Wednesday 30 December 2015

ATM စက်များတွင် MPU ကတ်ဖြင့် ငွေထုတ်သည့်အခါ ငွေထွက်မလာသည့် ကိစ္စများကို အမြန်ဆုံး ဖြေရှင်းပေးနေဟု ဆို

ATM စက်များတွင် MPU ကတ်ဖြင့် ငွေထုတ်သည့်အခါ ငွေထွက်မလာသည့် ကိစ္စများကို သုံးရက်မှ ငါးရက်အတွင်း အမြန်ဆုံး ဖြေရှင်းပေးနေကြောင်း သတင်းရရှိသည်။
သုံးစွဲသူများ အနေဖြင့် ATM စက်များတွင် MPU ကတ်ဖြင့် ငွေထုတ်သည့်အခါ ATM စက်များ ပျက်နေခြင်း၊ စက်ကကတ်ကို သိမ်းသွားခြင်း၊ ကတ်တွင် ငွေဖြတ်သွားသော်လည်း စက်မှငွေများ ထွက်မလာခြင်း၊ လိုင်းကျနေသောကြောင့် ၀န်ဆောင်မှုကို အသုံးမပြုနိုင်ခြင်း စသည့် ပြဿနာများကို အခါအား လျော်စွာ ကြုံတွေ့နေကြရကြောင်း သိရသည်။

"MPU ကတ်ကိစ္စတွေမှာ ဆက်သွယ်ရေး Connection ပေါ်မူတည်ပြီး ကြုံနေရတာပါ။ အများအားဖြင့်တော့ မိုးရာသီတွေမှာ ပိုအဖြစ်များပါတယ်။ တခြားအချိန်တွေမှာလည်း တစ်ခါတလေ ဖြစ်တာမျိုး ရှိတတ်ပါတယ်။ ကတ်သိမ်းခံရတယ်ဆိုတဲ့ ကိစ္စတွေမှာ အသုံးပြုသူတွေရဲ့ မှားယွင်းမှုကြောင့် ဖြစ်တာလည်း ရှိပါတယ်။ Password သုံးခါဆက်တိုက်မှားရင် ကတ်သိမ်းခံရပါမယ်။ ကတ် Error ကြောင့် ဖြစ်တာရှိပေမယ့် အဲဒါက နည်းပါတယ်။ ပိုက်ဆံထွက်မလာတဲ့ ကိစ္စကတော့ သက်ဆိုင်ရာ ဘဏ်ကို အကြောင်းကြားရင် သုံးရက်ကနေ ငါးရက်အတွင်း အမြန်ဆုံး ဖြေရှင်းပေးပါတယ်။ သေချာပြန်စိစစ်ရပြီး တချို့ကိစ္စတွေမှာဆိုရင် ငွေရပြီးတော့ Complain တက်တာမျိုး ရှိနေပါတယ်" ဟု MPU ၏ အမှုဆောင် အရာရှိချုပ် ဦးဇော်လင်းထွဋ်က ဆိုသည်။

လက်ရှိတွင် MPU ကတ်ကို အဖွဲ့ဝင် ဘဏ် ၁၆ ဘဏ်က ၀န်ဆောင်မှု ပေးလျက်ရှိပြီး ATM စက်များတွင် ငွေထုတ်ခြင်းအပြင် စီးတီးမတ်များတွင် ဈေးဝယ်သည့်အခါ POS ငွေပေးချေမှုများ၊ eCommerce ဆိုင်ရာ ၀န်ဆောင်မှုအတွက် ငွေပေးချေမှုများ၊ အခွန် ပေးဆောင်ရမှုများတွင်ပါ အသုံးပြုနိုင်ကြောင်း သိရသည်။

လက်ရှိတွင် ဈေးဝယ်သည့်အခါ MPU ကတ်ဖြင့် ငွေပေးချေခြင်းကို ရန်ကုန်မြို့ရှိ စီးတီးမတ်နှင့် Ocean စင်တာရှစ်ခု၊ နေပြည်တော်ရှိ နှစ်ခုတို့တွင် အသုံးပြုနိုင်ကြောင်း၊ မကြာမီ Junction စင်တာများ၌ပါ အသုံးပြုနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment