပေးပို့ရာတွင် မြန်မာ နိုင်ငံသားနှစ်ဦးကို ထိုင်းတရားရုံး တော်က အပြစ်ရှိသည်ဟု ဆုံး ဖြတ်ကာ သေဒဏ်ချမှတ်ခဲ့သည် ကို ကြားသိရသော်လည်း လူသတ်ခဲ့ကြောင်း သက်သေခိုင်လုံမှု မရှိ သည်ဟု သိရှိကြောင်း၊ အဆွေ တော်မင်းမြတ်အနေဖြင့် လူငယ်နှစ်ဦးအပေါ် ချမှတ်ထားသော သေဒဏ်ကို ပယ်ဖျက်ပေးစေခြင်း မဟုတ်ပါကြောင်း၊ အမှုမှာ သက်သေမခိုင်လုံကြောင်း အများသိထားပါသဖြင့် ပြန်လည်စစ်ဆေးကာ အမှုမှန်နဲ့ တရားခံအမှန်အ တိုင်းပေါ်ပေါက်စေရန် ပြန်လည် စစ်ဆေးပေးဖို့ ကူညီပေးရန် မေတ္တာရပ်ခံခြင်းသာဖြစ်ကြောင်းကို ဒီဇင်ဘာ ၂၈ ရက်က မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းသံရုံးနှင့် နိုင်ငံ ခြားရေးဆိုင်ရာ တာဝန်ရှိသူ နှစ်ဦးထံသို့ အီးမေးလ်မှ တစ်ဆင့်ပေးပို့ခဲ့ကြောင်း ဦးထိပ်တင်အောင်က ပြောသည်။

ထိုင်းနိုင်ငံ ကော့စမွီတရားရုံး တွင် ဒီဇင်ဘာ ၂၄ ရက်က မြန်မာ လုပ်သား နှစ်ဦးကို ပြစ်မှုထင်ရှား သည်ဟု ဆိုကာ လူသတ်မှုနှင့် သတင်းထိမ်ချန်မှုအတွက် သေ ဒဏ်၊ ဟန်နာဝစ်သာရစ်ခ်ျကို အဓမ္မပြုကျင့်မှုအတွက် ထောင် ဒဏ်နှစ် ၂၀ ၊ ညအချိန်မတော် နေထိုင်မှုအတွက် ထောင်ဒဏ် တစ်နှစ်ခွဲ၊ ထိုင်းနိုင်ငံအတွင်း ခိုးဝင်မှုအတွက် ထောင်ဒဏ် ခြောက်လနှင့် တရားမ၀င်နေထိုင် မှုတို့အတွက် ထောင်ဒဏ် ခြောက် လစသည့် ပြစ်ဒဏ်အသီးသီးချ မှတ်ခဲ့ခြင်းဖြစ်သည်။

7Day Daily 

No comments:

Post a Comment