Wednesday 30 December 2015

၂၀၁၆ ခုနှစ်အထိ အပြင်းထန်ဆုံး အယ်လ်နီညိုရာသီဥတု ဆက်လက်ဖြစ်ပွားနေဦးမည်

၂၀၁၆ ခုနှစ်တွင် မှတ်တမ်း၌ အပြင်းထန်ဆုံး အယ်လ်နီညို ကြောင့် လူဆယ်သန်းခန့် ငတ်မွတ်ခေါင်းပါးမှုနှင့် ရောဂါဝေဒနာများ တိုးမြင့်ခံစားရနိုင်ဖွယ်ရှိကြောင်း အကူအညီပေးရေး အေဂျင်စီများက ပြောသည်။ အစွန်းရောက် ရာသီဥတုဖြစ်စဉ်ကြောင့် အချို့ဒေသများတွင် မိုးခေါင်မှုနှင့် အချို့ဒေသများတွင် ရေကြီးမှုများ မြင့်တက်လာနိုင်စေသည်။
လာမည့် ဖေဖော်ဝါရီလတွင် အာဖရိကတိုက်၌ အစာရေစာပြတ်လပ်သည်အထိ ထိခိုက်မှုအချို့ရှိနိုင်သည်။ ကာရေဘီယံ၊ အလယ်ပိုင်းနှင့် တောင်အမေရိကဒေသများ အပါအ၀င်ဒေသများတွင် နောက် ၆ လတွင် ရိုက်ခတ်မှုတစ်ချို့ရှိနိုင်သည်ဟုဆိုသည်။ ယင်းကဲ့သို့ ဖြစ်လေ့ဖြစ်ထရှိသော အစွန်းရောက်ဖြစ်စဉ်ကြောင်း ကမ္ဘာ့အပူချိန်မြင့်တက်လာသည့်အပြင် ရာသီဥတုယန္တရားကိုပါ နှောက်ယှက်မှုများ ရှိခဲ့သည့်အတွက် ၂၀၁၅ ခုနှစ်သည် ကမ္ဘာ့အပူဆုံးနှစ် ဖြစ်သည်အထိ စံချိန်တင်ခဲ့သည်။

Ref: BBC

No comments:

Post a Comment