Thursday 31 December 2015

လူငယ်များအတွက် အချိန်ပိုင်းအလုပ်အကိုင် အခွင့်အလမ်းနည်းပါးနေ

ပြည်ပနိုင်ငံများနည်းတူ အချိန်ပိုင်းအလုပ်အကိုင်အတွက် တောင်းဆိုမှုများ ပြည်တွင်း၌ များပြားနေသော်လည်း ခေါ်ယူမှုပိုင်း နည်းပါးနေကြောင်း အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက် work.com.mm က သတင်းထုတ်ပြန်သည်။
ပြည်တွင်း၌ အချိန်ပိုင်းအလုပ်အကိုင်ခန့်အပ်မှုသည် ရာခိုင် နှုန်းအားဖြင့် နည်းပါးနေပြီး စာရင်းကိုင်၊ အိုင်တီ၊ ဘာသာပြန်နှင့် ပညာသင်ကြားရေးဆိုင်ရာလုပ်ငန်းများတွင် အချိန်ပိုင်းအလုပ်ခေါ်ယူမှုအနည်းငယ်သာရှိကြောင်း အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက် work.com.mm ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

‘‘အချိန်ပိုင်းအလုပ်ရှာဖွေချင်တဲ့ ပမာဏနဲ့ ရရှိနိုင်တဲ့အခွင့် အရေးအချိုးအစားက မညီမျှသေးဘူး’’ဟု work.com.mm လူမှု ဆက်ဆံရေးမန်နေဂျာ မဇင်မာသက်မွန်က ပြောသည်။

လက်ရှိတွင် အချိန်ပိုင်းအလုပ် ခေါ်ယူရန် ပြည်ပအခြေစိုက်လုပ် ငန်းများ၌သာ ကမ်းလှမ်းမှုရှိနေကြောင်း work.com.mm ထုတ်ပြန်ချက်တွင် ပါရှိသည်။ အလုပ်ချိန် ရှစ်နာရီသတ်မှတ်ချက်အတိုင်း အတိအကျလိုက်နာပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းများအရှိန်အဟုန်မြင့်လာမှုနှင့် ပြည်ပအခြေစိုက်ရင်းနှီးမြှုပ်နှံမှု ယခုထက်ပိုမိုဝင်ရောက်လာပါက အချိန်ပိုင်းအလုပ်ခေါ်ယူမှုမြင့် တက်လာမည်ဟု ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီများက ခန့်မှန်းထားသည်။

ads.com.mm, house.com.mm, motors.com.mm စသည့် ဂျာမနီအခြေစိုက်အွန်လိုင်းကုမ္ပဏီများတွင် ဆိုရှယ်မီဒီယာ၊ Content Developer နှင့် အလုပ်သင်များအတွက် အချိန်ပိုင်းဝန်ထမ်းခေါ်ယူခန့်အပ်မှုရှိကြောင်း သိရသည်။

ဘွဲ့ကြိုကျောင်းသားများအတွက် ကျောင်းတက်ရင်း တစ်ဖက်တစ်လမ်းမှ ၀င်ငွေရှာဖွေနိုင်မည့် အချိန်ပိုင်းအလုပ်အကိုင်များစွာ ဖန်တီးပေးရန်လိုအပ်နေပြီး အချိန်ယူလုပ်ဆောင်ဖြေရှင်းမှသာ ပြေလည်မည်ဖြစ်ကြောင်း work.com.mm က သုံးသပ်သည်။

7Day Daily

No comments:

Post a Comment