Tuesday 29 December 2015

မြန်မာနိုင်ငံသားနှစ်ဦးအား သေဒဏ်ချမှတ်ခြင်းအပေါ် ကန့်ကွက်ကြောင်း ဦးဆောင်ဆန္ဒပြသူနှစ်ဦး မလေးရှားတွင် ဖမ်းဆီးခံရ

မြန်မာနှစ်ဦးကို သေဒဏ်ချမှတ်ခြင်းအပေါ် ကန့်ကွက် ဆန္ဒထုတ်ဖော်နေသည့် မလေးရှားရောက်မြန်မာများ Photo: မလေးရှားရောက်မြန်မာများ ဖေ့စ်ဘွတ်ခ်
မြန်မာနှစ်ဦး ကို သေဒဏ်ချမှတ်ခြင်းအပေါ် ကန့် ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့် မလေးရှားရောက် မြန်မာများဆန္ဒ ထုတ်ဖော်ပွဲတားဆီးခံရပြီး ဦးဆောင် သူ မြန်မာနိုင်ငံသားနှစ်ဦး ဖမ်းဆီး ခံရကြောင်း သိရသည်။

ဒီဇင်ဘာ ၂၈ ရက် မလေးရှား စံတော်ချိန် ၁၁ နာရီအချိန်တွင် မလေး ရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ ဂျလန်း အမ်ပန်းပေါ်ရှိ ထိုင်းသံရုံးရှေ့သို့ လမ်း လျှောက်၍ ဆန္ဒထုတ်ဖော်ရန်သွား ရောက်စဉ် ထိုင်းသံရုံးနားမရောက်မီ တားဆီးခံခဲ့ရခြင်းဖြစ်ပြီး ဦးဆောင် တောင်းဆိုရန်သွားရောက်သူ နှစ်ဦး ကိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မလေး ရှားရောက် မြန်မာများလူမှုကွန်ရက် စာမျက်နှာနှင့် ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသားများ ထံမှ သိရသည်။

ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်ခဲ့ သည့် မြန်မာနိုင်ငံသားတစ်ဦးက ''ဆန္ဒပြ ဖို့အတွက် တရားဝင်ခွင့်ပြုမိန့်ရပြီး မှ မနေ့ကညပိုင်းက မလေးရှားရဲက ဆန္ဒမပြဖို့နဲ့ လူနှစ်ဦးပဲ သံရုံးထဲကိုဝင် ပြီး စာပေးခွင့်ပြုတော့မယ်ဆိုပြီး ပြော လာပါတယ်။ ဒါပေမဲ့ ပွဲစီစဉ်ပြီးတာက တစ်ကြောင်း၊ တချို့ဆိုရင် မလေးရှား နိုင်ငံ ကွာလာလမ်ပူမြို့နဲ့ဝေးတဲ့ ဒေသ တွေကတောင် အလုပ်ပျက်ခံပြီး ည အိပ်ကာရောက်လာကြတာမို့ ပွဲမဖျက် ဘဲဆက်လုပ်ခဲ့တယ်။ အဲဒီလိုလုပ်လို့ ဆိုပြီး ဦးဆောင်တဲ့သူနှစ်ဦးက အ ဖမ်းခံခဲ့ရတာပါ''ဟု ဖြစ်စဉ်နှင့်ပတ်သက်၍ ဒီမိုကရေစီတူဒေး၏ ဆက် သွယ်မေးမြန်းမှုကို ပြောသည်။

ထိုသို့ ဦးဆောင်တောင်းဆိုသူ နှစ်ဦးအဖမ်းခံခဲ့ရသော်လည်း ဆန္ဒပြ တောင်းဆိုသူများက ထိုင်းသံရုံးရှေ့သို့ ရောက်အောင် သွားကာ တောင်းဆို မှုကိုရအောင်လုပ်ဆောင်ခဲ့ကြောင်း၊ သို့ သော် မလေးရှားရဲများက ဦးဆောင် သူနှစ်ဦးမှလွဲ၍ ကျန်သူများကိုမူ တစ်စုံ တစ်ရာတားမြစ်ခြင်း ဖမ်းဆီးခြင်းမရှိ ကြောင်းလည်း သိရသည်။

ZCH
Democracytoday

No comments:

Post a Comment