Wednesday 30 December 2015

လိပ်ကျွန်းလူသတ်မှု သေဒဏ်ကျခံ မြန်မာနှစ်ဦးအတွက် လိုအပ်သည့်အကူအညီပေးမည်ဟု ဦးဇော်ဇော်ပြော

ဦးဇော်ဇော်နှင့် မြန်မာသံရုံးအဖွဲ့တာဝန်ရှိသူများ တွေ့ဆုံနေစဉ် (ဓာတ်ပုံ-ကိုရဲ)
လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ လိုအပ်သည့်အကူအ ညီများပေးအပ်သွားမည်ဖြစ် ကြောင်း မက်စ်ကုမ္ပဏီနှင့် ဧရာဝ တီဘဏ်ပိုင်ရှင် ဦးဇော်ဇော်က ပြောကြားလိုက်ကြောင်း သတင်း ရရှိသည်။
လိပ်ကျွန်းလူသတ်မှုအား ကူညီဆောင်ရွက်ပေးနေသော မြန်မာသံရုံးအထူးအဖွဲ့မှ ဦးထူး ချစ် ရန်ကုန်မြို့သို့ရောက်ရှိလာ စဉ် ဦးဇော်ဇော်က ဒီဇင်ဘာ ၂၉ ရက်တွင် တွေ့ဆုံပြီး အထက်ပါ အတိုင်း ပြောကြားခြင်းဖြစ် ကြောင်း ဦးထူးချစ်က ပြောသည်။

‘‘သူ့အနေနဲ့ လိပ်ကျွန်းလူ သတ်မှုကို စိတ်ဝင်စားတယ်ပေါ့။ နောက်ပြီး ရနောင်းလူသတ်မှုက စွပ်စွဲခံထားရတဲ့ မြန်မာလုပ်သား တွေအကြောင်းလည်း စိတ်ဝင် စားတယ်ပြောပါတယ်။ သူက ထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းလုပ် သားတွေအရေးကို အကုန်စိတ် ဝင်စားတယ်ပေါ့။ နောက်ပြီး လို အပ်တဲ့ အကူအညီတွေပေးမယ် လို့ ပြောပါတယ်’’ဟု ဦးထူးချစ်က ပြောသည်။

လိပ်ကျွန်းလူသတ်မှုနှင့်ပတ် သက်၍ ပိုမိုကောင်းမွန်သော ဖြေ ရှင်းနည်းများရှာဖွေရန် တရားရုံး (သို့မဟုတ်)သက်ဆိုင်သူထံ အယူခံဝင်ပေးကြရန် ထိုင်းကက်သလစ် ဘုန်းတော်ကြီးများညီလာခံဥက္ကဋ္ဌ ထိုင်းနိုင်ငံဆိုင်ရာ ဗာတီကန်ကိုယ် စားလှယ် ကာဒီနယ်၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ပုပ်ရဟန်းမင်းကြီး၏ တမန်တော်သုံးဦးထံသို့ မြန်မာနိုင် ငံမှ ပုပ်ရဟန်းမင်းကြီး အမတ် ကာဒီနယ်ချားလ်စ်ဘိုက တောင်း ဆိုစာများပေးပို့ခဲ့သည်။

ကာဒီနယ်ချားလ်စ်ဘိုသည် ဒီဇင်ဘာ ၂၆ ရက်က မြန်မာနိုင်ငံ လုံးဆိုင်ရာ ပုပ်ရဟန်းမင်းကြီး၏ တမန်တော် ဘုန်းတော်ကြီး Paul Tschang In-Nam ၊ ထိုင်းနိုင်ငံ ဆိုင်ရာ ရာဗာတီကန်ကိုယ်စား လှယ် ကာဒီနယ် Francis Xavier Kriengsak Kovithavanij နှင့် ထိုင်းကက်သလစ်ဘုန်းတော်ကြီး များညီလာခံဥက္ကဋ္ဌ Louis Cham-niern Santisukniran တို့သို့ ပေးပို့တောင်းဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာလုပ်သားနှစ်ဦးအရေး နှင့်ပတ်သက်၍ ပြည်တွင်း၌ နေ ရာအနှံ့အပြားတွင် ကန့်ကွက်ဆန္ဒ ပြတောင်းဆိုနေကြသည်။ ထို့အ တူ မလေးရှား၊ ကိုရီးယားအပါအ ဝင် ပြည်ပနိုင်ငံများသို့ ရောက်ရှိ နေသော မြန်မာများကလည်း မြန် မာလုပ်သားနှစ်ဦးအရေး ဆန္ဒပြ တောင်းဆိုလျက်ရှိသည်။

7Day Daily

No comments:

Post a Comment