Tuesday 29 December 2015

တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ထိုင်း-မြန်မာနှစ်နိုင်ငံ အစိုးရအမြန်ဆုံး တွေ့ဆုံဆွေးနွေးရန် မြန်မာအစိုးရ တောင်းဆို

ထိုင်းနိုင်ငံရှိ တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သားများအရေး ထိုင်း-မြန်မာနှစ်နိုင်ငံအစိုးရ တွေ့ ဆုံဆွေးနွေးရန်အမြန်ဆုံးလုပ်ဆောင်ပေးရေးမြန်မာအစိုးရမှ တောင်းဆိုထားကြောင်းသိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုကို ထိုင်းနိုင်ငံဘက်မှ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ဒုတိယပတ်အတွင်း လုပ်ဆောင် ပေးမည်ဟုဆိုထားပြီး မြန်မာအစိုးရ ဘက်မှဇန်နဝါရီ ၅ ရက်မှ ၈ ရက်နေ့ အတွင်း တွေ့ဆုံဆွေးနွေးရန်တောင်း ဆိုထားကြောင်း အလုပ်သမားဝန်ကြီး ဌာနအမြဲတမ်းအတွင်းဝန်ဦးမျိုးအောင် ကဒီမိုကရေစီတူဒေးသို့ ဒီဇင်ဘာလ ၂၈ ရက်နေ့ကပြောသည်။

''တွေ့ဆုံဆွေးနွေးဖို့ကို ထိုင်းနိုင် ငံဘက်က ဇန်နဝါရီဒုတိယအပတ်တွေ့ မယ်ပဲပြောတယ်။ ရက်အတိအကျ မပြောလို့ တို့ဘက်က ၅ ရက်နေ့ဒါမှ မဟုတ် ၈ ရက်နေ့ထက် မကျော်ဖို့ တောင်းဆိုထားတယ်။ ဒီဆွေးနွေးပွဲ မှာ ဘာတွေအဓိက ဆွေးနွေးမလဲ ဆိုရင် အဓိကအကြောင်းအရာ ရှစ်ခု ပေါ်မူတည်ပြီး ဆွေးနွေးသွားမယ်'' ဟု အမြဲတမ်းအတွင်းဝန်ဦးမျိုးအောင် ကပြောသည်။

အဓိကထားဆွေးနွေးမည့် ရှစ်ခု တွင်လည်း ထိုင်းနိုင်ငံအတွင်း ယာ ယီနေထိုင်ခွင့်ကတ်(ခေါ်) TR38 ကတ်ကိုင် မြန်မာလုပ်သားများကို နိုင်ငံသားစိစစ်ကာ သာမန်နိုင်ငံကူး လက်မှတ်ထုတ်ပေးရေး၊ ဗီဇာသက် တမ်းပြည့်လုပ်သားများအတွက်နှစ် နိုင်ငံရှေ့ဆက်လုပ်ဆောင်ရမည့်လုပ် ငန်းစဉ်များ၊ အစရှိသည့်အချက်များကိုလည်း ပါဝင်ဆွေးနွေးသွား မည် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
ဗီဇာသက်တမ်းကုန်သူများ အ နေဖြင့်လည်း မြန်မာနိုင်ငံသို့ ပြန် လာရမည်ဖြစ်သော်လည်း အလုပ်သ မားအများစုအနေဖြင့် ထိုင်းနိုင်ငံတွင် လုပ်ပေးမည်ဟုဆိုသည့် နှစ်နိုင်ငံအ စိုးရအစီအစဉ်ကို စောင့်ဆိုင်းရင်းဖြင့် သက်တမ်းကုန်သွားကြသူများဖြစ် ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ပညာ ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED ဒါရိုက်တာဦးထူးချစ်က ဒီ ဇင်ဘာလ ၂၈ ရက်နေ့က ဒီမိုကရေ စီတူဒေး၏ မေးမြန်းမှုကိုပြောသည်။

''ပြီးခဲ့တဲ့လလောက်က ထိုင်း အစိုးရက ယာယီနေထိုင်ခွင့်ကတ်ထုတ်ပေး ဖို့ပြင်ဆင်နေတယ်လို့ ထုတ် ပြန်ခဲ့တော့ အလုပ်သမားအများစုက သက်တမ်းတိုးပေးနိုးနိုးနဲ့စောင့်ရင်း သက်တမ်းကုန်သွားကြတာဖြစ်ပါ တယ်။ အခုဆိုရင် ထောင်ပေါင်းများ စွာသော အလုပ်သမားတွေ သက်တမ်း ကုန်ပြီး တရားမဝင်အလုပ်သမားတွေ များသထက်များလာပါပြီ။ အဓိက က တော့ ငွေကြေးအခက်အခဲရှိလို့မြန်မာပြည်ကို မပြန်တာလို့ထင်ပါတယ်'' ဟု ဦးထူးချစ်က ခန့်မှန်းပြောဆိုသည်။
တရားမဝင်အလုပ်သမားဖြစ်ပါ က မြန်မာနိုင်ငံသို့ပြန်ရန် ကုန်ကျစရိတ် ကြီးမြင့်ပြီး ပြန်ရန်မလွယ်ကူကြောင်း ဦးထူးချစ်က ဖြည့်စွက်ပြောသည်။

ထိုင်းနိုင်ငံ မဟာချိုင်တွင် အ လုပ်လုပ်ကိုင်နေသည့် မြန်မာလုပ် သား ကိုစောမြတ်ချိုက ''ဗီဇာသက် တမ်းပြည့်ရဲ့နဲ့ ဘာကြောင့်မပြန် လဲဆိုရင် စီးပွားရေးအဆင်မပြေ ကြလို့ပါ။ ပြီးတော့ ပြန်ချင်သော်လည်း မြန်မာ နိုင်ငံကို ရောက်ရင်ဘာလုပ် စားရမလဲဆိုတာလည်း မရေရာ ဘူး။ ပြီးတော့ဒီမှာသက်တမ်းတိုးဖို့ လုပ်ပေးတာတွေတော့ရှိတယ်။ ဒါပေမဲ့ ပွဲစားနဲ့လုပ်မှရတယ်''ဟု ပြောသည်။

ပွဲစားဖြင့် သက်တမ်းတိုးပါက ပတ်စ်ပို့၊ ဗီဇာနှင့် အလုပ်လုပ်ခွင့် ပါမစ်ရရှိရန် စုစုပေါင်းအနည်းဆုံး ကုန်ကျငွေသည် ဘတ် ၃၅၀ဝမှ ဘတ် ၈၀၀၀ ကျော်အထိ ကုန်ကျနိုင်ပြီး သက်တမ်းနှစ်နှစ်သာရရှိကြောင်းပွဲ စားနှင့်မရင်းနှီးသူဆိုပါက ပြုလုပ်ခ ဈေးနှုန်းသည်ပွဲစားများ၏ ပါးစပ်အ တွင်း၌သာရှိကြောင်း ကိုစောမြတ်ချိုကဆိုသည်။

ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်း ကုန်လုပ်သားများနှင့် လာမည့် ၂၀၁၆ ခုနှစ်မတ်လတွင် သက်တမ်းကုန်တော့ မည့် လုပ်သားစုစုပေါင်း နှစ်သန်းခန့် ရှိနေပြီး ထိုင်းအစိုးရမှ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ထိုင်းနိုင်ငံအတွင်း ဗီဇာရက် ၉၀ ကျော်လွန်၍သက်ဆိုင် ရာဌာနသို့ လာရောက်အပ်နှံပါက အမိနိုင်ငံသို့ပြန်ပို့ပြီးသည့်နောက် တစ်နှစ်အတွင်းထိုင်းနိုင်ငံသို့ပြန်ဝင် လာခွင့်မပြု၊ ဗီဇာတစ်နှစ်ကျော်လွန် နေထိုင်၍ အပ်နှံပါကထိုင်းပြည်ဝင် ခွင့်သုံးနှစ်၊ ဗီဇာသုံးနှစ်ကျော်လွန် နေထိုင်ပြီး အပ်နှံပါကထိုင်းပြည်ဝင် ခွင့် ငါးနှစ်၊ ဗီဇာသက်တမ်းငါးနှစ် ကျော်နေထိုင်ပြီး အပ်နှံပါကပြည် ဝင်ခွင့် လုံးဝပိတ်သိမ်းသွားမည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

ယင်းအပြင် ဗီဇာတစ်နှစ်ကျော် လွန်နေထိုင်ပြီးသက်ဆိုင်ရာ ဌာနသို့ လာရောက်အပ်နှံခြင်းမရှိဘဲ တာဝန်ရှိသူများမှ ဖမ်းဆီးရမိပါက ပြည်ဝင်ခွင့် ငါးနှစ်ပိတ်မည်ဖြစ်ပြီး၊ တစ်နှစ်အထက်ကျော်လွန်၍ နေထိုင် ပြီး သက်ဆိုင်ရာဌာနသို့ လာရောက် မအပ်နှံဘဲတာဝန်ရှိသူများမှဖမ်းဆီး ရမိပါက ပြည်ဝင်ခွင့်ကို ၁၀ နှစ်ပိတ် သွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီး ချုပ်ပရာယွတ်ချန်အိုချာနှင့်ထိုင်းပြည် ထဲရေးဝန်ကြီး အနုဖုံဖောင်ကျင်ဒါ တို့မှ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။

ZCH
‪‎Democracytoday‬

No comments:

Post a Comment