Thursday 31 December 2015

မြန်မာလုပ်သားနှစ်ဦးအတွက် မန္တလေးတောင်သူလယ်သမားအရေး ဆောင်ရွက်သူများ ဦးဆောင်ဆန္ဒထုတ်ဖော်

မန္တလေးမြို့တွင် ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ-ညီညီဇော်)
လိပ်ကျွန်းလူသတ်မှု တွင် သေဒဏ်ချမှတ်ခံရသည့် မြန်မာလုပ်သားနှစ်ဦးလွတ်မြောက် ရေးအတွက် မန္တလေးမြို့ရှိ တောင်သူလယ်သမားအရေးဆောင်ရွက် နေသူများ ဦးဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ချမ်းအေးသာစံမြို့နယ် ရဲ တပ်ဖွဲ့မှူးရုံးထံ ဆန္ဒထုတ်ဖော်ခွင့် တင်ကာ တရားဝင်ခွင့်ပြုချက်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး မူလက ပါဝင်မည့်လူဦးရေ ၅၀၀ ဟု ဖော်ပြထားသော်လည်း သံဃာတော်အချို့နှင့် လူဦးရေငါးဆယ်ကျော်သာ တွေ့ရသည်။

‘‘သူတို့ကလည်း မကျူးလွန် ဘဲနဲ့ တရားခံမဟုတ်ဘဲ ဓားစာခံ အဖြစ်နဲ့ သေဒဏ်ကြီးချမှတ်တာ ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသား တွေမှာ လုံးဝတာဝန်ရှိတယ်။ တ ကယ်လို့ အယူခံမှာလည်း မနိုင်ဘဲ နဲ့ အသတ်ခံလိုက်ရပြီဆို ကျွန် တော်တို့ အားလုံးအသတ်ခံရတာ နဲ့ အတူတူပဲ။ နောက်ပြီး မြန်မာ တွေက ဒီလိုပြစ်မှုမျိုး ကျူးလွန် တယ်ဆိုတာ အင်မတန်မှ ရာဇ၀င် ရိုင်းတယ်။ ဒီလိုမျိုးမဖြစ်အောင်၊ အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်’’ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူ တောင်သူလယ်သမားအရေး အလုပ်သမားအရေးလိုက်လံကူ ညီဆောင်ရွက်သူများအဖွဲ့ မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ကိုအေး သိန်းက ပြောသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် လိပ်ကျွန်းလူသတ်မှု တရားခံအစစ်အမှန်ပေါ်ပေါက်ရေးပြန်စစ်ပေးရန်၊ လူ့အခွင့်အရေးတန်းတူညီမျှမှုရှိရန်၊ ရွှေ့ပြောင်းအလုပ်သမားများဘ၀လုံခြုံရန်၊ ထိုင်း- မြန်မာချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်ရန်အချက်များကို ကြွေးကြော်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယခုပြဿနာသည် နိုင်ငံ တော်အကြီးအကဲများနှင့် သံရုံးဝန်ထမ်းများတွင် တာဝန်အရှိဆုံးဖြစ် ကြောင်း၊ မိမိတို့ နိုင်ငံသည် နှစ် ပေါင်းများစွာ ဖိနှိပ်မှုအောက်တွင် ရောက်ရှိနေသည့်အတွက် နိုင်ငံ သားများကို စော်ကားလိုက်သည်ဟု အောက်မေ့မိကြောင်း၊ ယခုဆန္ဒပြခြင်းသည် ထိုင်းပြည်သူ များအား ဆန္ဒထုတ်ဖော်ခြင်းမဟုတ်ဘဲ ၎င်းတို့အားလုံးသည် အာဆီယံညီအစ်ကိုများဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများကို ဖိနှိပ်ကာမတရားစီရင်ခဲ့ခြင်းအတွက် ကန့်ကွက်ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူ ဦးတိုးကြီးက ပြောသည်။

ဆန္ဒထုတ်ဖော်သူများသည် ကျောက်ဆည်၊ စဥ့်ကိုင်၊ မြစ်သား၊ပုသိမ်ကြီး၊ သပိတ်ကျင်း၊ စဥ့်ကူး၊ မတ္တရာတို့မှ တောင်သူလယ်သ မားများ ပါဝင်သည်ဟု ကိုအေးသိန်းက ဆိုသည်။ ထို့အပြင် ဆန္ဒထုတ်ဖော်ရုံသာမက ထိုင်းသံရုံး ထံသို့ ကန့်ကွက်ကြောင်း လက်မှတ်ထိုးများစုဆောင်းကာ စာပို့ မည်ဖြစ်ပြီး ဆန္ဒပြရာတွင် မပါဝင် သော်လည်း ပါဝင်လက်မှတ်ရေးထိုးကြရန် ကိုအေးသိန်းက တိုက်တွန်းခဲ့သည်။

7Day Daily

No comments:

Post a Comment