Wednesday 30 December 2015

နှစ်သစ်ကူးညတွင် တရုတ်က လှူဒါန်းသည့် ရဲကားများဖြင့် အားဖြည့်ကင်းလှည့်မည်

တရုတ်အစိုးရက လှူဒါန်းထားသည့် ရဲကားများ (ဓာတ်ပုံ-ဖိုးတုတ်)
ဒီဇင်ဘာ ၃၁ ရက်တွင် ကျရောက်မည့် နှစ်သစ်ကူးည ၌ တရုတ်နိုင်ငံက လှူဒါန်းထား သည့် လုံခြုံရေးရဲကားအသစ် ၄၅ စီးဖြင့် အင်အားဖြည့်ကာ ကင်း လှည့်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှ အကြီးတန်းရဲအရာရှိတစ်ဦးက ပြောသည်။
‘‘ဒီဇင်ဘာ ၃၀ ရက်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဒီရဲ ကားတွေကို တစ်မြို့နယ်တစ်စီး ပေးမယ်။ ပေးတဲ့နေ့ကစပြီး လုံ ခြုံရေးအတွက် လှည့်ကင်းပတ် မယ်။ ဒီကားပေါ်မှာ ရဲအရာရှိတစ်ဦး၊ယာဉ်မောင်းနဲ့ ရဲနှစ်ဦး၊ စုစုပေါင်းလေးဦးပါမယ်။ ဒီကားတွေရှိတဲ့အ တွက် လုံခြုံရေးကို အရင်ထက် ထိရောက်အောင် လုပ်နိုင်မှာပါ’’ ဟု အဆိုပါ ရဲအရာရှိကပြော သည်။ နှစ်သစ်ကူးညတွင် ရန်ကုန် တိုင်းအတွင်းရှိ ရဲစခန်းများ၌ တာဝန်ကျနေသည့် ရဲဝန်ထမ်း များမှအပ ကျန်ရှိသည့် ရဲဝန်ထမ်း များဖြင့် မိုးလင်းသည်အထိ လုံခြုံ ရေး ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးကျော်ထွဋ်က ပြောသည်။

‘‘အဲဒီနေ့မှာတော့ လှည့် ကင်းတွေက ညနေ ၅ နာရီကစ ပြီး ပတ်ပေးမယ်။ သက်ဆိုင်ရာ နယ်မြေစခန်းတွေကလည်း တာ ၀န်ကျရဲကလွဲလို့ ကျန်တဲ့အင်အား အကုန်လုံခြုံရေးလုပ်မယ်။ မြို့ နယ်တွေပေါင်းစပ်ပြီး ထိစပ်နယ် လုံခြုံရေးလုပ်မယ်။ နောက်က ခရိုင်အဆင့်၊ တိုင်းအဆင့်က လည်း လိုအပ်တဲ့နေရာမှာ လုံခြုံရေးအတွက် အသင့်ဖြည့်ဖို့အ တွက် ပြင်ဆင်ထားပါတယ်’’ဟု ၎င်းက ပြောသည်။

လူစည်ကားမည့် အင်းလျား ကန်ပေါင်၊ မျှော်စင်ကျွန်းနှင့် ဖျော်ဖြေပွဲလုပ်မည့် နေရာများတွင် လုံခြုံရေးကို အထူးချထားမည် ဖြစ်ပြီး ဘီယာဆိုင်၊ အရက်ဆိုင်နှင့် ကေတီဗီဆိုင်များကိုလည်း သတ်မှတ်အချိန်အတွင်းသာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း မင်္ဂလာ တောင်ညွန့် မြို့မရဲစခန်းမှ ရဲမှူးသိန်းအောင်က ပြောသည်။

‘‘ဒီလိုနေ့မှာ လူငယ်အများ စုက ပျော်ကြပါးကြတာထက် သောက်စားမူးယစ်မှုတွေ ရှိလာ မယ်။ ရန်ပွဲတွေကလည်း ဒီလိုည မျိုးတွေမှာ အဖြစ်များတယ်။ ဒီအတွက် သာမန်ပျော်တဲ့သူတွေ လည်းစိတ်အနှောင့်အယှက် မဖြစ်အောင် လုံခြုံရေးလုပ်ဆောင်ပေး သွားမယ်။ အရက်၊ ဘီယာဆိုင် တွေကိုလည်း သတ်မှတ်အချိန်ထိသာ ရောင်းဖို့ ပြောထားပါတယ်’’ဟု ရဲမှူးသိန်းအောင်က ပြောသည်။

ယာဉ်အန္တရာယ်ကင်းရှင်း စေရန်အတွက် နှစ်သစ်ကူးညတွင် ည ၉ နာရီမှ ကားလမ်းရှင်းသည့် အချိန်ထိ ယာဉ်လမ်းကြောင်းများ ရှင်းလင်းပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ မှ ဒုရဲမှူးကြီး အောင်ကိုဦးက ပြောသည်။

‘‘ကားလမ်းအဓိက ပိတ်မယ့် နေရာတွေဖြစ်တဲ့ အင်းလျားကန် ပေါင်နဲ့ ကန်တော်ကြီးပတ်လမ်း တွေမှာ လမ်းရှင်းရမယ်။ နောက် တစ်ခုကတော့ ပျော်ပွဲရွှင်ပွဲလုပ် မယ့် နေရာတွေမှာလည်း ယာဉ် ထိန်းရဲတွေ ချပေးသွားမယ်။ အား လုံးယာဉ်ထိန်းရဲတစ်ရာကျော်နဲ့ လုပ်ဆောင်သွားမှာပါ’’ဟု ဒုရဲမှူး ကြီးအောင်ကိုဦးက ပြောသည်။

7Day Daily

No comments:

Post a Comment