Tuesday 29 December 2015

မုံရွာမြို့မသုသာန်တွင် အကျွတ်အလွတ်အမျှဝေပွဲ ပထမဆုံးအကြိမ် ကျင်းပ

မုံရွာမြို့မသုသာန်တွင် ဆရာတော်ကြီးများအား ဆွမ်းသွတ်၍ အကျွတ်အလွှတ် အမျှဝေပွဲ ကျင်းပနေစဉ် (ဓာတ်ပုံ - မျိုးမင်းဦး)
မုံရွာမြို့ စက်မှုဇုန်ရပ်ကွက် မြို့မသုသာန်တွင် ပထမအကြိမ် သံဃာတော်များအားပင့်ဖိတ်၍ ဆွမ်းသွတ်တရားနာ၍ အကျွတ် အလွတ် ဒါနပြုအမျှဝေပွဲကို ဒီဇင် ဘာ ၂၈ ရက်က မုံရွာမြို့ မြို့သု သာန်ဇရပ်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အကျွတ်အလွတ်အမျှဝေပွဲ ကို မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဦးဆောင်၍မြို့ပေါ်ရှိ အလှူရှင်များ စုပေါင်းလှူဒါန်းငွေ ကျပ်သုံးသိန်းရှစ်သောင်း အကုန်အကျခံ ကျင်းပခြင်းဖြစ်သည်။

‘‘အကြောင်းအမျိုးမျိုးကြောင့် အချို့သေဆုံးသူတွေဆိုရင် သရ ဏဂုံမတင်လိုက်ရတဲ့၊ ပိုင်ရှင်မဲ့ သဂြုင်္ိဟ်လိုက်ရတဲ့ သူတွေပါ တယ်။ ဒါကြောင့် မုံရွာမြို့ပေါ် က ဆရာတော်ကြီးတွေရဲ့ သြ၀ါဒနဲ့ အညီ ပထမဆုံးအကြိမ် ဆွမ်း သွတ်အမျှဝေတာပါ။ အရင်က ညပိုင်းအကျွတ်အလွတ်အမျှအ တန်းဝေဖို့ စီစဉ်ခဲ့ပေမယ့် ဗုဒ္ဓ ဘာသာဓလေ့ထုံးစံနဲ့အညီ ကျင်း ပဖို့ ဒီနေ့နံနက်ပိုင်းမှာ ပြောင်းလဲ ကျင်းပတာဖြစ်ပါတယ်’’ဟု မုံရွာ မြို့ စက်မှုဇုန်ရပ်ကွက်အုပ်ချုပ် ရေးမှူး ဦးစိုးဝင်းကပြောသည်။

မုံရွာမြို့ မြို့မသုသာန်အ တွင်း အကျွတ်အလွတ်အမျှဝေပွဲ သို့ မုံရွာမြို့ပေါ်ရှိ ရန်ကင်း၊ ဇော တိက၊ ဇမ္ဗူ့ရောင်ခြည်၊ သစ္စာ ရောင်ခြည်၊ ရွှေပေါ်ကျွန်း၊ မင်း ကျောင်း၊ ပညာဒီပံစသည့်ကျောင်း တိုက်များမှ ဆရာတော်ကြီး ၁၀ ပါးကိုပင့်ဖိတ်၍ ဆွမ်းနှင့်လှူဖွယ် ပစ္စည်းများ လှူဒါန်းခဲ့သည်။

‘‘မုံရွာမြို့မသုသာန်မှာ နှစ် ပေါင်း ၂၀ ကျော်အတွင်း ဆွမ်း သွတ်အမျှဝေတာ ပထမဆုံးအ ကြိမ်ပါ။ မုံရွာသူရိယာဝံသကျောင်း တိုက်ဆရာတော်ဦးဆောင်ပြီး ည နေပိုင်းမှာ အကျွတ်အလွတ် အမျှ ဝေကျင်းပတာတော့ ဒီနှစ်ရောဆို လေးကြိမ်မြောက်သွားပြီ။ ညပိုင်း မှာ အကျွတ်အလွတ်အမျှဝေပွဲ ကျင်းပတာတော့ မြို့မသုသာန် မှာ မရှိသေးပါဘူး’’ဟု မြို့မသုသာန်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မုံရွာမြို့ စက်မှုဇုန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဆောင်၍ မုံရွာ မြို့ မြို့မသုသာန်တွင် ဗုဒ္ဓဘာသာဓလေ့ထုံးစံနှင့်အညီ ဆရာတော်များအား ပင့်ဖိတ်၍ဆွမ်းသွတ် တရားနာ အကျွတ်အလွတ် အမျှ ဝေပွဲကို လာမည့်နှစ်တွင် ဆက် လက်ကျင်းပရန်စီစဉ်ထားသည် ဟု ဆိုသည်။

7Day Daily

No comments:

Post a Comment