Wednesday 30 December 2015

အကယ်ဒမီဆုပေးပွဲ ဧပြီပထမပတ်တွင် ကျင်းပမည်

ယခင်နှစ် အကယ်ဒမီဆုပေးပွဲအခမ်းအနား မြင်ကွင်း ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
၂၀၁၄-၁၅ အတွက် (၂) နှစ်ပေါင်းပြုလုပ်မည့် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲကိုလာမည့် ဧပြီ ပထမပတ်အတွင်း ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးဒုဥက္ကဋ္ဌဦးအေး ကြူလေးကပြောသည်။
‘‘ဧပြီပထမပတ်ထဲမှာလုပ်ဖို့ တော့ သေချာသလောက်ဖြစ်သွား ပြီ။ ရက်ကတော့ အတိအကျ မ သတ်မှတ်ရသေးဘူး’’ဟု ဦးအေး ကြူလေးကပြောသည်။

၂၀၁၄-၁၅ (၂) နှစ်ပေါင်း ပေးအပ်မည့် ရုပ်ရှင်ထူးချွန်ဆုပေး ပွဲကို ယခင်က ဖေဖော်ဝါရီအတွင်း ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း အစိုးရအပြောင်းအလဲကာလ ဖြစ် သောကြောင့် ဧပြီလသို့ရွှေ့ခဲ့ခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ်အတွက် အ ကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ် ကား၁၇ ကားရှိပြီး ထူးချွန်ဆုတစ် ဆုချင်းစီ အလိုက် သက်ဆိုင်ရာ အနုပညာရှင်၊ အတတ်ပညာရှင် များပါဝင်သည့် ဆုရွေးချယ်ရေး အဖွဲ့များ ခွဲ၍ ၂၀၁၄ အတွက် ထူးချွန်ဆုများကို ရွေးချယ်ပြီးစီး သွားပြီဖြစ်သည်။ ယခုနှစ်အတွက် အကယ်ဒမီစာရင်းဝင်ကားများ၏ ဆန်ခါတင် ဆုစာရင်းကိုထုတ်ပြန် ခဲ့ခြင်းမရှိပေ။

၂၀၁၅ အတွက် အကယ်ဒမီ စာရင်းဝင် ရုပ်ရှင်ဇာတ်ကား ၁၂ ကားခန့်သာရှိပြီး ဒီဇင်ဘာ ၃၁ ရက်အထိ ရုံတင်သည့် ရုပ်ရှင်များ စာရင်းဝင်မည်ဖြစ်သောကြောင့် ဇာတ်ကားအရေအတွက်ကို အ တိအကျမပြောနိုင်သေးဟု ဦး အေးကြူလေးကပြောသည်။

ယခုနှစ်ထူးချွန်ဆုပေးပွဲတွင် ၂ နှစ်စာဆုများ ပေးအပ်ရမည် ဖြစ်သောကြောင့် ယခင်နှစ်များ ထက် အချိန်ပိုမိုကြာမြင့်မည်ဖြစ် ၍ ဆုပေးပွဲပြုလုပ်မည့်နေရာရွေး ချယ်နေဆဲဖြစ်ကြောင်း သတင်း ရရှိသည်။

၂၀၁၃ ရုပ်ရှင်ထူးချွန်ဆုပေး ပွဲကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအ ရုံးအနေဖြင့် ပထမအကြိမ် ဦး ဆောင်ပြုလုပ်ခဲ့ရာ အတတ်ပညာ ရှင်ဆိုင်ရာဆု အများစု ပေးအပ် နိုင်ခဲ့ခြင်းမရှိသောကြောင့် ဝေဖန် မှုများကြုံခဲ့ရသည်။

7Day Daily

No comments:

Post a Comment