Wednesday 30 December 2015

စင်ကာပူသို့ အိမ်အကူပို့ဆောင်မည့် လိုင်စင်မဲ့အေဂျင်စီ ၂၀ ကျော် ကို တားဆီးနိုင်ခဲ့ပြီး အမျိုးသမီး ငယ် ၃၀ ကျော် ကို ယခုနှစ် အတွင်း ကယ်တင်နိုင်ခဲ့

၂၀၁၅ ခုနှစ် အတွင်း စင်ကာပူနိုင်ငံသို့တရားမ ဝင်အိမ်အကူလုပ်သားပို့ဆောင်မည့် လိုင်စင်မဲ့အေဂျင် စီ၂၀ ကျော်ကို တား ဆီးနိုင်ခဲ့ပြီး အမျိုးသမီးငယ် ၃၀ ကျော် ကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင်လည်း တရားမဝင် အိမ်အကူလုပ်သား ပို့ဆောင်သည့် လိုင်စင် မဲ့အေ ဂျင်စီ များကို ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ ဖြင့်အမှု ဖွင့် အရေးယူဆောင် ရွက်ထားသည်မှာ အမှုပေါင်း ၂၀ ကျော်ရှိကြောင်း လည်း ရန်ကုန်တိုင်း ဒေသကြီး လူကုန်ကူးမှုတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့စုမှ ရဲမှူးရဲဝင်းအောင် က ဒီဇင်ဘာ ၂၈ ရက်တွင် ဒီမိုက ရေစီ တူဒေးသို့ ပြော သည်။

''တော်တော်များများ ဥပဒေ အရ အရေးယူနေတာပဲ၊ ပို့တဲ့လူ တွေ အကုန်လုံး က လိုင်စင်နဲ့ပို့တာ မဟုတ်ဘူး။ တရားမဝင်ပို့တာပါ။ ဒါ ပေမဲ့ စင်ကာပူဘက်အခြမ်းကပဲ အီးဗီဇာပေးသလိုလို၊ ဟိုဘက်နိုင်ငံ ကအေဂျင်စီ ကပဲချိတ်သလိုလို တစ် ဖက်နိုင်ငံက အကြောင်း ကိုပဲပြပြီး တော့ မှပို့နေကြ တာ ။ နောက်တစ် ခုက စင်ကာပူကိုအိမ်ဖော် ပို့တယ် ဆိုတာ အလုပ်သမား ဝန်ကြီးဌာန မှာ တရားဝင်ခွင့်ပြုထားတာ ရှိရ မယ်။ မရှိရင်အရေး ယူခံရမှာ ပဲ''ဟု ရဲမှူးရဲဝင်းအောင်ကဆိုသည်။

ပြည်ပသို့အလုပ်သမားပို့ဆောင် ခွင့်ကို တရားဝင်လိုင်စင်ရအေဂျင်စီ များဖြင့်သာ ခွင့်ပြုထားပြီး တရား မဝင်လိုင်စင်မဲ့အေဂျင်စီဖြစ် ပါက အရေးယူဆောင် ရွက်ကြောင်း ရဲ မှူးရဲဝင်းအောင်က ဆိုသည်။

''ပြည်ပကိုအိမ်ဖော်ပို့ကြတယ်။ လိုင်စင်မရှိဘဲမိလို့ ပြည်ပ ၂၆ နဲ့ ဖွင့်ရင် ဥပဒေအရဆိုရင် ထောင်ဒဏ် ခုနစ်နှစ်အထိရှိတယ်။ ရဲစခန်းက အာမခံပေးပိုင်ခွင့်မရှိဘူး။ တရားရုံး ရောက်မှပဲ သူ့ဘာသာအာမခံ လျှောက် ချင်လျှောက်မယ်ပေါ့။ ရဲ ကတော့ အာမခံပေး ပိုင်ခွင့်မရှိဘူး။တကယ် တမ်းတရားရုံးရောက်တဲ့ အခါမှာ တရားရုံးရဲ့စီရင်ချက်အရ သူ့ဘက်က အထောက်အထားပြည့် လို့ သူလွှတ်တာကတော့ တရားရုံး အပိုင်းပေါ့ ။ တော်တော် များများက တော့ တချို့တွေလည်းထောင်ကျ သွားတာရှိတယ်။ တချို့ကျတော့ လည်း တရားရုံးပေါ်မှာအထောက် အထားတွေနဲ့လျှောက်ကြ ပြီးတော့ တရားသူကြီးရဲ့စီရင်ချက်အတိုင်း ပေါ့''ဟု ရဲမှူးရဲဝင်းအောင်က ပြော သည်။

မြန်မာနိုင်ငံအနေဖြင့်လည်း လက်ရှိတွင် စင်ကာပူနိုင်ငံသို့ အိမ် အကူလုပ် သား (အိမ်ဖော်)ပို့ဆောင် ခွင့်ကို တရားဝင်ခွင့်မပြုထား ဘဲ ထို သို့ဖမ်းဆီး စစ်ဆေး မှုများလုပ်နေ သော်လည်း တရားမဝင်နည်းလမ်း ဖြင့် တစ်နေ့လျှင် အမျိုးသမီးငယ် ၃၀ ခန့် ပျမ်းမျှ အားဖြင့် ပုံမှန်ရောက် ရှိနေကြောင်း စင်ကာ ပူရောက် အလုပ်သမားကူညီစောင့်ရှောက် ရေးအဖွဲ့အစည်းများမှ ဆိုထားပြီး စင်ကာပူနိုင်ငံဥပဒေတွင် အသက် ၂၂ နှစ်အောက်ကို အိမ်အကူလုပ် ငန်းမလုပ်ကိုင်ရန် ဆိုထားသော် လည်း မြန်မာနိုင်ငံမှ အသက် ၁၆ နှစ်အရွယ်များပင် မှတ်ပုံတင်အတု များဖြင့်ရောက်ရှိကာ အလုပ်လုပ် ကိုင်လျက်ရှိနေကြောင်းလည်း သိ ရသည်။

ZCH
‎Democracytoday‬

No comments:

Post a Comment