Thursday 31 December 2015

မြန်မာ-ထိုင်း အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက်တွင် သေဒဏ်ကျခံရသော မူးယစ်ဆေးဝါးတရားခံများသာပါဝင်

မြန်မာ-ထိုင်း နှစ်နိုင်ငံအကျဉ်း သားလဲလှယ်ရေး သဘောတူညီချက် တွင် သေဒဏ်ကျခံရသော မူးယစ် ဆေးဝါးတရားခံများသာ ပါဝင်ပြီးမှု ခင်းဆိုင်ရာတရားခံ အကျဉ်းသားလဲ လှယ်ရေး သဘောတူညီချက်မရှိသေး သောကြောင့် လိပ်ကျွန်းအမှုအတွက်နိုင်ငံ့ခေါင်းဆောင်အချင်းချင်း ညှိနှိုင်း ဖို့လိုအပ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနမှ သိရသည်။
''ထိုင်းနဲ့မြန်မာ အကျဉ်းသားလဲ လှယ်ရေးမှာ မူးယစ်ဆေးဝါးနဲ့ပတ် သက်တဲ့ တရားခံတွေလဲလှယ်ခေါ်ယူဖို့ သဘောတူထားတာရှိတယ်။ မှုခင်းပြစ်မှုတရားခံအတွက် သဘောတူထားတာတော့မရှိသေးဘူး။ မူးယစ်ဆေးဝါးအမှုတွေက သေဒဏ်တွေချည်းပဲ။ တစ်ကျွန်းတို့ ၁ဝနှစ်တို့လဲရှိတယ်။ မူး ယစ်ဆေးဝါးအမှုဆိုရင် ကိုယ့်နိုင်ငံက အကျဉ်းသားကို ပြန်ခေါ်ခွင့်ရှိတယ်။ အခုလိပ်ကျွန်းအမှုက လူသတ်မှုဆို တော့ ခက်ခဲနေတယ်။ ကိုယ့်နိုင်ငံ ခေါင်းဆောင်နဲ့ ထိုင်းနိုင်ငံက ခေါင်း ဆောင် သဘောတူရင် ပြန်လွှတ်ပေး နိုင်တယ်။ ကိုယ့်နိုင်ငံရဲ့ ခေါင်းဆောင်က
ဖိအားပေးဖို့လိုတယ်။ ထိုင်းဘုရင့်ဆီမှာ တောင်းဆိုတာတို့၊ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးမှာ တောင်းဆိုတာမျိုးတို့ လုပ်ဆောင်သင့်တယ်''ဟု မူးယစ် ဆေးဝါးအထိမ်းအမှတ်ပြတိုက်မှူး ရဲမှူးကြီးညီညီလင်းက ပြောသည်။
ယင်းမှုခင်းဖြစ်စဉ်အမှန် ပေါ် ပေါက်ရန် အာဆီယံနိုင်ငံများမှအကူအညီတောင်းခံရသည့် သမာသမတ်ကျသည့် ထိုင်းမှုခင်းဆရာဝန်အမျိုးသမီးအား အပ်နှံဆောင်ရွက်သင့် ကြောင်း သိရသည်။
''ထိုင်းမှုခင်းဆရာဝန် အမျိုး သမီးတစ်ဦးရှိတယ်။ သူကအရမ်းမှန် ကန်မှုရှိတဲ့အတွက် အာဆီယံနိုင်ငံတွေ က အကူအညီတောင်းယူရတယ်။ သူ့ကိုစစ်ဆေးခိုင်းသင့်တယ်။ သူက လိပ်ကျွန်းအမှုနဲ့ပတ်သက်လို့ ထိုင်းရဲ တွေကို လုပ်ရိုးလုပ်စဉ်အတိုင်းပဲလုပ် စေချင်တယ်။ ဖြစ်စေချင်လို့လုပ်နေ တာမျိုး မဖြစ်စေချင်ဘူးတဲ့။ ဒီကောင်လေးတွေကို သေဒဏ်ချလိုက်တာဟာ ထိုင်းနိုင်ငံတရားစီရင်ရေးက အဂတိ လိုက်စားမှုတွေရှိတယ်ဆိုတာ ကမ္ဘာ မှာပြလိုက်သလိုပဲလို့ ပြောသွားတယ်''ဟု ရဲမှူးက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ၏ အကျဉ်းသားလဲလှယ်ရေးဆိုင်ရာ သဘောတူညီချက်တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော်လည်း ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့နှင့် အကျဉ်းသားလဲလှယ်ရေးဆိုင်ရာ သဘောတူညီချက်များရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။
(Yangon Times Journal, 12-1)

No comments:

Post a Comment