Tuesday 29 December 2015

အမေရိကန်ပြည်ထောင်စုတွင် မုန်တိုင်းများ တိုက်ခတ်ပြီးသည့်နောက် ရာသီဥတုအခြေအနေ ဆက်လက် ဆိုးရွားနေ

လေဆင်နှာမောင်းများ နှင့် ရေကြီးမှုများကြောင့် လူဒါဇင်ပေါင်းများစွာကို သေဆုံးစေခဲ့သော ကြမ်းတမ်းသော ရာသီဥတုများသည် အမေရိကန်ပြည်ထောင်စုတွင် ဒီဇင်ဘာ ၂၈ အထိ ဆက်လက်ဖြစ်ပွားနေပြီး နိုင်ငံတစ်ဝန်း နှင်းများထူထပ်စွာ ကျဆင်းခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ ဆက်လက်ဖြစ်ပေါ်လျှက်ရှိသည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်ရက်များတွင် ပြင်းထန်သော ရာသီဥတုကြောင်း အနည်းဆုံး လူ ၄၄ ဦး သေဆုံးခဲ့ရသည်။ ပြီးခဲ့သည့် တနင်္လာနေ့တွင် မိန်းပြည်နယ်နှင့် တက္ကဆက်ပြည်နယ်အထိ ပြည်နယ် ၂၀ ကျော်တွင် အင်အားပြင်း မုန်တိုင်းသတိပေးချက်များ ထုတ်ပြန်ထားရသည်။ လေကြောင်းခရီးစဉ် ၂၁၀၀ ခန့်ကို ဖျက်သိမ်းထားရပြီး တနင်္လာနေ့တွင် အခြားခရီးစဉ် ၃၇၀၀ ခန့်ကို ရွှေ့ဆိုင်းထားရသည်။

Ref: CNA
Democracytoday

No comments:

Post a Comment