Thursday 31 December 2015

ရန်ကုန်က နှစ်သစ်ကူးပွဲကျင်းပမယ့်နေရာများ

နှစ်ကူးအစကို အမြူးကြွဆုံးတွေနဲ့ ကြိုဆိုကြမယ့်နေရာများ ဒီညမှာ ရန်ကုန်က နှစ်သစ်ကူးပွဲကျင်းပမယ့်နေရာတွေကတော့ မင်းဓမ္မ လမ်းက MCC ကွင်းပြင်မှာ ရော့ခ်ကာကြီးဇော်ဝင်းထွဋ်တို့ရဲ့ဂျစ်ပစီည နှစ်သစ်ကူးဂီတပွဲရှိပါတယ်။

နာမည်ကျော် Iron Cross အဖွဲ့ကတော့ ပြည်သူ့ရင်ပြင်မှာ ဂီတဖျော်ဖြေပွဲနဲ့အတူ နှစ်သစ်ကိုကြိုကြပါမယ်။

သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းကြီးရှေ့မှာတော့ ကိုကာကိုလာ ရဲ့နှစ်သစ်ကူးည အစီအစဉ်အဖြစ် လင်းလင်း ဂျီလတ် ချစ်သုဝေ မိစန္ဒီ ပိုပို စသူတို့အပြင်နာမည်ကျော်အဆိုတော်အမျာအပြားရဲ့ ဂီတဖျော်ဖြေပွဲ ဝင်ကြေးအခမဲ့နဲ့ရှိပါတယ်။

စိုင်းစိုင်း။ဘန်နီဖြိုး လွှမ်းပိုင် snare li z G fatt ဝေလ ဝန bobby soxer မိစန္ဒီ စသူတို့အပြင် လူငယ်ကြိုက် တေးသံရှင်အများအပြားကတော့ တာမွေမြို့နယ်ရှိရွှေထွဋ်တင်ကွင်းမှာ red square ရဲ့ နှစ်ကူးအကြိုည အဖြစ် အမြူးကြွဆုံးတေးသံတွေနဲ့ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

ဗိုလ်တထောင်ကမ်းနားက သဘော်ကြီးင်္းပေါ်မှာလည်း အမိုက်စား ဒီဂျေအများအပြားနဲ့ တေးသံရှင်အမျာအပြားက မြူးကြွတဲ့သံစဉ်တွေဟစ်ကြွေးရင်း နှစ်သစ်ကူးမယ့် ပွဲလည်းရှိပါတယ်။

ဒါ့အပြင် ဦးဝိစာရ လမ်းက မိုင်ဒါကွင်းမှာလည်း Myanmar count down အစီအစဉ်ရှိပါတယ်။

ရဲရဲ
Popular Journal 

No comments:

Post a Comment