Monday 30 December 2013
အသက် ၁၈ နှစ်ပြည့်မှ သာဖတ်ပါရန်
မေးခွန်း။ ၃ လခံ တားဆေးက ကလေးရအောင် အနည်းဆုံး တစ်နှစ်လောက် ပြန်စောင့်ရတယ်လို့ ဆရာပြန်ထားတဲ့ စာထဲမှာ တွေ့ရပါတယ်။ အမျိုးသားက နယ်ကို မသွားခင် ကလေး လိုချင်ပါတယ်။ တားဆေးကို တစ်ခါထိုးပြီး ဆက်မထိုးတာ ၂ လရှိပါပြီ။ ရာသီလည်း ပြန်မပေါ်သေးပါဘူးဆရာ။ ဆီးစစ်တာလည်းမပေါ်ပါဘူး။ ကေသီပန် သောက်ပြီး ရာသီ ပြန်ပေါ်အောင်လုပ်ရင် ကလေးရ ဖို့မြန်နိုင်မယ် ထင်လို့ပါ။ အဲဒါလေးသိချင်ပါတယ်။ အတူနေရင် အတွင်း အဝ အစပ်က ပူပြီး နာနေပါတယ်။ အဲဒါ ဘာဆေးသောက်ရမလဲ သိချင်ပါတယ်။ 
အဖြေ။ Depo ၃ လခံထိုးဆေးကို ဆေးရပ်ပြီးစောင့်ရချိန် ဆရာတော့ အတိအကျမပြောပါ. သုတေသန ၅ဝ ကို ရေးထားတာ တွေ့ပါမယ်။ မတူကြပါ။ မဖတ်ရသေးရင်လဲ ပြောပါ။ ပို့ပေးပါမယ်။ သီအိုရီအရ ၃ လပြီးရင် ကလေးပြန်ရနိုင်တာပါ။ 
မေးခွန်း။ အာသီးရောင်ပြီး အဖျားအနည်းငယ် ရှိပါတယ်။ amoxicillin -250mg (၁)ကဒ်+C-Vit+paracetamol(500mg) သောက်ပြီးသော်လည်း အာသီးရောင် မပျောက်သေးပါ။ amoxicillin ပဲထပ်သောက်ရမည်လား အခြားဆေး ပြောင်းသောက်ရမည်လား ညွှန်ကြားပေးပါရှင့်။ 
၁။ ပိုးသေဆေး ဆေးပါတ်လည်ရမယ်။ ဆေးအလေးချိန်မှန်ရမယ်။
၂။ အနာသက်သာဆေး Paracetamol လဲ သောက်ရမယ်။
၃။ ဆားရေနဲ့ ပါးစပ်ဆေးရမယ်။
Tonsillitis အာသီးရောင်၊ ပါးစပ်ဟခိုင်းရင် နီရဲ-ရောင်နေတဲ့ အာသီး တဖက်ဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ်မြင် ရမယ်။ မျိုရမဲ့လမ်းကို ကျဉ်းရာကနေ ပိတ်လုလုအထိ ကြီးနေနိုင်တယ်။ acute tonsillitis ရက်တို ရောင်ရာကနေ ပြည်တည်နိုင်တယ်။ Recurrent tonsillitis ခဏခဏဖြစ်နေသူဟာ allergy ဖြစ်နိုင်တယ်။
Acetaminophen/Paracetamol and/or Ibuprofen တွေကို နာတာ သက်သာအောင် ပေးမယ်။ Salt water gargle, Lozenges, Warm liquids ငုံဆေး၊ ပလုပ်ကျဉ်းတာတွေနဲ့ ရောင်တာ သက်သာစေမယ်။ Group A streptococus ကြောင့်ဖြစ်တာအတွက် Penicillin နဲ့ Amoxicillin တွေက ပဌမတန်းစား Antibiotics တွေ ဖြစ်တယ်။ ဆေး မတည့်သူကို Erythromycin ပေးနိုင်တယ်။ မသက်သာသူတွေကို Clindamycin or Amoxicillin-clavulanate ပေးနိုင်တယ်။ Virus ကြောင့်ဖြစ်တာ ကြာမယ်။ Chronic cases နာတာရှည်နေ သူကို Tonsillectomy ခွဲစိတ်ရတယ်။
Amoxicillin အမောက်ဆာစလင် 
မေးခွန်း။ သမီ့း့ မှာ နေပါတယ်။ အသက် က 32။ အိမ်ထောင်ကျတာ ၄ နှစ် ကျော်ပါပြီ။ လွန် ခဲ့ တဲ့ တစ်နှစ်က သားဥကြွေဆေးကို ၆ လ သောက်ခဲ့ဖူးပါတယ်။ ကလေး မရခဲ့ပါဘူး။ အခု ဘာဆေး မှမ သောက် ဘဲ ကိုယ် ဝန် ရတာ ၁ဝ ပတ် ရှိပါပြီ။ ကိုယ်ဝန် ၆ ပတ်တုန်းက အဝါလိုလို အညိုလိုလို သွေးရည်ကြည်လိုလို နဲနဲစွန်းပေမယ့် OG က impletation bleeding ဖြစ်နိင်တယ်လို့ ပြောပါတယ်။ Pregnyl 5000 iu injection ကိုလည်း အဲဒီကတည်းက ၉ ပတ် ပြည့်တဲ့နေ့ (ကလေး 2.4 cm) ရှိတဲ့နေ့အထိ တပတ် ၃ ကြိမ် ထိုးခဲ့ပါတယ်။ သွေးနဲနဲပေတာက တစ်ရက်လောက်နဲ့ ပျောက်သွားပေမယ့် အဲဒီနောက်ပိုင်း အဝါရောင် အရည်ကြည် နဲနဲပေပါတယ်။ အခုထိလဲ အဝါရောင် ချွဲလိုလိုတွေ နဲနဲပေပါတယ်။ သွေးတော့ လုံးဝမပေပါဘူး။ ပေတယ်လို့ သုံးတာက တစ်နေ့လုံးနေမှ အနည်းငယ်စွန်းရုံမို့ပါ။ အဲဒါ စိတ်ပူရပါသလား။ 
အဖြေ။ မစိုးရိမ်ပါနဲ့။ OG လဲပြထားတော့ ကိုယ်ဝန်က ကောင်းမှာပါ။ လိုအပ်ရင် အာလ်ထွာဆောင်းရိုက်လိမ့်မယ်။ အဖြူ-အဝါဆင်းတာက ကိုယ်ဝန်ပျက်ချင်လို့ မဟုတ်တတ်ပါ။ ဟော်မုန်းအခြေအနေနဲ့ ပိုးဝင်တာကို စဉ်းစားရတယ်။ ပိုးဆိုလဲ ဆရာဝန်က ဆေးပေးမှာပါ။ စိတ်အေးလက်သာ စောင့်ကြည့်ပါ။ 
မေးခွန်း။ သမီးက လျှာရှည်တတ်တာတော့ မဟုတ်ပါဘူးရှင်။ ဒါပေမဲ့ OG တွေ သွားပြတဲ့အခါ သူတို့က ဘာဖြစ်လဲမေးတယ်။ မေးပြီး ဆေးပေးလိုက်တယ်။ ဘာကြောင့် ဒီလို ဖြစ်ရတယ်ဆိုတာတွေကို ပြောမပြပါ ဘူးရှင်။ သားအိမ်ခြစ်ပြီး နောက်ပိုင်းမှာ သားအိမ်က အရင်လို မဟုတ်တော့ပဲနဲ့ သားအိမ်အောင့်ခြင်း၊ ခါးအောက်ပ်ုင်းတွေ အောင့်ခြင်း၊ အဖြူဆင်းခြင်း စတာတွေ ဖြစ်ပါတယ်ရှင်။ အဲဒီလို ဖြစ်ရင် OG သွားပြတဲ့ အခါ ဆေးသောက်လိုက်ရင် သက်သာပါတယ် ပြီးရင် ပြန်ဖြစ်ပါတယ်ရှင်။ ဆရာဝန် တစ်ယောက်ကပြောတာတော့ Infection ဝင်တယ်တဲ့။ အဲဒါ ဘာကိုပြောတာပါလဲရှင်။ သမီး အရင်လို သားအိမ်မျိုး ပြန်ဖြစ်အောင် ဘယ်လို ကုသရမလဲရှင်။ 
အဖြေ။ (အင်ဖက်ရှင်) ဆိုတာ ပိုးဝင်တာ။ ဖြစ်နိုင်တယ်။ မစိုးရိမ်ပါနဲ့ ဆေးတွေကကောင်းကောင်းနိုင်တယ်။ လိုသေးရင် ဆေးပြောင်းရတယ်။ ၁-၂ ပါတ်ထက် ပိုမကြာတတ်ပါ။ အတူနေသူမှာလဲ ပိုးကင်းရမယ်။ တခါ တလေ နှစ်ယောက်လုံးကို ဆေးတပြိုင်တည်းကုပေးရတယ်။ ပြန်ဖြစ်တာလဲရှိတယ်။ 
မေးခွန်း။ မျိုးဥကြွေတယ်ဆိုတာ လစဉ်ကြွေတာလား၊ ကြွေတဲ့လ ကြွေလိုက်၊ မကြွေတဲ့လ မကြွလိုက် ဖြစ်တာပါလားရှင်။ သမီးက အရင်လတွေက လစဉ်မျိုးဥကြွေပြီး ဒီလမှ မကြွေလို့ပါနော်။ 
အဖြေ။ ဟုတ်ပါတယ်။ အသက်အရွယ်၊ ကျန်းမာရေး၊ ဟော်မုန်းစတာတွေအပေါ်မှာ မူတည်ပါတယ်။ ဒီလမှာ မျိုးဥမထွက်ပေမဲ့ နောက်လတွေလဲ ထွက်မှာမဟုတ်ဘူးလို့ မထင်သင့်ပါ။ ကံတရားကိုလဲ အားကိုးပါ။ 
မေးခွန်း။ ဆရာ ကျွန်မဆရာဆီ အာသာဖြေခြင်းနဲမေးဖူးတဲ သမီးပါဆရာ။ ခုသမီးမေးခြင်တာက အာသာဖြေခြင်းရဲ့ဆိုးကျိုးပါဆရာ။ ဟိုတလောပြန်စာမှာ ကောင်းကျိုးရှိတာပြောလို့ သိရပါတယ်ဆရာ။ ဒီနေ့ပဲစာတွေ ဖတ်ရင်း အာသာဖြေတာ အာရုံစူးစိုက်မှုစွမ်းရည် လျော့ကျစေတယ်ဆိုတာတကယ်လားဆရာ။ သမီးစာကျက်ရင် (အထူးသဖြင့်) ဒီတခုထဲပေါ် အာရုံစိုက်လို့မရတာ ဟိုထဒီထနဲ့ ဟိုလုပ်ဒီလုပ်ဖြစ်နေတာ အဲ့လိုအာရုံစိုက်လို့မရတာ အဲ့တာကြောင့်လားဆရာ။ နောက် အာသာဖြေတာ ဘယ်လိုဆိုးကျိုရှိလဲဆရာ။ ဆိုးကျိုးတွေနဲအတူ အဲလိုစိတ်ကိုလျော့ချတဲနည်းရှိရင်ပေးပါဆရာ။ သမီးကိုယ်တိုင် မကြိုက်လို့ပါဆရာ။ အချိနိကုန်လို့ပါဆရာ။ 
အဖြေ။ Female Masturbation (1) အမျိုးသမီးများ ဖါသာ-အာသာဖြေခြင်း (၁) မေးခွန်း။ အဲဒီစစ်ဆေးတဲ့ကိရိယာလေးတွေက စိတ်ချရလားဆရာ။ အမှန်ကိုပြပေးနိုင်လား။ ဘယ်နှစ်ခါလောက် စစ်ကြည့်ရပါမလဲ။ 
အဖြေ။ Pregnancy Tests (1) ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း 
မေးခွန်း။ ဆရာ သမီးရာသီပေါ်တာနောက်ကျနေလို့ ကိုယ်ဝန်ရှိမရှိဆီးစစ်ကြည့်ချင်ပါတယ်ဆရာ။ ဒါပေမဲ့ အိမ်သုံး ဂျင်းနဲ့ထန်းလျက် သောက်လိုက်တော့ရာသီချက်ချင်းလာပါတယ်။ အဲတာ ကိုယ်ဝန်ဖြစ်နိုင်သေး လား ဆရာ။ ပြီးတော့ ဆီးစစ်တာက ရာသီမလာလို့ ၁ ပတ် အကြာမှာစစ်ရင် သေချာတယ်လို့ သိရပါတယ်။ သမီးက အခုလက်ရှိလည်း ရာသီလာနေတော့ ဘယ်အချိန်စစ်ကြည့်ရပါမလဲ ဆရာ။ ကိုယ်ဝန်ဟုတ်မဟုတ် သိလိုပါတယ်။ အဖြေ။ ရာသီလာရမဲ့ရက်ထက် တပါတ်နောက်ကျချိန်ကစပြီး စစ်နိုင်ပါတယ်။ အခုလာနေတာက လာရမဲ့ရက်ဖြစ်နေရင် တပါတ်အကြာမှာ စမ်းပါ။ ကိုယ်ဝန် မလိုချင်သေး ရင် တားနည်း-တားဆေး သင့်တာကို ရွေးပြီး စနစ်တကျသုံးပါ။ ဆရာရေးထားတာတွေ ရှိပါ တယ်။ 
မေးခွန်း။ ကျွန်တော့် ကောင်မလေးရဲ့လက်မောင်းက လက်ဆန့်ထားရင် အသားလေးတွေက ပျော့ပြီး အောက်ကိုတွဲတွဲလေး ဖြစ်နေပါတယ်ဆရာ။ သူများတွေလို ကျစ်ကျစ်လေးမဟုတ်ဘူးဆရာ။ အဲ့တာဘာဖြစ် လို့ပါလဲ။ သူ့အသားအရည်က တော်တော်လေးတော့ ပျော့ပါတယ်ဆရာ။ အရပ်ပုပြီး ပုံမုန်ထက် နည်းနည်းလေးပဲဝပါတယ်။ အသားဖြူပြီး ခြောက်တဲ့ဘက်ပါပါတယ်ဆရာ။ အသီးအရွက်စားတာ နည်းပါ တယ်။ အသားဆိုလည်း ကြက်သားနဲ့ ငါးပဲစားပါတယ်။ အသက်က 19 ပဲရှိပါသေးတယ်။ သူများတွေလို ကျစ်ကျစ်လေးဖြစ်အောင် လုပ်လို့မရဘူးလားဆရာ သူများတွေဆို ဘယ်လောက်ဝဝ အဲ့လိုမဖြစ်ပါဘူး။ ဆောင်ရန်ရှောင်ရန်တွေများရှိမလားဆရာ။ 
အဖြေ။ Nutrition အာဟာရ 
မေးခွန်း။ ကျွန်မနာမည့့် ပါ။ ကျွန်မ့ မှာနေပါတယ်။ ကျွန်မရဲ့ ဆီးခုံမှာ လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက် ကတည်း က အကျိတ်လေး တစ်ခုပေါ်လာပါတယ်။ နာကျင်မှုတော့ မရှိပါဘူး။ ခြောက်လလောက် ကြာတော့ နောက် ထပ် အကျိတ်သေးတစ်ခု မူလရှိတဲ့ အကျိတ်ဘေးမှာ ထပ်ပေါ်လာပါတယ်။ အကျိတ်တစ်ခုက ပြောင်းဖူးစေ့ ခန့်လောက် ရှိပါတယ်။ နောက်တစ်ခုက အဲဒီထက်သေးပါတယ်။ အဲဒီအုကိတ်တွေက ပျောက်လည်း မသွားသလိုကီးလည်းမလာပါဘူး။ နာကျင်မှုလည်းမရှိပါဘူး။ ကျွန်မ ဘာလုပ်ရမှန်းမသိပါဘူး။ ဆရာ့အနေနဲ့ ကျေးဇူးပြုပြီး ဘာဖြစ်နိုင်သလဲ၊ ဘယ်လို ပျောက်အောင်လုပ်ရမလဲ၊ အရမ်းစိုးရိမ်ရပါသလား ဆိုတာလေးကို ရှင်းပြပေးပါရှင်။ ကျွန်မအသက် ၂၆ နှစ်ရှိပါပြီ။ ကျွန်မမှာ ချစ်သူရှိပါတယ်။ ချစ်သူနဲ့ တစ်ပတ်မှာ တစ်ရက် အတူနေဖြစ်ပါတယ်။ 
အဖြေ။ မစိုးရိမ်ပါနဲ့။ အကျိတ်က ကြီးလာသလား၊ အရောင်က နီသလား၊ ပြာသလား၊ အသားရောင် အတိုင်းလား။ များသောအားဖြင့် ကင်ဆာမဟုတ်အကျိတ်၊ အဆီကျိတ်၊ တက်စေ့ရောင် ဖြစ်တယ်။ လိင်ကတဆင့်ကူးတာမျိုးက အဲလို မဖြစ်တတ်ဘူး။ 
မေးခွန်း။ သမီးအသက် ၂၂ ပါ။ ပိန်နေလို့ ဝချင်ပါတယ် ဆရာ။ သူများတွေပိန်သလို အရမ်းအပိန်ကြီးတော့ မဟုတ်ပါဘူး။ အရင်တုန်းက ဝပါတယ်။ ဝပြီးမှ ပြန်ပိန်တော့ အကြောပြတ်ရာတွေ ပေါ်ပါတယ် ဆရာ။ ပိန်တဲ့မျိုးရိုးလည်း မဟုတ်ပါဘူး။ နေမကောင်းလို့ ဆေးခန်းပြရင်းနဲ့ ဆရာမကိုဝချင်တယ်ပြောတော့ သောက်ဆေးပေးပါတယ်။ စွဲတော့ မသောက်ခိုင်းပါဘူး။ အားဆေးလည်းပါပါတယ်။ စုစုပေါင်း ၃မျိုးပါ။ တစ်မျိုးကတော့ ဘဲဥပုံသေးသေးလေးပါ။ cox လို့ ဆေးမှာ ရေးထားပါတယ်။ အဲဒီဆေးက မျက်နှာဖောင်း တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဆေးကဖြတ်လိုက်ရင် ချက်ချင်း ပြန်ပိန်ပါတယ် ဆရာ။ ဆက်သောက်တော့လည်း ရောဂါဖြစ်မှာစိုးပါတယ်။ အဲဒါကြောင့် စွဲပြီးသောက်လို့ရမယ့် ကျန်းမာရေးလည်း မထိခိုက်တဲ့ ဝမယ့်အားဆေးမျိုး သောက်ချင်ပါတယ်။ တစ်ခါတစ်ခါ အစားအသောက်လည်း ပျက်ပါတယ်။ နေမကောင်းရင် ချက်ချင်းပိန်ကျသွားတတ်ပါတယ်။ 
အဖြေ။ စာတပုဒ်ပို့လိုက်တယ်။ အရပ်ထဲက ဝဆေးဆိုတာမျိုး လုံးဝမသုံးပါနဲ့။
Weight gain လှယုံမက ဝချင်သေးရင် 
မေးခွန်း။ ကျမက ကိုယ်ဝန် ရ လထဲမှာပါ။ ကိုယ်ဝန်ရှိစက ကိုယ်အလေးချိန် ပေါင် ၁ဝ၈-၁၁ဝ လောက်ပါ။ ကြားလတွေမှာ မတိုင်းပဲ အခု ရ လထဲမှာတိုင်းတော့ 58kg (၁၂ရ.၆ပေါင်) ဖြစ်နေပါတယ်။ ဝိတ်တိုးလာတာ ပုံမှန်ရဲ့လားဆရာ။ တစ်လ နှစ်ပေါင်တိုးတာပဲ ကောင်းတယ်လို့ သိထားပါတယ်။ အစားစားတာများနေပြီလား သိချင်ပါတယ်ဆရာ။ ပြီးတော့ ဝိတ်တိုးလာတော့ လိပ်ခေါင်းလေးကအရင်ထက်ပိုစူလာပြီး နည်းနည်းနာလာပါတယ်။ ရိုးရိုးမွေးချင်တာပါ။ ဒါပေမဲ့ လိပ်ခေါင်း အခြေအနေကြည့်ပြီး ခွဲရင်ခွဲရမယ်ဆိုလို့ စိတ် မကောင်းဖြစ်မိပါတယ်။ အပ်ထားတဲ့ ဆရာဝန်က လိပ်ခေါင်းကို ကိုယ်ဝန်နဲ့မို့ လိမ်းဆေးသောက်ဆေး မပေးပါဘူး။ ခွဲမမွေးရအောင် လိပ်ခေါင်းကို တည့်မယ့်ဆေးလေး လိမ်းချင်ပါတယ်။ ဘယ်ဆေးနဲ့ သင့်တော်မလဲ ညွှန်ကြားပေးပါဦးရှင့်။ ဆရာရေးတဲ့ လိပ်ခေါင်းအကြောင်းဖတ်ပြီးပါပြီ သမီးနဲ့သင့်မသင့် မသိလို့ပါ ဆရာကျေးဇူးပြုပြီး အကြံပေးပါဦးဆရာ။ 
အဖြေ။ လိပ်ခေါင်းအကြောင်း စာထဲမှာပါတာတွေက ကိုယ်ဝန်ဆောင်မှာလဲ မသင့်မရှိပါ။ ရေနွေးသုံးတာကို ဦးစားပေးပါ။ အစားအစာကို ဂရုစိုက်ပါ။ လိပ်ခေါင်းကြောင့် ခွဲမွေးရတယ်ဆိုတာ မလုပ်မဖြစ် ခွဲရမယ့်အချက်တော့ မဟုတ်ပါ။ 
နေ့စေ့လစေ့ ကိုယ်ဝန်ဆောင်တယောက်မှာ တိုးလာတဲ့အလးချိန်တွေကို ဘယ်အရာတွေက ဘယ်လောက် လေးသလဲဆိုရင် -
• ကလေး = ၈ ပေါင်
• အချင်း = ၂-၃ ပေါင်
• ရေမြွာရည် = ၂-၃ ပေါင်
• ရင်သား = ၂-၃ ပေါင်
• သွေးထုထည် = ၄ ပေါင်
• အဆီ = ၅-၉ ပေါင်
• သားအိမ် = ၂-၅ ပေါင်
• စုစုပေါင်း = ၂၅-၃၅ ပေါင် 
ကိုယ်ဝန်မဆောင်မီ ကိုယ်အလေးချိန်နဲ့ တိုးလာသင့်တဲ့အလေးချိန်
• နည်းသူ (BMI <18.5) = ၁၃ - ၁၈ ကေဂျီ (၂၈ - ၄ဝ ပေါင်) တိုးလာသင့်
• သင့်သူ (BMI of 18.5–24.9) = ၁၁ - ၁၆ ကေဂျီ (၂၅ - ၃၅ ပေါင်) တိုးလာသင့်
• များသူ (BMI 25–29.9) = ရ - ၁၁ ကေဂျီ (၁၅ - ၂၅ ပေါင်) တိုးလာသင့်
• အဝလွန်သူ (BMI 30 or more) = ၅ - ၉ ကေဂျီ (၁၁ - ၂ဝ ပေါင်) တိုးလာသင့် 
ပျမ်းမျှ အလေးချိန်တိုးခြင်း
• ကိုယ်ဝန် ပဌမ ၃ လ = ၁့၃ - ၁့၈ ကေဂျီ
• ကိုယ်ဝန် ဒုတိယ ၃ လ = ၅့၅ - ၆့၅ ကေဂျီ
• ကိုယ်ဝန် တတိယ ၃ လ = ၃့၅ - ၄့၅ ကေဂျီ 
တိုးပြီး စားသုံးသင့်တဲ့ အစားအစာ (ကလိုရီ) နေ့စဉ်
• ကိုယ်ဝန် ပဌမ ၃ လ = ၁ဝဝ ကေစီအယ်လ်
• ကိုယ်ဝန် ဒုတိယ ၃ လ = ၃ဝဝ ကေစီအယ်လ်
• ကိုယ်ဝန် တတိယ ၃ လ = ၃ဝဝ ကေစီအယ်လ်
(မှတ်ချက် ၁ ကေဂျီ = ၂့၂ ပေါင်) 
မေးခွန်း။ သမီးနာမည်က့ ပါ။ အသက်က ၂၃ ပါ။ သမီးသိချင်တာလေး ၁ ခုလောက်မေးချင်လို့ပါ။ သမီး ကောင်လေးနဲ့ တွဲလာတာ ၈ နှစ်ကျော်ပါပြီ။ နှစ်ဖက်မိဘတွေလည်း အခုထိ တွဲနေတာသိနေပါတယ်။ နောင်နှစ်မှ အိမ်ထောင်ပြုမည်ဆိုပြီး အခုထိ တွဲနေကြတာပါ။ မကြာခင်ရက်က နှစ်ယောက်စလုံး စိတ်လွတ် သွားပါတယ်။ လိင်ဆက်ဆံတဲ့အထိတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လိင်အင်္ဂါအချင်းချင်းထိမိသွားပါတယ်။ မဖြစ်သင့်ဘူးဆိုပြီး ချက်ချင်းဘဲရပ်လိုက်ပါတယ်။ သမီးကြောက် တာက သမီးရာသီလာပြီးတာ ၇ ရက်ဘဲရှိသေးတော့ အတော်မဆကိုယ်ဝန်ရသွားမှာကြောက်တာပါ အဲဒါကြောင့် ကိုယ်ဝန်ရှိနိုင်လား ဆိုတာပါ။ ကိုယ်ဝန်တာဆေး ကြိုတင်ကာကွယ်တဲ့အနေနဲ့ သောက်သင့် သလားဆိုတာ သမီးဆီ စာပြန်ပါဦးနော်။ 
အဖြေ။ ယောက်ျားသုက်ပိုးက မိန်မအင်္ဂါထဲမဝင်ရင် ကိုယ်ဝန်မရပါ။ ဝင်တဲ့အချိန်မှာလဲ မိန်းကလေးက ကိုယ်ဝန် ရနိုင်လောက်တဲ့ရက်လဲဖြစ်ရမယ်။ တားဆေး-တားနည်းတွေ အများကြီးရှိတယ်။ ဖတ်ပြီး လက်လှမ် မီတာနဲ့ ကိုယ်နဲ့သင့်တာကိုရွေးပြီးလိုက်နာပါ။ 
မေးခွန်း။ ကျနော် အသက် ၂၄ နှစ် ပါ လက်ရှိ့ မှာ တာဝန်ကျနေပါတယ်။ ကျနော်က အန္တရယ်ရှိနိုင်တဲ့ sexual intercourse မျိုး ရှိခဲ့ပါတယ်။ အကာအကွယ်မသုံးဘဲ ဆက်ဆံခဲ့တာပါ။ ကျနော်ဆက်ဆံခဲ့တဲ့ partner တွေကလည်း ပါတနာများပါတယ်။ အခု ကျနော် genital organ ထိပ်ဖျားဧရိယာမှာ အဖုလေးတွေ ထွက်နေပါတယ်။ လက်နဲ့ ဆိတ်ပြီး ဖယ်လိုက်ရင် သွေးထွက်ပါတယ်။ မကြာခင်ပျောက်သွားပါတယ်။ နောက် သိပ်မကြာတဲ့အချိန်မှာ ပြန်ပေါ်ပေါ်လာပါတယ်။ ကျနော်ထင်တာ HPV များ ဖြစ်မလားလို့ပါ အချိန်ရှိသလောက် ရှာပေမယ့် အဲဒီအကြောင်းကို ဆရာ့စာမျက်နှာမှာ မတွေ့သေးလို့ပါ။ နောက်ပြီး ကျနော်က sexual intercourse မှာ Top (ပို့တဲ့) နေရာကပဲ ဆက်ဆံတာပါ။ ဒါပေမယ့် ကျနော့် anus တဝိုက်မှာလည်း အဖုလေးတွေ ပေါ်နေတယ်။ စမ်းကြည့်လိုက်ရင် မာမာအစေ့လေးလိုပဲ။ တဖုနှစ်ဖု အဲလောက်ပဲ ပေါ်တာပါ။ အဲလို အဖုလေးတွေပေါ်တာ ၇ လလောက်ရှိပါပြီ။ ပေါ်လိုက်ပျောက်လိုက်ပါပဲ။ ကျန်တာတော့ ပုံမှန်ပါပဲ။ 
အဖြေ။ STDs (5) လိင်ကတဆင့် ကူးစက်ရောဂါများ အခြေခံ 
မေးခွန်း။ လက်ထပ်တော့မယ့် စုံတွဲအနေနဲ့ ဆေးစစ်ရင် ဘာတွေစစ်သင့်ပါသလဲဆရာ။ ပြီးတော့ ဘယ်နေရာတွေမှာ စစ်နိုင်ပါသလဲ။ လက်မထပ်ခင် အချိန်ဘယ်လောက် အလိုမှာ စစ်သင့်ပါသလဲခင်ဗျ။ ဘယ်လိုကာကွယ်ဆေးတွေ လိုအပ်မလဲခင်ဗျ။ 
အဖြေ။ အခြခံစမ်းရမှာနဲ့ ခေတ်အမီဆုံးစမ်းနည်းတွေအထိရှိတယ်။ ပေးတဲ့ လင့်ခ်ထဲက မာတိကာကိုကြည့်ပြီး လိုတာကို ဖတ်ပါ။ နောက်မှ လိုရင်မေးပါ။ 
မေးခွန်း။ ဗိုက်ခွဲပြီး ကလေးမွေးတဲ့ မိန်းမတွေ လိင်ဆက်ဆံရင် အင်္ဂါဇာတ် နာတယ်ဆိုတာ ဟုတ်ပါသလား။ ကျွန်တော်က ၂၃ နှစ်ပါ ကျွန်တော့ မိန်းမက ၃ဝ နှစ်ပါ။ လွန်ခဲ့တဲ့ ၆ လက ဗိုက်ခွဲ ပြီး ကလေးမွေးထားတာပါ။ အဲဒါ မွေးပြီး ၃ လလောက်ကတည်းက ဆက်ဆံဖို့ ကြိုးစားတိုင်း နာတယ် စပ်တယ်ဆိုလို့ မဆက်ဆံ ရတာ ခုထိပါ။ ပြီးတော့ သူက လိင်စိတ်လည်း မရှိဘူး။ ကျွန်တော့ အင်္ဂါက ပုံမှန်ပါဘဲ ဘယ်လိုလုပ်ရမလည်း ဆရာ။ 
အဖြေ။ ဗိုက်ခွဲမွေးထားရင် မအင်္ဂါနေရာမျာ ဘာမှ ထူးခြားတာ မရှိနိုင်ပါ။ နာတာက အကြောင်း တခုခု ရှိနိုင်ပါတယ်။ စိတ်နည်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဖြူဆင်းသလား၊ အနာအဆာရှိသလား။
Female Libido အမျိုးသမီး “စိတ်” နည်းနေခြင်း 
မေးခွန်း။ နားနှင့်မနာ ဖဝါးနှင့် နာပါဆရာ။ ကျွန်တော့ လိင်တံထိပ်က ကွမ်းသီးခေါင်းနဲ့ လိင်တံကို ဖုံးထားတဲ့ အရေပြား ဆက်တဲ့ အမျှင်ကြိုးလေး ကဆက်ဖျင်းဖျင်းနဲ့ နာနေတယဆရာ။ အဲဒါ ဘာဆေးလိမ်းရမလဲဆရာ။ ဖြစ်တာက ၅ လလောက်ရှိပါပြီ အသက်က ၂၄ နှစ်။ အိမ်ထောင်နဲ့ပ။ါ အဲ့ဒါ လိင် ဆက်ဆံတိုင်းနာလို့ပါ ကူညီပါဦး။ 
အဖြေ။ Doxycycline တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ရ-၁၄ ရက်သောက်ပါ။ Paracetamol တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊၄-၅ ရက်သောက်ပါ။ ဆက်ဆံမှုပြုရင် ကွန်ဒွမ်သုံးပါ။ 
မေးခွန်း။ ဆေးကနှစ်မျိုးလုံးသုံးရမှာလား။ ဆေးသောက်တုနးဘဲ ကွန်ဒုံးစွပ်ရမှာလား။ 
အဖြေ။ ဆေး ၂ မျိုးလိုမယ်။ ကွန်ဒွမ်ဆိုတာ လိင်ကတဆင့်ကူးစက်ရောဂါတွေကို ကာကွယ်တယ်။ ကိုယ့်မှာ သူ့မှာရှိမယ်ထင်ရင် ဘယ်တော့မဆို သုံးရမယ်။ 
မေးခွန်း။ ငါးကြီးဆီက လူကြီးအတွက်ရယ် ကလေးအတွက်ရယ် ၂မျိုးရှိတယ်တဲ့ ဆရာ။ အခုမှ သိလို့ပါ။ လူကြီးအတွက် ငါးကြီးဆီက ဘာကောင်းလဲ သိချင်ပါတယ်။ သမီးက ငယ်ငယ်လေးတည်းက ငါးကြီးဆီ စားရတာ အရမ်းကြိုက်ပါတယ်။ လူကြီးအတွက် ငါးကြီးဆီက တစ်နေ့ ၁ လုံးပဲစားရတာလား။ ဒါမှမဟုတ် ကလေးစားတဲ့ ငါးကြီးဆီကိုပဲ အများကြီးစားမယ်ဆိုရင်ကော ရပါသလား။ သမီးအသက်က ၂၂ ပါ။ 
အဖြေ။ ငါးကြီးဆီဆိုတာ ဗီတာမင် (အေ) ဖြစ်တယ်။ ဗီတာမင်တွေထဲမှာ များရင်မကောင်းတာ (အေ) တခုသာရှိတယ်။
• 0 - 6 months: 400 micrograms per day (mcg/day)
• 7 - 12 months: 500 mcg/day
• 1 - 3 years: 300 mcg/day
• 4 - 8 years: 400 mcg/day
• 9 - 13 years: 600 mcg/day
• Males age 14 and older: 900 mcg/day
• Females age 14 and older: 700 mcg/da 
မေးခွန်း။ Ecee2 သောက်ပြီး တစ်ပတ်လောက်ကြာတော့ရာသီလာတယ်ဆိုရုံမျှ အနည်းငယ်ပဲလာ ပါတယ် ခင်ဗျ။ အဲ့လိုလာတဲ့အတွက် ကျွန်တော်တို့ဆက်ဆံမှုအတွက် ကိုယ်ဝန်ရနိုင်ပါသလား။ ဆက်ဆံပြီးလို့ ရာသီလာရင် ကိုယ်ဝန်မရနိုင်ဘူးလို့ မှတ်သားထားမိလို့ပါဆရာ။ ဆေးကြောင့်လာတာနဲ့ သဘာဝအတိုင်း လာတာ ကွာပါသေးသလားဆရာ။ 
အဖြေ။ အတိအကျပြောမရပါ။ အရေးပေါ်တားဆေးကြောင့် သွေးဆင်းပါမယ်။ ရာသီဖြစ်ဖြစ်၊ တခြားသွေးဖြစ်ဖြစ်ဆင်းရင် အဲဒီအရင်က နေခဲ့တာအတွက် ကိုယ်ဝန်မရတော့ပါ။ တခါတလေ ကိုယ်ဝန်ရှိလို့လဲ သန္ဓေက သားအိမ်မှာလာက်ချိန်မှာ (တချို့) သွေးဆင်းတတ်တယ်။ ဆီးစစ်မှသာ သေချာ တယ်။ 
မေးခွန်း။ ကျွန်တော့်မှာ ခါးကျီးပေါင်းရှိတယ် ဆရာ။ အဲ့ဒါ ဗိုက်အဆီကျအောင် အိပ်ထမတင် လေ့ကျင့်ခန်း လုပ်လို့ရပါသလား 
အဖြေ။ ထိန်းလုပ်ရင်တော့ ရပါတယ်။ 
မေးခွန်း။ ကျွန်တော်၏ အမျိုးသမီးမှာ နောက်(1)နှစ်ခွဲခန့်တွင် ယင်း၏အမေမျိုးရိုးအရ သွေးဆုံးမည်ဟု ခန့်မှန်းရပါသည်။ ထို့ကြောင့်သွေးဆုံးလျှင် ခံစားရမည့်ရောဂါများကို ကြိုတင်ကာကွယ်သည့်အနေဖြင့် မည်သည့်ဆေးများ ကြိုတင် သောက်သုံးရမည်ကို လမ်းညွှန်ပေးနိုင်ပါရန် 
အဖြေ။ Menopause (3) သွေးမဆုံးခင် ဖြစ်ချင်တာတွေ (၃) 
မေးခွန်း။ ကွန်ဒွန်းကို စနစ်တကျသုံးရင် 98% ကာကွယ်တယ်လို့ သိရပါတယ်။ ဘယ်လို စနစ်တကျ သုံးရမလဲ ဆိုတာ ဖြေကြားပေးစေလိုပါတယ်။ တစ်ခါမှလည်း လိင်မဆက်ဆံဘူးသေးပါဘူးဆရာ။ မိန်းကလေး တစ်ယောက် လိင်တစ်ခါဆက်ဆံရင်ဘာတွေပြောင်းလည်းတတ်ပါသလဲဆရာ။ ကိုယ်ဝန်မရရန် ဘယ်လိုမျိုးလုပ်ဆောင်ရပါမလဲခင်ဗျာ။ ဘယ်လိုမျိုး ဆောင်ရန်ရှောင်ရန်ရှိရင် ပြောပြစေလိုပါတယ်။ မိန်းကလေး တစ်ခါဆက်ဆံရင် ရင်သားတွေ တွဲသွားတတ်ပါသလား။ ကိုယ်ဝန်မရဖို့နဲ ကွန်ဒုံးကို စနစ်တကျ သုံးတတ်စေရန် ပုံနှင်တကွလမ်းညွှန်ပေးစေလိုပါတယ်။ မကြာခင် ညားခါစ လင်မယားဖြစ်တော့မှာမို့လို့ပါ နည်းလမ်းလေးများညွှန်ကြားပေးစေလိုပါတယ် 
အဖြေ။ Condom အသုံးပြုပုံအဆင့်ဆင့်
ကွန်ဒုံးကိုင်တွယ်မည့်လက်ကိုသန့်ရှင်းအောင်ဆေးကြောရန်။
ခြောက်သွေ့အောင်ပြန်သုတ်ရန်။
(၁) မဖောက်မီ ရက်လွန်/မလွန် စစ်ဆေးပါ။ ရက်လွန်လျှင် မသုံးရ။ မိမိနှင့်သင့်တော်သော ကွန်ဒုံး
အရွယ်အစားအားရွေးချယ်အသုံးပြုရန်။ (၂) ကွန်ဒုံးကို လက်ဖြင့်သာ ဖောက်ရမည်။ ကတ်ကြေးစသည်ဖြင့် မသုံးရ။
(၃)လိင်မဆက်ဆံမီ လိင်တံ တင်းမာနေချိန်တွင် စွပ်ရမည်
(၄) ထိပ်တွင်လေမခိုစေရန် လက်တစ်ဖက်မှ ညှစ်ထားသင့်သည်
(၅) အခြာလက်မှ ကွန်ဒုံးကွင်းလိပ်အား
လိင်တံအရင်းသို့ လှိမ့်၍ ဖြေချရန်
(၆) အသုံးပြုပြီးပါက လိင်တံမပျော့မှီ အရင်းမှ ပြန်လှိမ့်၍ ချွတ်ရန်
(ရ) အသုံးပြုပြီးသားကွန်ဒုံးအား သူ့အိပ်ထဲပြန်ထည့်ပြီး အမှိုက်ပုံးသို့ စွန့်ပစ်ရန်
(၈) မှတ်ချက် - အိမ်သာခွက်ထဲ မစွန့်ပစ်ရ
ကွန်ဒုံးနှစ်ထပ် မသုံးရ- လက်ပြန်ဆေးရန် 
မိန်းကလေးတွေရင်သားဆိုတာ လိင်ဆက်ဆံမှုနဲ့ အများကြီးသက်ဆိုင်ပါတယ်။ ဒါပေမဲ့ အနေအထိုင်၊ ခုန်လွှားပြေးတာတွေနဲ့လဲဆိုင်သေးတယ်။ ဝတ်တဲ့ဘရာလဲသိတ်ထားရတယ်။ 
မေးခွန်း။ ကျွန်မအသက်က ၁၈ နှစ်ပါ။ ကျွန်မအပျိုစင်စစ်စစ်ပါဆရာ။ ဒါပေမဲ့လွန်ခဲ့တဲ့ ၈ ရက်လောက်က ကျွန်မချစ်သူနဲ့မှားယွင်းတော့ မလိုဖြစ်ခဲ့ပါတယ်။ နားနဲ့မနာဖဝါးနဲ့နာပါရှင်။ မှားယွင်းတော့မလိုဆိုပေမဲ့ဟိုလို ဆက်ဆံတဲ့အဆင့်တော့မရောက်ခဲ့ပါဖူးရှင့်။ လိင်တံကို vagina ထဲကိုလည်း မသွင်းခဲ့ဘူး။ ဒီအတိုင်း vagina အဝကိုပဲထိ တာပါရှင်။ သူလည်း သုက်မလွှတ်ခဲ့ပါဘူ။း semen တွေပဲတွေ့ပါတယ်။ အခုကျွန်မ ဓမ္မတာလာမည့်ရက်ကို မလာသေးပါဘူးဆရာ။ အိမ်ကသွေးပေါ်ဆေးထိုးပေးပါတယ်ရှင့်။ ၃ ရက်အကြာမှာ သွေးနည်းနည်းပဲဆင်းပါတယ်။ အဲတာ ကျွန်မကိုယ်ဝန်ရှိနေတာ ဖြစ်နိုင်ပါသလားရှင့်။ သေချာတာတော့ ကျွန်မမဆက်ဆံခဲ့ပါဖူးဆရာ။ ပြီးတော့ vagina ထဲမှာ သုက်မလွှတ်ရင် ကိုယ်ဝန်မရနိုင်ဖူးလို့ကြားဖူးပါတယ်။ 
အဖြေ။ ရာသီလာရင် ကိုယ်ဝန်တေ့ ရှိခဲ့အုံးတော့ မရှိတော့ပါ။ ပြေတဲ့အတိုင်းဆိုရင်လဲ ကိုယ်ဝန် မရလောက်ပါ။ အတိအကျသိချင်ရန် ကိုယ်ဝန်ရှိ-မရှိ ဆီး စစ်နိုင်ပါတယ်။ ရှိတယ်၊ ရှိခဲ့တယ်ဆိုရင် အပေါင်းပြ ပါလိမ့်မယ်။ နောင်မှ အကာအကွယ်၊ တင်ခြင်မှု သတိပြုပါ။ နည်းတွေ ရေးထးတာကို ဖတ်ချင်ရင် ဖတ်နိုင်၊ လိုက်နာနိုင်ပါတယ်။ 
မေးခွန်း။ မရှင်းလင်းတာတွေကို ဆရာ့ဆီမေးပါရစေ
၁။ Penorit အကြောင်း ကို Blog မှာမဖတ်လိုက်ရလို့ပါ။ ဖတ်လို့မရပါ။ ဆေးဟာ ကလေးကို ထိခိုက်စေပါသလား။ Abortion ဖြစ်စေတယ်ဆိုတာဟုတ်ပါသလား။ ဆေးဆိုင်မှာ ဆရာဝန်ထောက်ခံချက် မပါပဲ ရောင်းသင့်ပါသလား။ ယောကျားတွေ သောက်ရင်ရော ဘာဖြစ်တတ်ပါသလဲ။ ကိုယ်ဝန်မစစ်ဘဲ သောက် မိပြီးမှ ကိုယ်ဝန် ရှိနေတယ်ဆိုရင် အမေနဲ့ကလေး ဘယ်သူထိခိုက်မှာလဲ။ နောက်တစ်ခါ ကိုယ်ဝန် ရမယ့် အခွင့်အရေးကို ဟန့်တားမလား
၂။ ၁ လစာ နေ့တိုင်းသောက်ရတဲ့တားဆေးတွေဟာ ကိုယ်ဝန်ဆောင်တွေ သောက်မိရင် ဘာဖြစ်တတ်ပါ သလဲ။ ကလေးတွေ သောက်မိရင်ဘာဖြစ်တတ်ပါသလဲ။ 
အဖြေ။ Penorit ဆေးဆိုတာဘာလဲ 
မေးခွန်း။ မိန်းခလေး အင်္ဂါ နုတ်ခမ်း မဲပြီး ရှည်နေတာဟာ ဆက်ဆံတဲ့ အကြိမ်အရေအတွက် များတာနဲ့ ဆိုင်ပါသလား။ သာမာန်မဟုတ်ပဲ မဲပြီး ရှည်ထွက်နေတာဟာ အကြိမ်ရေများလို့ပါလား.မျိုးရိုးကြောင့်ပါလား ခင်မျာ။ မဆက်ဆံဖူးပေမယ့်လဲ အဲလို ဖြစ်တက်ပါလား ခင်မျာ။ ကျွန်တော် တကယ်မသိလို့ မေးမိတာပါခင်မျာ။ ကျေးဇူးပြုပြီး ဖြေကြားပေးစေချင်ပါတယ်။ 
အဖြေ။ မဆိုင်ပါ။ ပင်ကိုယ်အရ အရောင်၊ အရွယ်အစား၊ အသေးအကြီး မတူကြပါ။ ဆက်ဆံမှုနဲ့ မဆိုင်ဘူးလို့ ပြောနိုင်ပါတယ်။ တချို့မှာ ခွဲစိတ်ပြုပြင်ရတဲ့အထိ သူများထက်ပိုရှည်နေတာလဲရှိတယ်။ 
မေးခွန်း။ ကျနော်သားလေးက ခု ၂ လ မပြည့်သေးပါဘူး။ ဆီးသွားတဲ့အခါ တခါတခါမှာ အော်ငိုနေလို့ အစက တော့ ဆီးပူလို့ လို့ ထင်နေတာပါ။ နောက်မှ ကျနော်အမေက ကလေး အူကျနေတယ်ထင်တယ်လို့ ပြောပါတယ်။ နောက်မှ သေချာကြည့်တော့ ကလေးက ကပ်ပယ်အိပ်မှာ ဥကလေး ၃ လုံးဖြစ်နေပါတယ်။ ၃ လုံး ဖိုခနောက်ဆိုင်လေးပါ။ တြိဂံပုံလေး။ တခါတရံ ညာဘက်ကို ရောက်တတ်ပါတယ်။ ခုတော့ ရန်ကင်းကလေးဆေးရုံမှာ ပြနေပါတယ်။ ဆရာဝန်တွေက ဘာမှ မပြောပဲ ဆေးပဲ ပေးပါတယ်။ ခွဲစိတ်ဌာနမှာ  ပြနေရတာပါ။ ဘာဖြစ်တတ်လဲ။ ဘယ်လိုလုပ်ရမလဲ မသိဖြစ်နေပါတယ်။ 
အဖြေ။ မပူပါနဲ့။ ၂ လသားမှာ ခွဲစိတ်ရတာမျိုး ဖြစ်ခဲပါတယ်။ အူကျတာဆိုရင် ကလေးငိုချိန်မှာ ဖေါင်းလာပြီး အိပ်ပျော်ရေင် အကောင်းပကတိဖြစ်ပါတယ်။ ဆီးထွက်ပေါက်အဝ ပိတ်နေသလား ကြည့်ပါ။ ဆီးသွားရင်ငိုနိုင်တယ်။ တခြားဟာဆိုရင် ဖြစ်အုံးထော့ ခွဲစရာမလိုသေးတာဖြစ်နိုင်ပါတယ်။ လိုသေးရင် မေးပါ။ လိုမယ်ထင်ရင် ဓါတ်ပုံရိုက်ပို့ပါ။ 
မေးခွန်း။ ကိုယ်အလေးချိန်လျော့ချင်ပါတယ်။ ဘယ်လိုလျော့မှခဏနဲ့သိသိသာသာကျနိုင်ပါသလဲ။ ဆေးသောက်ပြီဝိတ်လျော့တာကောင်းပါသလား။ အန္တရယ်ရှိပါသလား။ 
အဖြေ။ Weight loss ပိန်ချင်သလား 
မေးခွန်း။ တလောတုန်းက Facebook မှာ တစ်ခု ဖတ်လိုက်ရပါတယ်။ oral sex လုပ်တာ လည်ချောင်း ကင်ဆာ ဖြစ်စေတယ် ဆိုပြီး တက္ကသိုလ်တစ်ခု က သုတေသနလုပ် ပြီး သိရတယ် ဆိုပြီး ဖတ်လိုက်ရပါတယ်။ oral sex နဲ့ လည်ချောင်းကင်ဆာနဲ့ ဆက်စပ်မှု ရှိမရှိ သိလိုပါတယ်ခင်ဗျား။ 
အဖြေ။ Oral practice ဆက်ဆံရာတွင် ပါးစပ်ကို အသုံးပြုခြင်း 
မေးခွန်း။ ကျွန်မ လက်ဖြံနဲ့လက်မောင်းမှာ အဖြူစက် သေးသေးဝိုင်းဝိုင်းလေးဖြစ် ၂ ခု ၃ ခုဖြစ်နေပါတယ်။ ပုံတွဲပို့လိုက်ပါတယ်။ ပုံရဲ့အလယ်လောက်မှာပါ။ ယားလဲမယားနာလဲမနာပါ။ ကုတ်လိုက်ရင် အရေခွန်လံ သွားပြီး အဖြူစက်လေးကြန်ခဲ့ပါတယ်။ ဘာအရေပြားရောဂါလဲ ဘယ်လိုကုရမလဲသိခြင်ပါတယ်။ စိတ်ပူးပါ သဖြင့် အမြန်အကြောင်း ပြန်ပေးစေခြင်ပါတယ်။ 
အဖြေ။ တိတိကျကျပြောဘို့ခက်သေးတယ်။ ဆိုးတာတော့ မဟုတ်နိုင်ပါ။ အရေပြားဂရုစိုက်တာကို ပိုလုပ်ပေးပါ။ သနပ်ခါးလိမ်းနိုင်တယ်။ Calamine လိမ်းနိုင်တယ်။ Shin lotion လိမ်းနိုင်တယ်။ ထူးခြားတာရှိ လာရင် ထပ်ပြောပါ။ 
မေးခွန်း။ ကျွန်မ ကောင်လေးမှာလဲ အဲ့ဒီလိုအဖြူ စက်လေးများ လက်နဲ့ ခြေသလုံးမှာ အနည်းငယ်ရှိပါတယ်။ သူ့ဆီကတဆင့် ကူးတာလား သိခြင်ပါတယ်။ လိမ်ရောဂါဖြစ်မှာဆိုးလို့ပါ။ 
အဖြေ။ ကူးနိုင်-မကူးနိုင်ဆိုတာ ရောဂါနာမည်တိတိကျကျ မသိသေးဘဲ ပြောမရပါ။ ရေယုံ၊ ပွေး၊ ယားနာ မဟုတ်ရင်တော့ မကူးတာကများပါတယ်။ အရေပြားမှာ အဲလိုဖြစ်တာက STD လိင်ကတဆင့်ကူးစက်ရောဂါ မဟုတ်ဘို့များပါတယ်။ 
ဒေါက်တာတင့်ဆွေ
By HIM
66 comments:
  1. ဆရာသမီးအသက်​၃၁နှစ်​ပုအိမ်​​ထောင်​ကျတာ၂ ပဲရှပါ​သေးတယ်​အရင်​လ၁၄ရက်​​နေ့က​သွေး​ပေါ်တယ်​ခု၂၁ရက်​​နေ့ထိ​သွေးမ​ပေါ်​သေးဘူးက​လေးယူဖို့လဲအဆင်​သင့်​မဖြစ်​​သေးဘူးဆရာကိုယ်​ဝန်​ရမှာလဲဆိုးတယ်​ဘာဆက်​လုပ်​သင့်​လဲအကြံ​လေး​ပေးပါဦးဆရာခုတ​လောနှာ​စေး​ချောင်းဆိုးတ​ရှောင်​​ရှောင်​ဖြစ်​​နေတယ်​အဲ့ဒါကိုဝန်​​ဆောင်​စမှာဘာလက္ခဏာ​တွေဖြစ်​တတ်​လဲဆရာ​ဖြေ​ပေးပါရှင့်​​ကျေးဇူးတင်​ပါတယ်​ရှင့်
    ReplyDelete
  2. ဆရာ သ​န္ဓေတည်​တဲ့အချိန်​က ဘယ်​အချိန်​ပါလဲဆရာ?ဆီးစစ်​တံကို ဆက်​ဆံပြီး ဘယ်အချိန်​မှာ စစ်​သင့်​ပါသလဲ?သမီးစစ်​တာ အခုထိ အနှုတ်​လက္ခဏာ ပြ​နေလို့ပါ
    ReplyDelete
  3. ဆရာ မင်္ဂလာပါ ကျွန်တော်အမျိုးသမီးကတားဆေးဖြတ်ထားတာ၁၀ရက်လောက်ရှိပါပြီတားဆေးဖြတ်ပီး၁၀ရက်အတွင်းတော့အတူနေဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းမနေဖြစ်ပါဘူးဆရာဒါဆိုရင်ကိုယ်ဝန်ရနိုင်ပါသလားကိုယ်ဝန်ရလာရင်ဘယ်လိုလက္ခဏာတွေပြတတ်ပါသလဲဆရာကျေးဇူးပြုပြီးဖြေကြားပေးပါကျေးဇူးတင်ပါတယ်ဆရာ
    ReplyDelete
  4. ဆရာခင်​ဗျား....Ecee 2 ကို 1st pill နဲ့ 2nd pill ကြား 12နာရီခြားရတယ်​လို့ ကြားဖူးထားပါတယ်​ခင်​ဗျ။ ​ဆေးနှစ်​လုံးကြားအတူ​ထပ်ေ​နမိလျင်​ ကိုယ်​ဝန်​ရနိုင်​ပါသလားခင်​ဗျာ။ ​ကောင်​မ​လေးကတစ်​ပတ်​အကြာမှာ ​သွေးစွန်းရုံ ​ဘောင်းဘီမှာ​စွန်းတယ်​​ပြောပါတယ်​ခင်​ဗျာ။ ပူပန်​​နေရ​သော​ကြောင့်​ကိုယ်​ဝန်​ရနိုင်​ပါသလား​​ကျေးဇူးပြု ပြီး​ဖြေကြား​ပေးပါဆရာ။
    ReplyDelete
    Replies
    1. အ​ရေး​ပေါ်တား​ဆေးက၁၂နာရီခြားပြီးတစ်​လုံးချင်း​သောက်​တာထက်​ တစ်​ခါထဲနှစ်​လုံးစလုံးပြိုင်​တူ​သောက်​ရင်တာပိုစိတ်​ချရပါတယ်
      Delete
    2. This comment has been removed by the author.
      Delete
  5. ဆရာကျွန်တော့် ကောင်မလေးနဲ့မှားလိုက်မိတယ်
    တားဆေးလည်းသုံးလိုက်တယ်
    သူ့ရဲ့ ရာသီရက်မရောက်ခင်ဆီးစစ်လိုက်တော့positiveဖြစ်နေတယ်
    အဲ့ဒါကိုယ်ဝန်ရှိတာလားဆရာ
    သူ့ရာသီရက်ကိုစောင့်ကြည့်သင့်လားဆရာ
    ကူညီပါဦး
    ReplyDelete
  6. ဆရာ...သမီးနဲ့သမီး​ကောင်​​လေးက ​စေ့စပ်​ထားတာ၇လရှိပါပြီ။
    ReplyDelete
  7. အမျိုးသမီး အင်္ဂါမှာ အရည်​ကြည်​ဖူး​တွေထပီးယား​နေတာဘာလို့ပါလဲ လိင်​​ရောဂါလာ တား​ဆေး​သောက်​လို့ပါလား
    ReplyDelete
  8. အမျိုးသမီး အင်္ဂါမှာ အရည်​ကြည်​ဖူး​တွေထပီးယား​နေတာဘာလို့ပါလဲ လိင်​​ရောဂါလာ တား​ဆေး​သောက်​လို့ပါလား
    ReplyDelete
  9. ဆရာအရင်​ကကျ​နော်​မိန်​မကEsse2 ​ဆေး​ဆေးကို​သောက်​ခဲ့ပါတယ်​ ခ​လေး​လေးရချင်​လို့​ဆေးမ​သောက်​တာ ၃လ​ကျော်​ပြီ ခုထိက​လေးမရဘူးဖြစ်​​နေတယ်​ဆရာကူညီပါအုံး ဆရာ
    ReplyDelete
  10. ဆရာအရင်​ကကျ​နော်​မိန်​မကEsse2 ​ဆေး​ဆေးကို​သောက်​ခဲ့ပါတယ်​ ခ​လေး​လေးရချင်​လို့​ဆေးမ​သောက်​တာ ၃လ​ကျော်​ပြီ ခုထိက​လေးမရဘူးဖြစ်​​နေတယ်​ဆရာကူညီပါအုံး ဆရာ
    ReplyDelete
  11. ​ကောင်​မ​လေးနဲ့အ​​​​​နေပြီး အင်္ဂလိပ်​​ဆေးမ​သောက်​​စေချင်​လို့ သူများညွှန်​တဲ့ ကျားငါး​ကောင်​ တိုင်းရင်း​ဆေး​သောက်​​စေတာပါ. ​ခြောက်​လ​လောက်​က ပုံမန်​ပဲ အခု ဓမတာလာချိန်​ထိ မလာ​သေးလို့ဆီးစစ်​ကြည့်​တာ postive ပြ​နေတယ်​ဆရာ. ဓမတာလည်း လာသင့်​တာထက်​ ၁၀ရက်​​လောက်​ရှိ​နေပြီဆရာ ဘာလုပ်​ရမလဲခင်​ဗျ. လက်​ရှိအ​ခြေအ​နေနဲ့ လက်​ထပ်​ဖို့ကမဖြစ်​နိုင်​​သေးလို့ပါဆရာ.ကူညီ​ပေးပါလားဗျာ
    ReplyDelete
  12. တား​ဆေး မ​သောက်​မီနဲ့​သောက်​ပီး၁နာရီ​လောက်​ဆီပဲခြားမယ်​ အတူတူ​နေခဲ့ပါတယ်​ က​လေးရနိုင်​လာသိဘူး ရခဲ့ရင်​လဲကိုယ်​ဝန်​မရ​အောင်​ဘာ​ဆေးဆက်​​သောက်​ရမလဲ အခုဆို အတူတူ​နေခဲ့ပီးတာ ၄ရက်​ပဲရှိပါ​သေးတယ်​ ​ပြောပြ​ပေးပါ
    ReplyDelete
  13. ​မေး။ ဆရာကျွန်​​တော့​ကောင်​မ​လေးကကိုယ်​ဝန်​၁လ​လောက်​ရှိပါပြီအခုယူဖို့စဉ်းစားပါတယ်​လုံးဝမဖြစ်​နိုင်​လို့ပါဘယ်​​ဆေး​သောက်​လို့ရ​သေးလဲဆရာသူ့ကိုလဲမထိခိုက်​​စေချင်​ပါဘူး​ဆေးနည်း​လေးရှိရင်​​ပေးပါအုံးဗျာ...ကူညီပါအုံးဆရာ
    ReplyDelete
  14. ကိုယ်​ဝန်​ရှိတဲ့လက္ခာ​တေသိချင်​လို့ပါ ပီး​တော့ဘယ်​နှလမှာကိုယ်​ဝန်​ရှိမရှိသိတာပါလဲခင်​​ဗျ ဆီးမစစ်​ပဲကိုယ်​ဝန်​ရှိမရှိဘယ်​လိုခွဲခြားနိုင်​ပါလဲခင်​​ဗျ တကယ်​မသိတာ​ဖြေကြား​ပေးပါ
    ReplyDelete
  15. This comment has been removed by the author.
    ReplyDelete
  16. This comment has been removed by the author.
    ReplyDelete
    Replies
    1. This comment has been removed by the author.
      Delete
  17. ဆရာ ဖယ်​ရိုဗစ်​​သောက်​ရင်​ က​လေး မရနိုင်​ဘူးလား က​လေးလိုချင်​လို့ပါ သမီးက ​သွေးအားနည်း​တော့ ဖယ်​ရိုဗစ်​က ​နေ့တိုင်း တစ်​လုံး ပုံမှန်​​သောက်​ရပါတယ်​ ဆရာ အဲ့တာ ဖယ်​ရိုဗစ်​​သောက်​တာ က​လေးရဖို့ခက်​သလား သိချင်​လို့ပါ ဆရာ ခက်​ခဲတယ်​ဆိုရင်​ ဖြတ်​လိုက်​မလို့ပါ ဆရာ ကူညီပါအုံး ဆရာ
    ReplyDelete
  18. ဆရာကျွန်​​တော့်​​ကောင်​မ​လေးနဲ့ ကျွန်​​တော်​နဲ့ စိတ်​နည်းနည်းလွတ်​ပြီး သူ့အဂါင်္ဇတ်​နဲ့ ကျွန်​​တော့အဂါင်္ဇတ်​နဲ့ ထိမိသွားပါတယ်​ ကျွန်​​တော်​နည်းနည်း​လေး​တော့ ​ကောင်​မ​လေးရဲ့အဂါင်္ထဲသွင်းမိတယ်​ ဒါမဲ့ မဖြစ်​သင့်​ဘူးဆိုပြီး ပြန်​ထုတ်​လိုက်​ပါတယ်​ ကျွန်​​တော်​ကမပြီးပါဘူး​ရှေး​ပြေးအရည်​​လေး​တော့နည်းနည်းထွက်​ပါတယ်​ ဆက်​ဆံတဲ့အဆင်​ထိ​တော့မ​ရောက်​ခဲ့ပါဘူး အဂါင်္ဝ​လောက်​ထိပဲ သွင်းမိတာပါ ​ကောင်​မ​လေးကရာသီလာပြီးတာ ၁၀ ရက်​​လောက်​​တော့ရှိပြီးပါပြီ ​ကောင်​မ​လေးမှာကိုယ်​၀န်​များ ရှိနိင်​ပါလားဆရာ ​ကျေးဇူးပြုပြီးစာပြန်​​ပေးပါဆရာ စိုးရိမ်​လို့ပါ
    ReplyDelete
  19. ဓမ္မတာလာဖို့တစ်​ပတ်​အလိုနဲ့လာပြီးတစ်​ပတ်​အဲဒီအတွင်းလိင်​ဆက်​ဆံရင်​ကိုယ်​ဝန်​ရနိုင်​လား၊ဓမ္မတာလာပြီးတစ်​ပတ်​​ကျော်​နဲ့လာဖို့တစ်​ပတ်​အလိုအတွင်းလိင်​​ဆက်​ဆံရင်​ကိုယ်​ဝန်​ရနိုင်​လား၊ဆရာကျွန်​တော်​မသိမသဲကွဲလို့ပါ​ကျေးဇူးပြု၍​ဖြေ​ပေးပါအုံးဆရျာ
    ReplyDelete
  20. ဆရာ သမီးအရင်​ကဆို ရာသီလာ​စောတက်​ပါတယ်​။ ခုက အရင်​လထက်​ ၂ရက်​​လောက်​​နောက်​ကျ​နေပါပီ။ သမီး​ရော သမီးအမျိုးသားပါ က​လေးမလိုချင်​ကြ​သေးပါဘူး။ ဘယ်​လိုလုပ်​သင့်​တယ်​ဆိုတာ ဆရာရှင်းပြ​ပေး​စေချင်​ပါတယ်​ရှင်​။
    ReplyDelete
  21. This comment has been removed by the author.
    ReplyDelete
    Replies
    1. ဆရာ ကွန်​ဒုံးနဆက်​ဆံရင်​ တား​ဆေး​သောက်​စရာလိုပါ​သေးလား​ဗျ
      Delete
    2. This comment has been removed by the author.
      Delete
  22. ဆရာ...အ​ရေး​ပေါ် ကိုယ်​ ဝန်​ ဖျက်​ ချ ချင်​ ရင်​...ဘယ်​ ​ဆေး သုံး ရလဲ ဆရာ...ကိုယ်​ ဝန်​က..၁ လ ​တောင်​ မပြည့်​ ​သေးပါဖူး ဆရာ
    ReplyDelete
  23. This comment has been removed by the author.
    ReplyDelete
  24. ဆရာ ကျ​နော့်​​ကောင်​မ​လေးနဲ့အတူ​နေခဲ့ပါတယ်​..သူနဲ့​နေပြီး​နောက်​​နေ့ဆို တား​ဆေး(Marvelon)28လုံးပါတာ ​သောက်​ပါတယ်​ သူကလဆန်းရက်​ဆိုလာ​နေကြပါ ကျ​နော်​နဲ့က လကန်​ရက်​ကအတူ​နေခဲ့တာပါ ​ဆေးကလကုန်​ရက်​မှာ​သောက်​တာပါ လဆန်းရက်​ကြမလာပါဘူး ​နောက်​လလည်းမလာ​သေးပါဘူး ​ဆေးက​တော့ရက်​တိုင်းပုံမှန်​​သောက်​ပါတယ်​ ​ဆီးစစ်​ကြည့်​​တော့ တစ်​တန်းက ​ရေး​ရေး​လေးပဲ​ပေါ်ပါတယ်​ အခုဘာဆက်​လုပ်​သင့်​လည်း ဘယ်​​ဆေး​သောက်​သင့်​လည်း​ဖြေ​ပေးပါခင်​ဗျာ..
    ReplyDelete
  25. ဆရာ ကျ​နော့်​​ကောင်​မ​လေးနဲ့အတူ​နေခဲ့ပါတယ်​..သူနဲ့​နေပြီး​နောက်​​နေ့ဆို တား​ဆေး(Marvelon)28လုံးပါတာ ​သောက်​ပါတယ်​ သူကလဆန်းရက်​ဆိုလာ​နေကြပါ ကျ​နော်​နဲ့က လကန်​ရက်​ကအတူ​နေခဲ့တာပါ ​ဆေးကလကုန်​ရက်​မှာ​သောက်​တာပါ လဆန်းရက်​ကြမလာပါဘူး ​နောက်​လလည်းမလာ​သေးပါဘူး ​ဆေးက​တော့ရက်​တိုင်းပုံမှန်​​သောက်​ပါတယ်​ ​ဆီးစစ်​ကြည့်​​တော့ တစ်​တန်းက ​ရေး​ရေး​လေးပဲ​ပေါ်ပါတယ်​ အခုဘာဆက်​လုပ်​သင့်​လည်း ဘယ်​​ဆေး​သောက်​သင့်​လည်း​ဖြေ​ပေးပါခင်​ဗျာ..
    ReplyDelete
  26. This comment has been removed by the author.
    ReplyDelete
  27. ဆရာ ရာသီမလာတာတော်တော်ကြာနေပါပြီ ရာသီပေါ်ဆေးထိုးတာလဲမလာသေးပါဘူး ဘယ်လိုလုပ်ရမှာလဲဖြေပေးပါဆရာ
    ReplyDelete
  28. ဆရာ သမီးက သမီးချစ်​သူနဲ့ ၃ ရက်​တစ်​ခါ​လောက်​​တွေ့ဖြစ်​ပါတယ်
    အဲဒါသမီးက Esse2 ကို လဲ ၃ ရက်​တစ်​ခါ​သောက်​ဖြစ်​ပါတယ်
    အဲဒါ အန္တရာယ်​ဖြစ်​နိုင်​လား သိချင်​လို့ပါရှင့်
    ကျွန်​မတို့ လက်​ထပ်​ပြီး က​လေး ယူမယ့်​ချိန်​မှာ​ကော
    က​လေး ရနိုင်​ပါ့မလား
    ReplyDelete
  29. ဆရာကျွန်​မရာသီ​သွေးကဟိုတစ်​လကမ​ပေါ်ဘူးဆရာအခုထိလဲမ​ပေါ်​သေးဘူးဆရာကိုဝန်​ရှိနိုင်​မဲ့​နေ့မှာမှားပီးအတူ​နေခဲ့မိတယ်​ဆရာကိုအ​လေးချိန်​လဲတိုးလာတယ်​ဆရာဆီးစစ်​ကြည့်​ချင်​လို့ဘယ်​အချိန်​မှာဆီးစစ်​ရင်​ကိုဝန်​အတိအကျ​ပေါ်မလဲသိ ချင်​ပါတယ်​ဆရာ...ဟိုတစ်​လကရာသီအနီဆင်းမဲ့အချိန်​မှာမဆင်းပဲအဖြူ​တွေအများကြီးဆင်းတယ်​ဆရာဝါဝါညိုညိုအ​ရောင်​​တွေလဲတစ်​ခါတ​လေဆင်းတယ်​ဆရာအာ့တာကိုဝန်​ရှိတဲ့လက္ခဏာ​တွေလားဆိုတာ​ဖြေကြား​ပေးပါရှင်​​ကျေးဇူးတင်​ပါတယ်​please အ​ရေးကြီးလို့ပါဆရာ
    ReplyDelete
  30. ဆရာ သမီးအသက်​၂၄ပါ ချစ်​သူနဲ့ အတူ​နေp အကာကွယ်​မသုံးပဲလဲ​နေမိတယ်​ သုတ်​ရည်​​တွေနဲ့အထဲမှာ ပီးဖြစ်​ခဲ့တယ်​ ​ဒါ​ပေမဲ့ ၂ရက်​​လောက်​​နေ​တော့ ၁လတား​ဆေး​သောက်​လိုက်​တယ်​ ​နောက်​လရာသီလာ​တော့ ၁ရက်​တည်းလာပီး ရပ်​သွားတယ်​ ပုံမှန်​ဆို ၃ရက်​အနည်းဆုံးလာတာ ခု၁ရက်​ဆို​တော့ သမီးကိုယ်​ဝန်​ရှိမှာလဲ စိတ်​ပူသွားတယ်​ ​တား​ဆေး​ကြောင့်​လားလို့လဲသိချင်​​နေတယ်​ ရနိုင်​​ချေပိုများလားသိချင်​ပါတယ်​ ဆရာ ​ဖြေ​ပေးပါ​နော်
    ReplyDelete
  31. ဆက်ဆံပြီး၂ရက်လောက်ကြာမှ ဓမ္မတာလာရင်ကော ကိုယ်ဝန်ရနိုင်လား(သုက်အနည်းငယ်ဝင်သွားခဲ့ရင်ပေါ့)
    ReplyDelete
  32. This comment has been removed by the author.
    ReplyDelete
  33. ဆရာသမီးချစ်​သူနဲ့မှာယွင်းခဲ့မိပါတယ်​ဆရာ သူအပြင်​မှာသုတ်​လွှတ်​ခဲ့ပါတယ်​ဆရာ အခုမလာတာတစ်​ပတ်​​ကျော်​​နေ ပါပြီဆရာ​ကေသီပန်​​​တွေ​သောက်​ထားပါတယ်​ဆရာ အဖြူ​တွေပဲဆင်း​နေပါတယ်​ဆရာ သမီးကိုယ်​ဝန်​ရနိုင်​ပါသလားဆရာ ရှိခဲ့ရင်​တားချင်​ပါတယ်​ဆရာဘာ​ဆေးသုံးရမလဲ​ဖြေကြား​ပေး​စေချင်​ပါတယ်
    ReplyDelete
  34. This comment has been removed by the author.
    ReplyDelete
  35. ဆရာ သမီးအသက်​က ၂၈နှစ်​ပါ ​ယောကျာ်းရှိပါတယ်​ အိမ်​​ထောင်​ကျတာ၁နှစ်​မပြည့်​​သေးပါဘူး သမီး ၃လခံ​ဆေးထိုးပါတယ်​ ရာသီအနည်းငယ်​လာပါတယ်​ ​ဆရာ လတိုင်းပါ စိတ်​ပူလို့ပါ က​လေးပြန်​ယူတဲ့အခါဆိုးကျိုးဖြစ်​နိုင်​ပါသလားဆရာ သမီးဖတ်​ဖူးတာက ၃လ ​ဆေးက ရာသီမလာဘူးလို့သိထားပါတယ်​ လာခဲ့ရင်​က​လေးရနိုင်​တာလားဆရာ ​ကျေးဇူးတင်​ပါတယ်​ ဆရာ
    ReplyDelete
  36. ဆရာကျွန်​​တော့​ကောင်​မ​လေးကကိုယ်​ဝန်​၁လ​လောက်​ရှိပါပြီအခုယူဖို့စဉ်းစားပါတယ်​လုံးဝမဖြစ်​နိုင်​လို့ပါဘယ်​​ဆေး​သောက်​လို့ရ​သေးလဲဆရာသူ့ကိုလဲမထိခိုက်​​စေချင်​ပါဘူး​ဆေးနည်း​လေးရှိရင်​​ပေးပါအုံးဗျာ...ကူညီပါအုံးဆရာ
    ReplyDelete
  37. ဆရာကျွန်​​တော့​ကောင်​မ​လေးကကိုယ်​ဝန်​၁လ​လောက်​ရှိပါပြီအခုယူဖို့စဉ်းစားပါတယ်​လုံးဝမဖြစ်​နိုင်​လို့ပါဘယ်​​ဆေး​သောက်​လို့ရ​သေးလဲဆရာသူ့ကိုလဲမထိခိုက်​​စေချင်​ပါဘူး​ဆေးနည်း​လေးရှိရင်​​ပေးပါအုံးဗျာ...ကူညီပါအုံးဆရာ
    ReplyDelete
  38. ကိုယ်​ဝန်​တစ်​လကိုဖျက်​ချချင်​တာဘယ်​​ဆေးသုံးရင်​ အန္တရာယ်​ အကင်းဆုံးဖြစ်​မလဲမသိဘူး ဆရာ အ​ရေးကြိး​နေလို့ပါ
    ReplyDelete
  39. ကိုယ်​ဝန်​တစ်​လဖျက်​ချချင်​တာဘယ်​​ဆေးသုံးရင်​အန္တရယ်​ကင်းမလဲမသိဘူးဆရာ ​ကောင်​မ​လေးလဲမထိခိုက်​​စေချင်​လို့ပါ
    ReplyDelete
  40. မင်္ဂလာပါဆရာ ကျွှန်​​တော်​သိချင်​တာ​လေးတစ်​ခ​လောက်​​မေးပါရ​စေကျွှန်​​တော်အမျိုးသမ္မီးနဲ့ဆက်​ဆံပြီးနှတား​ဆေး​သောက်​တာကိုယ်​ဝန်​ရနိုင်​ပါသလားဆရာ တစ်​ကယ်​လို့ကိုယ်​ဝန်​ပျက်​သွားတယ်​ဆိုရင်​​ကောသက်​သာ​အောင်​ဘာ​ဆေး​သောက်​သင့်​ပါသလည်းဘာလုပ်​သင့်​ပါသလည်းဆရာသိချင်​ပါတယ်​​ကျေးဇူးပါဆရာ
    ReplyDelete
  41. ဆရာ ကျ​နော့်​​ကောင်​မ​လေးနဲ့အတူ​​​မ.​နေဖြစ်​တာ ကြာပီဆရာ အရင်​ရက်​က​နေခဲ့​တော့​ဆေးတိုက်​ခဲ့ပါတယ်​ဆရာ ကျ​နော့်​အမျိုးသမီးခု ရာသီမလာ​သေးပဲ စားထားသမျှအန်​​နေပါတယိဆရာ ကျ​နော်​တို့လက်​ထက်​တာမကြာ​သေး​တော့က​လေးမလိုချင်​​သေးဘူးဆရာဘာဆက်​လုပ်​သင့်​လဲဆရာ
    ReplyDelete
  42. ဆရာ​ကျေးဇူးပြုပြီးသမီးကို​ဖြေ​ပေးပါရှင်​ သမီးအသက်​29နှစ်​ပါ သမီးက​လေးအရမ်းလိုချင်​လို့ပါရာသီစက်​ဝန်းကမမှန်​ပါဘူး၂လကိုတစ်​​ကြီမ်​ပဲ​ရာသီလာတာပါ OGသွားပြ​တော့ဆရာမက​ပြောတာဒါပုံမှန်​သမီးရဲရာသီစက်​ဝန်းပါတဲ့ဘာမှမဖြစ်​ဘူးလို့ဆရာမ​ပြောလိုက်​တယ်​ သမီးစိုးရိမ်​ပူပန်​တာကက​လေးမရနိုင်​မှာဆိုးလို့ပါ ​ကျေးဇူးတင်​ပါတယ်​ရှင်
    ReplyDelete
  43. ဆရာ​ကျေးဇူးပြုပြီးသမီးကို​ဖြေ​ပေးပါရှင်​ သမီးအသက်​29နှစ်​ပါ သမီးက​လေးအရမ်းလိုချင်​လို့ပါရာသီစက်​ဝန်းကမမှန်​ပါဘူး၂လကိုတစ်​​ကြီမ်​ပဲ​ရာသီလာတာပါ OGသွားပြ​တော့ဆရာမက​ပြောတာဒါပုံမှန်​သမီးရဲရာသီစက်​ဝန်းပါတဲ့ဘာမှမဖြစ်​ဘူးလို့ဆရာမ​ပြောလိုက်​တယ်​ သမီးစိုးရိမ်​ပူပန်​တာကက​လေးမရနိုင်​မှာဆိုးလို့ပါ ​ကျေးဇူးတင်​ပါတယ်​ရှင်
    ReplyDelete
  44. သူ့အလိုလို​လေးပါပဲ
    ReplyDelete
  45. ဆရာ ကျွန်မက ကိုယ်ဝန်ပျက်ကြတာ ၃ရက်ရှိပြီ ရင်သားက တင်းပြီးနာကျင်တယ် ဘာဆေးသောက်ရမှာလဲ
    ReplyDelete
  46. ဘာ​ဆေးကို သုံးပီ ပျက်​ကျတာ လဲ အစ်​မ သိရင်​ ​ပြောပြပါ အ​ရေကြီးလို့ပှါု
    ReplyDelete
  47. This comment has been removed by the author.
    ReplyDelete
  48. ဆရာ.ကျွန်​​တော်​နဲ့ချစ်​က လက်​ထပ်​​တော့မှာပါ
    လက်​ထပ်​ပြီရင်​ ချစ်​သူက အတူ​ပေးမ​နေဘူး က​လေးရမှာ ​ကြောက်​လို့တဲ့ ဆရာ သူက က​လေး ​စော​စော မလိုချင်​​သေးလို့
    အဲ့ဒါ သဘာဝ လင်​မယား အတိုင်း​နေပြီး က​လေးမရ​အောင်​ ဘယ်​လို ​စောင့်​ထိန်းရမလဲ ဆရာ လမ်းပြ​ပေးပါ ​ကျေးဇူးတင်​ပါတယ်​ ဆရာ။
    ReplyDelete
  49. ဆရာ ကျွန်တော တစ်ခုလောက် မေးပါရစေ ကာမ စိတ် ပျင်းပြမူကြေင့် မိန်းမ မယူရင်ကဆို တစ်ရက်ထဲ လေးငါးခါလောက် စိတ်ဖြေဘူးပါတယ် မိန်းမ ရပြီးတော့လည်း စိတ်ဖြေတဲ့ အကြင့် က မပျောက်ဘူး တစ်ခါလေး နစ်ခါ သုံးခါ စိတ်ဖြေ မိတယ် အခု ကလေး လိုချင်လို့ ဆိုးကြိုးတွေ ရှိနိုင်လား ဖြေ ပေးပါနော်
    ReplyDelete
  50. ဆရာ ကျွန်တော တစ်ခုလောက် မေးပါရစေ ကာမ စိတ် ပျင်းပြမူကြေင့် မိန်းမ မယူရင်ကဆို တစ်ရက်ထဲ လေးငါးခါလောက် စိတ်ဖြေဘူးပါတယ် မိန်းမ ရပြီးတော့လည်း စိတ်ဖြေတဲ့ အကြင့် က မပျောက်ဘူး တစ်ခါလေး နစ်ခါ သုံးခါ စိတ်ဖြေ မိတယ် အခု ကလေး လိုချင်လို့ ဆိုးကြိုးတွေ ရှိနိုင်လား ဖြေ ပေးပါနော်
    ReplyDelete
  51. ဆရာ သမီးအသက်က၂၁နစ်ပါအိမ်ထောင်ကျတာသုံးနစ်ကျော်ပါပြီသန္ဓေထားဆေးသောက်တာသုံးနစ်ရှီပြီအခုကလေးယူဖို့ဆေးဖြတ်လိုက်တော့ရာသီသွေးမလာတာလေးလရှီပြီးကလေးလည်းမရှီသေးဘူးဆေးခန်းသွားပြတာသောက်ဆေးပေးထားတယ်နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်လည်းဆရာကလေးရောရပါအုံးမလာဆရာဘယ်လျုဆက်လုပ်သင့်လည်းဆရာ
    ReplyDelete
    Replies
    1. ဆရာ ကျွန်​​တော်​တို့ လင်​မယား အိမ်​​ထောင်​သက်​ ၁၀ နှစ်​​ကျော်​ပါပြီ
      ယခုထိ က​လေးမရ​သေးပါဘူး
      ကျ​နော်​က မျိး​အောင်​မ​အောင်​စစ်​တယ်
      အားလုံးအဆင်​​ပြေပါတယ်​ ဒါ​ပေမယ့်​ဘာလို့မရနိုင်​​သေးလဲဆိုတာ
      အတူ​နေရမယ့်​ရက်​ တွက်​ရတာလဲ​မောလှပါပြီ
      လိုအပ်​တဲ့ အချက်​အလက်​​လေး​တွေသိချင်​ပါတယ်
      အစစအရာရာ လမ်းညွှန်​​ပေးပါဦးဆရာ
      Delete
  52. ဆရာ ကျွန်​​တော်​တို့ လင်​မယား အိမ်​​ထောင်​သက်​ ၁၀ နှစ်​​ကျော်​ပါပြီ
    ယခုထိ က​လေးမရ​သေးပါဘူး
    ကျ​နော်​က မျိး​အောင်​မ​အောင်​စစ်​တယ်
    အားလုံးအဆင်​​ပြေပါတယ်​ ဒါ​ပေမယ့်​ဘာလို့မရနိုင်​​သေးလဲဆိုတာ
    အတူ​နေရမယ့်​ရက်​ တွက်​ရတာလဲ​မောလှပါပြီ
    လိုအပ်​တဲ့ အချက်​အလက်​​လေး​တွေသိချင်​ပါတယ်
    အစစအရာရာ လမ်းညွှန်​​ပေးပါဦးဆရာ
    ReplyDelete
  53. Myanmar Idol Season 4 Top Result Live Full Show
    Myanmar Idol Season 4 Live Full Show
    Pakistan Education News Read Online Books NTS Results
    itnewsnet.com/
    ReplyDelete
  54. ကျွန်တော်တစ်ခုလောက်မေးချင်းလို့ပါဆရာ ကျွန်တော်ကောင်းမလေးအတူနေပီ ၁ရက်လောက်နေမှာဆေးသောက်တာ ကိုယ့်ဝန်းရနိုင်လာဗျာ ပီတော့ကျွန်တော်ရဲ့သုတ်ကိုသူအထည့်မထည့်ပါဘူး
    ReplyDelete
  55. ဆရာသမီးတားဆေးဖြတ်ထားသာ၈လရှိပါပီဆရာကလေးမရသေးလို့ပါအသက်က၂၀ပါဆရမာရနိုင်ဘူး လားဆရာဘလိုလုပ်ရမှာလဲရှင့်ကလေးအရမ်းလိုချင်လို့ပါဖြေပေးပါရှင့်
    ReplyDelete