Thursday 31 December 2015

Star Wars ကို နှစ်သက်သူများ ကိုယ့် ကိုယ်ကိုယ် အချစ်ပိုသူများဖြစ်

Star Wars ရုပ်ရှင်ကားများကို နှစ်သက်သူများသည် ကိုယ့် ကိုယ်ကိုယ် ချစ်လွန်းသူများ ဖြစ်ကြကြောင်း လေ့လာမှု တစ်ခုက ဖော်ထုတ်လိုက်ပြီ ဖြစ်သည်။

နောက်ဆုံးထုတ် ဗီဒီယိုဂိမ်းကို ၀ယ်ယူရန် နာရီပေါင်းများစွာ တန်းစီသူများ၊ ရုပ်ပြ စာအုပ်ပွဲတော်ကို တက်ရောက်သူများနှင့် Star Wars ထဲမှ ဇာတ်ကောင်များ အတိုင်း ၀တ်စား ဆင်ယင်သူများသည် ကိုယ့် ကိုယ်ကိုယ် အထင်ကြီးစွာဖြင့် အချစ်ပိုနေကြသူများ ဖြစ်ကြောင်း ဂျော်ဂျီဂျာ တက္ကသိုလ်မှ စိတ်ပညာရှင်များက ပြောဆိုခဲ့သည်။

မကြာသေးမီ နှစ်များအတွင်း ရုပ်ပြစာအုပ်များမှ ဇာတ်လမ်းများကို ရုပ်ရှင်အဖြစ် ပြောင်းလဲ အသက်သွင်းမှုများ ရှိလာသည်နှင့် အမျှ ရုပ်ပြ စာအုပ်များကို နှစ်သက်သူများသည် ဇာတ်ဆောင်များ အတိုင်း ၀တ်ဆင်ကာ ရုပ်ရှင်များကို လာရောက် ကြည့်ရှုခဲ့ကြသည်။

ဥပမာပေးရလျှင် Star Wars: The Force Awakens ရုပ်ရှင်ကားသည် ပထမဆုံး  ပြသသည့် ရက်သတ္တပတ်မှာပင် ရုံဝင်ငွေစံချိန် ချိုးခဲ့သည်။ ရုပ်ရှင်ကားကို နှစ်သက်သည့် ပရိသတ် များကလည်း ရုပ်ရှင်လာကြည့်ရာတွင် ဇာတ်လမ်းပါ ဇာတ်ကောင်များ အတိုင်း ၀တ်စားကာ လာကြည့်ခဲ့သည်။

ရုပ်ပြ စာအုပ်များနှင့် ရုပ်ရှင်များကြောင့် မကြာသေးမီ နှစ်များအတွင်း ကိုယ်ရည် ကိုယ်သွေး စိတ်ဆိုင်ရာ လက္ခဏာ တစ်ခု ပေါ်ပေါက်လာခဲ့ကြောင်း စိတ်ပညာရှင် ဂျက်စီကာမက်ကိန်းက ပြောဆိုခဲ့သည်။

အစဉ်အလာမှ ခွဲထွက်သော ဓလေ့များသည် မကြာသေးမီ နှစ်များစပြီး နိုင်ငံကြီး တချို့တွင် ခေတ်စားလာခဲ့ကြောင်း ယမန်နှစ်တွင် ပြုလုပ်ခဲ့သည့် နယူးယောက် ရုပ်ပြပြပွဲသို့ ပရိသတ် (၁၃၀၀၀၀) ခန့် အထိ လာရောက် ကြည့်ရှုခဲ့ကြောင်း ၎င်းကပြောသည်။

ရုပ်ပြများနှင့် Star Wars  ရုပ်ရှင် ဇာတ်လမ်းတွဲများကို နှစ်သက်သူ (၂၃၅၄) ဦးတို့အား လေ့လာခဲ့ရာ ၎င်းတို့အနက် အများစုသည် ကိုယ့် ကိုယ်ကိုယ်သာ အချစ်ပိုသူများ ဖြစ်ကြပြီး၊ အခြား လူများ၏ ဘ၀များ အပေါ် စိတ်ဝင်စားသူများ မဟုတ်ကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း မက်ကိန်းက ပြောဆိုခဲ့သည်။

Source:DM
Messenger News Journal 

No comments:

Post a Comment