Wednesday 30 December 2015

ဧရာဝတီမြစ်လယ်၌ ကိုက် ၅၀၀ နီးပါးရှိ ကျောက် တန်းကြီး ပေါ် ထွက် လာသည့်အတွက် ရေယာဉ်များ အန္တရာယ် မဖြစ်ရန် အမြန်ဖယ် ရှားပေး သင့်ကြောင်း သင်္ဘောဝန်ထမ်းများ ပြောကြား

မြစ်အတွင်းပေါ်ထွန်း လာသည့် ကျောက် တန်းကြီး အား တွေ့ရစဉ် ဓာတ်ပုံ-ကိုကျော်(မင်းဘူး)
မင်းဘူး ခရိုင် မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းနားတွင် ပေါ်ထွန်း လာသော ကိုက် ၅၀၀ နီးပါးရှည် လျားသည့် ကျောက်တန်းကြီးမှာမြစ် တွင်းသွားလာနေသော သင်္ဘောများ အတွက် အန္တရာယ်ရှိနေ၍ဖယ်ရှား ရှင်းလင်း သင့်ကြောင်း မြစ်ကြောင်း အတွင်း သွားလာနေသည့်သင်္ဘော မောင်းသူများထံမှ သိရသည်။
ယခုနှစ်တွင် မြစ်ရေကြီးမှု နှစ် ကြိမ်ဖြစ်ပွားမှုနှင့် မိုးရွာသွန်းမှုမြင့် မားမှု တို့ကြောင့် ဧရာဝတီမြစ်အ တွင်း နုန်းမြေများ ဝင်ရောက် မှုများ ပြား ကာ သောင်ဖြစ်ထွန်းမှုများဖြစ် ပွားပြီး မြစ်အတွင်းပြေးဆွဲနေသော သင်္ဘောများ မှာ ရေကြောင်းပိတ်ဆို့ မှုများဖြင့် ကြုံတွေ့နေရသည်။

''ယခုနှစ် ဧရာဝတီမြစ်အတွင်း သောင်ဖြစ်ထွန်းမှုက မြင့်မားနေပြီး မကွေးဘက်ကမ်းကဆို သင်္ဘော လမ်းကြောင်းတွေ ပိတ်နေ တယ်။ မင်းဘူးဘက်ကနေ သင်္ဘောတွေ ခုတ်မောင်းနေရတယ်။ တစ်ကြောင်း တည်းရှိတဲ့ ရေလမ်းကြောင်း မှာ ကျောက် တန်းကြီးပေါ်ထွန်းလာတာ သင်္ဘောတွေအတွက် အလွန်အန္တ ရာယ်ရှိနေတယ်။ မြစ်လယ်ထိ ထိုး ထွက်နေတာဟာ ညအချိန် ခုတ်မောင်း တဲ့ သင်္ဘောတွေအတွက်ကြောက် စရာကောင်းနေတယ်။ ဒါကြောင့် အဲဒီကျောက်တန်းကြီးကို အမြန်ဖြို ဖျက်သင့် တယ်''ဟု ရေနံတင် မုတ္တမ သင်္ဘောမှ ကိုမောင်တာက ပြော ကြားသည်။

အဆိုပါ ကျောက်တန်းကြီးဆက် လက်တည်ရှိနေပါက တန်ခူး၊ ကဆုန် နှင့် နွေ ရာသီ ကာလများ တွင် မြစ် ကြောင်းပိတ် ဆို့မှုဖြစ်ပွား ကာ ရေ ကြောင်းများပြောင်းလဲပြီး ဒုက္ခကြုံ တွေ့နိုင် သည့်အတွက် အဆိုပါကိစ္စ ကို ဒေသအာဏာပိုင်အဖွဲ့ အစည်းများ၊ မြစ်ကြောင်း ထိန်း သိမ်းရေး ဌာနတို့ မှ ကြိုတင်တွက်ဆဆောင်ရွက်သင့် ကြောင်း ၎င်းက ထပ်မံဆိုသည်။

''မနှစ်က ယခုထွက်ပေါ်လာတဲ့ ကျောက်တန်းအထက်မှာ ထွက်ပေါ် လာတဲ့ကျောက်တန်းကို ယန္တရား ကြီးတွေနဲ့ ဖြိုဖျက်နိုင် ခဲ့တာကြောင့် မနှစ်က မြစ်ကြောင်းကျဉ်းပေမယ့် သင်္ဘောတွေ သွားလာလို့အဆင်ပြေ ခဲ့ပါတယ်။ ဒီနှစ်ထပ်မံထွက်ပေါ် လာ တဲ့ ကျောက် တန်းက ကိုက် ၅၀၀ လောက်ရှည်နေတာဆိုတော့ ဖြိုဖျက် ဖို့တော့ခက်ခဲနေပါတယ်၊ သက်ဆိုင် ရာကိုတင်ပြ ပါမယ်'' ဟု မင်းဘူးမြို့ အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲတင့်ကပြောသည်။

ယခုအချိန်ကာလတွင် ဧရာ ဝတီမြစ်အတွင်း သောင်ဖြစ်ထွန်း မှု မြင့် မားနေပြီး ရေလမ်းကြောင်းပိတ် ဆို့မှုများဖြစ်ပွားနေ၍ သင်္ဘောများ အခက် အခဲများနှင့် ကြုံတွေ့နေရ ကာ အန္တရာယ်များဖြစ်ပေါ်ကြုံတွေ့ နိုင်သည့် အတွက် မြစ်ကြောင်းထိန်း သိမ်းရေးဌာနက အန္တရာယ်အမှတ် အသားများ စိုက်ထူထားသင့်ကြောင်း ကို သင်္ဘောမောင်းသူများထံမှ သိရ သည်။

KK
Democracytoday

No comments:

Post a Comment