Thursday 31 December 2015

တောင်ကိုရီးယား ဗေဒင်ဆရာများ နှစ်သစ်ကူးနေ့နှင့် ပတ်သက်ပြီး ငြင်းခုံ

တောင်ကိုရီးယား နိုင်ငံတစ်ဝန်း ရှိ ဗေဒင်ဆရာများသည် နှစ်သစ်ကူးနေ့ မည်သည့်နေ့ ဖြစ်သည်နှင့် ပတ်သက်ပြီး ငြင်းခုံမှုများကို ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

အထူးသဖြင့် ဗေဒင်ဆရာများသည် တွန်ဂျီဟု အမည်ရသည့် ဒီဇင်ဘာလ (၂၂) နှင့် အီပ်ချွန်းဟု အမည်ရသည့် ဖေဖော်ဝါရီလ (၄) ရက်နေ့ တို့အနက် မည်သည့်နေ့က နှစ်သစ်ကူးနေ့ ဖြစ်သည်နှင့် ပတ်သက်ပြီး အဓိကထား ငြင်းခုံနေကြကြောင်း ကိုရီယား တိုင်းမ်စ် သတင်းစာက ဖော်ပြခဲ့သည်။

ကိုရီးယား ဗေဒင် ပညာအရ မွေးနေ့သည် လူတစ်ဦး၏ ကံကို ဆုံးဖြတ်ပေးသောကြောင့် နှစ်သစ်ကူး နေ့အပေါ် အခြေခံပြီး တွက်ချက်ရသော ဗေဒင်ပညာရပ် အရ နှစ်ကူးနေ့ အပြောင်းအလဲသည် လူတစ်ဦး၏ နောင်တွင် ဖြစ်လာမည့် ကံကို ကြီးမားစွာ သက်ရောက်မှု ရှိနိုင်သည်ဟု ဗေဒင်ဆရာများက ယုံကြည်ကြသည်။

တွန်ဂျီနဲ့ အီပ်ချွန်း တို့ကြား (၄၅) ရက် ကွာခြားတယ်လေ။ ဒါကြောင့် ဒီကာလအတွင်း မွေးသူ ခြောက်သန်းရဲ့ ကံကြမ္မာ ပြောင်းလဲသွားနိုင်တယ်။ ဒါ့အပြင် ဒီရက်အပိုင်း အတွင်း ဗေဒင်မေးခဲ့တဲ့ သူတွေကိုလည်း ပုံစံပြောင်းပြီး ဟောပေးလို့လည်း ရနိုင်တယ်လေဟု နှစ်သစ်ကူးနေ့ကို တိကျစွာ သတ်မှတ်နိုင်ရေး လှုပ်ရှားနေသည့် ဗေဒင်ပညာရှင်များ အစည်းအရုံးမှ အီဆန်း-ယက်ပ်က ပြောဆိုခဲ့သည်။  

Source:UPI
ရည်မွန်အောင် 
Messenger News Journal​ 

No comments:

Post a Comment