Wednesday 30 December 2015

ဗုဒ္ဓလမ်းစဉ်အဖွဲ့က လမ်းပျော်စိတ်ဝေဒနာရှင်များအား စိတ်ကျန်းမာရေးဆေးရုံတွင် ကုသနိုင်ရန်ကူညီ

အောင်လံမြို့ရှိ လမ်း ပျော် စိတ်ဝေဒနာရှင်များအား ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံ သို့ ပို့ဆောင်၍ ဆေးဝါးကုသနိုင် ရေးအတွက် ဗုဒ္ဓလမ်းစဉ်အဖွဲ့က ဦးဆောင်ကူညီဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘အခုလမ်းပေါ်ရောက်နေ ကြတဲ့ စိတ်ဝေဒနာရှင်တွေရဲ့ မိသားစုဝင်တွေနဲ့ ဆွေးနွေးသ ဘောတူညီချက်ရတဲ့ ငါးဦးကို အရင်ပို့ပေးဖို့ လုပ်နေပြီ။ မြို့နယ် က လူကြီးတွေလည်း တင်ပြမယ်။ နောက်လထဲမှာ စပို့မယ်’’ဟု ဗုဒ္ဓ လမ်းစဉ်အဖွဲ့မှ ဦးဌေးဝင်းအောင် က ပြောသည်။

လမ်းပေါ်ရောက်နေသော စိတ်ဝေဒနာရှင် ဆယ်ဦးခန့်ရှိပြီး၎င်းတို့၏ မိသားစုဝင်များ၏ခွင့်ပြုချက်ရရှိမှသာ ဆေးဝါးကုသနိုင်ရန် ကူညီဆောင်ရွက်မည်ဟု ဆိုသည်။

စိတ်ဝေဒနာရှင်အား ရန်ကုန်မြို့သို့ သွားရောက်ပို့ဆောင်ပေးမှု နှင့် ဆေးဝါးစားသောက်စရိတ်သာကူညီနိုင်မည်ဖြစ်ပြီး ဝေဒနာရှင် စောင့်ရှောက်ရေးအတွက် စိတ် ကျန်းမာရေးဆေးရုံ၏ ညွှန်ကြား ချက်များအတိုင်း လိုက်နာနိုင်မည့် သူသာ ပို့ဆောင်ကူညီမည်ဖြစ် ကြောင်း အဆိုပါအဖွဲ့မှ ဆရာဦး တင့်လွင်က ပြောသည်။

ဗုဒ္ဓလမ်းစဉ်အဖွဲ့သည် အောင်လံမြို့ရှိ လမ်းပျော်ကလေးသူငယ်များအား စာသင်ကြားပေးခြင်း၊ လမ်းပျော်ကလေးများနှင့် စိတ်ဝေဒနာရှင်များအား နေ့စဉ်ထမင်းဘူးများပေးဝေခြင်း၊ မြို့ပေါ်ရှိ သက်ကြီးဘိုးဘွားများအား လစဉ် ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး ထောက်ပံ့ကူညီခြင်းနှင့် ဆေးဝါးကုသခံလူနာများအား အောက်ဆီဂျင်ဘူးကူညီမှုပေးခြင်းစသည်တို့ ဆောင်ရွက်နေသော ပရဟိတအဖွဲ့ဖြစ်သည်။

7Day Daily

No comments:

Post a Comment