Thursday 18 October 2012

မြောက်ဦးက ရဲ လာဒ်စားလိုက်ခြင်းအား Arakan Review မှထုတ်ဖော်လိုက်ပြီ

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ရဲစခန်းတွင် ပေါင်းတုတ်ကျေးရွာ ဗလီအတွင်း လက်နက်အလက်(၂၀၀) ရှိသည် ဟု ဖြောင့်ချက်ပေး ခဲ့သော ဘင်္ဂလီ မူဆလင်ဘာသာဝင် မာမောက်ဆော်ကေ (ခ) သိန်းရွှေမောင် ထံမှ မြောက်ဦးမြို့ ရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်စိုး (လ/၁၈၈၅၃၀) က ငွေ (၁၀) သိန်းတောင်းယူလျှက် ယနေ့ အောက်တိုဘာလ (၁၄) ရက်၊ နံနက် (၁၀း၃၀) နာရီ ခန့် အချိန်တွင် အချုပ်ခန်း မှ လွှတ်ပေးလိုက်ကြောင်း Arakan Review မှ သတင်းရရှိသည်။
အထက်ပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး အောက်တိုဘာလ (၁၂) ရက်နေ့ တွင် ပေါင်း တုတ်ကျေးရွာမှ မြောက်ဦးမြို့သို့ ဈေးဝယ်ရန်အကြောင်းပြပြီး မြို့ပေါ်အခြေအနေများအား စုံစမ်း ရန် ရောက် ရှိ လာသူ မာမောက်ဆော်ကေ (ခ) သိန်းရွှေမောင် ဆိုသူအား ၄င်းနေ့ နံနက် (၁၁း၀၀) နာရီ အချိန် တွင် မြောက်ဦးမြို့ခံများနှင့် ရဟန်းတော်များက မသင်္ခါ၍ မြေက်ဦးမြို့ ရဲစခန်းသို့ ခေါ်ယူ စစ်ဆေးေ မးမြန်းပေးရန် အပ်နှံခဲ့သည်။

ထိုသို့ မေးမြန်းချက်အပေါ် မာမောက်ဆော်ကေ (ခ) သိန်းရွှေမောင် က ဖြောင့်ချက်ပေး ဖြေကြားသည်တွင် –

မိမိတို့ ကျေးရွာရှိ ဗလီအတွင်းတွင် ဘင်္ဂလားဒေ့ရှ်မှ ပေးပို့လိုက်သော သေနပ်အလက်(၂၀၀)နှင့် ၄င်း ကျည် အမျိုးအစားများနှင့် ကျည်ကပ်များရှိကြောင်းကို ဖြောင့်ချက်ပေးထွက်ဆိုခဲ့သည်။ သို့သော် ထိုအမှုနှင့် ပတ်သက်ပြီး မြောက်ဦးရဲစခန်းမှ မြို့ခံလူထုသို့ ပြန်ကြားချက် တရပ်တွင် အမှုမှန်ပေါ်ပေါက်နိုင်ရေးနှင့် ခိုင်လုံ သည့် သတင်းအချက်အလက်များ ရရှိနိုင်စေရန် မြောက်ဦး ရဲတပ်ဖွဲ့မှူး၊ သတင်း ရဲတပ်ဖွဲ့ တပ်ဆွယ် မှူး၊ မယက၊ လ၀ကနှင့် သာသနာရေးဦးစီးတို့ ကဆက်လက် စစ်ဆေးမေးမြန်း နေသည်ဟု ဆိုခဲ့သည်။

ထိုသတင်းမှာ မှန်ကန်မှုလုံးဝမရှိသည့်အပြင် ယနေ့ နံနက် (၁၀း၃၀) နာရီခန့် အချိန်တွင် မြေက်ဦးမြို့ ရဲစခန်း မှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ကျော်စိုး (လ/၁၈၈၅၃၀) က ကျပ်ငွေ (၁၀) သိန်းယူလျှက် အချုပ်ခန်း မှ လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ယခင်ရက်များအတွင်းက မြောက်ဦးမြို့သို့ အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်ရန် စုံစမ်းဖို့ ရောက်ရှိ လာေ သာ ဘင်္ဂလီ မူဆလင် ဘာသာဝင် (၃၀) ဦးအား တာဝန်သိ မြို့ခံပြည်သူများနှင့် ရဟန်းတော်များ ပူးပေါင်းကာ စုံစမ်းစစ်ဆေးပေးရန် မြောက်ဦးမြို့ ရဲစခန်း သို့ အပ်နှံမှုများ ရှိခဲ့သည်တွင်လည်း ထို နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်စိုး (လ/၁၈၈၅၃၀) က တဦးလျှင် ကျပ်ငွေ (၅၀၀၀၀) စီတောင်း ခံပြီး ပြန်လည်လွှတ်ပေးခဲ့သည်။

နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်စိုး သည် ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ တောင်ရပ် ရပ်ကွက် ဘီအိုစီ တွင် နေထိုင်ခဲ့သူဖြစ်ပြီး ရခိုင် မိဘ နှစ်ပါးမှ ဖွားမြင်လာသူလည်း ဖြစ်သည်။

ထိုသို့သော လုပ်ရပ်များကြောင့် မြောက်ဦးမြို့ရှိ မြို့ခံများနှင့် ရဟန်းတော်များက နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်စိုး အား မကျေ မနပ်ဖြစ်နေကြသည့်အပြင် သူနှင့် ပတ်သက်သည့် သာရေးနာရေး ကိစ္စရပ်များကို မည်သူမှ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း မလုပ်ကြရန်ကို ဆုံးဖြတ်ထားကြကြောင်း Arakan Review မှ သတင်းရရှိသည်။

ref:Rakhine Straight Views

No comments:

Post a Comment