Tuesday 29 December 2015

အတည်ပြုပြီးသည့် ရွေးကောက်ပွဲကန့်ကွက်လွှာ ၂၇ခုကို စတင်စစ်ဆေး

တစ်နိုင်ငံလုံးတွင် ၂၀၁၅အထွေထွေရွေးကောက်ပွဲ ကန့်ကွက်လွှာ ၄၀လက်ခံရရှိထား ပြီး ၂၇ခုအတည်ပြုပြီးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ သတင်းရရှိသည်။
ဒီဇင်ဘာ ၂၈ရက်အထိ ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်စာရင်းများအရ အတည်ပြုပြီး သော ကန့်ကွက်လွှာအမှု ၂၇မှု တွင် အမှုငါးမှုကို စတင်ကြားနာ စစ်ဆေးနေပြီဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ညွှန် ကြားရေးမှူးဦးညွန့်တင်ကပြော သည်။

ကန့်ကွက်လွှာများတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ကန့်ကွက်လွှာ ၁၆ခု၊ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကန့်ကွက်လွှာ ကိုးခု၊ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ကန့်ကွက်လွှာ တစ်ခု၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ တစ်ခုဖြစ် သည်။

‘‘လက်ရှိအချိန်အထိတော့ ပြည်ခိုင်ဖြိုးနဲ့ ဒီချုပ်က တိုင်တာအ များဆုံးပဲ။ အပြန်အလှန်တိုင်ကြ တာတွေလည်း ပါတယ်’’ဟု ဦးညွန့်တင်ကပြောသည်။

ကန့်ကွက်လွှာ ၂၇ခုအနက်ဒီဇင်ဘာ ၂၁ရက်မှ ဒီဇင်ဘာ၂၈ရက်အထိ ငါးမှုကိုစစ်ဆေးနေဆဲဖြစ်ကာ ကျန်ရှိသည့် ကန့်ကွက်လွှာများကို ဒီဇင်ဘာ ၃၀၊ ၃၁ရက်နှင့် ဇန်န၀ါရီ ၁၊ ၅၊ ၆ရက်များတွင် စစ်ဆေးရန်သတ်မှတ်ထားသည်ဟု သိရသည်။

‘‘အမှုကတော့ စစ်ဆေးတာ တွေ မရှိသေးပါဘူး။ ထူးခြားမှု လည်းမရှိသေးဘူး။ လက်ရှိက တော့ ရုံးချိန်းတဲ့ သဘောပဲရှိသေး တယ်’’ဟု ကချင်ပြည်နယ်အမျိုး သားလွှတ်တော်မဲဆန္ဒနယ်(၅)မှ ၀င်ရောက်ယှဉ်ပြိုင်သည့် ဦးစံဝေ ခေါလွမ်း၏ အမှုကိုလိုက်ပါ ဆောင်ရွက်ပေးသူ တရားလွှတ် တော်ရှေ့နေဦးတင်ထွန်းသိန်းက ပြောသည်။

ရွေးကောက်ပွဲရလဒ်များကို သက်ဆိုင်ရာတိုင်းဒေသကြီး၊ပြည် နယ်ရွေးကောက်ပွဲကော်မရှင်အ ဖွဲ့ခွဲက ကြေညာပြီး ၄၅ရက်အ တွင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ထံ ကျပ်ငွေငါးသိန်း ပေးသွင်းကာ တိုင်ကြားရမည်ဖြစ် ပြီး တိုင်းဒေသကြီးအချို့တွင် သတ်မှတ်ရက် ကျန်ရှိနေသေး သည်ဟု ဦးညွန့်တင်က ပြော သည်။

၂၀၁၀ရွေးကောက်ပွဲတွင် ကန့်ကွက်လွှာတင်သွင်းမှု ၂၈မှုရှိ ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီက ကန့် ကွက်မှု ၂၆မှုရှိခဲ့ကာ ငါးမှုအနိုင်ရ ရှိခဲ့သည်။ ၂၀၁၂ကြားဖြတ်ရွေး ကောက်ပွဲတွင် ကန့်ကွက်လွှာ လေးမှုသာရှိခဲ့ပြီး လေးမှုစလုံးရှုံးနိမ့်ခဲ့သည်။

7Day Daily

No comments:

Post a Comment