Wednesday 30 December 2015

တောင်တွင်းကြီးတွင် အာဇာနည်ကြေးရုပ်များနှင့် ရင်ပြင်တည်ဆောက်မှု ၇၀ ရာခိုင်နှုန်းပြီးစီး

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ရှိ ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်အပါအ၀င် အာဇာနည် ကိုးဦးတို့၏ ကြေးရုပ် နှင့် အာဇာနည်ရင်ပြင် ပြုလုပ်ရန် တည်ဆောက်မှုအခြေအနေ ၇၀ ရာခိုင်နှုန်းပြီးမြောက်နေပြီဖြစ် ပြီး ဗိုလ်ချုပ်ကြေးရုပ်ကို ၂၀၁၆ ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖွင့် လှစ်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
အာဇာနည်ကြေးရုပ်များနှင့် အာဇာနည်ရင်ပြင်ကို တောင် တွင်းကြီးမြို့ ပန်းခြံအတွင်း ပြီးခဲ့ သည့် ဇူလိုင်က စတင်တည် ဆောက်နေပြီး ဗိုလ်ချုပ်မွေးနေ့ တွင် ဗိုလ်ချုပ်ကြေးရုပ်ကို စတင်ဖွင့်မည်ဖြစ်ကာ ကျန်အာဇာနည် ရှစ်ဦး၏ ကြေးရုပ်နှင့် အာဇာ နည်ရင်ပြင်ကို ၂၀၁၆ ဇူလိုင် ၁၉ ရက်(အာဇာနည်)နေ့တွင် ဖွင့် လှစ်ရန် စီစဉ်ထားကြောင်း ဗိုလ် ချုပ်ကြေးရုပ်နှင့် အာဇာနည်ရင် ပြင်ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးမြင့်အောင်က ပြောသည်။

‘‘ဗိုလ်ချုပ် အောင်ဆန်းနဲ့ ကျန်တဲ့ အာဇာနည် ရှစ်ဦးကိုပါ ကြေးသွန်းရုပ်ပြုလုပ်ပြီး အာဇာ နည်ရင်ပြင်အဖြစ် အမှတ်တရအ ထိမ်းအမှတ်လုပ်တာ မြန်မာနိုင်ငံ ဘယ်မှာမှ မရှိသေးဘူး။ ဒါကို တောင်တွင်းကြီးမြို့ကစပြီး အ သက်သွင်းလိုက်တာပါ’’ ဟု ဦးမြင့်အောင်က ပြောသည်။

ဗိုလ်ချုပ်ကြေးရုပ်၏ အမြင့် ၉ ပေ ရှိပြီး ကျန်အာဇာနည် ရှစ် ဦး၏ အမြင့် ၃ ပေစီရှိကြောင်း ဗိုလ်ချုပ်ကြေးရုပ်အတွက် ကြေး ပိဿာချိန် ၃၆၀ အသုံးပြု၍ ကျပ် ၁၃၅ သိန်းကုန်ကျပြီး အာဇာနည် ရှစ်ဦး၏ ကြေးရုပ်များမှာ တစ်ရုပ် လျှင် ကျပ်သိန်း ၄၀ ကုန်ကျကြောင်း ဖြစ်မြောက်ရေး ကော်မတီတာဝန် ရှိသူတစ်ဦးက ပြောသည်။

‘‘ကိုယ့်မြို့မှာ ဒီလိုမျိုးလုပ် မယ်ဆိုတော့ ပီတိဖြစ်ရတယ်။ ကြည်နူးမိတယ်။ တတ်နိုင်သ လောက် အလှူငွေတွေလည်း ထည့်ကြပါတယ်။ အနှောင့်အ ယှက်မရှိ အောင်မြင်ပါစေလို့ လည်း ဆုတောင်းပါတယ်’’ ဟု တောင်တွင်းကြီးဈေးမှ ဈေးသည် တစ်ဦးက ပြောသည်။

ဗိုလ်ချုပ်ကြေးရုပ်နှင့် အာ ဇာနည်ရင်ပြင်ဖြစ်မြောက်ရေးအ တွက် တောင်တွင်းကြီးမြို့နှင့် မြို့ နယ်အတွင်းရှိ ကျေးရွာများမှ အလှူခံရရှိသော ငွေဖြင့်ဆောင် ရွက်နေခြင်း ဖြစ်သည်။ ဗိုလ်ချုပ် ကြေးရုပ်ပြုလုပ်ရာတွင် အများ ပြည်သူ၏ အလှူငွေဖြင့်သာ ပြု လုပ်ခြင်းဖြစ်ပြီး ကျန်အာဇာနည် ရှစ်ဦး၏ ကြေးရုပ်များအား တစ် ဦးချင်း အလှူရှင်များလက်ခံထား ကြောင်း သိရသည်။

လက်ရှိတွင် အာဇာနည်ရင် ပြင်တည်ဆောက်ရေးလုပ်ငန်းအ တွက် အလှူငွေကျပ်သိန်းတစ် ရာကျော် လိုအပ်နေပြီး လှူဒါန်းလိုသူများ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းဖြစ်မြောက်ရေး ကော်မတီမှ သိရသည်။

7Day Daily

No comments:

Post a Comment