Thursday 31 December 2015

အိန္ဒိယအကူအညီဖြင့် မြန်မာနိုင်ငံတွင် တံတား ၆၉ စင်း တည်ဆောက်မည်

ထိုင်း-မြန်မာ-အိန္ဒိယ သုံး နိုင်ငံ ဆက်သွယ်သည့် အာဆီယံ အဝေးပြေးလမ်းတွင် မြန်မာနိုင်ငံ အတွင်း လမ်းပိုင်း၌ တံတား ၆၉ စင်း ကူညီတည်ဆောက်သွားရန် စီမံကိန်းကို အိန္ဒိယအစိုးရက အ တည်ပြုချက်ပေးခဲ့ကြောင်း သ တင်းရရှိသည်။
ထိုင်း-မြန်မာ-အိန္ဒိယ သုံး နိုင်ငံ ဆက်သွယ်ထားသည့် အာ ဆီယံ အဝေးပြေးလမ်းမပေါ်ရှိ တမူး-ကျီးကုန်း-ကလေးဝ (TKK) လမ်းပိုင်းတွင် ချဉ်းကပ်လမ်းများ အပါအဝင် တံတား ၆၉ စင်း တည်ဆောက်ရေးအတွက် ဝန် ကြီးချုပ် နာရန်ဒရာမိုဒီ ဦးဆောင် သည့် အစိုးရက အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ထိုစီမံကိန်းအတွက် ကုန်ကျ စရိတ်သည် ရူပီးငွေ သန်း ၃၇၁၀ မျှရှိနိုင်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းသည် အင်ဖာနှင့် မန္တလေးကြား ဘတ်စ်ကား ပြေးဆွဲရေး ဝန်ဆောင်မှုကို အ ကောင်အထည်ဖော်သည့် အစိတ် အပိုင်းတစ်ရပ်လည်း ဖြစ်သည်။

ထို့အပြင် မြန်မာနှင့် အိန္ဒိယတို့ကြား ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေး ကဏ္ဍကို ပိုမို ချော မွေ့ ကောင်းမွန်လာစေမည် ဖြစ် သည်။ ၂၀၁၂ မေလအတွင်းက အိန္ဒိယ ဝန်ကြီးချုပ်ဟောင်း ဒေါက် တာ မန်မိုဟန်ဆင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ် မြန်မာ အစိုးရ၏ တောင်းဆိုမှုအရ TKK လမ်းပိုင်းတွင် တံတား ၇၁ စင်း ပါဝင်တည်ဆောက်ပေးရန် အိန္ဒိယက သဘောတူ လက်ခံခဲ့သည်။

ထို့နောက်တွင် မြန်မာအစိုး ရက တံတား ၂ စင်းကို စတင် တည်ဆောက်ခဲ့ပြီးနောက် ကျန် တံတားများ တည်ဆောက်ရေး အလျင်အမြန် အစပြုနိုင်ရန် လို လားလာခဲ့သည်။ ထို့ကြောင့် လက်ကျန် တံ တား ၆၉ စင်းကို အိန္ဒိယ အစိုးရ ၏ ကူညီပံ့ပိုးမှုဖြင့် တည်ဆောက် သွားမည်ဟု သိရှိရသည်။

ထိုင်း-မြန်မာ-အိန္ဒိယ သုံး နိုင်ငံ ဆက်သွယ်သည့် အဆိုပါ အဝေးပြေးလမ်းသည် အိန္ဒိယ နိုင်ငံ၊ မိုရားမြို့မှ ထိုင်းနိုင်ငံ မဲဆောက်မြို့အထိ ဖောက်လုပ်မည့် မဟာဗျူဟာ အဝေးပြေး လမ်းမကြီးဖြစ်ပြီး ၂၀၁၂ တွင် စီမံကိန်း လုပ်ငန်းစဉ်များ အစပြုခဲ့ သည်။

—Ref: Bangkok Post
7Day Daily

No comments:

Post a Comment