Thursday 31 December 2015

ခရီးသည်တင် ယာဉ်လိုင်းများ ယာဉ်စီးခ ပိုတောင်းမှုကြောင့် အများဆုံး တိုင်ကြားခံရ

၂၀၁၅ အတွင်း ခရီး သည်တင်ယာဉ်လိုင်းများနှင့်ပတ် သက်၍ မထသ (ဗဟို)သို့ တိုင် ကြားမှုများတွင် ယာဉ်စီးခပိုမို တောင်းခြင်းကြောင့် တိုင်ကြားမှု အများဆုံးဖြစ်ကြောင်း သတင်း ရရှိသည်။
‘‘ခရီးသည်တွေ တိုင်ကြားမှု အများဆုံးက ယာဉ်စီးခပိုတောင်း လို့ တိုင်တာများတယ်။ ယာဉ်စီးခ ပိုတောင်းတာက ယာဉ်ကြော ကျပ်ပြီး လမ်းပိတ်တော့ ပြေးဆွဲရ မယ့် အခေါက်ရေမပြည့်တဲ့အခါ ပုတ်ပြတ်စနစ်အရ (အုံနာကြေး) မပြည့်တာကြောင့် ယာဉ်စီးခပို တောင်းတာတွေ ဖြစ်တယ်’’ဟု မထသ (ဗဟို) စည်းကမ်းထိန်း သိမ်းရေးဌာနရေးဌာနခွဲမှူး ဦးကာကျော်က ပြောသည်။

ခရီးသည်တင်ယာဉ်များ စည်း ကမ်းဖောက်မှုများလာခြင်းက ပုတ်ပြတ်စနစ်ကြောင့်ဖြစ်သလို ယာဉ်ကြောကျပ်ပြီး သတ်မှတ်ပြေး ဆွဲခေါက်ရေ မပြည့်ခြင်းကြောင့် အုံနာကြေးပြည့်ရန် ယာဉ်စီးခပို တောင်းခြင်း၊ သတ်မှတ်ထားသော လမ်းကြောင်းတိုင်းမမောင်းဘဲ လမ်းတစ်ဝက်က ကွေ့ပြီးပြေးဆွဲ ခြင်း၊ လမ်းပြောင်းပြန်မောင်းနှင် ခြင်းများ ပြုလုပ်လာကြသည်။

ရန်ကုန်တိုင်းအတွင်း ၂၀၁၅ ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၂၂ ရက်အထိ မထသ (ဗဟို)သို့ ခရီး သည်များက တိုင်ကြားမှု ၂,၀၆၄ မှုရှိခဲ့ပြီး ယာဉ်စီးခပိုတောင်းခြင်း ကြောင့် တိုင်ကြားမှု အများဆုံး ဖြစ်ကာ ၁,၃၄၅ မှုနှင့် မချေမငံ ရိုင်းပျစွာ ဆက်ဆံမှု ၃၀၅ မှုရှိ ကြောင်း မထသ (ဗဟို)ထုတ်ပြန် ချက်စာရင်းများတွင် ဖော်ပြထား သည်။

ယာဉ်စီးခပိုတောင်းခြင်းကို ခရီးသည်က တိုင်ကြားပါက ပြစ်မှု ကျူးလွန်ကြောင်း စစ်ဆေးတွေ့ ရှိလျှင် ဒဏ်ငွေကျပ်သုံးသောင်း နှင့် လုပ်ကိုင်ခွင့်တစ်လပိတ် ပြစ်ဒဏ်ချမှတ်ကြောင်း ဦးကာကျော် က ပြောသည်။

မထသ(ဗဟို)လက်အောက် တွင် ယာဉ်လမ်းကြောင်း ၃၄၉ ခုရှိပြီး စီမံကွပ် ကဲရေးအဖွဲ့ ၁၈ ဖွဲ့နှင့် မှတ်ပုံတင်ထားသော ယာဉ်၇,၀၀၀ ကျော်ရှိကာ တစ်နေ့လျှင် ပြေးဆွဲသည့်ယာဉ်ပေါင်း ၄,၃၀၀ ကျော်ရှိကြောင်း မထသ (ဗဟို)မှသတင်းရရှိသည်။

7Day Daily

No comments:

Post a Comment