Thursday 31 December 2015

လယ်တောသူအလှမယ်ပြိုင်ပွဲတွင် ပထမဆု ကျပ်သိန်းငါးဆယ်ချီးမြှင့်မည်

မြန်မာ့လယ်ယာထွက် ကုန်တန်ဖိုးမြင့် စက်ကိရိယာပြပွဲ (၂၀၁၆)တွင် စတုတ္ထအကြိမ်မြောက် လယ်တောသူအလှမယ် ပြိုင်ပွဲထည့်သွင်းကျင်းပမည်ဖြစ်ပြီး ပထမဆုကျပ်သိန်းငါးဆယ်နှင့် ပြည်ပလေ့လာရေးခရီးစဉ်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတင်းရရှိသည်။
အဆိုပါပြပွဲကို လာမည့်မတ် လ ၃ရက်မှ ၆ရက်အထိ ရန်ကုန် မြို့ မင်းဓမ္မလမ်းရှိ MCCခန်းမတွင် ကျင်းပမည်ဖြစ်သည်။ လယ်တောသူအလှမယ်ပြိုင်ပွဲတွင် အသက်(၁၈)နှစ်မှ (၂၅)နှစ်ရှိ အလှမယ်များဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိပြီး ပထမဆုကျပ်သိန်းငါးဆယ်နှင့် သရဖူ၊ ဒုတိယကျပ်သိန်းသုံးမယ်၊ တတိယကျပ်သိန်း နှစ်ဆယ်နှင့် အခြားဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ပြည်ပခရီးစဉ်အတွက် ဘယ်နိုင်ငံဆိုတာ အတိအကျမသိ သေးဘူး။ လေ့လာရေးခရီးစဉ်ဆို တော့ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး ပြည်ပနိုင်ငံတွေမှာ လုပ်တဲ့ပွဲတွေ ကို သွားရောက်လေ့လာခွင့်ရ မယ်’’ဟု လယ်တောသူအလှမယ် ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်ကပြောသည်။

လယ်တောသူအလှမယ် ပြိုင်ပွဲ၌ ပြည်နယ်၊ တိုင်းဒေသကြီး အသီးသီးမှ ၀င်ရောက်ယှဉ်ပြိုင်လို သူများအတွက် နေထိုင်စရိတ်ကို မြန်မာနိုင်ငံဆန်စပါးအသင်းက ကူညီထောက်ပံ့ပေးမည်ဖြစ်ပြီး လျှောက်လွှာများကို ကုန်သည် စက်မှုအသင်းချုပ်ရုံး(UMFCCI)၌ ထုတ်ယူနိုင်ပြီး မတ်လ ၁၆ ရက်နောက်ဆုံးလျှောက်ထားနိုင်ကြောင်း၎င်းက ပြောသည်။

ပြိုင်ပွဲတွင် အသက်(၁၈)နှစ် မှ (၂၅)နှစ်အတွင်း ရှိသူဖြစ်ပြီး အရပ်၅ပေ ၃လက်မ အထက်ရှိကာ ကိုယ်အလေးချိန် ပေါင် ၁၁၀ အထက်ရှိသူဖြစ်ရမည်။ မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ပါရှိရမည်ဖြစ်ကြောင်း ပြိုင်ပွဲဝင်စည်းကမ်းများတွင် ထည့်သွင်းထားသည်။

ပြိုင်ပွဲဝင်လိုသူများအနေ ဖြင့် ကိုယ်ရေးရာဇ၀င်နှင့်အတူ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာ ရင်း၊ ၄x၆လက်မအရွယ် မြန်မာဝတ်စုံနှင့် ရိုက်ထားသော ကိုယ်လုံးပေါ်ဓာတ်ပုံတစ်ပုံ၊ ဘေးတိုက်တစ်ပုံ၊ စိတ်ကြိုက်အလှပုံတစ်ပုံ စုစုပေါင်းလေးပုံပါရှိရမည်ဖြစ်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အတွင်းရေးမှူး၊ အလုပ်အမှု ဆောင်နှင့် ဆန်ကုန်သည်များက အကဲဖြတ်ဒိုင်လူကြီးများအဖြစ် အဆင့်ဆင့် ရွေးချယ်မည်ဖြစ် သည်။

7Day Daily

No comments:

Post a Comment