Thursday 31 December 2015

ဝန်ကြီးဌာနများ၏အချက်အလက်များ အစိုးရထံ ဒီချုပ်တောင်းခံထား

အစိုးရသစ်လက် ထက်တွင် ဝန်ကြီးဌာနများကို ကိုင်တွယ်ရာ၌ အဆင်ပြေစေရန် ဝန်ကြီးဌာနများ၏ အချက်အလက် များကို အစိုးရအဖွဲ့ထံမှ တောင်း ခံထားကြောင်း အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဗဟိုအလုပ် အမှု ဆောင် ဦးဝင်းထိန်က ပြောသည်။
အာဏာလွှဲပြောင်းရေးလုပ် ငန်းစဉ်အတွက် အစိုးရကိုယ်စား လှယ်အဖွဲ့နှင့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်၏ အသွင်ကူး ပြောင်းရေးအဖွဲ့တို့ ပြီးခဲ့သည့်ရက်သတ္တပတ်က တွေ့ဆုံရာတွင် ဝန် ကြီးဌာနများ၏အချက်အလက် များကို တောင်းခံထားခြင်းဖြစ်သည် ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အသွင်ကူးပြောင်းရေးအဖွဲ့ခေါင်း ဆောင် ဦးဝင်းထိန်က ပြောသည်။

‘‘ဝန်ကြီးဌာနတွေရဲ့ဘဏ္ဍာ ရေး၊ ဝန်ထမ်းအင်အားနဲ့စီမံကိန်း အချက်အလက်တွေကို ပေးဖို့အ တွက် တောင်းထားတယ်။ အခု တော့ မရသေးဘူး’’ဟု ၎င်းက ပြောသည်။ ဒီဇင်ဘာ ၂၂ ရက်က နေပြည်တော်တွင် အစိုးရကိုယ်စားလှယ် အဖွဲ့နှင့်အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်၏အသွင်ကူးပြောင်းရေးအ ဖွဲ့တို့ တစ်နာရီခန့် တွေ့ဆုံဆွေး နွေးရာတွင် ဝန်ကြီးဌာနများ စနစ်တကျ လွှဲပြောင်းပေးရေးကို ထည့်သွင်းဆွေးနွေးခဲ့သည်။

အစိုးရ၏ကိုယ်စားလှယ်အ ဖွဲ့နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏အသွင်ကူးပြောင်းရေးအဖွဲ့ တို့သည် တစ်ပတ်လျှင် အနည်း ဆုံး သုံးကြိမ်တွေ့ဆုံရန်သဘောတူထားပြီး ဒီဇင်ဘာ ၂၂ ရက်က တွေ့ဆုံမှုပြုလုပ်ထားခြင်း ဖြစ်ကာ ထပ်မံတွေ့ဆုံမည့်ရက်ကိုမူ မသိရှိရသေးကြောင်း ဦးဝင်းထိန်က ပြောသည်။

လက်ရှိအချိန်တွင် ဝန်ကြီး ဌာနများကို နောက်တက်လာမည့် အစိုးရသစ်ထံ စနစ်တကျ လွှဲ ပြောင်းပေးရန် သမ္မတရုံး ပြည် ထောင်စုဝန်ကြီး ဦးလှထွန်းနှင့် ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်း အတွင်းဝန်များသည် ဒီဇင်ဘာ ၂၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။ လက်ရှိအစိုးရ၏ ငါးနှစ်တာ သက်တမ်းသည် ၂၀၁၆ မတ်လ ၃၀ ရက်တွင် ကုန်ဆုံးတော့မည် ဖြစ်သည်။

7Day Daily

No comments:

Post a Comment