Thursday 31 December 2015

ထိုင်းရောက်မြန်မာလုပ်သားများအရေး ညှိနှိုင်းအစည်းအဝေး ဇန်နဝါရီဒုတိယပတ်တွင် ပြုလုပ်မည်

ထိုင်းသင်္ဘောကျင်းတစ်ခုတွင် လုပ်ငန်းခွင်ဝင်နေသော မြန်မာလုပ်သားတစ်ဦး (ဓာတ်ပုံ - အီးပီအေ)
ထိုင်းနိုင်ငံရောက်မြန်မာ လုပ်သားများနှင့်ပတ်သက်၍ စ် နိုင်ငံညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ဒုတိယပတ်တွင် ရန်ကုန်မြို့၌ ပြုလုပ်ရန် လျာထားကြောင်း သတင်းရရှိသည်။

အဆိုပါအစည်းအဝေးကို ဒီဇင်ဘာ ၂၃ ရက်ကပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ထိုင်းဘက်မှ လတ်တလောဆွေးနွေးရန်  အဆင်မပြေသေးသည့်အတွက် ရက်ရွှေ့ ဆိုင်းရန် တောင်းဆိုခဲ့သဖြင့် ဇန်နဝါရီအတွင်း ပြုလုပ်ရန် ပြောင်းလဲသတ်မှတ်ခဲ့ရကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးသိန်းဝင်းက ပြောသည်။

‘‘ဒီဘက်ကစီစဉ်ထားတာ တော့ ၈ ရက်နဲ့ ၉ ရက်မှာလုပ်မယ်ပေါ့။ ထိုင်းဘက်ကိုလည်း အကြောင်းကြားထားတယ်။ သူတို့ ဘက်က အဲဒီရက်အဆင်ပြေ၊ မပြေဆိုတာကိုတော့ အတည်ပြု ချက်မပေးသေးဘူး’’ဟု ၎င်းက ဆိုသည်။

ယင်းညှိနှိုင်းအစည်းအဝေး တွင် ထိုင်းရောက်မြန်မာနိုင်ငံသားများအား နိုင်ငံသားဖြစ်ကြောင်း ယာယီသက်သေခံလက်မှတ် (စီအိုင်) သွားရောက်ထုတ်ပေး နိုင်ရေးကို  မြန်မာဘက်က အဓိကဆွေးနွေးမည်ဖြစ်ပြီး ယင်းနိုင်ငံနှင့် လက်မှတ်ရေးထိုးထားသည့် အလုပ်သမားစေလွှတ်မှုဆိုင်ရာ နှစ်နိုင်ငံ အစိုးရချင်း သဘောတူချုပ်ဆိုသည့် MoU စာချုပ်ကို ခေတ်ကာလနှင့်အညီ ပြင်ဆင်ချက်များ ထည့်သွင်း၍ ပြန်လည် လက်မှတ်ရေးထိုးမည့် ကိစ္စရပ်များ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းအစိုးရသည် ယင်းနိုင်ငံ ရှိ တရားမဝင်ရွှေ့ပြောင်းနိုင်ငံ ခြားအလုပ်သမားများကို မတ်လ ကုန်မှ စတင်၍ ဖယ်ရှားအရေးယူ သွားမည်ဖြစ်သည့်အတွက် မြန်မာအစိုးရသည် ယင်းကာလမတိုင်မီ မြန်မာလုပ်သားများအား ယာယီနေထိုင်ခွင့်နှင့် တရားဝင်လုပ်သား အဖြစ်  ပြောင်းလဲလျှောက်ထား နိုင်မည့် စီအိုင်လက်မှတ်များ အချိန်မီ ထုတ်ပေးနိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

စီအိုင်လက်မှတ်ကို ထိုင်း ရောက်မြန်မာနိုင်ငံသားအားလုံး ထုတ်ပေးမည်မဟုတ်ဘဲ ထိုင်း အစိုးရက ထုတ်ပေးထားသည့် ယာယီနေထိုင် လုပ်ကိုင်ခွင့် ပန်းရောင်ကတ်ကိုင်ဆောင်ထား သည့်ဦးရေ လေးသိန်းကျော်အနက်  မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားခိုင်မာသူများကိုသာ ထုတ်ပေးမည်ဟု သိရသည်။

စီအိုင်လက်မှတ်ရရှိသူသည် ထိုင်းနိုင်ငံတွင် ၂ နှစ်ဆက်လက် နေထိုင်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ် ပြီး ယင်းကာလအတွင်း တရား ဝင်နိုင်ငံကူးလက်မှတ်လျှောက် ထားကာ ထိုင်းသို့ လုပ်သားစေ လွှတ်ခွင့်လိုင်စင်ရထားသော အေဂျင်စီ၏ ထောက်ခံမှုဖြင့် MoU လုပ်သားအဖြစ် သတ်မှတ် ခံရမည်ဖြစ်သည်။

သို့သော် ထိုင်းအစိုးရက မြန်မာကိုယ်စားလှယ်များ ၎င်းတို့ နိုင်ငံသို့ ဝင်ရောက်၍ စီအိုင်လက် မှတ်ထုတ်ပေးမည့် အစီအစဉ်ကို တရားဝင်ခွင့်ပြုချက်ပေးခြင်း မရှိ သေးသောကြောင့် နောက်ဆုံး အဆင့် အရေးပေါ်ညှိနှိုင်းမှုများ ပြုလုပ်ရန်လိုအပ်နေခြင်းဖြစ် သည်ဟု အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကပြောသည်။

‘‘စီအိုင် စာအုပ်မှာထည့် မယ့်အချက်အလက်တချို့နဲ့ ပတ် သက်လို့တော့ သူတို့ဘက်က လက်ခံနိုင်သလောက်အလျှော့ အတင်းလုပ် ညှိနှိုင်းပြီးသွားပြီ။ အခုလိုနေတာက ဒီကသွားပြီး ဆောင်ရွက်မယ့်အစီအစဉ်နဲ့ သူတို့ခွင့်ပြုချက် ဘယ်လိုပေးမလဲ ဆိုတာလောက် ညှိဖို့ကျန်သေး တယ်’’ဟု ၎င်းကဆိုသည်။

မြန်မာလုပ်သားများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုပြု လုပ်ရာတွင် ယခင်က ထိုင်းနိုင်ငံ ၌သာ ပြုလုပ်လေ့ရှိပြီး ယခု အစည်းအဝေးမှာ မြန်မာနိုင်ငံ၌ ပထမဆုံး ပြုလုပ်ခြင်းလည်းဖြစ် ကြောင်း ဦးသိန်းဝင်းကပြောသည်။

7Day Daily 

No comments:

Post a Comment