Monday 28 March 2016

စတော့အိတ်ချိန်းပေါ်လာ၍အိမ်ခြံမြေဈေးကွက်ကျဆင်းလာမည်

မြန်မာနိုင်ငံ၌ စတော့ရှယ် ယာဈေးကွက်ကြီး ပေါ်ပေါက်လာ သဖြင့် အိမ်ခြံမြေဈေးကွက် ကျဆင်းလာနိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။
''စတော့အိတ်ချိန်းက စဖွင့်တဲ့ နေ့မှာပဲ ရှယ်ယာပေါင်း ၁၁ဝဝဝဝ ကျော် ရောင်းရတယ်ဆိုတော့ အတော်လေးအားရစရာ ကောင်း ပါတယ်။ အဲဒီနေ့မှာပဲ စတော့အိတ် ချိန်းအတွင်း စီးဝင်သွားတဲ့ ငွေကျပ် ၃ ဒသမ ၅ ဘီလီယံရှိပါတယ်။ ဒီလို စတော့အိတ်ချိန်းအတွင်း ပထမနေ့ မှာပဲ ဘီလီယံနဲ့ချီပြီး စီးဝင်လာ တယ်ဆိုတော့ နောက်ပိုင်းမှာ အိမ်ခြံမြေဈေးကွက်လည်း ကျဆင်း သွားနိုင်ပါတယ်။ စတော့အိတ်ချိန်း ရဲ့ အဓိကရည်ရွယ်ချက်ကလည်း ဒီကိစ္စတွေပါဝင်ပါတယ်။ စတော့ အိတ်ချိန်းက ရင်းနှီးမြှုပ်နှံ လိုသူတွေအတွက် ကျပ်တည်းမနေ တော့ဘဲ ရင်းနှီးမြှုပ်နှံဖို့ နေရာ တစ်ခုကို ဖန်တီးပေးလိုက်တာပါ'' ဟု ဒေါက်တာ မောင်မောင်သိမ်းက ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပ သော အခမ်းအနားတစ်ခုတွင် ပြောကြားသည်။
မြန်မာနိုင်ငံ၌ လွန်ခဲ့သော အနှစ် ၂ဝ ကျော်ကတည်းက ရှယ်ယာအရောင်းအဝယ်များ ရှိခဲ့ သော်လည်း တရားဝင်Regu- lated Market မှာ စတော့အိတ် ချိန်းဖွင့်လှစ်ပြီးနောက် ပေါ်ပေါက် လာခဲ့သည်။ မြန်မာနိုင်ငံ၌ စတော့အိတ်ချိန်းကို ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၉ ရက်က ဖွင့်လှစ်ခဲ့ပြီး ရှယ်ယာများကို မတ် ၂၅ ရက် ကစတင်၍ တရားဝင်လိုင်စင်ရListed ကုမ္ပဏီတစ်ခုဖြစ်သည့် FMI က ရှယ်ယာများ စတင်ထုတ်ရောင်း ခဲ့သည်။
ဧပြီလကုန်ပိုင်းတွင် Listed ကုမ္ပဏီတစ်ခုဖြစ်သည့် သီလဝါ ကုမ္ပဏီကလည်း ရှယ်ယာများစတင်ထုတ်ရောင်းသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းနောက်Listedကုမ္ပဏီခြောက်ခုအထိ တစ်ခုပြီး တစ်ခု ရှယ်ယာများထုတ်ရောင်း သွားရန် စီစဉ်လျက်ရှိသည်။

ရှယ်ယာရောင်းဝယ်ပြုလုပ်လို သူများအနေဖြင့် စတော့အိတ်ချိန်း သို့ တိုက်ရိုက်လာရောက်စရာ မလိုဘဲSecurities ကုမ္ပဏီများသို့ သွားရောက်ကာ ရှယ်ယာအရောင်း အဝယ်များ ပြုလုပ်ကြရသည်။ ယခုအခါ စတော့အိတ်ချိန်းအတွက်Securities ကုမ္ပဏီ ၁ဝခု အား လုပ် ပိုင်ခွင့်ပြုထားကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ ငွေကြေးရင်း နှီးမြှုပ်နှံလိုသူများအနေဖြင့် အိမ်ခြံ မြေအပြင် ရွှေနှင့်ဒေါ်လာတို့အပေါ် တွင်လည်း ရင်းနှီးမြှုပ်နှံလေ့ရှိကြ သည်။ ယခင်က ကားဈေးကွက်တွင် ရင်းနှီးမြှုပ်နှံကြသည်။ ကားတင် သွင်းသည့် မူဝါဒပြောင်းပြီး ကားဈေး များ ကျဆင်းလာကာ အိမ်ခြံမြေ ဈေးကွက်သို့ ပြောင်း၍ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လာကြသည်။ ယခုအခါ စတော့အိတ်ချိန်းမှာ ငွေကြေးရင်းနှီး မြှုပ်နှံ လုပ်ကိုင်လိုသူများအတွက် နေရာသစ်တစ်ခုအဖြစ် ပေါ်ပေါက် လာပြီဖြစ်၍ အိမ်ခြံမြေဈေးကွက်မှာ ကျဆင်းလာနိုင်ကြောင်း ပညာရှင် များက သုံးသပ်လျက်ရှိသည်။
မြ၀တီ

No comments:

Post a Comment