Wednesday 30 December 2015

ဖားကန့်အရေး ဖြေရှင်းမည့်အစိုးရ၏ အစီအစဉ်သုံးရပ်ကို ပြန်သုံးသပ်ရန် သမ္မတထံ သူရဦးရွှေမန်းသ၀ဏ်လွှာပို့

ဖားကန့်မြေစာ တောင်ပြိုမှုအပေါ် ဖြေရှင်းရန် လွှတ်တော်က လက်မခံခဲ့သည့် ပြည်ထောင်စုအစိုးရ၏ အစီအ စဉ်သုံးရပ်ကို ဘက်ပေါင်းစုံမှ ပြန် လည်သုံးသပ်ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်နာယ က သူရဦးရွှေမန်းက နိုင်ငံတော် သမ္မတဦးသိန်းစိန်ထံသို့ သ၀ဏ် လွှာပေးပို့လိုက်သည်။
ဖားကန့်ဒေသတွင် မြေစာပုံ ပြိုကျခြင်းများကြောင့် ပြည်သူ များ မကြာခဏ သေဆုံးခြင်းနှင့် သဘာဝသယံဇာတများ ထုတ် လုပ်နေခြင်းအပေါ် ဖြေရှင်းရန်အ တွက် ဖားကန့်နယ်မြေတွင် ကျောက်စိမ်းတူးဖော်မှု လုံးဝပိတ် သိမ်းခြင်း၊ စစ်အုပ်ချုပ်ရေး ထုတ် ပြန်ခြင်းနှင့် ပုဒ်မ ၁၄၄ ထုတ်ပြန် ခြင်းစသော နည်းလမ်းသုံးမျိုးဖြင့် ဆောင်ရွက်ရန် သတ္တုတွင်းဝန် ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန်း ထွန်းအောင်က ဒီဇင်ဘာ ၂၈ ရက် တွင် ပြည်ထောင်စုလွှတ်တော်သို့ ပြောကြားမှုအပေါ် ပြန်လည်သုံး သပ်ရန် အထက်ပါအတိုင်း သ ၀ဏ်လွှာပြန်လည်ပေးပို့ခဲ့ခြင်း ဖြစ်သည်။

အထက်ပါနည်းလမ်းများကို အသုံးပြုပါက တိုင်းရင်းသားညီ ညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်း ချမ်းရေးကို ထိခိုက်စေနိုင်သည့် အပြင် ဒေသခံများအပါအ၀င်လာ ရောက်လုပ်ကိုင်နေကြသည့် ပြည်တွင်းရွှေ့ပြောင်းအလုပ်သ မားများ၏ စားဝတ်နေရေးကို ထိ ခိုက်နိုင်သည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ ကြသည်ဟု ယင်းသ၀ဏ်လွှာတွင် ပါရှိသည်။

ထို့ကြောင့်ပြည်ထောင်စု အစိုးရအဖွဲ့မှ ဆောင်ရွက်မည့် နည်းလမ်းသုံးခုနှင့် စပ်လျဉ်း၍ ဘက်ပေါင်းစုံမှ ပြန်လည်သုံးသပ် ပြီး အထက်ဖော်ပြပါအကြောင်း အရာအားလုံးအတွက် အကျိုးရှိ မည့် နည်းလမ်းရရှိရေး အလေးအ နက်ထား ပြန်လည်သုံးသပ်စီမံ ဆောင်ရွက်ရန် သ၀ဏ်လွှာပေး ပို့ခြင်းဖြစ်သည်ဟု သူရဦးရွှေမန်း ကဆိုသည်။

ဒီဇင်ဘာ ၂၉ ရက်က ပြု လုပ်သည့် ပြည်ထောင်စုလွှတ် တော်အစည်းအဝေးတွင် ဖားကန့် ကိစ္စနှင့်ပတ်သက်၍ သမ္မတထံ သ၀ဏ်လွှာပေးပို့ခြင်းကို ပြည် ထောင်စုလွှတ်တော်ကိုယ်စား လှယ်များအား ရှင်းလင်းတင်ပြခဲ့ သည်။

ဖားကန့်ဒေသတွင် မြေစာ တောင်ပြိုကျမှုကြောင့် ပြည်သူ များ၏ အသက်အိုးအိမ်မကြာခဏ ဆုံးရှုံးခြင်း၊ လတ်တလောကာလ တွင် စွမ်းအားကြီးမားသည့် စက် ယန္တရားကြီးများ၊ မြေသယ်ယာဉ် ကြီးများပိုမိုအသုံးပြုလာပြီး အ လွန်အကျွံတူးဖော်မှုနှင့်ပတ်သက် ၍ ဖြေရှင်းဆောင်ရွက်ထားမှုအ ပေါ် အစိုးရအဖွဲ့က လွှတ်တော်သို့ အမြန်ဆုံးရှင်းလင်းရန် ဒီဇင်ဘာ ၂၁ ရက်တွင် ပြည်ထောင်စုလွှတ် တော်နာယက သူရဦးရွှေမန်းက သမ္မတထံသို့ သ၀ဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

7Day Daily

No comments:

Post a Comment