Tuesday 29 December 2015

ဖိအားများကြောင့် တရားစီရင်ရေး အလျှော့ပေးမည်မဟုတ်ဘဲ တရားရုံးတွင် အယူခံဝင်နိုင်ဟု ထိုင်းဝန်ကြီးချုပ်ဆို

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက သတင်းထောက်များသို့ ပြောကြားနေစဉ် (fahwonmai.tv) 
လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ အများပြည်သူ၏ ဖိအားကို ထိုင်းနိုင်ငံ၏ တရားစီရင်ရေးစနစ်က အလျှော့ပေးမည် မဟုတ်ကြောင်းနှင့် တရားရုံး၌ အယူခံဝင်ခွင့်ရှိကြောင်း ထိုင်း ၀န်ကြီးချုပ်ပရာယွတ်ချန်အိုချာက ဒီဇင်ဘာ ၂၈ ရက်တွင် သတင်း ထောက်များအား ပြောကြားသည်။လိပ်ကျွန်းအမှုနှင့်ပတ်သက် ၍ ဝေဖန်သူများသည် တရားရုံး ဆုံးဖြတ်ချက်ကို လေးစားသင့် ကြောင်း ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင် ပရာယွတ်ချန်အိုချာက ဆိုသည်။

‘‘သူတို့မှာ အယူခံဝင်ခွင့်ရှိ တယ်။ ဟုတ်တယ် မဟုတ်လား။ တစ်ကမ္ဘာလုံးက ဥပဒေတွေမှာ ဒီလိုအယူခံဝင်ခွင့်ရှိတယ်။ ဒါမှ မ ဟုတ် ထိုင်းဥပဒေကျမှပဲ ဒါမျိုးမ  ရှိသင့်ဘူးလား။ ဖိအားပေးခံရတဲ့ အခါ လူအားလုံးကို ကျွန်တော်တို့ က လွှတ်ပေးသင့်တယ်ဆိုတဲ့အမှု လား’’ ဟု ဒေါသ သိသိသာသာ ထွက်နေသော ၀န်ကြီးချုပ်က ဆူရတ်ဌာနီ ပြည်နယ်သို့ သွားမည့် လေယာဉ်ပေါ်မတက်မီ သတင်း ထောက်များအား ပြောကြားခဲ့ ကြောင်း ဘန်ကောက်ပို့စ်သတင်း ဌာနက ဖော်ပြသည်။

သေဒဏ် ချခံထားရသော မြန်မာနှစ်ဦးအနေဖြင့် တစ်လအ တွင်း အယူခံဝင်ကြရမည် ဖြစ် ကြောင်းသိရသည်။

လိပ်ကျွန်း လူသတ်မှုတွင် ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားနှစ်ဦးကို သေဒဏ် ချ မှတ်လိုက်မှုနှင့် ပတ်သက်၍ မြန်မာ နိုင်ငံရှိ ရန်ကုန်၊ မန္တလေးမြို့များ၊ နယ်စပ်မြို့များ၊ ဂျပန်၊ သီရိလင်္ကာ အစရှိသည့်နိုင်ငံများ၌ ဆန္ဒပြမှု များဖြစ်ပေါ်နေသည်။ မြန်မာနှစ် ဦးကို လွှတ်ပေးရန် ဆန္ဒပြသူများ က တောင်းဆိုနေကြသည်။

ဒီဇင်ဘာ ၂၆ ရက်က မြန် မာတပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်သည် ထိုင်းဒုဝန်ကြီး ချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ် သူ ဗိုလ်ချုပ်ကြီးပရာဝစ်ဝုံးဆူဝမ်း၊ ထိုင်းဘုရင့်တပ်မတော်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆွမ်မိုင်ကောင်ထိရ တို့ထံ နှစ်သစ်ကူးသ၀ဏ်လွှာများ ပေးပို့ခဲ့ပြီး လိပ်ကျွန်းအမှု၌ သေ ဒဏ် ချမှတ်ခံရသော မြန်မာနှစ်ဦး နှင့်ပတ်သက်၍ သက်သေအ ထောက်အထားများ ခိုင်လုံမှု ရှိ၊ မရှိ ပြန်လည်သုံးသပ်ဆန်းစစ်ပေး စေလိုကြောင်းတောင်းဆိုခဲ့သည်။

ယင်းနှင့်ပတ်သက်၍ ထိုင်း တရားစီရင်ရေးလုပ်ငန်းစဉ် အဆင့် ဆင့်တွင် ပထမအဆင့် တရားရုံး က အမိန့်ချမှတ်ပြီးနောက် အယူခံ ရုံးနှင့် တရားရုံးချုပ်အထိ တက် နိုင်ကြောင်း၊ ထိုအဆင့်ဆင့်သော တရားစီရင်ရေးလုပ်ငန်းစဉ်ကိုရုပ်သိမ်း၍ မဖြစ်နိုင်ကြောင်း ထိုင်းဝန်ကြီးချုပ်က သတင်းထောက်များအား ဖြေကြားခဲ့သည်။

လိပ်ကျွန်းအမှုတွင်မျိုးရိုးဗီဇ (DNA) အပါအ၀င် မှုခင်းဆိုင်ရာ များ ပွင့်လင်းမြင်သာစွာ နိုင်ငံတ ကာစံနှုန်းနှင့်အညီ ဆောင်ရွက် ထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားထားပြီး အမှုကို ပြန် လည်သုံးသပ်ပေးရန် တောင်းဆိုမှု အား ပယ်ချခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ် အနေဖြင့် ၂၀၁၄ နှောင်းပိုင်းက မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်ခဲ့ချိန်ကလည်း ထိုင်းရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုကိုကာကွယ်ပြောဆိုခဲ့ဖူးပြီးမှန်ကန်သော တရားခံများအား ဖမ်းဆီးထားပြီးဖြစ်သည်ကို ဗြိတိန်နှင့်အခြားနိုင်ငံများက နားလည်သင့်ကြောင်းပြောကြားခဲ့ဖူးသည်။

 ၂၀၁၄  စက်တင်ဘာက ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း ကမ်းခြေတွင် ဗြိတိန်နိုင်ငံသားစုံ တွဲ ဟန်နာဝစ်သာရစ်ခ်ျနှင့် ဒေးဗစ်မီလာတို့၏ အလောင်းများကို တွေ့ရှိပြီးနောက် ယင်းကျွန်းရှိစားသောက်ဆိုင်၌ အလုပ်လုပ်ကိုင်နေကြသော ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့ကို အပြစ်ရှိကြောင်း စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ကြသည်။

ထိုင်းရဲတပ်ဖွဲ့အနေဖြင့် ၎င်း တို့နှစ်ဦးကို စုံစမ်းစစ်ဆေးရာတွင် နှိပ်စက်ညှဉ်းပန်းမှုများရှိကြောင်း၊ သက်သေခံများကို လွဲမှားစွာကိုင် တွယ်ကြောင်း အပါအ၀င် စွပ်စွဲမှု အများအပြား ရှိနေခဲ့သည်။ သို့ သော် ထိုသို့ နှိပ်စက်ခဲ့ကြောင်း သက်သေမရှိဟုဆိုကာ နှိပ်စက် ညှဉ်းပန်းကြောင်း စွပ်စွဲချက်များ ကို တရားရုံးက ပလပ်ခဲ့သည်။

၎င်းတို့နှစ်ဦးကို ပြီးခဲ့သည့် ၁၄ လတာ ကာလတစ်လျှောက် ကော့စမွီ အကျဉ်းထောင်၌ ချုပ် နှောင်ထိန်းသိမ်းထားခဲ့ရာမှ ၂၀၁၅ ဒီဇင်ဘာ ၂၆ ရက်တွင် တောင် ပိုင်းပြည်နယ် နက်ခွန်ဆီသမ်မ ရတ်ရှိ လုံခြုံရေး အဆင့်မြင့် အ ကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက် သည်။

7Day Daily 

No comments:

Post a Comment