Thursday 31 December 2015

မြောက်အမေရိကတွင် ၄၅ ရက်အတွင်း LG V 10 စမတ်ဖုန်း ၄၅၀,၀၀၀ ရောင်းချရ


မြောက်အမေရိကတွင် V10 စမတ်ဖုန်းကို မိတ်ဆက်ပြီးနောက် ၄၅ ရက်အတွင်း အလုံးရေ ၄၅၀,၀၀၀ ရောင်းချခဲ့ရကြောင်း LG ကုမ္ပဏီက ကြေညာသည်။ ယင်းအရေအတွက်မှာ မြောက်အမေရိကတွင် LG ကုမ္ပဏီ၏ V10 စမတ်ဖုန်းများ နေ့စဉ် အလုံးရေ ၁၀,၀၀၀ ရောင်းချနေရသည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။
LG ကုမ္ပဏီက V10 စမတ်ဖုန်းရောင်းအားကောင်းခြင်းကို ဂုဏ်ယူဝမ်းမြောက်နေကြောင်း သိရသည်။

LG ကုမ္ပဏီက ၎င်းတို့၏စမတ်ဖုန်းများ အမေရိကန်ဈေးကွက်တွင် ရောင်းအားကောင်းလာစေရေး မျက်နှာပြင်အကျယ် ၅ ဒသမ ၇ လက်မအထိ(သို့မဟုတ်) နိုဝင်ဘာအတွင်းက မျက်နှာပြင်အရွယ်အစားကို ၂၆ ရာခိုင်နှုန်းမှ ၃၅ ဒသမ ၇ ရာခိုင်နှုန်းအထိ တိုး၍ ထုတ်လုပ်ခဲ့သည်။
V10 စမတ်ဖုန်းသည် အမေရိကန်လူငယ်များကြား ရေပန်းအစားဆုံးဖြစ်နေသော်လည်း မြို့ကြီးများတွင် ရုံးလုပ်ငန်းများ၌ လုပ်ကိုင်သော အလုပ်သမားများစွာလည်း V10 စမတ်ဖုန်းများ ဝယ်ယူအသုံးပြုနေကြကြောင်း သိရသည်။
V10 စမတ်ဖုန်းသည် ၁၉၂ ဂရမ်လေးပြီး Nano ဆင်းမ်ကတ် အသုံးပြုနိုင်သည့် Operating System အနေဖြင့် Andriod 5.1.1 (Lollipop)သုံးထားသည့် အသေးစားမှတ်ဉာဏ်ကတ်ထည့်သုံးနိုင်ပြီး ၂၀၀ GB အထိ တိုးမြှင့်နိုင်မည်ဖြစ်သည်။
နောက်ကင်မရာမှာ 16 MP ရှိပြီး ရှေ့ကင်မရာမှာ 5 MP ရှိ သည်။ အာရုံခံစနစ်များအနေဖြင့် လက်ဗွေရာမှတ်သားနိုင်သော စနစ်၊ အမြန်နှုန်းတိုင်းတာမှုစနစ်၊ သံလိုက်အိမ်မြှောင်စနစ်တို့ပါဝင်ပြီး မိနစ် ၄၀ အတွင်း ဘက်ထရီ ၅၀ ရာခိုင်နှုန်းကျော် အားသွင်းနိုင်သည်။ အရောင်များအနေဖြင့် အနက်၊ အဖြူ၊ အညိုဖျော့ရောင်၊ အပြာရောင်(နှစ်မျိုး) ထုတ်လုပ်ထားသည်။

Ref: GSM Arena
7Day Daily

No comments:

Post a Comment