Thursday 31 December 2015

အလုပ်သမားငှားခမြင့်တက်လာ၍ ရှမ်းပြည်နယ်မြောက်ပိုင်း ကြက်သွန်ဖြူစိုက်တောင်သူများ အခက်တွေ့

ရှမ်းပြည်နယ်တွင် ကြက်သွန်ဖြူစိုက်တောင်သူများကို တွေ့ရစဉ် (ဓာတ်ပုံ - တင်ဦး)
ရှမ်းပြည်နယ်မြောက် ပိုင်းရှိ ကြက်သွန်ဖြူစိုက်တောင် သူများသည် အလုပ်သမားငှားရမ်းခဈေးမြင့်လာ၍ စိုက်ပျိုးမှုခက်ခဲနေကြောင်း ဒေသခံတောင်သူများက ပြောသည်။
‘‘ကြက်သွန်ဖြူဈေးက အ နည်းငယ်တက်လာတာဖြစ်ပေ မယ့် လုပ်အားခမြင့်တက်လာမှု တွေကြောင့် တောင်သူတွေအ တွက် ပိုပြီးအကျိုးအမြတ်ရှိလာ မယ်မထင်ပါဘူး’’ဟု လားရှိုးမြို့နယ် စုံကွယ်ရာနေ တောင်သူကိုအိုက်ထပ်ကပြောသည်။

ကြက်သွန်ဖြူကို စပါးရိတ် သိမ်းပြီးချိန် ဒီဇင်ဘာလဆန်းပိုင်း မှ စတင်ကာ စပါးစိုက်မြေတွင် သီးထပ်သီးနှံအ ဖြစ်အချိန်မီပြန်လည်စိုက်ပျိုးကြရခြင်းဖြစ်သည်။

‘‘အရင်က အလုပ်သမား တစ်ဦးငှားရမ်းခတစ်ရက်ကို ကျပ် သုံးထောင်ကျော်ရှိပေမယ့် လက် ရှိမှာ အလုပ်သမားတစ်ယောက် ကို အနည်းဆုံးတစ်ရက် ကျပ်ငါး ထောင်ကျော်ပေးပြီး ငှားရပါ တယ်။ စိုက်ပျိုးတာကျွမ်းကျင်တဲ့ အလုပ်သမားရနိုင်ဖို့ကလည်း အ ခက်အခဲရှိပါတယ်’’ဟု ကိုအိုက် ထပ်ကဆိုသည်။

ရှမ်းပြည်ဒေသထွက် ကြက် သွန်ဖြူကို တရုတ်နိုင်ငံမှ ၀င် ရောက်လာသော ကြက်သွန်ဖြူ ထက် လူကြိုက်များပြီး လက်ရှိတွင် ရှမ်းပြည်ဒေသထွက်ကြက် သွန်ဖြူတစ်ပိဿာလျှင် ၃,၀၀၀ထောင်ကျပ်ခန့်နှင့် တရုတ်ကြက်သွန်ဖြူတစ်ပိဿာလျှင် ၂,၈၀၀ခန့်ရှိကြောင်းသိရသည်။

‘‘တရုတ်ပြည်က လာတဲ့ ကြက်သွန်ဖြူက အရွယ်အစား ကြီးတာကြောင့် ထမင်းဆိုင်နဲ့ အ လွယ်သုံးချင်တဲ့သူတွေက တရုတ် ကြက်သွန်ဖြူကို အသုံးများကြပါ တယ်။ အသားငါး အညှီနံ့ပျောက် စေဖို့နဲ့ ဆေးဖက်လည်းဝင်၊ အနံ့ လည်းပြင်းတာကြောင့် ရှမ်းပြည် ထွက် ကြက်သွန်ဖြူကိုလည်း သုံး စွဲသူများပါတယ်’’ဟု ဒေသခံအိမ် ရှင်မတစ်ဦးကပြောသည်။

7Day Daily

No comments:

Post a Comment