Saturday 26 July 2014

ကျောင်းသားများ စာမေးပွဲကို အလွတ်ကျက်မှတ်ဖြေဆိုနေရခြင်းမှာ အထက်ညွှန်ကြားချက်များကို ဆရာများ သေချာနားမလည်ခြင်းကြောင့်ဟုဆို

ကျာင်းသားများ အလွတ် ကျက်မှတ်သည့် စာမေးပွဲစနစ်အတိုင်း သာဖြေဆိုနေရခြင်းမှာ ဆရာများက အထက်မှညွှန်ကြားချက်များကို နားမ လည်ခြင်းကြောင့်ဟု ပညာရေးအရာရှိ အချို့ကပြောသည်။
ပညာရေးဝန်ကြီးဌာနမှ ကျောင်းသားများသင်ယူသော သင်ခန်းစာ စစ် ဆေးခြင်းကို စာမေးပွဲစနစ်အစား တတ် မြောက်မှု အကဲဖြတ်သည့် ပုံစံမျိုးကို ပြု လုပ်ရန် ညွှန်ကြားထားသော်လည်း ဆရာများကအရိုးစွဲနေ သည့် စာမေးပွဲ စနစ်များအတိုင်းသာ ပြုလုပ်နေသည့် အတွက် ဆရာများနှင့် ကျောင်းသားများ ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း သိရသည်။''လမ်းညွှန်ထားတာက စာမေး ပွဲပုံစံမဟုတ်သော တတ်မြောက်မှုကို အကဲဖြတ်ရမယ်လို့ ညွှန်ကြားပေမယ့် ဆရာတွေကမေးခွန်းတွေထုတ်ပြီး စာ မေးပွဲပုံစံတွေပဲ လုပ်နေကြတယ်။ အမှန် က သင်ခန်းစာ သင်နေရင်းနဲ့ပဲ ကျောင်း သားနဲ့ဆရာက စာမေးပွဲမဆန်သော တတ်မြောက်မှုအတွက် အကဲဖြတ်ရ မှာပါ။ ဒါဆိုရင်ဆရာတွေလဲ အရည် အချင်းတွေပြည့်လာမယ်။ ကျောင်းသား တွေလဲ ဝန်ထုပ်ဝန်ပိုး မဖြစ်တော့ဘူး ပေါ့။ အခုဟာက စာမေးပွဲတွေနဲ့ ကျောင်း သားတွေပိနေတယ်လို့ ဝေဖန်တာတွေ ခံနေကြရတယ်'' ဟု အမှတ်(၁)အခြေခံ ပညာဦးစီးဌာနမှ ဦးစီးအရာရှိဦးငွေ တိုးကပြောသည်။
ပညာရေးဝန်ကြီးဌာနမှ ကျောင်း သားများ တတ်မြောက်မှုစစ်ဆေးခြင်း ကို နိုင်ငံတကာစံနှုန်းများကဲ့သို့ဖြစ်စေ ရန်အတွက် တစ်နှစ်လျှင်တတ်မြောက် မှုစစ်ဆေးခြင်းကို အနည်းဆုံးခုနစ် ကြိမ်ပြုလုပ်ရန် လမ်းညွှန်မှာကြား ထား ကြောင်း သိရသည်။
''ကျောင်းသားတွေအတွက် စာ မေးပွဲတွေများတယ်ဆိုတာက အရင်စ နစ်အတိုင်းကို ပြန်ကြည့်ပြီးပြောနေကြ လို့ပါ။ အရင်က ပထမအစမ်း၊ ဒုတိယ အစမ်း၊ အစစ်ကြီးအစမ်းဆိုပြီး လုပ်ခဲ့ကြ တော့ အခုအခြေအနေနဲ့ဆိုရင်များတာ ပေါ့။ ဒါပေမဲ့ အခုဟာ ကတတ်မြောက် မှုကိုအကဲဖြတ်တာ၊ စာမေးပွဲစစ်တာ မဟုတ်ဘူး။ စစ်တဲ့နေရာမှာ နည်းအ မျိုးမျိုးသုံးပြီးစစ်လို့ရတယ်။ ဒါကိုဆရာ တွေကမေးခွန်းတွေထုတ်ပြီး စစ်ကြ တော့နည်းလမ်းတွေက လွဲကုန်တာ''ဟု ဗဟန်းပညာရေးမှူးရုံးမှ လက် ထောက်ပညာရေးမှူးကပြောသည်။
တတ်မြောက်မှုအကဲဖြတ် စစ် ဆေးခြင်းကို တစ်လလျှင်တစ်ကြိမ်ပြု လုပ်ပြီး ပထမနှစ်ဝက်အတွက် တတ် မြောက် မှုအကဲဖြတ်ခြင်းကို အောက်တိုဘာလ ကုန်တွင်ပြုလုပ်ကြောင်း၊ ယင်းကဲ့သို့ပြုလုပ်ရခြင်းမှာကျောင်း သားများ စာနှင့်ပိုမိုနီး ကပ်မည်ဟုယူ ဆသောကြောင့် ပြုလုပ်ခြင်းဖြစ် ကြောင်းသိရသည်။
ဦးငွေတိုးက ''လက်ရှိမှာက ဆရာတွေကလဲ စာမေးပွဲကိုပဲ အာရုံစိုက်တယ်။ မိဘတွေကလဲ ကိုယ့်သားသမီး အမှတ်များဖို့ပဲ အာရုံစိုက်တယ်။ ဒါက နှစ်ရှည်လများ အရိုးစွဲလာတဲ့ စိတ်တွေ ကြောင့်ပါ။ ပြီးတော့ သက်ဆိုင်ရာအဆင့် ဆင့်ကလဲ ဒီဟာကိုစနစ်တကျနဲ့ လမ်း ညွှန်မှုအားနည်းနေလို့ပါ။ဒါကိုတို့ပညာ ရေးဝန်ထမ်းဆရာတွေကလဲ ပြုပြင်ပြီး တော့ မိဘတွေနား လည်သဘောပေါက် အောင် ရှင်းပြနိုင်ရမှာပါ''ဟုပြောသည်။ကျောင်းသားများအား စာမေး ပွဲစစ်ဆေးခြင်းစနစ်အစား စာမေးပွဲမ ဆန်သောတတ်မြောက်မှုစစ်ဆေးခြင်း ၁၉၉၈ ခုနှစ်မှစတင်ကာ ပညာရေးဝန် ကြီးဌာနမှ ညွှန်ကြား ခဲ့ကြောင်းသိရသည်။
Yangon Media Group

No comments:

Post a Comment