Thursday 31 December 2015

ထိုင်းခရီးသွားများလာရောက်မှု ၆၀ရာခိုင်နှုန်းခန့်လျော့ကျ

မြန်မာနိုင်ငံသို့ လာ ရောက်လည်ပတ်သည့် ထိုင်း နိုင်ငံသားများကို သတိဖြင့်သွား လာကြရန် ထိုင်းသံရုံးက သတိပေး ချက်ထုတ်ပြန်ထားသည့်အတွက် ပြည်တွင်းသို့လာရောက်လည် ပတ်မှုနှုန်း ပုံမှန်ထက် ၆၀ ရာခိုင် နှုန်းခန့် လျော့ကျသွားကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။
‘‘ထိုင်းနိုင်ငံသားတွေ ပြည် တွင်းကို လာပြီးလည်ပတ်မှုက ၆၀ ရာခိုင်နှုန်းလောက်ကျသွား တယ်။ ထိုင်းသံရုံးကလည်း မြန်မာနိုင်ငံကိုသွားလည်တဲ့အခါ သတိထားပြီးတော့ သွားကြဖို့ ထုတ်ပြန်ထားတဲ့အတွက် စိုးရိမ်မှု လွန်ကဲတာကြောင့် တချို့ဆို လာလည်ဖို့ ကြိုတင်စာရင်းပေးပြီးတာကိုတောင် ပြန်ဖျက်သွားကြ တာတွေ ရှိတယ်’’ဟု Nature Dream ခရီးသွားလုပ်ငန်း မန်နေဂျင်းဒါရိုက်တာ ဒေါ်စံပယ်အောင် က ပြောသည်။
ထိုင်းနိုင်ငံသားများသည် မြန်မာနိုင်ငံသို့ လာရောက်လည် ပတ်မှု အများဆုံးသော နိုင်ငံခြား သားခရီးသွားဧည့်သည်များတွင် ပထမနေရာ၌ ရှိနေပြီး ယခုကဲ့သို့ စိုးရိမ်မှုလွန်ကဲသည့် အခြေအ နေများကြောင့် ခရီးသွားကဏ္ဍ အပေါ် ထိခိုက်မှုများ ရှိလာမည်ကို ခရီးသွားလုပ်ငန်းရှင်များက စိုး ရိမ်နေကြောင်း ဒေါ်စံပယ်အောင် က ဆက်လက်ပြောကြားသည်။
‘‘မြန်မာဘက်ကတော့ ထိုင်း ကို သွားလည်မယ့်လူတွေအတွက် သတိပေးချက် ထုတ်မထားပါဘူး။ ပုံမှန်လည်း သွားလည်နေကြပါ တယ်။ မြန်မာလုပ်သားနှစ်ဦးကိစ္စ ကိုလည်း သံတမန်နည်းအရ အ ကောင်းဘက်ကနေ ဖြေရှင်းပေး နိုင်ရင်တော့ ခရီးသွားလုပ်ငန်းအ ပေါ် ထိခိုက်မှုနည်းနိုင်ပါတယ်’’ ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌ ဦးသက် လွင်တိုးက ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သွားရောက်လည် ပတ်သည့် ခရီးသည်ဦးရေသည် လျော့ကျသွားခြင်းမရှိဘဲ ပုံမှန်လည်ပတ်မှုများ ရှိနေဆဲဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များ ထံမှ သိရသည်။
၂၀၁၄ အတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသား ခရီးသွား ဧည့်သည် ၃ ဒသမ ၀၈ သန်း ၀င် ရောက်ခဲ့ပြီး ထိုင်းနိုင်ငံသားဦးရေသည် နှစ် သိန်းခန့်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီး ဌာန စာရင်းများတွင် ဖော်ပြထားသည်။
ထိုင်းလူမျိုးအများစုပါဝင်သော ခရီးသွားများ ရွှေတိဂုံစေတီသို့လာရောကဖူးမြော်စဉ်-ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
7Day Daily

No comments:

Post a Comment